ကေလးလိုခ်င္တယ္ဆိုရင္ ေရွာင္ရမယ့္ အစားအစာ (၇) မ်ိဳး

အမေလး … ေရွာင္ရမွာေတြက ကိုယ့္အႀကိဳက္ေတြခ်ည္းပဲတဲ့လား

အစားအေသာက္ကို မွန္မွန္ကန္ကန္စားရတာလည္း မလြယ္တဲ့ကိစၥပဲ။ တစ္ခါတေလ ကိုယ္ကပံုမွန္အတိုင္းပဲ စားေနေပမဲ့လို႔က မွားရင္မွားေနျပန္တာေလ။ အထူးသျဖင့္ ကိုယ္ဝန္ေဆာင္ထားတဲ့ အခ်ိန္ေတြမွာေပါ့။ ဟိုဟာေရွာင္ရ ဒီဟာေရွာင္ရနဲ႔ မႀကိဳက္တာေတြလည္း အာဟာရျဖစ္တယ္ဆို စားရျပန္ေကာ။ ဒါေပမဲ့ ေယာင္းမသိေသးတာတစ္ခုက ကေလးလိုခ်င္တယ္ဆိုတဲ့ အခ်ိန္မွာကတည္းက ေရွာင္ရတဲ့ အစားအစာေတြရွိတယ္ဆိုတာပဲ။ အဆန္းႀကီးေနာ္။ ကဲ … ဒါဆို ကေလးလိုခ်င္ရင္ ဘာေတြကို မစားသင့္ဘူးလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္ …

(၁) ငါးေသတၱာငါး

ဒီမွာ အမ်ားစုက ငါးေသတၱာငါးလို႔ေခၚၾကတဲ့ တူနာငါးကို ကေလးရဖို႔ ႀကိဳးစားေနသူေတြ အလြန္အကၽြံ မစားသင့္ဘူးလို႔ ဆိုပါတယ္ ေယာင္းတို႔ေရ။ အမ်ားဆံုး စားသင့္တဲ့ ပမာဏက တစ္ပတ္မွာ ၆ ေအာင္စပါတဲ့.. ပံုမွန္အားျဖင့္ တူနာငါးက က်န္းမာေရးနဲ႔ ညီညြတ္တဲ့ ငါးျဖစ္ေပမဲ့ သူ႕မွာ ျပဒါးဓာတ္ေတြ အေျမာက္အျမားပါဝင္တာေၾကာင့္ ေနာင္တစ္ခ်ိန္သေႏၶတည္လာမယ့္ သားေလာင္းရဲ႕ဦးေႏွာက္ဖြံ႔ၿဖိဳးမႈကို ဆိုးရြားစြာထိခိုက္ႏိုင္လို႔ပါတဲ့..

Related article >>> မွတ္ဉာဏ္နဲ႔ အာရုံစူးစိုက္မႈကို အေထာက္အကူျပဳတဲ့ အစားအစာ (၇) မ်ိဳး

(၂) ဆိုဒါ

ေလ့လာခ်က္ေတြအရ ေသြးထဲမွာ သၾကားဓာတ္မ်ားေနတာကလည္း မ်ိဳးမေအာင္ျခင္းနဲ႔ တိုက္ရိုက္ဆက္ႏြယ္ေနတာမို႔ ဆိုဒါပါတဲ့ အခ်ိဳရည္ေတြကို ေရွာင္သင့္ပါတယ္။ ရယ္ဒီမိတ္လာတဲ့ အခ်ိဳရည္ေတြမွာ ဓာတုေဗဒပစၥည္းေတြး ပါဝင္တာမို႔ သၾကားဓာတ္မပါရင္ၿပီးေရာဆိုၿပီး diet အခ်ိဳရည္မ်ိဳးေတြေသာက္တာမ်ိဳးေတာင္ အားမေပးပါဘူးေနာ္။

(၃) ဆီေၾကာ္စာေတြ

အသင့္စား အာလူးေၾကာ္ေတြ၊ အျပင္စာ ဆီေၾကာ္မုန္႔ေတြက ေသြးျပန္ေၾကာမေတြကို ပ်က္စီးေစၿပီး ခႏၶာကိုယ္ရဲ႕မ်ိဳးပြားတဲ့စနစ္ဆီကို အာဟာရဓာတ္ေတြမေရာက္ေအာင္ တားဆီးေပးတာမို႔ ကေလးလိုခ်င္တဲ့ စံုတြဲတိုင္း ဆီေၾကာ္အစားအစာေတြကို ေဝးေဝးေရွာင္သင့္ပါတယ္။

(၄) အဆီမပါတဲ့ ႏို႔ထြက္ပစၥည္းေတြ

ကိုယ္ဝန္ရခ်င္တယ္ဆိုရင္ ဝိတ္က်ခ်င္ေဇာနဲ႔ အဆီမပါတဲ့ ႏို႔ထြက္ပစၥည္းေတြကို ေရြးစားတာရပ္လိုက္ပါေတာ့။ တစ္ခုလိုခ်င္ရင္ တစ္ခုစြန္႔လႊတ္ရမွာေပါ့ေနာ္။ ႏြားႏို႔၊ ဒိန္ခ်ဥ္နဲ႔ အျခားႏို႔ထြက္ပစၥည္းေတြမွာပါတဲ့ အဆီဓာတ္ေတြကို ထုတ္လိုက္တဲ့အခါမွာေတာ့ androgens လို႔ ေခၚတဲ့ ေဟာ္မုန္းဓာတ္ေတြပဲ က်န္ခဲ့ပါေတာ့တယ္။ အဲ့ဒီေဟာ္မုန္းဓာတ္ေတြက ေယာင္းရဲ႕ရာသီစက္ဝန္းကို ကေမာက္ကမျဖစ္ေစတာေၾကာင့္ ကိုယ္ဝန္ရႏိုင္ေျခနည္းပါးသြားတာမ်ိဳးက ျဖစ္ေလ့ျဖစ္ထပါပဲ။

Related article >>> အရြယ္တင္ႏုပ်ိဳေစတဲ့ ေကာ္လဂ်င္ဓာတ္ကို ျမွင့္တင္ေပးမယ့္ အစားအစာ (၅) မ်ိဳး

(၅) အရက္

အရက္တင္မကပါဘူး …အယ္လ္ကိုေဟာလ္ပါတဲ့ ဝိုင္ျဖဴ၊ ဝိုင္နီ၊ ရွန္ပိန္ေတြက ခႏၶာကိုယ္တြင္းက ကိုယ္ဝန္ရႏိုင္ေျခမ်ားေအာင္ ကူညီေပးတဲ့ ဗီတာမင္ဘီဓာတ္ေတြကို ေလ်ာ့က်ေစပါတယ္။ တကယ္လို႔ ပြဲအခမ္းအနားရွိလို႔ မေသာက္မျဖစ္ေသာက္ရမယ္ဆိုင္ေတာင္ ခါတိုင္းထက္ေလွ်ာ့ေသာက္ပါ။ ေရွာင္ႏိုင္ရင္ေတာ့ အေကာင္းဆံုးေပါ့။

(၆) Processed food 

ၾကက္အူေခ်ာင္း၊ ဝက္အူေခ်ာင္း၊ ေဘကြန္၊ ဝက္ေပါင္ေျခာက္၊ ငါးေျခာက္၊ စည္သြပ္ဘူးစတဲ့အစားအစာေတြက processed food ေတြပါ။ ဒီလိုအစားအစာေတြဟာ Listeria contamination လို႔ေခၚတဲ့ အစားအစာက တစ္ဆင့္ ျပန္႔ပြားတဲ့ ဘက္တီးရီးယားေရာဂါကို ျဖစ္ပြားေစပါတယ္။

(၇) သားစိမ္းငါးစိမ္း

သားစိမ္းငါးစိမ္း ဘယ္သူကစားလို႔လဲလို႔ မေတြးေစခ်င္ပါဘူးေနာ္။ တစ္ခါတေလ သတိမမူမိပဲ စားမိေနတာေတြရွိပါတယ္။ ဆူရွီႀကိဳက္ၾကတယ္ ဟုတ္? 😛 Sashimi ေတြ၊ salmon eggs ေတြ၊ steak medium rare ေတြ၊ ပုစြန္အစိမ္းသုပ္၊ marinated crab (ကဏန္းသားအစိမ္းကို ပဲငံျပာရည္နဲ႔ ႏွပ္ထားတဲ့ စားစရာတစ္မ်ိဳး) ၊ ၾကက္ဥမက်က္တက်က္ျပဳတ္ေတြ အကုန္ပါပါတယ္ေနာ္။ ဒါေတြမွာ သေႏၶသားေလာင္းကို ကူးစက္ေစတဲ့ ဘက္တီးရီးယားပိုးေတြ ပါဝင္တာေၾကာင့္ အစားမက္တဲ့ ေမေမေလာင္းေတြအေနနဲ႔ ေရွာင္ရပါေတာ့မယ္။

Related article >>> တြဲဖက္စားသံုးေပးမယ္ဆိုရင္ က်န္းမာေရးအတြက္ ပိုၿပီး ေကာင္းမြန္ေစမယ့္ စားစရာ အတြဲ (၄) မ်ိဳး

ေမေမတစ္ေယာက္ျဖစ္ခ်င္ရင္ ေရွာင္ရမွာေတြ မနည္းမေနာပါပဲေနာ္? စားခ်င္တာမစားရ၊ ေနခ်င္သလိုမေနရနဲ႔ စိတ္ညစ္ရတာအမွန္ပါပဲ။ ဒါေပမဲ့လည္း ကိုယ့္ရဲ႕သားသားမီးမီးေလး မ်က္ႏွာျမင္လိုက္ရရင္ ဒါေတြအကုန္ေရွာင္ရက်ိဳးနပ္ပါတယ္ေလေနာ္။

Stella (For Her Myanmar)

<<< Unicode >>>

အမလေး … ရှောင်ရမှာတွေက ကိုယ့်အကြိုက်တွေချည်းပဲတဲ့လား

အစားအသောက်ကို မှန်မှန်ကန်ကန်စားရတာလည်း မလွယ်တဲ့ကိစ္စပဲ။ တစ်ခါတလေ ကိုယ်ကပုံမှန်အတိုင်းပဲ စားနေပေမဲ့လို့က မှားရင်မှားနေပြန်တာလေ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ထားတဲ့ အချိန်တွေမှာပေါ့။ ဟိုဟာရှောင်ရ ဒီဟာရှောင်ရနဲ့ မကြိုက်တာတွေလည်း အာဟာရဖြစ်တယ်ဆို စားရပြန်ကော။ ဒါပေမဲ့ ယောင်းမသိသေးတာတစ်ခုက ကလေးလိုချင်တယ်ဆိုတဲ့ အချိန်မှာကတည်းက ရှောင်ရတဲ့ အစားအစာတွေရှိတယ်ဆိုတာပဲ။ အဆန်းကြီးနော်။ ကဲ … ဒါဆို ကလေးလိုချင်ရင် ဘာတွေကို မစားသင့်ဘူးလဲဆိုတာ ကြည့်လိုက်ကြရအောင် …

(၁) ငါးသေတ္တာငါး

ဒီမှာ အများစုက ငါးသေတ္တာငါးလို့ခေါ်ကြတဲ့ တူနာငါးကို ကလေးရဖို့ ကြိုးစားနေသူတွေ အလွန်အကျွံ မစားသင့်ဘူးလို့ ဆိုပါတယ် ယောင်းတို့ရေ။ အများဆုံး စားသင့်တဲ့ ပမာဏက တစ်ပတ်မှာ ၆ အောင်စပါတဲ့.. ပုံမှန်အားဖြင့် တူနာငါးက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ငါးဖြစ်ပေမဲ့ သူ့မှာ ပြဒါးဓာတ်တွေ အမြောက်အမြားပါဝင်တာကြောင့် နောင်တစ်ချိန်သန္ဓေတည်လာမယ့် သားလောင်းရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ဆိုးရွားစွာထိခိုက်နိုင်လို့ပါတဲ့..

Related article >>> မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကို အထောက်အကူပြုတဲ့ အစားအစာ (၇) မျိုး

(၂) ဆိုဒါ

လေ့လာချက်တွေအရ သွေးထဲမှာ သကြားဓာတ်များနေတာကလည်း မျိုးမအောင်ခြင်းနဲ့ တိုက်ရိုက်ဆက်နွယ်နေတာမို့ ဆိုဒါပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ရယ်ဒီမိတ်လာတဲ့ အချိုရည်တွေမှာ ဓာတုဗေဒပစ္စည်းတွေး ပါဝင်တာမို့ သကြားဓာတ်မပါရင်ပြီးရောဆိုပြီး diet အချိုရည်မျိုးတွေသောက်တာမျိုးတောင် အားမပေးပါဘူးနော်။

(၃) ဆီကြော်စာတွေ

အသင့်စား အာလူးကြော်တွေ၊ အပြင်စာ ဆီကြော်မုန့်တွေက သွေးပြန်ကြောမတွေကို ပျက်စီးစေပြီး ခန္ဓာကိုယ်ရဲ့မျိုးပွားတဲ့စနစ်ဆီကို အာဟာရဓာတ်တွေမရောက်အောင် တားဆီးပေးတာမို့ ကလေးလိုချင်တဲ့ စုံတွဲတိုင်း ဆီကြော်အစားအစာတွေကို ဝေးဝေးရှောင်သင့်ပါတယ်။

(၄) အဆီမပါတဲ့ နို့ထွက်ပစ္စည်းတွေ

ကိုယ်ဝန်ရချင်တယ်ဆိုရင် ဝိတ်ကျချင်ဇောနဲ့ အဆီမပါတဲ့ နို့ထွက်ပစ္စည်းတွေကို ရွေးစားတာရပ်လိုက်ပါတော့။ တစ်ခုလိုချင်ရင် တစ်ခုစွန့်လွှတ်ရမှာပေါ့နော်။ နွားနို့၊ ဒိန်ချဉ်နဲ့ အခြားနို့ထွက်ပစ္စည်းတွေမှာပါတဲ့ အဆီဓာတ်တွေကို ထုတ်လိုက်တဲ့အခါမှာတော့ androgens လို့ ခေါ်တဲ့ ဟော်မုန်းဓာတ်တွေပဲ ကျန်ခဲ့ပါတော့တယ်။ အဲ့ဒီဟော်မုန်းဓာတ်တွေက ယောင်းရဲ့ရာသီစက်ဝန်းကို ကမောက်ကမဖြစ်စေတာကြောင့် ကိုယ်ဝန်ရနိုင်ခြေနည်းပါးသွားတာမျိုးက ဖြစ်လေ့ဖြစ်ထပါပဲ။

Related article >>> အရွယ်တင်နုပျိုစေတဲ့ ကော်လဂျင်ဓာတ်ကို မြှင့်တင်ပေးမယ့် အစားအစာ (၅) မျိုး

(၅) အရက်

အရက်တင်မကပါဘူး …အယ်လ်ကိုဟောလ်ပါတဲ့ ဝိုင်ဖြူ၊ ဝိုင်နီ၊ ရှန်ပိန်တွေက ခန္ဓာကိုယ်တွင်းက ကိုယ်ဝန်ရနိုင်ခြေများအောင် ကူညီပေးတဲ့ ဗီတာမင်ဘီဓာတ်တွေကို လျော့ကျစေပါတယ်။ တကယ်လို့ ပွဲအခမ်းအနားရှိလို့ မသောက်မဖြစ်သောက်ရမယ်ဆိုင်တောင် ခါတိုင်းထက်လျှော့သောက်ပါ။ ရှောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။

(၆) Processed food 

ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဘေကွန်၊ ဝက်ပေါင်ခြောက်၊ ငါးခြောက်၊ စည်သွပ်ဘူးစတဲ့အစားအစာတွေက processed food တွေပါ။ ဒီလိုအစားအစာတွေဟာ Listeria contamination လို့ခေါ်တဲ့ အစားအစာက တစ်ဆင့် ပြန့်ပွားတဲ့ ဘက်တီးရီးယားရောဂါကို ဖြစ်ပွားစေပါတယ်။

(၇) သားစိမ်းငါးစိမ်း

သားစိမ်းငါးစိမ်း ဘယ်သူကစားလို့လဲလို့ မတွေးစေချင်ပါဘူးနော်။ တစ်ခါတလေ သတိမမူမိပဲ စားမိနေတာတွေရှိပါတယ်။ ဆူရှီကြိုက်ကြတယ် ဟုတ်? 😛 Sashimi တွေ၊ salmon eggs တွေ၊ steak medium rare တွေ၊ ပုစွန်အစိမ်းသုပ်၊ marinated crab (ကဏန်းသားအစိမ်းကို ပဲငံပြာရည်နဲ့ နှပ်ထားတဲ့ စားစရာတစ်မျိုး) ၊ ကြက်ဥမကျက်တကျက်ပြုတ်တွေ အကုန်ပါပါတယ်နော်။ ဒါတွေမှာ သန္ဓေသားလောင်းကို ကူးစက်စေတဲ့ ဘက်တီးရီးယားပိုးတွေ ပါဝင်တာကြောင့် အစားမက်တဲ့ မေမေလောင်းတွေအနေနဲ့ ရှောင်ရပါတော့မယ်။

Related article >>> တွဲဖက်စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက် ပိုပြီး ကောင်းမွန်စေမယ့် စားစရာ အတွဲ (၄) မျိုး

မေမေတစ်ယောက်ဖြစ်ချင်ရင် ရှောင်ရမှာတွေ မနည်းမနောပါပဲနော်? စားချင်တာမစားရ၊ နေချင်သလိုမနေရနဲ့ စိတ်ညစ်ရတာအမှန်ပါပဲ။ ဒါပေမဲ့လည်း ကိုယ့်ရဲ့သားသားမီးမီးလေး မျက်နှာမြင်လိုက်ရရင် ဒါတွေအကုန်ရှောင်ရကျိုးနပ်ပါတယ်လေနော်။

Stella (For Her Myanmar)

No Comments Yet

Comments are closed