မ်က္စိစြံတာကိုသက္သာေစမယ့္ အေကာင္းဆံုးနည္းလမ္း(၈)သြယ္

လူေတာ့ စြံမစြံ မသိဘူး.. မ်က္စိကေတာ့ အေသစြံတယ္ -_- 

မ်က္စိစြံတယ္ဆိုတာ ဝက္ျခံလို အနီေရာင္အဖုက မ်က္ခြံေပၚမွာ ေပၚလာတာကို ေခၚတာပါ။ မ်က္ခြံမွာ အထူးသျဖင့္ မ်က္ေတာင္ေမြး ပတ္ဝန္းက်င္မွာ အဆီအိတ္ေတြ အမ်ားႀကီး ရွိပါတယ္။ အေရျပား ဆဲလ္ေသေတြ၊ ဖုန္မႈန္႔ေတြနဲ႔ အဆီေတြ စုလာရင္ အဆီအိတ္ေတြကို ပိတ္မိသြားသလို ျဖစ္တတ္ပါတယ္။ အဆီအိတ္ ပိတ္သြားရင္ ဘက္တီးရီးယားပိုးေတြက အထဲမွာ ေပါက္ပြားလာၿပီး မ်က္စိစြံလာတတ္ပါတယ္။

ကဲ.. ဒါဆို မ်က္စိစြံရင္ ဘယ္လို လကၡဏာေတြ ခံစားရတတ္လဲ???

မ်က္စိစြံရင္ ခံစားရမယ့္ လကၡဏာေတြကေတာ့-

  • မ်က္စိနာတာ၊ မ်က္စိေရာင္ရမ္းတာ
  • မ်က္ရည္အရမ္းထြက္တာ
  • မ်က္ခြံပတ္ဝန္းက်င္မွာ အဖတ္ေတြ ထြက္တာ
  • မ်က္လံုးေအာင့္တာ၊ မ်က္လံုးယားယံတာေတြ ျဖစ္ပါတယ္။

မ်က္စိစြံတဲ့အဖုက မနာရင္ ရိုးရိုးအဆီအိတ္ ပိတ္တဲ့ မ်က္စိစြံအဖုလိုပဲ ျဖစ္ဖို႔ မ်ားပါတယ္။ မ်က္စိစြံတာပဲျဖစ္ျဖစ္၊ မ်က္စိအဆီအိတ္ ပိတ္တဲ့အဖုပဲျဖစ္ျဖစ္ ကုသမႈက တူေပမဲ့ မ်က္စိအဆီအိတ္ ပိတ္တဲ့အဖုက ေပ်ာက္ရတာ ပိုၾကာတတ္ပါတယ္။

မ်က္စိစြံတာကို အျမန္ဆံုး သက္သာေစႏုိင္မယ့္နည္းလမ္းေတြကေတာ့-

(၁) ေရေႏြးဝတ္ကပ္ေပးပါ။

မ်က္စိစြံတာအတြက္ အေကာင္းဆံုး နည္းလမ္းကေတာ့ေရေႏြးဝတ္ ကပ္ေပးတာပါ ေယာင္းတို႔ေရ… အပူေၾကာင့္ ျပည္ေတြက မ်က္ခြံထိပ္ကို ေရာက္လာၿပီး ျပည္နဲ႔ အဆီေတြ ေရာသြားလို႔ ျပည္ရည္ေတြ သူ႔အလိုလို ထြက္သြားတတ္ပါတယ္။

ကဲ.. ဒါဆို ေရေႏြးဝတ္နဲ႔ ဘယ္လိုကပ္ၾကမလဲ… အရင္ဆံုး အဝတ္ကို ေရေႏြးဆြတ္တာက စရမွာေပါ့ေနာ္။ ေရေႏြးဆြတ္တဲ့အခါ ေရအရမ္းမပူေအာင္ သတိထားပါေနာ္ ေယာင္း.. ၿပီးေတာ့ အရမ္းႀကီး မရႊဲေစဘဲ စိုရံုေလာက္ပဲ ဆြတ္ေပးရင္ ရပါၿပီ။ အဲဒီ ေရေႏြးဝတ္ေလးကို (၅)မိနစ္-(၁၀)မိနစ္ေလာက္ မ်က္လံုးေပၚမွာ အသာအယာ ကပ္ထားပါ။ သတိထားရမွာကေလ မ်က္စိစြံတဲ့ ျပည္ဖုကို ညႇစ္ထုတ္၊ ေဖာက္ထုတ္ဖို႔ မစဥ္းစားပါနဲ႔ ေယာင္းေရ… ပိုးဝင္ၿပီး ပိုဆိုးသြားႏိုင္လို႔ပါေနာ္.. ဒီလို ေရေႏြးဝတ္ကပ္တာကို တစ္ေန႔ကို သံုး၊ ေလးႀကိမ္ေလာက္ လုပ္လို႔ ရပါတယ္။

(၂) ဆပ္ျပာအေပ်ာ႔စားနဲ႔ ေရကိုသံုးၿပီး မ်က္ခြံ သန္႔ရွင္းေရး လုပ္ေပးပါ။

ဆပ္ျပာ အေပ်ာ့စားကို ေရေႏြးေႏြးန႔ဲ ေရာပါ။ အဝတ္စနဲ႔ ဝါဂြမ္းသန္႔သန္႔ကို သံုးၿပီး မ်က္ခြံကို အသာအယာ သန္႔ရွင္းေရး လုပ္ေပးပါေနာ္။ မ်က္စိစြံတာ မေပ်ာက္မခ်င္း ေန႔တိုင္း လုပ္ေပးလို႔ရပါတယ္ ေယာင္းတို႔ေရ… မ်က္ခြံကို ေန႔တုိင္း သန္႔ရွင္းေရး လုပ္ေပးတာက မ်က္စိမစြံေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။ ေနာက္နည္းလမ္းတစ္ခုကေတာ့ ဆားရည္ကိုလည္း သံုးလို႔ရပါတယ္။ ဆားရည္က ဘက္တီးရီးယားပိုးေတြကို ၿဖိဳခြဲေပးၿပီး အညစ္အေၾကးေတြကို ဖယ္ရွားေပးႏုိင္ပါတယ္။

(၃) လက္ဖက္ေျခာက္အိတ္ သံုးပါ။

ေရေႏြးဝတ္ မသံုးခ်င္ဘူးဆိုရင္ေတာ့ လက္ဖက္ေျခာက္အိတ္ကို သံုးၾကည့္လို႔ ရပါတယ္။ လက္ဖက္ေျခာက္အိတ္က ေရာင္ရမ္းတာကို သက္သာေစႏုိင္ၿပီး ဘက္တီးရီးယားပိုးေတြကို သတ္ေပးႏိုင္တဲ့ အာနိသင္ရွိလို႔ အေကာင္းဆံုးပဲလို႔ ဆိုၾကပါတယ္။

ဒါဆို လက္ဖက္ေျခာက္အိတ္ကို ဘယ္လုိ သံုးရမလဲ?? ပံုမွန္လက္ဖက္ရည္ၾကမ္း လုပ္သလို ေရေႏြးပူပူထဲ လက္ဖက္ေျခာက္အိတ္ကို တစ္မိနစ္ေလာက္ စိမ္ထားလိုက္ပါ။ ၿပီးရင္ေတာ့ လက္ဖက္ေျခာက္အိတ္ကို အေအးခံၿပီး မ်က္လံုးေပၚမွာ ငါးမိနစ္-ဆယ္မိနစ္ေလာက္ ထားထားပါ။ ဒါဆို ရပါၿပီေနာ္… မ်က္လံုးတစ္ဖက္ခ်င္းစီအတြက္ လက္ဖက္ေျခာက္အိတ္ တစ္ထုပ္စီ သံုးေပးပါ။

Related Article >>> အလုပ္ခြင္မွာ အထုိင္မ်ားလုိ႔ ျဖစ္တဲ့ က်န္းမာေရး ျပႆနာေတြကို ကာကြယ္ႏုိင္မယ့္ အခ်က္ (၁၀) ခ်က္

(၄) အကိုက္အခဲ ေပ်ာက္ေဆးေသာက္ပါ။

မ်က္စိစြံတာနာရင္ အိုင္ဗ်ဴပရိုဖန္၊ ပါရာစီတေမာလိုမ်ဳိး အကိုက္အခဲ ေပ်ာက္ေဆးေတြ ေသာက္လို႔ ရပါတယ္။ အရမ္း ဆုိးဆိုးရြားရြား နာေနရင္ေတာ့ ဆရာဝန္နဲ႔ သြားျပသင့္ပါတယ္။

(၅) မိတ္ကပ္ မလိမ္းပါနဲ႔၊ မ်က္ကပ္မွန္ မတပ္ပါနဲ႔။

မ်က္စိစြံေနရင္ မိတ္ကပ္မလိမ္းပါနဲ႔ ေယာင္းေရ… လွခ်င္တယ္ဆိုေပမဲ့လို႔ မိတ္ကပ္က မ်က္စိကို ပိုမိုထိခိုက္ေစၿပီး အနာက်က္ေႏွးေစလို႔ပါေနာ္။ ၿပီးေတာ့ ပိုဆိုးသြားႏိုင္တာက မိတ္ကပ္ဆီကို ဘက္တီးရီးယားပိုးေတြ ကူးသြားၿပီး တျခားမ်က္လံုးကို ကူးသြားတာမ်ိဳးလည္း ျဖစ္ႏိုင္ေသးတယ္ေလ…

တကယ္လို႔မ်ား ေယာင္းက မ်က္ကပ္မွန္တပ္တတ္တယ္ဆိုရင္ေတာ့ မ်က္စိစြံေနတဲ့ အခ်ိန္အတြင္းမွာ မ်က္မွန္ပဲ တပ္ေပးပါေနာ္.. မ်က္ကပ္မွန္ဆီ ဘက္တီးရီးယးေတြ ကပ္သြားၿပီး ေရာဂါပိုးကို ပိုပ်ံ႕ေစလို႔ပါေနာ္..

လုပ္ေနက်ျဖစ္တဲ့ မိတ္ကပ္ပစၥည္းေတြကို ပံုမွန္သန္႔ရွင္းေရး လုပ္ေပးတာအျပင္ မ်က္လံုးအတြက္ သံုးတဲ့မိတ္ကပ္ပစၥည္းေတြကိုလည္း သံုးလ ေက်ာ္တာနဲ႔ ပစ္လိုက္တာမ်ိဳး လုပ္ေပးမယ္ဆိုရင္ေတာ့ မ်က္လံုးက်န္းမာေရးအတြက္ ပိုၿပီး သင့္ေလ်ာ္ပါတယ္ေနာ္…

(၆) ပိုးသတ္ေဆး လိမ္းေဆးေတြ လိမ္းပါ။

ေဆးဆိုင္ေတြမွာ မ်က္စိစြံတာအတြက္ လိမ္းေဆးေတြ ဝယ္လို႔ ရပါတယ္။ ဟင္.. မ်က္လံုးထဲ လိမ္းေဆး ဘယ္လိုလိမ္းမလဲ ဆိုရင္ေတာ့ မ်က္ခြံကို အသာေလး မ၊ လိမ္းေဆး တစ္စိတ္ေလာက္ကို မ်က္စိစြံတဲ့ မ်က္ခြံအတြင္းဖက္မွာ လိမ္းေပးရင္ ရပါတယ္ေနာ္… မ်က္စိစြံတာအတြက္ စတီးရိြဳက္ပါတဲ့ လိမ္းေဆးေတြက ဆိုးက်ဳိးမ်ားလို႔ မလိမ္းတာ အေကာင္းဆံုးပါပဲ ေယာင္းေရ.. ေနာက္တစ္ခုကေလ လိမ္းေဆးဆိုတိုင္း ေတြ႕ကရာလိမ္းေဆး စြတ္မလိမ္းသင့္ပါေနာ္… မ်က္စိအတြက္ လိမ္းလို႔ရတဲ့ လိမ္းေဆး ျဖစ္ေနဖို႔ လိုပါတယ္လို႔…

(၇) ႏွိပ္နယ္ေပးပါ။

မ်က္စိစြံတဲ့ မ်က္ခြံပတ္ဝန္းက်င္ကို အသာအယာ ႏွိပ္နယ္ေပးမယ္ဆိုရင္ မ်က္လံုးက အညစ္အေၾကးစြန္႔ထုတ္မႈကို ပိုၿပီး အားေကာင္းေစပါတယ္ေနာ္… (မ်က္စြံဖုကို သြားႏွိပ္ခိုင္းတာ၊ သြားညွစ္ခိုင္းတာ မဟုတ္ဘူးေနာ္.. ) မ်က္ခြံကို လက္သန္႔သန္႔န႔ဲ ႏွိပ္ခိုင္းတာပါေနာ္.. ျပည္ရည္ေတြ ထြက္လာၿပီဆိုရင္ အဝတ္စ သန္႔သန္႔နဲ႔ သုတ္ေပးၿပီး မ်က္စိကို လက္နဲ႔ ထပ္မကိုင္ပါနဲ႔ေတာ့.. မ်က္ခြံတစ္ဝိုက္ ႏွိပ္ရင္း နာလာရင္ လံုးဝ လံုးဝ ဆက္မႏွိပ္သင့္ပါေနာ္ ေယာင္းတို႔…

(၈) ဆရာဝန္ႏွင့္ျပသ၍ ကုသမႈခံယူပါ။

မ်က္စိစြံေရာဂါပိုးအတြက္ လိုအပ္လာတဲ့အခါ ပိုးသတ္ေဆးေတြ ဆရာဝန္က ေပးႏုိင္ပါတယ္။ ေရာင္ေနတာ သက္သာဖို႔လည္း စတီးရြိဳက္ပါတဲ့ ေဆးေတြ ညႊန္းေပးႏိုင္ပါတယ္ေနာ္… တကယ္လို႔မ်ား မ်က္စိစြံတာက အတြင္းစံြျဖစ္ေနတာမ်ိဳး၊ အျမင္အာရံုကို ထိခိုက္တာမ်ိဳး ျဖစ္လာခဲ့ရင္ ကၽြမ္းက်င္ဆရာဝန္ေတြကေနၿပီး မ်က္စိစြံတာကို စနစ္တက် ေဖာက္ထုတ္ေပးႏိုင္ပါတယ္ ေယာင္းတို႔ေရ…

Related Article >>> မ်က္စိမထိခိုက္ေအာင္ ကြန္ပ်ဴတာၾကည့္နည္း

အဲ.. ေဖာက္တယ္ဆိုရင္ ေမးစရာက ျဖစ္လာၿပီ။ မ်က္စိစြံတာကို ညွစ္ထုတ္၊ ေဖာက္ထုတ္လို႔ ရတယ္ေပါ့???

ပံုမွန္အားျဖင့္ေတာ့ မရဘူးလို႔ပဲ ေျဖရမွာပါ။ ညႇစ္ထုတ္၊ ေဖာက္ထုတ္လို႔ ရႏုိင္တဲ့ပံု ေပၚေပမဲ့ ညႇစ္ထုတ္လိုက္ရင္ ထြက္လာတဲ့ ျပည္ရည္ေတြေၾကာင့္ ေရာဂါပိုး ပို ပ်ံ႕သြားႏုိင္လို႔ပါ။ မ်က္စိစြံတဲ့အဖုက အတြင္းမွာ ေပါက္ၿပီး အျမင္အာရံု ထိခိုက္ေနရင္ေတာ့ ဆရာဝန္နဲ႔ တုိင္ပင္ၿပီး စနစ္တက် ညႇစ္ထုတ္လို႔ ရပါတယ္။ ကိုယ့္ဟာကိုယ္ ေဖာက္ထုတ္ဖုိ႔ေတာ့ စိတ္ကူးေတာင္ မယဥ္လိုက္ပါနဲ႔ ေယာင္းတို႔ေရ…

မ်က္စိစြံေရာဂါက ကူးစက္ေရာဂါတစ္ခုလား?

မ်က္စိစြံတဲ့အဖုက ဝက္ျခံအဖုလိုပဲ တိုက္ရိုက္ မကူးစက္ႏုိင္ပါဘူး။ ျဖစ္တဲ့ေနရာမွာ ေရာဂါပိုးေၾကာင့္ ေရာင္ရမ္းတာမ်ိဳးပဲ ျဖစ္ႏုိင္ပါတယ္။ ဒါေပမဲ့ ျပည္အရည္ထဲမွာ ဘက္တီးရီးယားပိုးေတြ အရမ္းမ်ားေနရင္ေတာ့ ေနာက္ထပ္ မ်က္လံုးကို ဒါမွမဟုတ္ အေရျပားရဲ႕ တျခားေနရာေတြနဲ႔ တျခားလူေတြဆီပါ ပ်ံ႕သြားတတ္ပါတယ္။

မ်က္စိမစြံေအာင္ ဘယ္လိုကာကြယ္ၾကမလဲ?

မ်က္စိစြံတာက တစ္ဖုျဖစ္ရင္ ေနာက္ထပ္ ထပ္ပြားႏိုင္ေျခ မ်ားပါတယ္ေနာ္… မ်က္ခြံအတြင္းထဲမွာလည္း မ်က္စိစြံႏုိင္ပါေသးတယ္။

မ်က္စိစြံေရာဂါကို ကာကြယ္ဖို႔အတြက္-

  • မ်က္လံုးကို မကိုင္ခင္ ဆပ္ျပာသံုးၿပီး ေရနဲ႔ လက္ေသခ်ာေဆးပါ။
  • မ်က္ခြံေတြကို ေရေႏြးေႏြးနဲ႔ ဆပ္ျပာအေပ်ာ့စားကုိ သံုးၿပီး ေဆးပါ။
  • ညအိပ္ရာမဝင္ခင္တုိင္း မ်က္လံုး မိတ္ကပ္ဖ်က္ပါ။
  • မ်က္စိစြံေနတဲ့လူနဲ႔ တဘက္အတူတူ မသံုးမိပါေစနဲ႔။
  • မ်က္စိစြံသြားၿပီဆိုရင္ေတာ့ ေရာင္ရမ္းတာက အနည္းဆံုး သံုးရက္ေလာက္ထိ ၾကာႏုိင္ပါတယ္။ ၿပီးရင္ အဖုက သူ႔ဟာသူ ေပါက္ထြက္သြားႏုိင္ပါတယ္။ လံုးဝေပ်ာက္သြားဖို႔ေတာ့ ခုႏွစ္ရက္ ကေန ဆယ္ရက္အထိ ၾကာႏုိင္ပါတယ္။

မ်က္စိစြံတာက ဆိုးဆိုးရြားရြား ေရာဂါ မျဖစ္တတ္ေပမဲ့ မ်က္စိစြံတဲ့အဖုက အတြင္းမွာ ျဖစ္ရင္၊ တျဖည္းျဖည္းႀကီးလာရင္၊ ပိုနာလာရင္၊ ဆယ္ရက္ေက်ာ္တဲ့အထိ မသက္သာရင္၊ အျမင္အာရံုပါ ထိခိုက္လာရင္ေတာ့ ဆရာဝန္နဲ႔ ေသခ်ာျပသင့္ပါတယ္။ မ်က္စိ ခဏခဏ စြံရင္လည္း မ်က္ၾကည္လႊာ ေရာင္ရမ္းတာ၊ တစ္သွ်ဴးေရာင္ရမ္းတာေတြ ျဖစ္တတ္လို႔ ဆရာဝန္နဲ႔ တုိင္ပင္ဖို႔ လိုပါမယ္ေနာ္…

ေဒါက္တာအိမ့္ (က်န္းက်န္းမာမာ by Alinker)
Reference : Health Line

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

လူတော့ စွံမစွံ မသိဘူး.. မျက်စိကတော့ အသေစွံတယ် -_- 

မျက်စိစွံတယ်ဆိုတာ ဝက်ခြံလို အနီရောင်အဖုက မျက်ခွံပေါ်မှာ ပေါ်လာတာကို ခေါ်တာပါ။ မျက်ခွံမှာ အထူးသဖြင့် မျက်တောင်မွေး ပတ်ဝန်းကျင်မှာ အဆီအိတ်တွေ အများကြီး ရှိပါတယ်။ အရေပြား ဆဲလ်သေတွေ၊ ဖုန်မှုန့်တွေနဲ့ အဆီတွေ စုလာရင် အဆီအိတ်တွေကို ပိတ်မိသွားသလို ဖြစ်တတ်ပါတယ်။ အဆီအိတ် ပိတ်သွားရင် ဘက်တီးရီးယားပိုးတွေက အထဲမှာ ပေါက်ပွားလာပြီး မျက်စိစွံလာတတ်ပါတယ်။

ကဲ.. ဒါဆို မျက်စိစွံရင် ဘယ်လို လက္ခဏာတွေ ခံစားရတတ်လဲ???

မျက်စိစွံရင် ခံစားရမယ့် လက္ခဏာတွေကတော့-

  • မျက်စိနာခြင်း၊ မျက်စိရောင်ရမ်းတာ
  • မျက်ရည်အရမ်းထွက်တာ
  • မျက်ခွံပတ်ဝန်းကျင်မှာ အဖတ်တွေ ထွက်တာ
  • မျက်လုံးအောင့်တာ၊ မျက်လုံးယားယံတာတွေ ဖြစ်ပါတယ်။
  • မျက်စိစွံတဲ့အဖုက မနာရင် ရိုးရိုးအဆီအိတ် ပိတ်တဲ့ မျက်စိစွံအဖုလိုပဲ ဖြစ်ဖို့ များပါတယ်။ မျက်စိစွံတာပဲဖြစ်ဖြစ်၊ မျက်စိအဆီအိတ် ပိတ်တဲ့အဖုပဲဖြစ်ဖြစ် ကုသမှုက တူပေမဲ့ မျက်စိအဆီအိတ် ပိတ်တဲ့အဖုက ပျောက်ရတာ ပိုကြာတတ်ပါတယ်။

မျက်စိစွံတာကို အမြန်ဆုံး သက်သာစေနိုင်မယ့်နည်းလမ်းတွေကတော့-

(၁) ရေနွေးဝတ်ကပ်ပေးပါ။

မျက်စိစွံတာအတွက် အကောင်းဆုံး နည်းလမ်းကတော့ရေနွေးဝတ် ကပ်ပေးတာပါ ယောင်းတို့ရေ… အပူကြောင့် ပြည်တွေက မျက်ခွံထိပ်ကို ရောက်လာပြီး ပြည်နဲ့ အဆီတွေ ရောသွားလို့ ပြည်ရည်တွေ သူ့အလိုလို ထွက်သွားတတ်ပါတယ်။

ကဲ.. ဒါဆို ရေနွေးဝတ်နဲ့ ဘယ်လိုကပ်ကြမလဲ… အရင်ဆုံး အဝတ်ကို ရေနွေးဆွတ်တာက စရမှာပေါ့နော်။ ရေနွေးဆွတ်တဲ့အခါ ရေအရမ်းမပူအောင် သတိထားပါနော် ယောင်း.. ပြီးတော့ အရမ်းကြီး မရွှဲစေဘဲ စိုရုံလောက်ပဲ ဆွတ်ပေးရင် ရပါပြီ။ အဲဒီ ရေနွေးဝတ်လေးကို (၅)မိနစ်-(၁၀)မိနစ်လောက် မျက်လုံးပေါ်မှာ အသာအယာ ကပ်ထားပါ။ သတိထားရမှာကလေ မျက်စိစွံတဲ့ ပြည်ဖုကို ညှစ်ထုတ်၊ ဖောက်ထုတ်ဖို့ မစဉ်းစားပါနဲ့ ယောင်းရေ… ပိုးဝင်ပြီး ပိုဆိုးသွားနိုင်လို့ပါနော်.. ဒီလို ရေနွေးဝတ်ကပ်တာကို တစ်နေ့ကို သုံး၊ လေးကြိမ်လောက် လုပ်လို့ ရပါတယ်။

(၂) ဆပ်ပြာအပျော့စားနဲ့ ရေကိုသုံးပြီး မျက်ခွံ သန့်ရှင်းရေး လုပ်ပေးပါ။

ဆပ်ပြာ အပျော့စားကို ရေနွေးနွေးနဲ့ ရောပါ။ အဝတ်စနဲ့ ဝါဂွမ်းသန့်သန့်ကို သုံးပြီး မျက်ခွံကို အသာအယာ သန့်ရှင်းရေး လုပ်ပေးပါနော်။ မျက်စိစွံတာ မပျောက်မချင်း နေ့တိုင်း လုပ်ပေးလို့ရပါတယ် ယောင်းတို့ရေ… မျက်ခွံကို နေ့တိုင်း သန့်ရှင်းရေး လုပ်ပေးတာက မျက်စိမစွံအောင် ကာကွယ်ပေးနိုင်ပါတယ်။ နောက်နည်းလမ်းတစ်ခုကတော့ ဆားရည်ကိုလည်း သုံးလို့ရပါတယ်။ ဆားရည်က ဘက်တီးရီးယားပိုးတွေကို ဖြိုခွဲပေးပြီး အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

(၃) လက်ဖက်ခြောက်အိတ် သုံးပါ။

ရေနွေးဝတ် မသုံးချင်ဘူးဆိုရင်တော့ လက်ဖက်ခြောက်အိတ်ကို သုံးကြည့်လို့ ရပါတယ်။ လက်ဖက်ခြောက်အိတ်က ရောင်ရမ်းတာကို သက်သာစေနိုင်ပြီး ဘက်တီးရီးယားပိုးတွေကို သတ်ပေးနိုင်တဲ့ အာနိသင်ရှိလို့ အကောင်းဆုံးပဲလို့ ဆိုကြပါတယ်။

ဒါဆို လက်ဖက်ခြောက်အိတ်ကို ဘယ်လို သုံးရမလဲ?? ပုံမှန်လက်ဖက်ရည်ကြမ်း လုပ်သလို ရေနွေးပူပူထဲ လက်ဖက်ခြောက်အိတ်ကို တစ်မိနစ်လောက် စိမ်ထားလိုက်ပါ။ ပြီးရင်တော့ လက်ဖက်ခြောက်အိတ်ကို အအေးခံပြီး မျက်လုံးပေါ်မှာ ငါးမိနစ်-ဆယ်မိနစ်လောက် ထားထားပါ။ ဒါဆို ရပါပြီနော်… မျက်လုံးတစ်ဖက်ချင်းစီအတွက် လက်ဖက်ခြောက်အိတ် တစ်ထုပ်စီ သုံးပေးပါ။

Related Article >>> အလုပ်ခွင်မှာ အထိုင်များလို့ ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်နိုင်မယ့် အချက် (၁၀) ချက်

(၄) အကိုက်အခဲ ပျောက်ဆေးသောက်ပါ။

မျက်စိစွံတာနာရင် အိုင်ဗျူပရိုဖန်၊ ပါရာစီတမောလိုမျိုး အကိုက်အခဲ ပျောက်ဆေးတွေ သောက်လို့ ရပါတယ်။ အရမ်း ဆိုးဆိုးရွားရွား နာနေရင်တော့ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

(၅) မိတ်ကပ် မလိမ်းပါနဲ့၊ မျက်ကပ်မှန် မတပ်ပါနဲ့။

မျက်စိစွံနေရင် မိတ်ကပ်မလိမ်းပါနဲ့ ယောင်းရေ… လှချင်တယ်ဆိုပေမဲ့လို့ မိတ်ကပ်က မျက်စိကို ပိုမိုထိခိုက်စေပြီး အနာကျက်နှေးစေလို့ပါနော်။ ပြီးတော့ ပိုဆိုးသွားနိုင်တာက မိတ်ကပ်ဆီကို ဘက်တီးရီးယားပိုးတွေ ကူးသွားပြီး တခြားမျက်လုံးကို ကူးသွားတာမျိုးလည်း ဖြစ်နိုင်သေးတယ်လေ…

တကယ်လို့များ ယောင်းက မျက်ကပ်မှန်တပ်တတ်တယ်ဆိုရင်တော့ မျက်စိစွံနေတဲ့ အချိန်အတွင်းမှာ မျက်မှန်ပဲ တပ်ပေးပါနော်.. မျက်ကပ်မှန်ဆီ ဘက်တီးရီးယးတွေ ကပ်သွားပြီး ရောဂါပိုးကို ပိုပျံ့စေလို့ပါနော်..

လုပ်နေကျဖြစ်တဲ့ မိတ်ကပ်ပစ္စည်းတွေကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးတာအပြင် မျက်လုံးအတွက် သုံးတဲ့မိတ်ကပ်ပစ္စည်းတွေကိုလည်း သုံးလ ကျော်တာနဲ့ ပစ်လိုက်တာမျိုး လုပ်ပေးမယ်ဆိုရင်တော့ မျက်လုံးကျန်းမာရေးအတွက် ပိုပြီး သင့်လောျ်ပါတယ်နော်…

(၆) ပိုးသတ်ဆေး လိမ်းဆေးတွေ လိမ်းပါ။

ဆေးဆိုင်တွေမှာ မျက်စိစွံတာအတွက် လိမ်းဆေးတွေ ဝယ်လို့ ရပါတယ်။ ဟင်.. မျက်လုံးထဲ လိမ်းဆေး ဘယ်လိုလိမ်းမလဲ ဆိုရင်တော့ မျက်ခွံကို အသာလေး မ၊ လိမ်းဆေး တစ်စိတ်လောက်ကို မျက်စိစွံတဲ့ မျက်ခွံအတွင်းဖက်မှာ လိမ်းပေးရင် ရပါတယ်နော်… မျက်စိစွံတာအတွက် စတီးရွိုက်ပါတဲ့ လိမ်းဆေးတွေက ဆိုးကျိုးများလို့ မလိမ်းတာ အကောင်းဆုံးပါပဲ ယောင်းရေ.. နောက်တစ်ခုကလေ လိမ်းဆေးဆိုတိုင်း တွေ့ကရာလိမ်းဆေး စွတ်မလိမ်းသင့်ပါနော်… မျက်စိအတွက် လိမ်းလို့ရတဲ့ လိမ်းဆေး ဖြစ်နေဖို့ လိုပါတယ်လို့…

(၇) နှိပ်နယ်ပေးပါ။

မျက်စိစွံတဲ့ မျက်ခွံပတ်ဝန်းကျင်ကို အသာအယာ နှိပ်နယ်ပေးမယ်ဆိုရင် မျက်လုံးက အညစ်အကြေးစွန့်ထုတ်မှုကို ပိုပြီး အားကောင်းစေပါတယ်နော်… (မျက်စွံဖုကို သွားနှိပ်ခိုင်းတာ၊ သွားညှစ်ခိုင်းတာ မဟုတ်ဘူးနော်.. ) မျက်ခွံကို လက်သန့်သန့်နဲ့ နှိပ်ခိုင်းတာပါနော်.. ပြည်ရည်တွေ ထွက်လာပြီဆိုရင် အဝတ်စ သန့်သန့်နဲ့ သုတ်ပေးပြီး မျက်စိကို လက်နဲ့ ထပ်မကိုင်ပါနဲ့တော့.. မျက်ခွံတစ်ဝိုက် နှိပ်ရင်း နာလာရင် လုံးဝ လုံးဝ ဆက်မနှိပ်သင့်ပါနော် ယောင်းတို့…

(၈) ဆရာဝန်နှင့်ပြသ၍ ကုသမှုခံယူပါ။

မျက်စိစွံရောဂါပိုးအတွက် လိုအပ်လာတဲ့အခါ ပိုးသတ်ဆေးတွေ ဆရာဝန်က ပေးနိုင်ပါတယ်။ ရောင်နေတာ သက်သာဖို့လည်း စတီးရွိုက်ပါတဲ့ ဆေးတွေ ညွှန်းပေးနိုင်ပါတယ်နော်… တကယ်လို့များ မျက်စိစွံတာက အတွင်းစွံဖြစ်နေတာမျိုး၊ အမြင်အာရုံကို ထိခိုက်တာမျိုး ဖြစ်လာခဲ့ရင် ကျွမ်းကျင်ဆရာဝန်တွေကနေပြီး မျက်စိစွံတာကို စနစ်တကျ ဖောက်ထုတ်ပေးနိုင်ပါတယ် ယောင်းတို့ရေ…

Related Article >>> မျက်စိမထိခိုက်အောင် ကွန်ပျူတာကြည့်နည်း

အဲ.. ဖောက်တယ်ဆိုရင် မေးစရာက ဖြစ်လာပြီ။ မျက်စိစွံတာကို ညှစ်ထုတ်၊ ဖောက်ထုတ်လို့ ရတယ်ပေါ့???

ပုံမှန်အားဖြင့်တော့ မရဘူးလို့ပဲ ဖြေရမှာပါ။ ညှစ်ထုတ်၊ ဖောက်ထုတ်လို့ ရနိုင်တဲ့ပုံ ပေါ်ပေမဲ့ ညှစ်ထုတ်လိုက်ရင် ထွက်လာတဲ့ ပြည်ရည်တွေကြောင့် ရောဂါပိုး ပို ပျံ့သွားနိုင်လို့ပါ။ မျက်စိစွံတဲ့အဖုက အတွင်းမှာ ပေါက်ပြီး အမြင်အာရုံ ထိခိုက်နေရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး စနစ်တကျ ညှစ်ထုတ်လို့ ရပါတယ်။ ကိုယ့်ဟာကိုယ် ဖောက်ထုတ်ဖို့တော့ စိတ်ကူးတောင် မယဉ်လိုက်ပါနဲ့ ယောင်းတို့ရေ…

မျက်စိစွံရောဂါက ကူးစက်ရောဂါတစ်ခုလား?

မျက်စိစွံတဲ့အဖုက ဝက်ခြံအဖုလိုပဲ တိုက်ရိုက် မကူးစက်နိုင်ပါဘူး။ ဖြစ်တဲ့နေရာမှာ ရောဂါပိုးကြောင့် ရောင်ရမ်းတာမျိုးပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပြည်အရည်ထဲမှာ ဘက်တီးရီးယားပိုးတွေ အရမ်းများနေရင်တော့ နောက်ထပ် မျက်လုံးကို ဒါမှမဟုတ် အရေပြားရဲ့ တခြားနေရာတွေနဲ့ တခြားလူတွေဆီပါ ပျံ့သွားတတ်ပါတယ်။

မျက်စိမစွံအောင် ဘယ်လိုကာကွယ်ကြမလဲ?

မျက်စိစွံတာက တစ်ဖုဖြစ်ရင် နောက်ထပ် ထပ်ပွားနိုင်ခြေ များပါတယ်နော်… မျက်ခွံအတွင်းထဲမှာလည်း မျက်စိစွံနိုင်ပါသေးတယ်။

မျက်စိစွံရောဂါကို ကာကွယ်ဖို့အတွက်-

  • မျက်လုံးကို မကိုင်ခင် ဆပ်ပြာသုံးပြီး ရေနဲ့ လက်သေချာဆေးပါ။
  • မျက်ခွံတွေကို ရေနွေးနွေးနဲ့ ဆပ်ပြာအပျော့စားကို သုံးပြီး ဆေးပါ။
  • ညအိပ်ရာမဝင်ခင်တိုင်း မျက်လုံး မိတ်ကပ်ဖျက်ပါ။
  • မျက်စိစွံနေတဲ့လူနဲ့ တဘက်အတူတူ မသုံးမိပါစေနဲ့။
  • မျက်စိစွံသွားပြီဆိုရင်တော့ ရောင်ရမ်းတာက အနည်းဆုံး သုံးရက်လောက်ထိ ကြာနိုင်ပါတယ်။ ပြီးရင် အဖုက သူ့ဟာသူ ပေါက်ထွက်သွားနိုင်ပါတယ်။ လုံးဝပျောက်သွားဖို့တော့ ခုနှစ်ရက် ကနေ ဆယ်ရက်အထိ ကြာနိုင်ပါတယ်။

မျက်စိစွံတာက ဆိုးဆိုးရွားရွား ရောဂါ မဖြစ်တတ်ပေမဲ့ မျက်စိစွံတဲ့အဖုက အတွင်းမှာ ဖြစ်ရင်၊ တဖြည်းဖြည်းကြီးလာရင်၊ ပိုနာလာရင်၊ ဆယ်ရက်ကျော်တဲ့အထိ မသက်သာရင်၊ အမြင်အာရုံပါ ထိခိုက်လာရင်တော့ ဆရာဝန်နဲ့ သေချာပြသင့်ပါတယ်။ မျက်စိ ခဏခဏ စွံရင်လည်း မျက်ကြည်လွှာ ရောင်ရမ်းတာ၊ တစ်သျှူးရောင်ရမ်းတာတွေ ဖြစ်တတ်လို့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါမယ်နော်…

ဒေါက်တာအိမ့် (ကျန်းကျန်းမာမာ by Alinker)
Reference : Health Line

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

No Comments Yet

Comments are closed