ဝိတ္ထိန္းေနတဲ့ ေယာင္းတို႔ ေရြးခ်ယ္သင့္တဲ့ အဆာေျပစားစရာ (၅) မ်ိဳး

ဝိတ္ခ်ေနလို႔ မုန္႔မစားရဘူး ဘယ္သူေျပာလဲ ?

ေယာင္းတို႔ေရ… ဝိတ္ခ်ၾကတဲ့အခါ ေရွာင္ရတဲ့ အစားအစာေတြ အမ်ားႀကီးပါပဲ။ ဆီေၾကာ္ေတြ၊ အခ်ိဳေတြ၊ အအီအစိမ့္ေတြစတဲ့ ကိုယ္ႀကိဳက္ေပ့ဆိုတာေတြကို စြန္႔လႊတ္ရတဲ့အျပင္ ထမင္းကိုလည္း ပမာဏနည္းနည္းပဲ စားလို႔ရတာေၾကာင့္ အာသာမေျပတာမ်ားပါတယ္။ (သိေနတယ္ေလ … ကိုယ္တိုင္ၾကံဳဖူးတာကိုး) ဒီေတာ့ ဘဝတူေယာင္းေတြအတြက္ ဝိတ္မတက္ေစဘဲ အဆာေျပအေနနဲ႔ စားလို႔ရႏိုင္မယ့္ စားစရာေတြအေၾကာင္းကို ေဝမွ်ေပးသြားမယ္ေနာ္..

(၁) Chia seed pudding

 

Chia ဆိုတဲ့ အေစ့ေလးေတြက ျမန္မာလိုေတာ့ ဘယ္လိုေခၚလဲ မေျပာတတ္ဘူး။ Chia ေစ့ေလးေတြမွာက အမွ်င္ဓာတ္ႂကြယ္ဝစြာပါတဲ့အျပင္ ႏွလံုးက်န္းမာေရးကို အေထာက္အကူျပဳတဲ့ antioxidants ဓာတ္ေတြလည္း ပါဝင္ပါေသးတယ္။ Chia ပူတင္းမွာပါတဲ့ ကယ္လိုရီကလည္း (၂၀၀) ထက္နည္းတာမို႔ စိတ္ခ်လက္ခ်စားႏိုင္တာေပါ့။

(၂) ၾကက္ဥအက်က္ျပဳတ္

ၾကက္ဥမွာ ပရိုတင္းဓာတ္ အေျမာက္အျမားပါတာကိုေတာ့ ေယာင္းတို႔သိၾကမယ္ ထင္ပါတယ္။ ၾကက္ဥျပဳတ္စားတာက ဗိုက္အျပည့္ဆံုးနဲ႔ အဆာအခံဆံုးပါပဲ။ ၾကက္ဥျပဳတ္ႏွစ္လံုးမွာ (၁၄၀) ကယ္လိုရီနဲ႔ ပရိုတင္း (၁၃) ဂရမ္ပါဝင္ပါတယ္။

Related article >>> ဝိတ္လည္းက် အာဟာရလည္းျဖစ္ေစမယ့္ အစားအစာ (၉) မ်ိဳး

(၃) ပန္းသီး

ပန္းသီးေတြက ကယ္လိုရီနည္းၿပီး အမွ်င္ဓာတ္မ်ားတဲ့ အဆာေျပစားစရာေတြပါ။ ပန္းသီးမွာပါတဲ့ polyphenol ဆိုတဲ့ဓာတ္က ကိုယ္တြင္းမွာရွိတဲ့ ကိုလက္စထေရာ ေတြကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါေသးတယ္။ ပန္းသီးအလံုးႀကီးႀကီးတစ္လံုးမွာမွ (၁၁၆) ကယ္လိုရီပဲ ပါတာမို႔ စိတ္ခ်လက္ခ်စားႏုိင္ပါတယ္။

(၄) အေစ့အဆံေတြ

သစ္ၾကားေစ့၊ ေနၾကာေစ့၊ ဗာဒံေစ့စတဲ့ အေစ့အဆန္ေတြက အာဟာရျပည့္ဝစြာပါဝင္တဲ့ အဆာေျပေတြပါ။ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးၿပီး တခ်ိဳ႕ေသာ ကင္ဆာေရာဂါေတြကိုေတာင္ ကာကြယ္ေပးႏိုင္ပါတယ္။ အေစ့အဆန္ေတြမွာ ကစီဓာတ္မ်ားစြာပါဝင္တာေၾကာင့္ လက္တစ္ဆုပ္ေလာက္စားရုံနဲ႔ ေကာင္းေကာင္းဗိုက္ျပည့္ေစပါတယ္ေနာ္။ ကယ္လိုရီကေတာ့ တစ္ေအာင္စမွာ (၁၈၀) ကယ္လိုရီပါပါတယ္။

Related article >>> ဝိတ္က်ခ်င္လား? ဒီပလန္အတိုင္း က်န္းမာေရးနဲ႔ ညီေအာင္ စားၾကည့္ပါ။

(၅) ဂရိဒိန္ခ်ဥ္

ဒိန္ခ်ဥ္တကာ့ ဒိန္ခ်ဥ္ထဲမွာမွ ဂရိဒိန္ခ်ဥ္က က်န္းမာေရးအတြက္ အသင့္ေတာ္ဆံုးပါ။ ကယ္ဆီယမ္နဲ႔ ပိုတက္ဆီယမ္ဓာတ္ေတြ ႂကြယ္ဝစြာပါဝင္တဲ့အျပင္ ဂရိဒိန္ခ်ဥ္မွာ ပရိုတင္းဓာတ္ေတြလည္း အမ်ားအျပားပါဝင္ပါေသးတယ္။ အဆီမထုတ္ရေသးတဲ့ ဂရိဒိန္ခ်ဥ္ (၁၀၀)ဂရမ္မွာမွ (၅၉) ကယ္လိုရီပဲပါတာေၾကာင့္ ဝိတ္ခ်ဖို႔အတြက္ အေထာက္အကူျပဳတာ အမွန္ပါပဲ။

ကဲ … ဒါေလးေတြကေတာ့ ဝိတ္လည္းခ်ရင္း စိတ္ခ်လက္ခ်လည္း စားလို႔ရႏိုင္တဲ့ အဆာေျပမုန္႔ေလးေတြပါ။ အစားစားရင္း ဝိတ္လည္းခ်ၾကတာေပါ့ေနာ္ ….

Stella (For Her Myanmar)

<<<Unicode>>>

ဝိတ်ချနေလို့ မုန့်မစားရဘူး ဘယ်သူပြောလဲ ?

ယောင်းတို့ရေ… ဝိတ်ချကြတဲ့အခါ ရှောင်ရတဲ့ အစားအစာတွေ အများကြီးပါပဲ။ ဆီကြော်တွေ၊ အချိုတွေ၊ အအီအစိမ့်တွေစတဲ့ ကိုယ်ကြိုက်ပေ့ဆိုတာတွေကို စွန့်လွှတ်ရတဲ့အပြင် ထမင်းကိုလည်း ပမာဏနည်းနည်းပဲ စားလို့ရတာကြောင့် အာသာမပြေတာများပါတယ်။ (သိနေတယ်လေ … ကိုယ်တိုင်ကြုံဖူးတာကိုး) ဒီတော့ ဘဝတူယောင်းတွေအတွက် ဝိတ်မတက်စေဘဲ အဆာပြေအနေနဲ့ စားလို့ရနိုင်မယ့် စားစရာတွေအကြောင်းကို ဝေမျှပေးသွားမယ်နော်..

(၁) Chia seed pudding

 

Chia ဆိုတဲ့ အစေ့လေးတွေက မြန်မာလိုတော့ ဘယ်လိုခေါ်လဲ မပြောတတ်ဘူး။ Chia စေ့လေးတွေမှာက အမျှင်ဓာတ်ကြွယ်ဝစွာပါတဲ့အပြင် နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ antioxidants ဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ Chia ပူတင်းမှာပါတဲ့ ကယ်လိုရီကလည်း (၂၀၀) ထက်နည်းတာမို့ စိတ်ချလက်ချစားနိုင်တာပေါ့။

(၂) ကြက်ဥအကျက်ပြုတ်

ကြက်ဥမှာ ပရိုတင်းဓာတ် အမြောက်အမြားပါတာကိုတော့ ယောင်းတို့သိကြမယ် ထင်ပါတယ်။ ကြက်ဥပြုတ်စားတာက ဗိုက်အပြည့်ဆုံးနဲ့ အဆာအခံဆုံးပါပဲ။ ကြက်ဥပြုတ်နှစ်လုံးမှာ (၁၄၀) ကယ်လိုရီနဲ့ ပရိုတင်း (၁၃) ဂရမ်ပါဝင်ပါတယ်။

Related article >>> ဝိတ်လည်းကျ အာဟာရလည်းဖြစ်စေမယ့် အစားအစာ (၉) မျိုး

(၃) ပန်းသီး

ပန်းသီးတွေက ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များတဲ့ အဆာပြေစားစရာတွေပါ။ ပန်းသီးမှာပါတဲ့ polyphenol ဆိုတဲ့ဓာတ်က ကိုယ်တွင်းမှာရှိတဲ့ ကိုလက်စထရော တွေကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။ ပန်းသီးအလုံးကြီးကြီးတစ်လုံးမှာမှ (၁၁၆) ကယ်လိုရီပဲ ပါတာမို့ စိတ်ချလက်ချစားနိုင်ပါတယ်။

(၄) အစေ့အဆံတွေ

သစ်ကြားစေ့၊ နေကြာစေ့၊ ဗာဒံစေ့စတဲ့ အစေ့အဆန်တွေက အာဟာရပြည့်ဝစွာပါဝင်တဲ့ အဆာပြေတွေပါ။ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး တချို့သော ကင်ဆာရောဂါတွေကိုတောင် ကာကွယ်ပေးနိုင်ပါတယ်။ အစေ့အဆန်တွေမှာ ကစီဓာတ်များစွာပါဝင်တာကြောင့် လက်တစ်ဆုပ်လောက်စားရုံနဲ့ ကောင်းကောင်းဗိုက်ပြည့်စေပါတယ်နော်။ ကယ်လိုရီကတော့ တစ်အောင်စမှာ (၁၈၀) ကယ်လိုရီပါပါတယ်။

Related article >>> ဝိတ်ကျချင်လား? ဒီပလန်အတိုင်း ကျန်းမာရေးနဲ့ ညီအောင် စားကြည့်ပါ။

(၅) ဂရိဒိန်ချဉ်

ဒိန်ချဉ်တကာ့ ဒိန်ချဉ်ထဲမှာမှ ဂရိဒိန်ချဉ်က ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။ ကယ်ဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အပြင် ဂရိဒိန်ချဉ်မှာ ပရိုတင်းဓာတ်တွေလည်း အများအပြားပါဝင်ပါသေးတယ်။ အဆီမထုတ်ရသေးတဲ့ ဂရိဒိန်ချဉ် (၁၀၀)ဂရမ်မှာမှ (၅၉) ကယ်လိုရီပဲပါတာကြောင့် ဝိတ်ချဖို့အတွက် အထောက်အကူပြုတာ အမှန်ပါပဲ။

ကဲ … ဒါလေးတွေကတော့ ဝိတ်လည်းချရင်း စိတ်ချလက်ချလည်း စားလို့ရနိုင်တဲ့ အဆာပြေမုန့်လေးတွေပါ။ အစားစားရင်း ဝိတ်လည်းချကြတာပေါ့နော် ….

Stella (For Her Myanmar)

No Comments Yet

Comments are closed