Collagen က ခႏၶာကိုယ္ကို ဘယ္လိုအက်ဳိးျပဳေနလဲ?

အသားအေရ တင္းရင္းလွပေစတာက အသက္

ေကာ္လာဂ်င္ (Collagen) ဆိုတာ ေယာင္းတို႕က်န္းမာေရးအတြက္ မ႐ွိမျဖစ္ လိုအပ္တဲ့အရာပါ။ ဒါကေတာ့ အလွအပေရးရာ ကၽြမ္းက်င္သူေတြ၊ အလွအပဆိုင္ရာ ဂု႐ုႀကီးေတြ ပါးစပ္ဖ်ားက မခ်တမ္း ေျပာၾကတဲ့ စကားေပါ့.. သူငယ္ခ်င္းေတြၾကားထဲမွာ ေျပာၾကတာလည္း ၾကားဖူးၾကတယ္ဟုတ္? ေခတ္မီသူတိုင္း ေကာ္လာဂ်င္ကို သိၾကသည္ေပါ့ေလ… ဒါ့အျပင္ ေကာ္လာဂ်င္ကို ခရင္မ္ေတြ၊ မိတ္ကပ္ပစၥည္းေတြ၊ ေပါင္ဒါေတြ၊ ေဆးလံုးေတြ စသျဖင့္ ပံုစံမ်ဳိးစံု လုပ္ၿပီး သံုးစြဲလာၾကတာ မ်က္ျမင္ပါပဲေနာ္…

ေကာ္လာဂ်င္ကို ေယာင္းတို႔ရဲ႕ ႂကြက္သား၊ အေရျပား၊ ေသြး၊ အ႐ိုး၊ အ႐ြတ္ေတြကေန ရ႐ွိႏိုင္ပါတယ္။ ေကာ္လာဂ်င္က –

  • အေရျပားရဲ႕ က်ဳံ႕ႏိုင္ဆန္႔ႏိုင္အား ေကာင္းေစပါတယ္။
  • အ႐ိုးနဲ႔ ႂကြက္သားတြယ္ဆက္မႈကို အားေပးပါတယ္။
  • ကိုယ္တြင္းအဂၤါေတြကို အကာအကြယ္ေပးပါတယ္။
  • အ႐ိုးအဆစ္နဲ႔ အ႐ြတ္ေတြကိို ခိုင္ခံ့ေစပါတယ္ ေယာင္းတို႔ေရ…

ဆိုေတာ့ ေကာ္လာဂ်င္ဆိုတာ ခႏၶာကိုယ္အတြက္ အဓိကလိုအပ္ခ်က္လို႔ ဆိုမယ္ဆိုရင္လည္း မမွားပါဘူးေနာ္…

တကယ္ေတာ့ ေယာင္းတို႔၊ အက္ဒ္မင္တို႔ရဲ႕ ခႏၶာကိုယ္က ေကာ္လာဂ်င္ကို ေကာင္းေကာင္း ထုတ္လႊတ္ေပးႏုိင္ပါတယ္ေနာ္..  ဒါေပမဲ့ ထုတ္လုပ္ႏိုင္မႈက အသက္ႀကီးလာတာနဲ႔အမွ် က်ဆင္းလာႏုိင္တဲ့အျပင္ ေဆးလိပ္ေသာက္ျခင္း၊ က်န္းမာေရးႏွင့္ ညီညြတ္မွ်တစြာ မစားျခင္း၊ ေနေလာင္ျခင္းေတြကလည္း ေကာ္လာဂ်င္ထြက္႐ွိမႈကို တားဆီးထားပါတယ္။

ကဲ.. အဲဒီလိုေတြ ေကာ္လာဂ်င္ေတြ ေလ်ာ့လာၿပီ၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေကာ္လာဂ်င္ထြက္ႏႈန္း နည္းလာၿပီဆိုရင္ ဘာေတြ ျဖစ္လာမွာတဲ့လဲ?

Related Article >>> ေႏြရာသီမွာ အသားအေရထိန္းသိမ္းဖို႔နည္းလမ္း (၅) သြယ္

ေကာ္လာဂ်င္မ႐ွိရင္ –

  • နဖူးတြန္႔ျခင္း၊
  • အသားအေရေလ်ာ့တြဲျခင္း၊
  • အဆစ္အျမစ္ကိုက္ခဲျခင္းေတြ ျဖစ္တတ္ပါတယ္။

ဒါဆို ေကာ္လာဂ်င္ရဲ႕ အက်ိဳးေက်းဇူးေတြကေရာ?

(၁) အဆစ္အျမစ္ကိုက္ခဲျခင္းကို သက္သာေစပါတယ္

အသက္အ႐ြယ္ႀကီးရင့္လာတာနဲ႔အမွ် ေကာ္လာဂ်င္ဟာလည္း ခႏၶာကိုယ္မွာ ေလ်ာ့နည္းလာပါတယ္။ ဒီလိုအခါမွာ အေၾကာအခ်ဥ္ေတြ ေတာင့္တင္းၿပီး အဆစ္အျမစ္ေတြ ကိုက္ခဲတတ္ပါတယ္။ ဒီေဝဒနာေတြ သက္သာေပ်ာက္ကင္းေအာင္ ေကာ္လာဂ်င္ေတြ တိုးျမွင့္ေပးဖို႔လိုအပ္လာပါၿပီ။

၂၀၀၉ ခုႏွစ္ ေလ့လာေတြ႔႐ွိခ်က္ေတြအရ ၾကက္လည္ေခ်ာင္း႐ိုးကေန ျပဳလုုပ္ထားတဲ့ ေကာ္လာဂ်င္ေတြက အ႐ိုးအဆစ္ကိုက္ခဲျခင္းကို ၄၀ ရာခိုင္ႏႈန္းေလာက္ သက္သာေစပါတယ္တဲ့ ေယာင္းေရ။

(၂) အသားအေရကို တင္းရင္းေစပါတယ္

ေကာ္လာဂ်င္ရဲ႕လူသိအမ်ားဆံုး ေကာင္းက်ဳိးတစ္ခုပါ။ အသားအေရကို တင္းရင္းၿပီး ေတာက္ပမႈေတြကို ေပးစြမ္းပါတယ္။ ဒီ မ႐ွိမျဖစ္ လိုအပ္တဲ့ ပ႐ိုတင္းဓာတ္ဟာ အေရျပားရဲ႕ ၾကံဳ႕ႏိုင္၊ဆန္႔ႏိုင္စြမ္းကို အေထာက္အကူ ေပးတဲ့အတြက္ ေယာင္းကိုအ႐ြယ္တင္ေစၿပီး က်န္းမာလွပေစပါတယ္။

ဒါေပမဲ့ အသက္ႀကီးလာတာနဲ႔အမွ် ေကာ္လာဂ်င္ထုတ္လုပ္ႏိုင္စြမ္းေတြ က်လာတာမို႔ ဒီအခ်ိန္ေတြဆို အသားအေရ တင္းရင္းမႈ မ႐ွိေတာ့ဘဲ ေျခာက္ေသြ႔လာၿပီး အိုမင္းရင့္ေရာ္လာေစႏိုင္ပါတယ္။ ဒါဆို ေယာင္းအတြက္ ေကာ္လာဂ်င္ကို အျပင္ကေန သံုးစြဲေပးဖို႔လုိအပ္လာပါၿပီ။ ဒီလို သံုးစြဲမယ္ဆိုရင္ေတာ့ ၈ ပတ္  အတြင္းမွာ အေရျပားတြန္႔တာေတြကို သိသိသာသာ ေပ်ာက္ကင္းလာတာကို ေတြ႕ရမွာပါေနာ္.. (ခုေတာင္ ေကာ္လာဂ်င္ေတြ ေသာက္ရမလားလို႔ စဥ္းစားေနၿပီမလား 😛 )

Related Article >>> မ်က္ႏွာေလးေတြ Glow ေနဖို႔ AHA/BHA က ဘယ္လို အက်ိဳးျပဳသလဲ?

(၃) ႂကြက္သားေတြကို ျပန္လည္တည္ေဆာက္ေပးၿပီး အဆီေတြကို ေလာင္ကၽြမ္းေစပါတယ္။

ႂကြက္သားတစ္သွ်ဴးေတြရဲ႕ အဓိကလိုအပ္ခ်က္ဟာ ေကာ္လာဂ်င္ပါပဲ။ ေကာ္လာဂ်င္မွာ ဂလိုင္စင္း- Glycine နဲ႔ အမိုင္ႏိုင္အက္စစ္ တို႔ ပါဝင္တဲ့အတြက္ ႂကြက္သားတည္ေဆာက္တဲ့ေနရာမွာ အရမ္းကို အသံုးဝင္ပါတယ္။ ဒါေၾကာင့္ Gym ေဆာ့ေနတဲ့သူေတြအတြက္ ေကာ္လာဂ်င္ဟာ မ႐ွိမျဖစ္တဲ့အရာတစ္ခုပါေနာ္..

(၄) တင္ပါးဆံုနဲ႔ ေပါင္နား႐ွိ အဆီခဲမ်ားကို ေလာင္ကၽြမ္းေစပါတယ္။

အေရျပားေအာက္မွာ႐ွိတဲ့ အဆီလႊာေတြ မ်ားလာတာနဲ႔အမွ် အေပၚကို တြန္းထိုးလာတဲ့အခါ အဖုအထစ္၊ အခ်ဳိင့္ေတြ ျဖစ္လာပါတယ္။ ေကာ္လာဂ်င္က အဆီလႊာေတြကုိ ေလာင္ကၽြမ္းေစတဲ့အတြက္ ခႏၶာကိုယ္ကို သြယ္လ်လွပေစပါတယ္။

(၅) အစာေျခစနစ္ကို ေကာင္းမြန္ေစပါတယ္

အူထဲမွာ႐ွိတဲ့ ေကာ္လာဂ်င္ဟာ အစာေျခလမ္းေၾကာင္းတစ္ေလွ်ာက္ကို က်န္းမာသန္စြမ္းေစပါတယ္ေနာ္။ အူထဲမွာ ကာကြယ္ထားတဲ့ စနစ္ေျပာင္းလဲသြားရင္ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္တတ္ပါတယ္။ ခႏၶာကိုယ္ထဲမွာ ေကာ္လာဂ်င္ ေလ်ာ့နည္းလာတာနဲ႔အမွ် အူေရာင္ျခင္းကို ပိုၿပီး ျဖစ္ေစႏိုင္ပါတယ္တဲ့ကြယ္။

ဒါဆို ေကာ္လာဂ်င္ကို အစားအစာထဲမွာ ဘယ္လို ထည့္စားသင့္သလဲ?

  • အ႐ိုးစြတ္ျပဳတ္ေသာက္သံုးပါ။ ေကာ္လာဂ်င္ ႂကြယ္ဝ႐ံုတင္မကပါဘူး၊ အရသာလည္းရွိ၊ ျပဳလုပ္ရလည္း လြယ္ကူပါတယ္။ ဒါ့အျပင္ စြတ္ျပဳတ္အျဖဴထည္ေသာက္သံုးရတာ ႐ိုးလာၿပီဆိုရင္ ကိုယ္ႀကိဳက္ရာ ဟင္းသီးဟင္း႐ြက္ေတြ၊ အသားေတြထည့္ၿပီး ထမင္းနဲ႔ တဲြဖက္သံုးေဆာင္ႏုိင္ပါတယ္။
  • ေပါင္ဒါ ဂ်ယ္လတင္- Gelatin သံုးပါ။ ဒီေပါင္ဒါမႈန္႔ကို ေရနဲ႔ေရာၿပီး စြပ္ျပဳတ္၊ စတူးထဲမွာ ထည့္ၿပီး ေသာက္သံုးလို႔ ရပါတယ္။
  • Collagen Peptides သံုးစြဲပါ။ ဒါကိုေတာ့ ေဈးကြက္ထဲမွာလည္း အလြယ္တကူ ဝယ္ယူလို႔ ရပါတယ္ေနာ္။ သူ႕ကို အစာေျခလိုက္တဲ့အခါမွာ အူက စုပ္ယူထားႏိုင္တာမို႔ ေကာ္လာဂ်င္ကို ခႏၶာကိုယ္က အျပည့္အဝ ရရွိႏုိင္တာမို႔ တကယ္ အသံုးဝင္တဲ့ နည္းလမ္းတစ္ခုပါ။ ဒါကိုမွ ေပါင္ဒါမႈန္႔ပဲ ရွိတယ္ဆိုရင္လည္း ရပါတယ္။ ဒီ ေပါင္ဒါမႈန္႔ကိို ကိုယ္ေသာက္မယ့္ အေအး၊ အပူ၊ မစ္႐ွိတ္ စသျဖင့္ ထဲကို ျဖဴးၿပီး ေသာက္လို႔ရပါတယ္။

ေယာင္းတို႕ေရ…ဒီေလာက္ဆိုရင္ ေကာ္လဂ်င္ကေယာင္းတို႕ခႏၶာကိုယ္အတြက္ ဘယ္ေလာက္ထိေအာင္ အက်ိဳးျပဳနိုင္တယ္ ၊ ေကာ္လဂ်င္ေတြ လံုေလာက္သြားေစဖို႔ ဘယ္လိုေတြ စားသံုးရမယ္ဆိုတာေတြကို ေကာင္းေကာင္းႀကီး သိသြားေလာက္ၿပီ ထင္ပါတယ္ေနာ္…

အားလံုးပဲ က်န္းမာလွပတဲ့ ဘဝေလးေတြ ပိုင္ဆိုင္ႏုိင္ၾကပါေစကြယ္..

Translated by Paing (က်န္းက်န္းမာမာ by Alinker)

Reference : Health Line

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<<Unicode>>>

အသားအရေ တင်းရင်းလှပစေတာက အသက်

ကော်လာဂျင် (Collagen) ဆိုတာ ယောင်းတို့ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့အရာပါ။ ဒါကတော့ အလှအပရေးရာ ကျွမ်းကျင်သူတွေ၊ အလှအပဆိုင်ရာ ဂုရုကြီးတွေ ပါးစပ်ဖျားက မချတမ်း ပြောကြတဲ့ စကားပါ။ သူငယ်ချင်းတွေကြားထဲမှာ ပြောကြတာလည်း ကြားဖူးကြတယ်ဟုတ်? ခေတ်မီသူတိုင်း ကော်လာဂျင်ကို သိကြသည်ပေါ့လေ…

ဒါ့အပြင် ကော်လာဂျင်ကို ခရင်မ်တွေ၊ မိတ်ကပ်ပစ္စည်းတွေ၊ ပေါင်ဒါတွေ၊ ဆေးလုံးတွေ စသဖြင့် ပုံစံမျိုးစုံ လုပ်ပြီး သုံးစွဲလာကြတာ မျက်မြင်ပါပဲနော်… ကော်လာဂျင်ကို ယောင်းတို့ရဲ့ ကြွက်သား၊ အရေပြား၊ သွေး၊ အရိုး၊ အရွတ်တွေကနေ ရရှိနိုင်ပါတယ်။

ကော်လာဂျင်က

  • အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်အား ကောင်းစေပါတယ်။
  • အရိုးနဲ့ ကြွက်သားတွယ်ဆက်မှုကို အားပေးပါတယ်။
  • ကိုယ်တွင်းအင်္ဂါတွေကို အကာအကွယ်ပေးပါတယ်။
  • အရိုးအဆစ်နဲ့ အရွတ်တွေကို ခိုင်ခံ့စေပါတယ် ယောင်းတို့ရေ…

ဆိုတော့ ကော်လာဂျင်ဆိုတာ ခန္ဓာကိုယ်အတွက် အဓိကလိုအပ်ချက်လို့ ဆိုမယ်ဆိုရင်လည်း မမှားပါဘူးနော်… တကယ်တော့ ယောင်းတို့၊ အက်ဒ်မင်တို့ရဲ့ ခန္ဓာကိုယ်က ကော်လာဂျင်ကို ကောင်းကောင်း ထုတ်လွှတ်ပေးနိုင်ပါတယ်နော်.. ဒါပေမဲ့ ထုတ်လုပ်နိုင်မှုက အသက်ကြီးလာတာနဲ့အမျှ ကျဆင်းလာနိုင်တဲ့အပြင် ဆေးလိပ်သောက်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်မျှတစွာ မစားခြင်း၊ နေလောင်ခြင်းတွေကလည်း ကော်လာဂျင်ထွက်ရှိမှုကို တားဆီးထားပါတယ်။

ကဲ.. အဲဒီလိုတွေ ကော်လာဂျင်တွေ လျော့လာပြီ၊ အကြောင်းအမျိုးမျိုးကြောင့် ကော်လာဂျင်ထွက်နှုန်း နည်းလာပြီဆိုရင် ဘာတွေ ဖြစ်လာမှာတဲ့လဲ?

Related Article >>> နွေရာသီမှာ အသားအရေထိန်းသိမ်းဖို့နည်းလမ်း (၅) သွယ်

ကော်လာဂျင်မရှိရင် –နဖူးတွန့်ခြင်း၊အသားအရည်လျော့တွဲခြင်း၊အဆစ်အမြစ်ကိုက်ခဲခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒါဆို ကော်လာဂျင်ရဲ့ အကျိုးကျေးဇူးတွေကရော?

(၁) အဆစ်အမြစ်ကိုက်ခဲခြင်းကို သက်သာစေပါတယ်

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကော်လာဂျင်ဟာလည်း ခန္ဓာကိုယ်မှာ လျော့နည်းလာပါတယ်။ ဒီလိုအခါမှာ အကြောအချဉ်တွေ တောင့်တင်းပြီး အဆစ်အမြစ်တွေ ကိုက်ခဲတတ်ပါတယ်။ ဒီဝေဒနာတွေ သက်သာပျောက်ကင်းအောင် ကော်လာဂျင်တွေ တိုးမြှင့်ပေးဖို့လိုအပ်လာပါပြီ။ ၂၀၀၉ ခုနှစ် လေ့လာတွေ့ရှိချက်တွေအရ ကြက်လည်ချောင်းရိုးကနေ ပြုလုပ်ထားတဲ့ ကော်လာဂျင်တွေက အရိုးအဆစ်ကိုက်ခဲခြင်းကို ၄၀ ရာခိုင်နှုန်းလောက် သက်သာစေပါတယ်တဲ့ ယောင်းရေ။

(၂) အသားအရေကို တင်းရင်းစေပါတယ်။

ကော်လာဂျင်ရဲ့လူသိအများဆုံး ကောင်းကျိုးတစ်ခုပါ။ အသားအရေကို တင်းရင်းပြီး တောက်ပမှုတွေကို ပေးစွမ်းပါတယ်။ ဒီ မရှိမဖြစ် လိုအပ်တဲ့ ပရိုတင်းဓာတ်ဟာ အရေပြားရဲ့ ကြုံ့နိုင်၊ဆန့်နိုင်စွမ်းကို အထောက်အကူ ပေးတဲ့အတွက် ယောင်းကိုအရွယ်တင်စေပြီး ကျန်းမာလှပစေပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျှ ကော်လာဂျင်ထုတ်လုပ်နိုင်စွမ်းတွေ ကျလာတာမို့ ဒီအချိန်တွေဆို အသားအရေ တင်းရင်းမှု မရှိတော့ဘဲ ခြောက်သွေ့လာပြီး အိုမင်းရင့်ရော်လာစေနိုင်ပါတယ်။ ဒါဆို ယောင်းအတွက် ကော်လာဂျင်ကို အပြင်ကနေ သုံးစွဲပေးဖို့လိုအပ်လာပါပြီ။ ဒီလို သုံးစွဲမယ်ဆိုရင်တော့ ၈ ပတ် အတွင်းမှာ အရေပြားတွန့်တာတွေကို သိသိသာသာ ပျောက်ကင်းလာတာကို တွေ့ရမှာပါနော်.. (ခုတောင် ကော်လာဂျင်တွေ သောက်ရမလားလို့ စဉ်းစားနေပြီမလား 😛 )

Related Article >>> မျက်နှာလေးတွေ Glow နေဖို့ AHA/BHA က ဘယ်လို အကျိုးပြုသလဲ?

(၃) ကြွက်သားတွေကို ပြန်လည်တည်ဆောက်ပေးပြီး အဆီတွေကို ေလာင်ကျွမ်းစေပါတယ်။

ကြွက်သားတစ်သျှူးတွေရဲ့ အဓိကလိုအပ်ချက်ဟာ ကော်လာဂျင်ပါပဲ။ ကော်လာဂျင်မှာ ဂလိုင်စင်း- Glycine နဲ့ အမိုင်နိုင်အက်စစ် တို့ ပါဝင်တဲ့အတွက် ကြွက်သားတည်ဆောက်တဲ့နေရာမှာ အရမ်းကို အသုံးဝင်ပါတယ်။ ဒါကြောင့် Gym ဆော့နေတဲ့သူတွေအတွက် ကော်လာဂျင်ဟာ မရှိမဖြစ်တဲ့အရာတစ်ခုပါနော်..

(၄) တင်ပါးဆုံနဲ့ ပေါင်နားရှိ အဆီခဲများကို လောင်ကျွမ်းစေပါတယ်။

အရေပြားအောက်မှာရှိတဲ့ အဆီလွှာတွေ များလာတာနဲ့အမျှ အပေါ်ကို တွန်းထိုးလာတဲ့အခါ အဖုအထစ်၊ အချိုင့်တွေ ဖြစ်လာပါတယ်။ ကော်လာဂျင်က အဆီလွှာတွေကို လောင်ကျွမ်းစေတဲ့အတွက် ခန္ဓာကိုယ်ကို သွယ်လျလှပစေပါတယ်။

(၅) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

အူထဲမှာရှိတဲ့ ကော်လာဂျင်ဟာ အစာခြေလမ်းကြောင်းတစ်လျှောက်ကို ကျန်းမာသန်စွမ်းစေပါတယ်နော်။ အူထဲမှာ ကာကွယ်ထားတဲ့ စနစ်ပြောင်းလဲသွားရင် ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင် လျော့နည်းလာတာနဲ့အမျှ အူရောင်ခြင်းကို ပိုပြီး ဖြစ်စေနိုင်ပါတယ်တဲ့ကွယ်။

ဒါဆို ကော်လာဂျင်ကို အစားအစာထဲမှာ ဘယ်လို ထည့်စားသင့်သလဲ?

အရိုးစွတ်ပြုတ် သောက်ပါ။

ကော်လာဂျင် ကြွယ်ဝရုံတင်မကပါဘူး၊ အရသာလည်းရှိ၊ ပြုလုပ်ရလည်း လွယ်ကူပါတယ်။ ဒါ့အပြင် စွတ်ပြုတ်အဖြူထည်သောက်သုံးရတာ ရိုးလာပြီဆိုရင် ကိုယ်ကြိုက်ရာ ဟင်းသီးဟင်းရွက်တွေ၊ အသားတွေထည့်ပြီး ထမင်းနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။

ပေါင်ဒါ ဂျယ်လတင်- Gelatin သုံးပါ။

ဒီပေါင်ဒါမှုန့်ကို ရေနဲ့ရောပြီး စွပ်ပြုတ်၊ စတူးထဲမှာ ထည့်ပြီး သောက်သုံးလို့ ရပါတယ်။

Collagen Peptides သုံးစွဲပါ။

ဒါကိုတော့ ဈေးကွက်ထဲမှာလည်း အလွယ်တကူ ဝယ်ယူလို့ ရပါတယ်နော်။ သူ့ကို အစာခြေလိုက်တဲ့အခါမှာ အူက စုပ်ယူထားနိုင်တာမို့ ကော်လာဂျင်ကို ခန္ဓာကိုယ်က အပြည့်အဝ ရရှိနိုင်တာမို့ တကယ် အသုံးဝင်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါကိုမှ ပေါင်ဒါမှုန့်ပဲ ရှိတယ်ဆိုရင်လည်း ရပါတယ်။ ဒီ ပေါင်ဒါမှုန့်ကို ကိုယ်သောက်မယ့် အအေး၊ အပူ၊ မစ်ရှိတ် စသဖြင့် ထဲကို ဖြူးပြီး သောက်လို့ရပါတယ်။

ယောင်းတို့ရေ…ဒီလောက်ဆိုရင် ကော်လဂျင်ကယောင်းတို့ခန္ဓာကိုယ်အတွက် ဘယ်လောက်ထိအောင် အကျိုးပြုနိုင်တယ် ၊ ကော်လဂျင်တွေ လုံလောက်သွားစေဖို့ ဘယ်လိုတွေ စားသုံးရမယ်ဆိုတာတွေကို ကောင်းကောင်းကြီး သိသွားလောက်ပြီ ထင်ပါတယ်နော်…

အားလုံးပဲ ကျန်းမာလှပတဲ့ ဘဝလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေကွယ်..

Translated by Paing (ကျန်းကျန်းမာမာ by Alinker)

Reference : Health Line

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

No Comments Yet

Comments are closed