Health Mom Tips

မိုးရာသီမွာ ကေလးငယ္ေတြကို ဖ်ားနာျခင္းနဲ႔ ကင္းေဝးေအာင္ထားႏုိင္မယ့္ နည္းလမ္း(၅)သြယ္

သိထားရံုနဲ႔ မရေသးဘူးေနာ္… ေသခ်ာလိုက္လုပ္ဖို႔ လိုေသးတယ္ 😉 

အင္မတန္ပူတဲ့ ေႏြကေန မိုးေအးေအးနဲ႔ ႏွပ္လို႔ရမယ့္ မိုးရာသီကို ကူးေျပာင္းစျပဳလာပါၿပီ။ အပူဒဏ္ နည္းနည္းသက္သာသြားႏုိင္တယ္ဆိုေပမဲ့ တစ္ခ်ိန္တည္းမွာပဲ မုတ္သုန္ရာသီနဲ႔အတူ ပါလာတတ္တာေတြကို သတိထားဖို႔လိုပါလိမ့္မယ္။ အထူးျဖင့္ ကေလးငယ္ရွိတဲ့ ေမေမေတြေပါ့။

မိုးရာသီဟာဆိုရင္ ကူးစက္ႏိုင္တဲ့ တုပ္ေကြးနဲ႔ ပိုးမႊားမ်ိဳးစံု၊ ဖ်ားနာမႈမ်ိဳးစံုသာမက ေသြးလြန္တုပ္ေကြးျဖစ္လြယ္တဲ့ ရာသီလည္း ျဖစ္ပါတယ္။ ေမေမေတြအေနနဲ႔ ကေလးငယ္ေတြကို မိုးတြင္းမွာ ဖ်ားနာမႈ ကင္းၿပီး က်န္းမာေအာင္ ထားႏုိင္မယ့္ နည္းလမ္း(၅)သြယ္ရွိပါတယ္။ ဒီနည္းလမ္းေတြကေတာ့

(၁) ေျခာက္ေသြ႕ၿပီး ေလဝင္ေလထြက္ေကာင္းတဲ့ သက္ေတာင့္သက္သာအက်ၤ ီေလးေတြ ဝတ္ေပးပါ။

မိုးတြင္းမွာ ပတ္ဝန္းက်င္ဟာ မိုးေၾကာင့္ အစိုဓာတ္ေတြ မ်ားေနတတ္ပါတယ္။ ဒီလိုခ်ိန္မွာ ေျခာက္ေနတဲ့အက်ၤ ီေတာင္ ျပန္ၿပီး စိုစြတ္ႏိုင္သလို ပူတာေကာ ေအးတာေကာ တခိ်န္တည္းခံစားရႏိုင္ပါတယ္။

ဒါေၾကာင့္ ကေလးအက်ၤ ီကို ေျခာက္ေသြ႕ေအာင္ မီးပူနဲ႔ ေသခ်ာတိုက္ေပးၿပီးမွ ဝတ္ေပးပါ။ ကလးငယ္ရဲ႕ အေရျပား အသက္ရွဴေခ်ာင္ေအာင္ ခ်ည္သားနဲ႔ လုပ္ထားတဲ့ အက်ၤ ီ/ သိုးေမြးနဲ႔ လုပ္ထားတဲ့ အက်ႌ ပြပြေခ်ာင္ေခ်ာင္မ်ိဳးသာ ေပးဝတ္သင့္ပါတယ္။ ဒါမွသာ ဒီလိုရာသီမွာ သက္ေတာင့္သက္သာေနႏိုင္မွာပါ။

(၂) ျခင္မကိုက္မိေအာင္ ထားပါ

မိုးတြင္းမွာ အဆိုးဆံုးက ျခင္အႏၱရာယ္ပါပဲ။ ကေလးေတြမို႔ ျခင္ကိုက္လည္း မေျပာတတ္၊ ျခင္ကို မရိုက္တတ္ၾကပါဘူး။ ဒါေၾကာင့္ ကေလးငယ္ရဲ႕ အေရျပားတြက္ သီးသန္႔ထုတ္ထားတဲ့ ျခင္မကိုက္ေဆးကို တေန႔ ၃ခါေလာက္ လိမ္းေပးသင့္သလို အိမ္ထဲမွာ ေရဝပ္တဲ့ေနရာရွိရင္ ေသခ်ာရွင္းလင္းတာ၊ ျခင္ေဆးေခၚဖ်န္းတာ လုပ္ဖို႔ လိုပါတယ္။

ေရဝပ္ႏိုင္တဲ့ ပစၥည္းေနရာတစ္ခုမွ မရွိေလ၊ ေကာင္းေလပါပဲ။ ေရခ်ိဳးတဲ့ အုတ္ကန္ေတြရွိရင္ေတာ့ ပိုးေလာက္လန္းစားမယ့္ ငါးေလးေတြ ထည့္ထားသင့္ပါတယ္။

ေနာက္ၿပီး ကေလးေတြဖ်ားနာရင္လည္း အိမ္မွာပဲေနၿပီး အဖ်ားေပ်ာက္ေဆးတိုက္တာထက္ ေသြးလြန္တုပ္ေကြးဟုတ္ မဟုတ္ ေသခ်ာစစ္ဖို႔ ေဆးရံုကို တန္းသြားသင့္ပါတယ္။ ဒီႏိုင္ငံမွာဆို ေသြးလြန္တုပ္ေကြးျဖစ္ေနတဲ့ ကေလးအမ်ားစုဟာ ေနာက္က်မွ သိရလို႔ အသက္ဆံုးရွံုးသြားၾကတာ မ်ားပါတယ္။

Related Article >>> ကေလးရဲ႕ က်န္းမာေရးအေပၚ သက္ေရာက္ႏိုင္တဲ့ မိဘေတြရဲ႕ အက်င့္ဆိုးမ်ား

(၃) လူထူထပ္တဲ့ ေနရာကို ေရွာင္ပါ။

လူအုပ္ေတြထဲမွာ ေရာဂါပိုး သယ္ေဆာင္ထားမယ့္သူေတြ ပါဝင္ေနတတ္ပါတယ္။ လူထူထပ္ေလ ၊ ေရာဂါပိုးေတြ ဟာ လ်င္လ်င္ျမန္ျမန္နဲ႔ ကူးစက္ျပန္႔ပြားရ လြယ္ေလပါပဲ။ မိုးရာသီေရာက္ၿပီဆို ေလထုထဲက ေနရာတိုင္းမွာ ပိုးမႊားေတြရွိေနႏိုင္တဲ့ အျပင္ လူအခ်င္းခ်င္းကေနတစ္ဆင့္ ကူးစက္တတ္တာမို႔ ေမေမေတြအေနနဲ႔ ကေလးငယ္ကို လူမ်ားတဲ့ ေနရာေတြေခၚသြားတာကို ေရွာင္ၾကဥ္သင့္ပါတယ္။

သြားမိရင္လည္း ကေလးရဲ႕လက္ကို ေသခ်ာေဆးေၾကာေပးတာ၊ သန္႔စင္ေပးတာကို လုပ္ေပးပါေနာ္။

(၄) ကိုယ္ခံအား ေကာင္းမြန္ေနေစဖို႔ မွန္ကန္တဲ့အစားအေသာက္ေတြကို ေကၽြးပါ။

လူႀကီးေတြမွာ ကိုယ္ခံအားစနစ္က စနစ္တက်တည္ေဆာက္ထားၿပီ ျဖစ္ေပမဲ့ ကေလးငယ္ေတြမွာေတာ့ ကိုယ္ခံအားစနစ္က ႏုနယ္ပါတယ္။ ဒါေၾကာင့္ အစားအေသာက္ကို ေသခ်ာ ဂရုစိုက္ၿပီး ေကၽြးရပါမယ္။ ေရာဂါပိုးေတြ ကပ္ေနတတ္တဲ့ လမ္းေဘးစာေတြကို မေကၽြးသင့္သလို အိမ္မွာ ခ်က္စားသည့္တိုင္ အသီးအရြက္ေတြကို ဆားရည္မွာ ေသခ်ာစိမ္ေဆးၿပီးမွ ခ်က္ျပဳတ္ေကၽြးသင့္ပါတယ္။

formula (ႏို႔မႈန္႔) ေကၽြးတဲ့ ကေလးငယ္ဆိုရင္လည္း က်ိဳခ်က္ထားတဲ့ေရနဲ႔သာ formula ကို ေဖ်ာ္သင့္ၿပီး ဇြန္း၊ခက္ရင္းေတြကို စားၿပီးတိုင္းေရေႏြးဆူဆူမွာ ပိုးသတ္တာကိုလည္း လုပ္ေပးသင့္ပါတယ္။တခ်ိဳ႕ေရာဂါပိုးေတြဟာ ေရကေန ပါလာတတ္တာမို႔ပါ။

ဒါ့အျပင္ မိုးတြင္းမွာ ျဖစ္တတ္တဲ့ ႏွာေစး၊ေခ်ာင္းဆိုးတာကို သက္သာေစဖို႔ ၾကက္သားကို ငရုတ္ေကာင္း၊ ဆား၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ မုန္လာဥ စတာေတြ စံုလင္ေအာင္ထည့္ၿပီး စြပ္ျပဳတ္လုပ္တိုက္ေပးပါ။ ေန႔တိုင္း တိုက္ေပးႏိုင္ရင္ ေကာင္းပါတယ္။ ၾကက္စြပ္ျပဳတ္က ကိုယ္ခံအားေကာင္းဖို႔ ကူညီေပးပါတယ္။

Related Article >>> ေလေၾကေဆးရည္ဟာ ကေလးေတြရဲ႕က်န္းမာေရးကို ထိခိုက္ေစႏိုင္သလား?

(၅) အေမကိုယ္တိုင္က သန္႔ရွင္းက်န္းမာေအာင္ေနပါ။

ကေလးနဲ႔ အနီးကပ္ဆံုး ထိေတြ႕ရတာ အေမေတြပါ။ အေမေတြ မက်န္းမာရင္၊ ေရာဂါပိုး ပါလာခဲ့ရင္ အေမက လူႀကီးမို႔ ဘာမွမျဖစ္ရင္ေတာင္ ကေလးကို ကူးစက္ဖ်ားနာေစႏိုင္ပါတယ္။ အထူးသျဖင့္ ကေလးကို ႏို႔တိုက္ေနတဲ့ မိခင္ဆို ပိုလို႔ေတာင္ သတိထားသင့္ပါတယ္။

ဒါေၾကာင့္ အျပင္က ျပန္လာတိုင္း လက္ကိုေသခ်ာေဆးတာ၊ ေရေသခ်ာခ်ိဳးတာ၊ကိုယ့္ကိုယ္ကို အားရွိ က်န္းမာေအာင္ ေနတာလည္း ကေလးကို က်န္းမာေပ်ာ္ရႊင္ေအာင္ ထားႏိုင္မယ့္ နည္းတစ္မ်ိဳးပါပဲ ေယာင္းတို႔ေရ….

ကိုယ္ခံအားေကာင္းတဲ့ လူႀကီးေတြေတာင္ တုပ္ေကြးကူးစက္မႈ နဲ႔ ေသြးလြန္တုပ္ေကြးေတြ ျဖစ္ၾကေသးတာမို႔ ကေလးငယ္ေတြကို မိုးတြင္းမွာ ေသေသခ်ာခ်ာ ဂရုစိုက္ဖို႔လိုလာပါၿပီ။ က်န္းမာေပ်ာ္ရႊင္တဲ့ ေဘဘီေလးေတြနဲ႔ စိတ္ခ်မ္းေျမ့စရာ မိသားစု ဘဝေလးကို ပိုင္ဆုိင္ႏုိင္ၾကေပါစ ေယာင္းတို႔ေရ…

Mia (For Her Myanmar)

References : ParentsMy Little Moppet

<<< Unicode >>>

သိထားရုံနဲ့ မရသေးဘူးနော်… သေချာလိုက်လုပ်ဖို့ လိုသေးတယ် 😉 

အင်မတန်ပူတဲ့ နွေကနေ မိုးအေးအေးနဲ့ နှပ်လို့ရမယ့် မိုးရာသီကို ကူးပြောင်းစပြုလာပါပြီ။ အပူဒဏ် နည်းနည်းသက်သာသွားနိုင်တယ်ဆိုပေမဲ့ တစ်ချိန်တည်းမှာပဲ မုတ်သုန်ရာသီနဲ့အတူ ပါလာတတ်တာတွေကို သတိထားဖို့လိုပါလိမ့်မယ်။ အထူးဖြင့် ကလေးငယ်ရှိတဲ့ မေမေတွေပေါ့။

မိုးရာသီဟာဆိုရင် ကူးစက်နိုင်တဲ့ တုပ်ကွေးနဲ့ ပိုးမွှားမျိုးစုံ၊ ဖျားနာမှုမျိုးစုံသာမက သွေးလွန်တုပ်ကွေးဖြစ်လွယ်တဲ့ ရာသီလည်း ဖြစ်ပါတယ်။ မေမေတွေအနေနဲ့ ကလေးငယ်တွေကို မိုးတွင်းမှာ ဖျားနာမှု ကင်းပြီး ကျန်းမာအောင် ထားနိုင်မယ့် နည်းလမ်း(၅)သွယ်ရှိပါတယ်။ ဒီနည်းလမ်းတွေကတော့

(၁) ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းတဲ့ သက်တောင့်သက်သာအင်္ကျ ီလေးတွေ ဝတ်ပေးပါ။

မိုးတွင်းမှာ ပတ်ဝန်းကျင်ဟာ မိုးကြောင့် အစိုဓာတ်တွေ များနေတတ်ပါတယ်။ ဒီလိုချိန်မှာ ခြောက်နေတဲ့အင်္ကျ ီတောင် ပြန်ပြီး စိုစွတ်နိုင်သလို ပူတာကော အေးတာကော တချိန်တည်းခံစားရနိုင်ပါတယ်။

ဒါကြောင့် ကလေးအင်္ကျ ီကို ခြောက်သွေ့အောင် မီးပူနဲ့ သေချာတိုက်ပေးပြီးမှ ဝတ်ပေးပါ။ ကလးငယ်ရဲ့ အရေပြား အသက်ရှူချောင်အောင် ချည်သားနဲ့ လုပ်ထားတဲ့ အင်္ကျ ီ/ သိုးမွေးနဲ့ လုပ်ထားတဲ့ အင်္ကျီ ပွပွချောင်ချောင်မျိုးသာ ပေးဝတ်သင့်ပါတယ်။ ဒါမှသာ ဒီလိုရာသီမှာ သက်တောင့်သက်သာနေနိုင်မှာပါ။

(၂) ခြင်မကိုက်မိအောင် ထားပါ

မိုးတွင်းမှာ အဆိုးဆုံးက ခြင်အန္တရာယ်ပါပဲ။ ကလေးတွေမို့ ခြင်ကိုက်လည်း မပြောတတ်၊ ခြင်ကို မရိုက်တတ်ကြပါဘူး။ ဒါကြောင့် ကလေးငယ်ရဲ့ အရေပြားတွက် သီးသန့်ထုတ်ထားတဲ့ ခြင်မကိုက်ဆေးကို တနေ့ ၃ခါလောက် လိမ်းပေးသင့်သလို အိမ်ထဲမှာ ရေဝပ်တဲ့နေရာရှိရင် သေချာရှင်းလင်းတာ၊ ခြင်ဆေးခေါ်ဖျန်းတာ လုပ်ဖို့ လိုပါတယ်။

ရေဝပ်နိုင်တဲ့ ပစ္စည်းနေရာတစ်ခုမှ မရှိလေ၊ ကောင်းလေပါပဲ။ ရေချိုးတဲ့ အုတ်ကန်တွေရှိရင်တော့ ပိုးလောက်လန်းစားမယ့် ငါးလေးတွေ ထည့်ထားသင့်ပါတယ်။

နောက်ပြီး ကလေးတွေဖျားနာရင်လည်း အိမ်မှာပဲနေပြီး အဖျားပျောက်ဆေးတိုက်တာထက် သွေးလွန်တုပ်ကွေးဟုတ် မဟုတ် သေချာစစ်ဖို့ ဆေးရုံကို တန်းသွားသင့်ပါတယ်။ ဒီနိုင်ငံမှာဆို သွေးလွန်တုပ်ကွေးဖြစ်နေတဲ့ ကလေးအများစုဟာ နောက်ကျမှ သိရလို့ အသက်ဆုံးရှုံးသွားကြတာ များပါတယ်။

Related Article >>> ကလေးရဲ့ ကျန်းမာရေးအပေါ် သက်ရောက်နိုင်တဲ့ မိဘတွေရဲ့ အကျင့်ဆိုးများ

(၃) လူထူထပ်တဲ့ နေရာကို ရှောင်ပါ။

လူအုပ်တွေထဲမှာ ရောဂါပိုး သယ်ဆောင်ထားမယ့်သူတွေ ပါဝင်နေတတ်ပါတယ်။ လူထူထပ်လေ ၊ ရောဂါပိုးတွေ ဟာ လျင်လျင်မြန်မြန်နဲ့ ကူးစက်ပြန့်ပွားရ လွယ်လေပါပဲ။ မိုးရာသီရောက်ပြီဆို လေထုထဲက နေရာတိုင်းမှာ ပိုးမွှားတွေရှိနေနိုင်တဲ့ အပြင် လူအချင်းချင်းကနေတစ်ဆင့် ကူးစက်တတ်တာမို့ မေမေတွေအနေနဲ့ ကလေးငယ်ကို လူများတဲ့ နေရာတွေခေါ်သွားတာကို ရှောင်ကြဉ်သင့်ပါတယ်။

သွားမိရင်လည်း ကလေးရဲ့လက်ကို သေချာဆေးကြောပေးတာ၊ သန့်စင်ပေးတာကို လုပ်ပေးပါနော်။

(၄) ကိုယ်ခံအား ကောင်းမွန်နေစေဖို့ မှန်ကန်တဲ့အစားအသောက်တွေကို ကျွေးပါ။

လူကြီးတွေမှာ ကိုယ်ခံအားစနစ်က စနစ်တကျတည်ဆောက်ထားပြီ ဖြစ်ပေမဲ့ ကလေးငယ်တွေမှာတော့ ကိုယ်ခံအားစနစ်က နုနယ်ပါတယ်။ ဒါကြောင့် အစားအသောက်ကို သေချာ ဂရုစိုက်ပြီး ကျွေးရပါမယ်။ ရောဂါပိုးတွေ ကပ်နေတတ်တဲ့ လမ်းဘေးစာတွေကို မကျွေးသင့်သလို အိမ်မှာ ချက်စားသည့်တိုင် အသီးအရွက်တွေကို ဆားရည်မှာ သေချာစိမ်ဆေးပြီးမှ ချက်ပြုတ်ကျွေးသင့်ပါတယ်။

formula (နို့မှုန့်) ကျွေးတဲ့ ကလေးငယ်ဆိုရင်လည်း ကျိုချက်ထားတဲ့ရေနဲ့သာ formula ကို ဖျော်သင့်ပြီး ဇွန်း၊ခက်ရင်းတွေကို စားပြီးတိုင်းရေနွေးဆူဆူမှာ ပိုးသတ်တာကိုလည်း လုပ်ပေးသင့်ပါတယ်။တချို့ရောဂါပိုးတွေဟာ ရေကနေ ပါလာတတ်တာမို့ပါ။

ဒါ့အပြင် မိုးတွင်းမှာ ဖြစ်တတ်တဲ့ နှာစေး၊ချောင်းဆိုးတာကို သက်သာစေဖို့ ကြက်သားကို ငရုတ်ကောင်း၊ ဆား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မုန်လာဥ စတာတွေ စုံလင်အောင်ထည့်ပြီး စွပ်ပြုတ်လုပ်တိုက်ပေးပါ။ နေ့တိုင်း တိုက်ပေးနိုင်ရင် ကောင်းပါတယ်။ ကြက်စွပ်ပြုတ်က ကိုယ်ခံအားကောင်းဖို့ ကူညီပေးပါတယ်။

Related Article >>> လေကြေဆေးရည်ဟာ ကလေးတွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်သလား?

(၅) အမေကိုယ်တိုင်က သန့်ရှင်းကျန်းမာအောင်နေပါ။

ကလေးနဲ့ အနီးကပ်ဆုံး ထိတွေ့ရတာ အမေတွေပါ။ အမေတွေ မကျန်းမာရင်၊ ရောဂါပိုး ပါလာခဲ့ရင် အမေက လူကြီးမို့ ဘာမှမဖြစ်ရင်တောင် ကလေးကို ကူးစက်ဖျားနာစေနိုင်ပါတယ်။ အထူးသဖြင့် ကလေးကို နို့တိုက်နေတဲ့ မိခင်ဆို ပိုလို့တောင် သတိထားသင့်ပါတယ်။

ဒါကြောင့် အပြင်က ပြန်လာတိုင်း လက်ကိုသေချာဆေးတာ၊ ရေသေချာချိုးတာ၊ကိုယ့်ကိုယ်ကို အားရှိ ကျန်းမာအောင် နေတာလည်း ကလေးကို ကျန်းမာပျော်ရွှင်အောင် ထားနိုင်မယ့် နည်းတစ်မျိုးပါပဲ ယောင်းတို့ရေ….

ကိုယ်ခံအားကောင်းတဲ့ လူကြီးတွေတောင် တုပ်ကွေးကူးစက်မှု နဲ့ သွေးလွန်တုပ်ကွေးတွေ ဖြစ်ကြသေးတာမို့ ကလေးငယ်တွေကို မိုးတွင်းမှာ သေသေချာချာ ဂရုစိုက်ဖို့လိုလာပါပြီ။ ကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေးတွေနဲ့ စိတ်ချမ်းမြေ့စရာ မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပေါစ ယောင်းတို့ရေ…

Mia (For Her Myanmar)

References : ParentsMy Little Moppet

Aye Mon Kyaw
Aye Mon Kyaw
ကၽြန္မကေတာ့ Miaပါ။ အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ရုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္ေရး စာေတြ၊ က်န္းမာေရးေတြ ေရးေပးမယ့္သူပါ။ foodieျဖစ္တာမို႔ ဟင္းခ်က္နည္းေတြလည္း ေရးေပးမွာေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *