Health Knowledge

ဗိုက္ခြဲထားတဲ့ေမေမေယာင္းတို႔ ေရွာင္ကိုေရွာင္ရမယ့္အခ်က္ (၇)ခ်က္

ေရွာင္ႏိုင္ရွားႏိုင္မွ ခ်ဳပ္ရိုးျမန္ျမန္က်က္မွာေနာ္ 🤧

အခုေခတ္မွာ ကေလးတစ္ေယာက္ေမြးဖြားရတာ 👶 ေမေမေယာင္းတို႔အတြက္  ေၾကာက္လန္႔နာက်င္ဖြယ္ေတြ အေတာ္နည္းသြားပါတယ္။ ႐ိုး႐ိုးေမြးမလား? ခြဲေမြးမလား ? ေဘဘီႀကိဳက္တာေျပာ 😅  ။ ႐ိုး႐ိုးေမြးဖို႔က်န္းမာေရးအရ အဆင္မေျပသူေတြ 😓 ၊ နာက်င္မႈဒဏ္ကို စိုးရြံ့လို႔  ခြဲေမြးသူေတြမ်ားလာတာမို႔  🤒 ဗိုက္ခြဲေမြးထားတဲ့ ေမေမတို႔ သိဖို႔လိုအပ္တာေလးေတြေျေပာျပဖို႔ ေဟာဒီက ေယာင္းတို႔ရဲ႕ အက္ဒမင္ ေရာက္လာပါၿပီလို႔ ။

လူေျပာမ်ားၾကတာတစ္ခုက ” ႐ိုး႐ိုးေမြးတာက ေမြးတုန္းသာခံရတာ ေမြးၿပီးရင္ လူေကာင္းလိုပဲ ေရွာင္စရာ သိပ္မရွိဘူး။ ခြဲေမြးရင္ေအ လူမမာႀကီးၾကေနတာပဲ ” တဲ့ ။ ။ အမွန္လည္း ခြဲေမြးတဲ့ေမေမတို႔ဟာ ႐ိုး႐ိုးေမြးတဲ့ေမေမတို႔ထက္ ေရွာင္ရန္ေတြမ်ားပါတယ္။ ဘာေတြေရွာင္ရမလဲဆိုရင္

၁) က်ပ္လြန္းတဲ့ အဝတ္အစားေတြေရွာင္ပါ။ အဓိက ဝမ္းဗိုက္ကို စည္းလြန္းတဲ့ အဝတ္အစား၊ အတြင္းခံေတြ ၊ ဗိုက္စည္းေတြကို အနာက်က္တဲ့အထိ ေစာင့္ၿပီးမွ ဝတ္တာအေကာင္းဆံုးပါပဲ။ေပါ့ေပါ့ပါးပါး အက်ႌ ပြပြလွလွေလးေတြကမွ အနာက်က္ျမန္ေစတာပါ။

Related article>>>ကုိယ္ဝန္ေဆာင္စဥ္ ကာလအတြင္း ဆံသားေကာင္းမြန္ေအာင္ ထိန္းသိမ္းနည္း

၂) အနာကို ခဏခဏ ထိေတြ႕ ကိုင္တြယ္ျခင္းမ်ိဳးေရွာင္ပါ။ အနာကို မက်က္မွာစိုးလို႔ျဖစ္ျဖစ္ အနာကို လက္နဲ႔ခဏခဏ ကိုင္တြယ္တာမ်ိဳးမလုပ္ပါနဲ႔။ ဒီလိုလုပ္တာဟာ အလြယ္တကူ ပိုးဝင္ေစႏိုင္တာမို႔ပါ။

၃) ေလပြစာ ၊ဝမ္းခ်ဳပ္စာေရွာင္ပါ။ ေမေမတို႔ အစားေရွာင္စရာမလိုဘူးဆိုၿပီး ေျပာေလ့ရွိေပမဲ့ ေလထိုးေစမယ့္ ( ေဂၚဖီထုတ္ ၊ သခြားသီး) မ်ိဳးကိုေတာ့ ေရွာင္ရင္ပိုေကာင္းပါတယ္။ ဝမ္းခ်ဳပ္ျခင္းကလည္း ညႇစ္အားေၾကာင့္ ဗိုက္တြင္းဖိအားတက္ေစတာမို႔ ခ်ဳပ္႐ိုး ‘ဟ’ တာမ်ိဳးေလးေတြ ရွိႏိုင္ပါတယ္။ေရမ်ားမ်ားေသာက္ၿပီး ဘယ္ေလာက္အလုပ္မ်ားမ်ား ဝမ္းပံုမွန္သြားဖို႔ အခ်ိန္ေပးပါ။

၄) အလြန္အမင္းရယ္ျခင္း၊ ေခ်ာင္းဆိုးျခင္း ေရွာင္ပါ။ အလြန္ရယ္တဲ့အခါ ၊ေခ်ာင္းဆိုးတဲ့အခါ ဗိုက္ႂကြက္သားေတြအသံုးျပဳရတာမို႔ အရမ္းနာက်င္ေစပါတယ္။ ရယ္တဲ့အခါ ၊ေခ်ာင္းဆိုးတဲ့အခါ ဗိုက္ႂကြက္သားေလးေတြကို ထိန္းေပးထားတာက ပိုအဆင္ေျပေစပါတယ္။

၅) ပစၥည္းကို ကုန္းမေကာက္ပါနဲ႔။ ႐ုတ္တရက္ဆတ္ခနဲ ပစၥည္းကုန္းေကာက္မယ္ဆိုရင္ ဗိုက္ႂကြက္သားေတြ ဆြဲလိုက္သလိုျဖစ္ၿပီး ခ်ဳပ္႐ိုးတင္းတာေတြ ျဖစ္ႏိုင္ပါတယ္။ပစၥည္းက်ေနရင္ ဒူးေထာက္ၿပီးေကာက္တာ၊ တျခားလူကို ေကာက္ခိုင္းတာက ပိုစိတ္ခ်ရပါတယ္။

Related article>>>ေလ့က်င့္ခန္းမလုပ္ခင္၊လုပ္ေနစဥ္နဲ႔ လုပ္အၿပီးမွာ ေရဘယ္ေလာက္ေသာက္သင့္လဲ?

၆)  အေလးအပင္မ မ ပါနဲ႔။ ခ်ဳပ္႐ိုးမက်က္ခင္ အေလးအပင္မတာက ခ်ဳပ္႐ိုးကြဲထြက္ေစတဲ့ အေၾကာင္းတစ္ခုပါပဲ။ ေယာင္းတို႔ကေလးထက္ပိုတဲ့ အေလးခ်ိန္ရွိတဲ့ ဘာပစၥည္းကိုမွ မ မပါနဲ႔။ ဒီအခ်ိန္မွာ ေယာင္းတို႔ရဲ႕ က်ားက်ားေတြကို အျပည့္အဝအားကိုးလိုက္ပါ။

၇) က်ားက်ားနဲ႔ က္ိစၥကို 😜 ခဏေရွာင္ပါ။ ခ်ဳပ္႐ိုးက်က္ႏိုင္မယ့္ တစ္လခြဲေလာက္ထိကို ခ်စ္ရည္လူးတဲ့ကိစၥကို 🤗 ေရွာင္ထားေစခ်င္ပါတယ္။

ေယာင္းတို႔ေရ ခုေျပာသေလာက္ေတြ ေရွာင္ရင္ကို ခ်ဳပ္႐ိုးျမန္ျမန္က်က္ဖို႔ လံုေလာက္ေနပါၿပီ။ ေယာင္းတို႔ရဲ႕ သားသားမီးမီးေလးေတြနဲ႔ ေပ်ာ္ရႊင္ပါေစ ဆုေတာင္းရင္း 🥰

မယ္တင္(ေဆး ၁)

 

<<<Unicode>>>

ရှောင်နိုင်ရှားနိုင်မှ ချုပ်ရိုးမြန်မြန်ကျက်မှာနော် 🤧

အခုခေတ်မှာ ကလေးတစ်ယောက်မွေးဖွားရတာ 👶 မေမေယောင်းတို့အတွက်  ကြောက်လန့်နာကျင်ဖွယ်တွေ အတော်နည်းသွားပါတယ်။ ရိုးရိုးမွေးမလား? ခွဲမွေးမလား ? ဘေဘီကြိုက်တာပြော 😅  ။ ရိုးရိုးမွေးဖို့ကျန်းမာရေးအရ အဆင်မပြေသူတွေ 😓 ၊ နာကျင်မှုဒဏ်ကို စိုးရွံ့လို့  ခွဲမွေးသူတွေများလာတာမို့  🤒 ဗိုက်ခွဲမွေးထားတဲ့ မေမေတို့ သိဖို့လိုအပ်တာလေးတွေေြပောပြဖို့ ဟောဒီက ယောင်းတို့ရဲ့ အက်ဒမင် ရောက်လာပါပြီလို့ ။

လူပြောများကြတာတစ်ခုက ” ရိုးရိုးမွေးတာက မွေးတုန်းသာခံရတာ မွေးပြီးရင် လူကောင်းလိုပဲ ရှောင်စရာသိပ်မရှိဘူး။ ခွဲမွေးရင်အေ လူမမာကြီးကြနေတာပဲ ” တဲ့ ။ ။ အမှန်လည်း ခွဲမွေးတဲ့မေမေတို့ဟာ ရိုးရိုးမွေးတဲ့မေမေတို့ထက် ရှောင်ရန်တွေများပါတယ်။ ဘာတွေရှောင်ရမလဲဆိုရင်

၁) ကျပ်လွန်းတဲ့ အဝတ်အစားတွေရှောင်ပါ။ အဓိက ဝမ်းဗိုက်ကို စည်းလွန်းတဲ့ အဝတ်အစား၊ အတွင်းခံတွေ ၊ ဗိုက်စည်းတွေကို အနာကျက်တဲ့အထိ စောင့်ပြီးမှ ဝတ်တာအကောင်းဆုံးပါပဲ။ပေါ့ပေါ့ပါးပါး အင်္ကျီ ပွပွလှလှလေးတွေကမှ အနာကျက်မြန်စေတာပါ။

Related article>>>ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်း ဆံသားကောင်းမွန်အောင် ထိန်းသိမ်းနည်း

၂)  အနာကို ခဏခဏ ထိတွေ့ ကိုင်တွယ်ခြင်းမျိုးရှောင်ပါ။ အနာကို မကျက်မှာစိုးလို့ဖြစ်ဖြစ် အနာကို လက်နဲ့ခဏခဏ ကိုင်တွယ်တာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာဟာ အလွယ်တကူ ပိုးဝင်စေနိုင်တာမို့ပါ။

၃) လေပွစာ ၊ဝမ်းချုပ်စာရှောင်ပါ။ မေမေတို့ အစားရှောင်စရာမလိုဘူးဆိုပြီး ပြောလေ့ရှိပေမယ့် လေထိုးစေမယ့် ( ဂေါ်ဖီထုတ် ၊ သခွားသီး) မျိုးကိုတော့ ရှောင်ရင်ပိုကောင်းပါတယ်။ ဝမ်းချုပ်ခြင်းကလည်း ညှစ်အားကြောင့် ဗိုက်တွင်းဖိအားတက်စေတာမို့ ချုပ်ရိုး ‘ဟ’ တာမျိုးလေးတွေ ရှိနိုင်ပါတယ်။ရေများများသောက်ပြီး ဘယ်လောက်အလုပ်များများ ဝမ်းပုံမှန်သွားဖို့ အချိန်ပေးပါ။

၄) အလွန်အမင်းရယ်ခြင်း၊ ချောင်းဆိုးခြင်း ရှောင်ပါ။ အလွန်ရယ်တဲ့အခါ ၊ချောင်းဆိုးတဲ့အခါ ဗိုက်ကြွက်သားတွေအသုံးပြုရတာမို့ အရမ်းနာကျင်စေပါတယ်။ ရယ်တဲ့အခါ ၊ချောင်းဆိုးတဲ့အခါ ဗိုက်ကြွက်သားလေးတွေကို ထိန်းပေးထားတာက ပိုအဆင်ပြေစေပါတယ်။

၅) ပစ္စည်းကို ကုန်းမကောက်ပါနဲ့။ ရုတ်တရက်ဆတ်ခနဲ ပစ္စည်းကုန်းကောက်မယ်ဆိုရင် ဗိုက်ကြွက်သားတွေ ဆွဲလိုက်သလိုဖြစ်ပြီး ချုပ်ရိုးတင်းတာတွေ ဖြစ်နိုင်ပါတယ်။ပစ္စည်းကျနေရင် ဒူးထောက်ပြီးကောက်တာ၊ တခြားလူကို ကောက်ခိုင်းတာက ပိုစိတ်ချရပါတယ်။

Related article>>>လေ့ကျင့်ခန်းမလုပ်ခင်၊လုပ်နေစဉ်နဲ့ လုပ်အပြီးမှာ ရေဘယ်လောက်သောက်သင့်လဲ?

၆) အလေးအပင်မ မ ပါနဲ့။ ချုပ်ရိုးမကျက်ခင် အလေးအပင်မတာက ချုပ်ရိုးကွဲထွက်စေတဲ့ အကြောင်းတစ်ခုပါပဲ။ ယောင်းတို့ကလေးထက်ပိုတဲ့ အလေးချိန်ရှိတဲ့ ဘာပစ္စည်းကိုမှ မ မပါနဲ့။ ဒီအချိန်မှာ ယောင်းတို့ရဲ့ ကျားကျားတွေကို အပြည့်အဝအားကိုးလိုက်ပါ။

၇) ကျားကျားနဲ့ ကိစ္စကို 😜 ခဏရှောင်ပါ။ ချုပ်ရိုးကျက်နိုင်မယ့် တစ်လခွဲလောက်ထိကို ချစ်ရည်လူးတဲ့ကိစ္စကို 🤗 ရှောင်ထားစေချင်ပါတယ်။

ယောင်းတို့ရေ ခုပြောသလောက်တွေ ရှောင်ရင်ကို ချုပ်ရိုးမြန်မြန်ကျက်ဖို့ လုံလောက်နေပါပြီ။ ယောင်းတို့ရဲ့ သားသားမီးမီးလေးတွေနဲ့ ပျော်ရွှင်ပါစေ ဆုတောင်းရင်း 🥰

မယ်တင်(ဆေး ၁)

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *