အလုပ္ခြင္မွာ အထုိင္မ်ားလုိ႔ ျဖစ္တဲ့ က်န္းမာေရး ျပႆနာေတြကို ကာကြယ္ႏုိင္မယ့္ အခ်က္ (၁၀) ခ်က္

သူေျပာထားတဲ့ ျပႆနာေတြအကုန္ ကိုယ္ျဖစ္ေနေသာအခါ.. -_-

ရံုးထိုင္ အလုပ္ေတြ လုပ္ရသူေတြအေနနဲ႔ ျဖစ္လာတတ္တဲ့ က်န္းမာေရး ျပႆနာေတြနဲ႔ သူတို႔ကို ဘယ္လုိ ကာကြယ္မလဲဆိုတာ တစ္ခ်က္ ၾကည့္ၾကည့္လိုက္ၾကရေအာင္ပါ။

၁။ အဆာေျပ သြားရည္စာေတြ ေဘးဖယ္ထားလိုက္ပါ။

တခ်ဳိ႕ရံုးေတြမွာ ဝန္ထမ္းေတြ အဆာေျပစားဖို႔ဆိုၿပီး ထားေပးထားတဲ့ မုန္႔ေတြက က်န္းမာေရးနဲ႔ ညီညြတ္မႈ မရွိပါဘူး။ ဥပမာ- အခ်ဳိမုန္႔ေတြ၊ ေခါက္ဆဲြေျခာက္ထုပ္ စတာေတြ ျဖစ္ပါတယ္။ ဒီလုိ အစားအစာေတြက တစ္ခါတေလမွ စားျဖစ္ရင္ေတာင္ ခႏၶာကိုယ္က ကယ္လိုရီ ပမာဏကို အေတာ္ေလး ျမင့္တက္ေစႏိုင္ပါတယ္။

ေျဖရွင္းနည္းက လြယ္လြယ္ေလးပါ။

လူဆိုတာ ျမင္တဲ့အရာကိုပဲ စားေသာက္ခ်င္စိတ္ ျဖစ္တတ္တာမို႔လုိ႔ အဓိကလုပ္ရမွာကေတာ့ ဒီလို အစားအစာေတြကို ကိုယ့္မ်က္စိေရွ႕က ဖယ္ထားလိုက္ပါ။ အစားထုိးအေနနဲ႔ အဆာေျပစားဖို႔ ပန္းသီး၊ ငွက္ေပ်ာသီး စတဲ့ အသီးအႏွံ တစ္ခုခု ယူသြားၿပီး စားေပးပါ..

၂။ ေရေသာက္ပါ။

ေရလံုလံုေလာက္ေလာက္ ေသာက္ေပးဖို႔လုိပါတယ္။ တစ္ေန႔ကို အနည္းဆံုး ၈ ခြက္ကေန ၁၀ ခြက္ေလာက္ေတာ့ ၀င္ေအာင္ေသာက္ေပးပါ။ ဒါမွမဟုတ္လည္း ေရဓာတ္ၾကြယ္ဝတဲ့ အသီးအႏွံေတြ ျဖစ္တဲ့ စပ်စ္သီး၊ လိေမၼာ္သီး၊ ဖရဲသီး၊ ပန္းသီး စတာေတြ စားသံုးေပးပါ။

ရံုးထိုင္လုပ္တဲ့သူ အေတာ္မ်ားမ်ားက ညေန ၃ နာရီေလာက္ဆို ပင္ပန္းႏြမ္းႏြယ္ကုန္ၾကပါတယ္။ ဒါဟာ ေရဓာတ္ လံုလံုေလာက္ေလာက္ေသာက္သံုးမႈ မရွိလို႔ပါေနာ္… ဒီလုိမျဖစ္ေအာင္ အိမ္က ေရဘူးတစ္ခါတည္း ယူသြားၿပီး ကိုယ္ေသာက္ရမယ့္ ပမာဏထဲဝင္ေအာင္ သတိတရနဲ႔ ေသာက္သံုးေပးပါ။ ေမ့တတ္ရင္ ႏိႈးစက္ေပးၿပီး ထေသာက္ပါ။

Related Article >>> အခ်စ္က က်န္းမာေရး ေကာင္းေစလား?

၃။ လႈပ္လႈပ္ရွားရွားေနပါ။

ေန႔စဥ္ အလုပ္တက္ရသူေတြအတြက္ က်န္းမာေရးအတြက္ အေကာင္းဆံုးလုပ္ေဆာင္ႏိုင္တာ တစ္ခုက ေလ့က်င့္ခန္းလုပ္တာပဲ ျဖစ္ပါတယ္။ ေန႔လယ္စာစားခ်ိန္မွာ ျဖစ္ႏိုင္ရင္ ထိုင္မစားဘဲ လမ္းေလွ်ာက္စားပါ။ စားေသာက္ဆိုင္ သြားစားရမယ္ဆို ေနရာခပ္လွမ္းလွမ္းက ဆုိင္ကို ေရြးသြားပါ။

ဒီလို ေလ့က်င့္ခန္းလုပ္ေပးတာက ကယ္လိုရီကို ေလာင္ကၽြမ္းေစသလို စိတ္ဖိစီးမႈကိုလည္း ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ တကယ္လို႔ ရံုးမွာ စက္ေလွကားနဲ႔ တက္ေနက်ဆို ရိုးရိုးေလွကားနဲ႔ပဲ အဆင္းအတက္လုပ္တာကလည္း ေလ့က်င့္ခန္းတစ္မ်ဳိးပါပဲ။

၄။ စားေသာက္ပံု ေျပာင္းလဲပါ။

အလုပ္မွာ စားတဲ့ ေန႔လယ္စာက က်န္းမာေရးအတြက္ အေရးႀကီးသလို ဒီက်န္းမာေရးနဲ႔ ညီညြတ္တဲ့အစားအစာကို ကၽြန္ေတာ္တို႔ စားေသာက္ပံုကလည္း အေရးႀကီးပါတယ္။ ေကာင္းတဲ့ အစားအစာေတာ့ စားပါရဲ႕။ ဒါေပမဲ့ စားလိုက္တာက တနင့္တပိုးႀကီး စားတာဆိုရင္ေတာ့ ကိုယ္အေလးခ်ိန္ တက္လာမွာ က်ိန္းေသပါပဲ။

ရံုးဝန္ထမ္းေတြ ဝလာတတ္တဲ့အဓိက အေၾကာင္းအရင္းက မေကာင္းတဲ့ အစားအစာေတြ စားေသာက္မိလို႔ မဟုတ္ပါဘူး။ ေကာင္းတာေတြကို အမ်ားႀကီး စားမိေနလို႔ ျဖစ္ပါတယ္။ ဥပမာေျပာရရင္ ပီဇာဆိုတာ မေကာင္းတဲ့ အစားအစာထဲ မပါပါဘူး။ သို႔ေပမဲ့ တစ္ထိုင္တည္းနဲ႔ ၃ – ၄ စိတ္ေလာက္စားတာေၾကာင့္ ဝလာၾကတာပါ။ တစ္စိတ္ေလာက္စားလိုက္၊ ဆလပ္ စားလိုက္လုပ္မယ္ဆို က်န္းမာေရးနဲ႔ ပိုညီညြတ္တဲ့ စားေသာက္ပံုျဖစ္မွာပါ။

၅။ ေလ့က်င့္ခန္း လုပ္ပါ။

ႂကြက္သားေတြ ေတာင့္တင္းတဲ့ ျပႆနာကလည္း အထိုင္မ်ားတဲ့ အလုပ္လုပ္ရသူေတြမွာ ေတြ႔ရေလ့ရွိပါတယ္။ အထူးသျဖင့္ တစ္ေနကုန္ ဖုန္းေျဖေနရသူေတြ၊ ကြန္ပ်ဴတာေရွ႕ထိုင္ၿပီး ႏွိပ္ေနရသူေတြ ျဖစ္ေလ့ရွိပါတယ္။ ဒါဟာ လည္ပင္းနဲ႔ ပုခံုးႂကြက္သားေတြက အေနအထား တစ္ခုတည္းမွာ အၾကာႀကီးၿငိမ္ေနရင္ ခံစားရေလ့ရွိပါတယ္။

ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ အလုပ္မွာ တစ္နာရီကို တစ္ေခါက္ေလာက္ေတာ့ မတ္တတ္ရပ္ၿပီး ေလ့က်င့္ခန္းေလး ခဏျဖစ္ျဖစ္ လုပ္ေပးပါ။ ေနာက္ၿပီးျဖစ္ႏိုင္ရင္ ႀကိဳးမဲ့လွမ္းေျပာလုိ႔ရတဲ့ ကိရိယာ၊ စပီကာနဲ႔ေျပာတာ၊ လည္ပင္းမွီလုိ႔ရတဲ့ ေခါင္းအံုးသံုးတာေတြ လုပ္ပါ။

၆။ မ်က္လံုးကို ဂရုစိုက္ပါ။

မ်က္လံုးကိုက္တာကလည္း ကြန္ပ်ဴတာ အသံုးမ်ားတဲ့ ဝန္ထမ္းေတြ ၾကံဳရတတ္ပါတယ္။ မ်က္လံုးနဲ႔ တစ္ဆက္တည္းပဲ ေခါင္းကိုက္မယ္၊ အာရံုမစူးစိုက္ႏိုင္ျဖစ္မယ္၊ အလင္းေရာင္ မၾကည့္ႏိုင္ျဖစ္မယ္ စတဲ့ ျပႆနာေတြ ဝင္လာႏိုင္ပါတယ္။

ဒီလုိ မျဖစ္ေအာင္ ကြန္ပ်ဴတာနဲ႔ မ်က္လံုးနဲ႔ အနည္းဆံုး လက္ေမာင္းတစ္ေျဖာင့္စာ ကြာေဝးသင့္ပါတယ္။ ဒါမွမျမင္ရေသးဘူးဆို ကြန္ပ်ဴတာက စာလံုး အရြယ္အစားကို ႀကီးလုိက္ပါ။

Related Article >>> ေယာင္းအေမရဲ႕ က်န္းမာေရးက ေယာင္းရဲ႕ က်န္းမာေရးနဲ႔ ဆက္စပ္မႈရွိတယ္ဆိုတာ တကယ္လား?

၇။ ခရီးထြက္ပါ။

အလုပ္ေတြ အရမ္းပင္ပန္းၿပီး ရႈပ္လာရင္ ခရီးထြက္လိုက္တာကလည္း ထိေရာက္တဲ့ ကုသနည္း တစ္ခုပါပဲ။ ကိုုယ္ေရာစိတ္ပါ ျပန္လည္လန္းဆန္းေစႏိုင္ပါတယ္။ ခရီးထြက္တယ္ဆိုတာ ခႏၶာကိုယ္ကို အားျပန္ျဖည့္ေပးလိုက္သလိုပါပဲ။ အလုပ္က စိတ္ဖိစိးမႈေတြ၊ အဆင္မေျပမႈေတြနဲ႔ ေတြ႔ၾကံဳလာရတိုင္းမွာ ခရီးတစ္ေခါက္ေလာက္ေတာ့ ထြက္ေပးသင့္ပါတယ္။

ကိစၥတစ္ခုနဲ႔ ပတ္သက္ၿပီး အျငင္းအခံု ျဖစ္စရာေလးေတြ ရွိေနရင္ ဝန္ထမ္းေတြစုၿပီး ခရီးတစ္ခုေလာက္ထြက္လိုက္တာက ျဖစ္ေနတဲ့ အစိုင္အခဲေတြကို ေျပလည္ေစသလို အလုပ္က ဖိအားေတြကိုလည္း ေလွ်ာ့ခ်ေပးႏိုင္မွာပါ။

၈။ အလုပ္ထဲမွာ အလံုးစံု ႏွစ္ျမွဳပ္မထားပါနဲ႔။

အလုပ္ကေတာ့ လူတိုင္းလုိလို လုပ္ၾကရတာပါပဲ။ ဒါေပမဲ့ ဒီအလုပ္ထဲမွာပဲ စိတ္ေရာကိုယ္ပါ အရမ္းႏွစ္ျမွဳပ္လိုက္တဲ့အခါ က်န္းမာေရးအရ ထိခိုက္မႈေတြ ျဖစ္လာပါတယ္။ တခ်ဳိ႕ အလုပ္စဲြေနသူေတြက ဒီအလုပ္ မၿပီးမခ်င္း ထိုင္ရာကမထ လုပ္ေဆာင္ေလ့ရွိတယ္။ စိတ္ဓာတ္ျပင္းထန္လြန္းတာေၾကာင့္ ကိုယ့္ခႏၶာကိုယ္က စြမ္းအင္ေတြ အကုန္နီးပါး ထုတ္သံုးၿပီး လုပ္လိုက္ရပါတယ္။

ဒီအခါမွာ ေနာက္ဆက္တဲြအေနနဲ႔ မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ ဆက္ဆံေရးႀကဲလာတာ၊ စိတ္ဓာတ္က်တာေတြပါ ျဖစ္လာႏိုင္ပါတယ္။ ေရရွည္မွာဆို ခုခံအား က်ဆင္းလာႏိုင္သလို အအိပ္ပ်က္၊ အစားပ်က္တာေတြအထိပါ ျဖစ္ႏိုင္ပါတယ္။

၉။ ပိုးမႊားသန္႔စင္ေဆးရည္ သံုးပါ။

ရံုးမွာ ကိုယ္ေန႔စဥ္သံုးေနတဲ့ ကြန္ပ်ဴတာေတြ၊ တယ္လီဖုန္းေတြက ပိုးမႊားေပါင္း ေျမာက္ျမားစြာရဲ႕ ေနအိမ္ျဖစ္ေနႏိုင္ပါတယ္။ ဒီ ပိုးမႊားေတြက ကိုယ့္ကိုအခ်ိန္မေရြး ေနထိုင္မေကာင္း ျဖစ္ေအာင္ လုပ္ႏိုင္ပါတယ္။ တခ်ဳိ႕ဗိုင္းရပ္စ္ေတြက တယ္လီဖုန္း စကားေျပာခြက္ေပၚမွာ ရက္ေပါင္းမ်ားစြာ တိုင္ေအာင္ အသက္ရွင္ေနႏိုင္ပါတယ္။

Rotavirus လို႔ ဝမ္းပ်က္ဝမ္းေလွ်ာ ျဖစ္ေစမယ့္ ဗိုင္းရပ္စ္သာ တယ္လီဖုန္းေပၚမွာ ရွိေနခဲ့မယ္ဆို အသံုးျပဳသူကို အလြယ္တကူ ကူးစက္ေစႏိုင္ပါတယ္။ ဒီလုိ ပိုးမႊားေတြကို ပိုးမႊားသန္႔စင္ေဆးရည္ေတြ သံုးၿပီး မိမိကိုယ္ကို ကာကြယ္ပါ။

၁၀။ ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ပါ။

အလုပ္မွာ က်န္းမာေအာင္ ေနထိုင္တတ္ဖို႔က အေရးအႀကီးဆံုးပါပဲ။ အားလံုးခ်ဳံ႕ၿပီး ျပန္ေျပာရရင္ အဓိကကေတာ့ ကိုယ့္ကုိယ္ကိုယ္ ဂရုစိုက္ေနထိုင္မႈပါပဲ။ ကိုယ္လုပ္ႏိုင္တဲ့ ပမာဏကို သိပါ။ နားသင့္တဲ့ အခ်ိန္နားပါ။ လုပ္ရမယ့္ အခ်ိန္လုပ္ပါ။ ခရီးေတြ ဘာေတြထြက္ၿပီး နားခ်င္ရင္ ထြက္ပစ္လိုက္ပါ။

က်န္းမာေရးနဲ႔ စားေသာက္ေနထိုင္ အလုပ္လုပ္ရင္း ေပ်ာ္ရႊင္တဲ့ ဘဝေလးေတြ ပိုင္ဆိုင္ႏိုင္ၾကပါေစ ေယာင္းတို႔ေရ…

Dr. Barry (က်န္းက်န္းမာမာ by Alinker)

Reference: www.webmd.com

ဤေဆာင္းပါးအတြက္ ပံ့ပိုးကူညီေပးပါေသာ က်န္းက်န္းမာမာ by Alinker အား အထူးပင္ ေက်းဇူးတင္ရွိပါသည္။

<<< Unicode >>>

သူပြောထားတဲ့ ပြဿနာတွေအကုန် ကိုယ်ဖြစ်နေသောအခါ.. -_-

ရုံးထိုင် အလုပ်တွေ လုပ်ရသူတွေအနေနဲ့ ဖြစ်လာတတ်တဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ သူတို့ကို ဘယ်လို ကာကွယ်မလဲဆိုတာ တစ်ချက် ကြည့်ကြည့်လိုက်ကြရအောင်ပါ။

၁။ အဆာပြေ သွားရည်စာတွေ ဘေးဖယ်ထားလိုက်ပါ။

တချို့ရုံးတွေမှာ ဝန်ထမ်းတွေ အဆာပြေစားဖို့ဆိုပြီး ထားပေးထားတဲ့ မုန့်တွေက ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိပါဘူး။ ဥပမာ- အချိုမုန့်တွေ၊ ခေါက်ဆွဲခြောက်ထုပ် စတာတွေ ဖြစ်ပါတယ်။ ဒီလို အစားအစာတွေက တစ်ခါတလေမှ စားဖြစ်ရင်တောင် ခန္ဓာကိုယ်က ကယ်လိုရီ ပမာဏကို အတော်လေး မြင့်တက်စေနိုင်ပါတယ်။

ဖြေရှင်းနည်းက လွယ်လွယ်လေးပါ။

လူဆိုတာ မြင်တဲ့အရာကိုပဲ စားသောက်ချင်စိတ် ဖြစ်တတ်တာမို့လို့ အဓိကလုပ်ရမှာကတော့ ဒီလို အစားအစာတွေကို ကိုယ့်မျက်စိရှေ့က ဖယ်ထားလိုက်ပါ။ အစားထိုးအနေနဲ့ အဆာပြေစားဖို့ ပန်းသီး၊ ငှက်ပျောသီး စတဲ့ အသီးအနှံ တစ်ခုခု ယူသွားပြီး စားပေးပါ..

၂။ ရေသောက်ပါ။ 

ရေလုံလုံလောက်လောက် သောက်ပေးဖို့လိုပါတယ်။ တစ်နေ့ကို အနည်းဆုံး ၈ ခွက်ကနေ ၁၀ ခွက်လောက်တော့ ဝင်အောင်သောက်ပေးပါ။ ဒါမှမဟုတ်လည်း ရေဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေ ဖြစ်တဲ့ စပျစ်သီး၊ လိမ္မော်သီး၊ ဖရဲသီး၊ ပန်းသီး စတာတွေ စားသုံးပေးပါ။

ရုံးထိုင်လုပ်တဲ့သူ အတော်များများက ညနေ ၃ နာရီလောက်ဆို ပင်ပန်းနွမ်းနွယ်ကုန်ကြပါတယ်။ ဒါဟာ ရေဓာတ် လုံလုံလောက်လောက်သောက်သုံးမှု မရှိလို့ပါနော်… ဒီလိုမဖြစ်အောင် အိမ်က ရေဘူးတစ်ခါတည်း ယူသွားပြီး ကိုယ်သောက်ရမယ့် ပမာဏထဲဝင်အောင် သတိတရနဲ့ သောက်သုံးပေးပါ။ မေ့တတ်ရင် နှိုးစက်ပေးပြီး ထသောက်ပါ။

Related Article >>> အချစ်က ကျန်းမာရေး ကောင်းစေလား?

၃။ လှုပ်လှုပ်ရှားရှားနေပါ။

နေ့စဉ် အလုပ်တက်ရသူတွေအတွက် ကျန်းမာရေးအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်တာ တစ်ခုက လေ့ကျင့်ခန်းလုပ်တာပဲ ဖြစ်ပါတယ်။ နေ့လယ်စာစားချိန်မှာ ဖြစ်နိုင်ရင် ထိုင်မစားဘဲ လမ်းလျှောက်စားပါ။ စားသောက်ဆိုင် သွားစားရမယ်ဆို နေရာခပ်လှမ်းလှမ်းက ဆိုင်ကို ရွေးသွားပါ။

ဒီလို လေ့ကျင့်ခန်းလုပ်ပေးတာက ကယ်လိုရီကို လောင်ကျွမ်းစေသလို စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ တကယ်လို့ ရုံးမှာ စက်လှေကားနဲ့ တက်နေကျဆို ရိုးရိုးလှေကားနဲ့ပဲ အဆင်းအတက်လုပ်တာကလည်း လေ့ကျင့်ခန်းတစ်မျိုးပါပဲ။

၄။ စားသောက်ပုံ ပြောင်းလဲပါ။

အလုပ်မှာ စားတဲ့ နေ့လယ်စာက ကျန်းမာရေးအတွက် အရေးကြီးသလို ဒီကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာကို ကျွန်တော်တို့ စားသောက်ပုံကလည်း အရေးကြီးပါတယ်။ ကောင်းတဲ့ အစားအစာတော့ စားပါရဲ့။ ဒါပေမဲ့ စားလိုက်တာက တနင့်တပိုးကြီး စားတာဆိုရင်တော့ ကိုယ်အလေးချိန် တက်လာမှာ ကျိန်းသေပါပဲ။

ရုံးဝန်ထမ်းတွေ ဝလာတတ်တဲ့အဓိက အကြောင်းအရင်းက မကောင်းတဲ့ အစားအစာတွေ စားသောက်မိလို့ မဟုတ်ပါဘူး။ ကောင်းတာတွေကို အများကြီး စားမိနေလို့ ဖြစ်ပါတယ်။ ဥပမာပြောရရင် ပီဇာဆိုတာ မကောင်းတဲ့ အစားအစာထဲ မပါပါဘူး။ သို့ပေမဲ့ တစ်ထိုင်တည်းနဲ့ ၃ – ၄ စိတ်လောက်စားတာကြောင့် ဝလာကြတာပါ။ တစ်စိတ်လောက်စားလိုက်၊ ဆလပ် စားလိုက်လုပ်မယ်ဆို ကျန်းမာရေးနဲ့ ပိုညီညွတ်တဲ့ စားသောက်ပုံဖြစ်မှာပါ။

၅။ လေ့ကျင့်ခန်း လုပ်ပါ။

ကြွက်သားတွေ တောင့်တင်းတဲ့ ပြဿနာကလည်း အထိုင်များတဲ့ အလုပ်လုပ်ရသူတွေမှာ တွေ့ရလေ့ရှိပါတယ်။ အထူးသဖြင့် တစ်နေကုန် ဖုန်းဖြေနေရသူတွေ၊ ကွန်ပျူတာရှေ့ထိုင်ပြီး နှိပ်နေရသူတွေ ဖြစ်လေ့ရှိပါတယ်။ ဒါဟာ လည်ပင်းနဲ့ ပုခုံးကြွက်သားတွေက အနေအထား တစ်ခုတည်းမှာ အကြာကြီးငြိမ်နေရင် ခံစားရလေ့ရှိပါတယ်။

ဒါကြောင့် ဖြစ်နိုင်ရင် အလုပ်မှာ တစ်နာရီကို တစ်ခေါက်လောက်တော့ မတ်တတ်ရပ်ပြီး လေ့ကျင့်ခန်းလေး ခဏဖြစ်ဖြစ် လုပ်ပေးပါ။ နောက်ပြီးဖြစ်နိုင်ရင် ကြိုးမဲ့လှမ်းပြောလို့ရတဲ့ ကိရိယာ၊ စပီကာနဲ့ပြောတာ၊ လည်ပင်းမှီလို့ရတဲ့ ခေါင်းအုံးသုံးတာတွေ လုပ်ပါ။

၆။ မျက်လုံးကို ဂရုစိုက်ပါ။

မျက်လုံးကိုက်တာကလည်း ကွန်ပျူတာ အသုံးများတဲ့ ဝန်ထမ်းတွေ ကြုံရတတ်ပါတယ်။ မျက်လုံးနဲ့ တစ်ဆက်တည်းပဲ ခေါင်းကိုက်မယ်၊ အာရုံမစူးစိုက်နိုင်ဖြစ်မယ်၊ အလင်းရောင် မကြည့်နိုင်ဖြစ်မယ် စတဲ့ ပြဿနာတွေ ဝင်လာနိုင်ပါတယ်။

ဒီလို မဖြစ်အောင် ကွန်ပျူတာနဲ့ မျက်လုံးနဲ့ အနည်းဆုံး လက်မောင်းတစ်ဖြောင့်စာ ကွာဝေးသင့်ပါတယ်။ ဒါမှမမြင်ရသေးဘူးဆို ကွန်ပျူတာက စာလုံး အရွယ်အစားကို ကြီးလိုက်ပါ။

Related Article >>> ယောင်းအမေရဲ့ ကျန်းမာရေးက ယောင်းရဲ့ ကျန်းမာရေးနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ တကယ်လား?

၇။ ခရီးထွက်ပါ။

အလုပ်တွေ အရမ်းပင်ပန်းပြီး ရှုပ်လာရင် ခရီးထွက်လိုက်တာကလည်း ထိရောက်တဲ့ ကုသနည်း တစ်ခုပါပဲ။ ကိုယ်ရောစိတ်ပါ ပြန်လည်လန်းဆန်းစေနိုင်ပါတယ်။ ခရီးထွက်တယ်ဆိုတာ ခန္ဓာကိုယ်ကို အားပြန်ဖြည့်ပေးလိုက်သလိုပါပဲ။ အလုပ်က စိတ်ဖိစိးမှုတွေ၊ အဆင်မပြေမှုတွေနဲ့ တွေ့ကြုံလာရတိုင်းမှာ ခရီးတစ်ခေါက်လောက်တော့ ထွက်ပေးသင့်ပါတယ်။

ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး အငြင်းအခုံ ဖြစ်စရာလေးတွေ ရှိနေရင် ဝန်ထမ်းတွေစုပြီး ခရီးတစ်ခုလောက်ထွက်လိုက်တာက ဖြစ်နေတဲ့ အစိုင်အခဲတွေကို ပြေလည်စေသလို အလုပ်က ဖိအားတွေကိုလည်း လျှော့ချပေးနိုင်မှာပါ။

၈။ အလုပ်ထဲမှာ အလုံးစုံ နှစ်မြှုပ်မထားပါနဲ့။

အလုပ်ကတော့ လူတိုင်းလိုလို လုပ်ကြရတာပါပဲ။ ဒါပေမဲ့ ဒီအလုပ်ထဲမှာပဲ စိတ်ရောကိုယ်ပါ အရမ်းနှစ်မြှုပ်လိုက်တဲ့အခါ ကျန်းမာရေးအရ ထိခိုက်မှုတွေ ဖြစ်လာပါတယ်။ တချို့ အလုပ်စွဲနေသူတွေက ဒီအလုပ် မပြီးမချင်း ထိုင်ရာကမထ လုပ်ဆောင်လေ့ရှိတယ်။ စိတ်ဓာတ်ပြင်းထန်လွန်းတာကြောင့် ကိုယ့်ခန္ဓာကိုယ်က စွမ်းအင်တွေ အကုန်နီးပါး ထုတ်သုံးပြီး လုပ်လိုက်ရပါတယ်။

ဒီအခါမှာ နောက်ဆက်တွဲအနေနဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးကြဲလာတာ၊ စိတ်ဓာတ်ကျတာတွေပါ ဖြစ်လာနိုင်ပါတယ်။ ရေရှည်မှာဆို ခုခံအား ကျဆင်းလာနိုင်သလို အအိပ်ပျက်၊ အစားပျက်တာတွေအထိပါ ဖြစ်နိုင်ပါတယ်။

၉။ ပိုးမွှားသန့်စင်ဆေးရည် သုံးပါ။

ရုံးမှာ ကိုယ်နေ့စဉ်သုံးနေတဲ့ ကွန်ပျူတာတွေ၊ တယ်လီဖုန်းတွေက ပိုးမွှားပေါင်း မြောက်မြားစွာရဲ့ နေအိမ်ဖြစ်နေနိုင်ပါတယ်။ ဒီ ပိုးမွှားတွေက ကိုယ့်ကိုအချိန်မရွေး နေထိုင်မကောင်း ဖြစ်အောင် လုပ်နိုင်ပါတယ်။ တချို့ဗိုင်းရပ်စ်တွေက တယ်လီဖုန်း စကားပြောခွက်ပေါ်မှာ ရက်ပေါင်းများစွာ တိုင်အောင် အသက်ရှင်နေနိုင်ပါတယ်။

Rotavirus လို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေမယ့် ဗိုင်းရပ်စ်သာ တယ်လီဖုန်းပေါ်မှာ ရှိနေခဲ့မယ်ဆို အသုံးပြုသူကို အလွယ်တကူ ကူးစက်စေနိုင်ပါတယ်။ ဒီလို ပိုးမွှားတွေကို ပိုးမွှားသန့်စင်ဆေးရည်တွေ သုံးပြီး မိမိကိုယ်ကို ကာကွယ်ပါ။

၁၀။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။

အလုပ်မှာ ကျန်းမာအောင် နေထိုင်တတ်ဖို့က အရေးအကြီးဆုံးပါပဲ။ အားလုံးချုံ့ပြီး ပြန်ပြောရရင် အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နေထိုင်မှုပါပဲ။ ကိုယ်လုပ်နိုင်တဲ့ ပမာဏကို သိပါ။ နားသင့်တဲ့ အချိန်နားပါ။ လုပ်ရမယ့် အချိန်လုပ်ပါ။ ခရီးတွေ ဘာတွေထွက်ပြီး နားချင်ရင် ထွက်ပစ်လိုက်ပါ။

ကျန်းမာရေးနဲ့ စားသောက်နေထိုင် အလုပ်လုပ်ရင်း ပျော်ရွှင်တဲ့ ဘဝလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ ယောင်းတို့ရေ…

Dr. Barry (ကျန်းကျန်းမာမာ by Alinker)

Reference: www.webmd.com

ဤဆောင်းပါးအတွက် ပံ့ပိုးကူညီပေးပါသော ကျန်းကျန်းမာမာ by Alinker အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

No Comments Yet

Comments are closed