Gym သွားတဲ့အခါ ဘယ်လို ဝတ်စားပြင်ဆင်သွားမလဲ?

ဒီနည်းလမ်းလေးတွေနဲ့ဆို Gymသွားကစားလို့ ချွေးတွေထွက်လည်း အလှမပျက်တော့ဘူးပေါ့… 

ယောင်းတို့ရေ For Her Myanmar ကနေ Gym ဆော့တာနဲ့ပက်သက်ပြီး လေ့ကျင့်ခန်းလေးတွေ၊ နည်းလမ်းလေးတွေ မျှဝေပေးနေတာ ကြာနေပါပြီနော်။ ဒါပေမဲ့ အခု ဒီတစ်ခေါက်မှာတော့ အခုမှ Gym စဆော့မယ့် ယောင်းလေးတို့တွက် Gym သွားတဲ့အခါ သိထားသင့်တဲ့ အဝတ်အစား၊ ဖိနပ်ရွေးချယ်ပုံနဲ့ မိတ်ကပ်လိမ်းခြယ်ပုံတွေကို အက်မင်ရှာလို့ရသမျှလေး မျှဝေပေးချင်ပါတယ်နော်။ ဘာလို့ဆို Gym ကိုဝတ်သွားသင့်တဲ့အဝတ်အစားက ပုံမှန်ဝတ်စားနေကျနဲ့ မတူဘူးလေ..

(၁) အားကစားဝတ်အတွင်းခံ
ဒီမှာ ယောက်ျားလေးတွေနဲ့မတူတဲ့ စိတ်ရှုပ်စရာအရာတစ်ခုက Gym ဆော့တော့မယ်ဆိုရင် ပုံမှန်ဝတ်နေကျ အတွင်းခံမျိုးဝတ်တာထက် အားကစားလုပ်ဖို့အတွက် သီးသန့်ထုတ်ထားတဲ့ အတွင်းခံကောင်းကောင်းကို ရွေးဝတ်ရတာပါ။ ကောင်းကောင်းဆိုတာက ကိုယ်နဲ့ အံကိုက်ဖြစ်တာမျိုးကို ပြောတာပါ။ ဘရာဝယ်ဖို့ စမ်းဝတ်ကြည့်တဲ့အခါမှာ လှည့်ကြည့်ပါ၊ ခါးကိုင်းကြည့်ပါ၊ ခုန်ကြည့်ပါ၊ ထိုင်ကြည့်ကြည့်ပါ။ ဘက်ပေါင်းစုံက စမ်းပြီးမှ အဆင်ပြေတဲ့ အတွင်းခံမျိုးကို ရွေးချယ်ပါ။

Related article >>> နွေရာသီမှာ ကျန်းမာရွှင်လန်းတက်ကြွဖို့ စားသုံးသင့်တဲ့ အစားအစာ ၅မျိုး

(၂) ခပ်ကြပ်ကြပ် အပေါ်ဝတ်အင်္ကျီရွေးပါ။ 
ခပ်ပွပွ အင်္ကျီမျိုးတွေဝတ်လို့လည်းရပါတယ်။ ဒါပေမယ့် ခပ်ကြပ်ကြပ်အင်္ကျီရဲ့ အားသာချက်က ကိုယ့်ခန္ဓာကိုယ် အချိုးအစားကို လေ့ကျင့်ဆရာက သေချာမြင်ရတာမို့ အကောင်းဆုံး အကြံဥာဏ်တွေပေးဖို့ အထောက်အကူဖြစ်စေပါတယ်။ အင်္ကျီအသားကိုလည်း ချွေးခြောက်လွယ်တဲ့ အသားမျိုးသာ ရွေးချယ်ပါ။

(၃) ဘောင်းဘီ
ဘောင်းဘီရွေးတဲ့အခါမှာ အပွ၊ အတို၊ အရှည် စသဖြင့် ဒီဇိုင်းမျိုးစုံ ရွေးချယ်လို့ရနိုင်ပါတယ်။ ဒါပေမဲ့ ရေရှည်ဝတ်လို့ရနိုင်မယ့်၊ အလွယ်တကူ ကျဉ်းနိုင် လျော့နိုင်မယ့် ဘောင်းဘီမျိုး ရွေးချယ်ပါ။

(၄) အားကစားဖိနပ်
ဈေးနှုန်းထက် ကိုယ်နဲ့ကွက်တိကျတော်မယ့် ဖိနပ်ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် ဖိနပ်ကြပ်နေတာမျိုးဆိုရင် ခြေထောက်ပေါက်တာမျိုး၊ ခြေထောက်နာတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဖိနပ်ဝယ်ဖို့ စမ်းဝတ်ကြည့်တဲ့အခါ ခြေအိတ်ပါစွပ်ပြီးတော့မှ နှစ်ဖက်စလုံး စမ်းဝတ်ကြည့်ပါ။ ခြေမ အလွယ်တကူလှုပ်ရှားနိုင်ပြီး စီးရတာ ပေါ့ပေါ့ပါးပါးရှိမှသာ ဝယ်ပါ။

Related article >>> အရပ်ရှည်တဲ့ယောင်းတွေအတွက် ဖက်ရှင်နည်းလမ်း (၆) ခု

(၅) ဆံပင်နဲ့ မိတ်ကပ်
အားကစားလုပ်တော့မယ်ဆိုရင် မိတ်ကပ်မလိမ်းတာက အကောင်းဆုံးပါ။ သို့သော် မိန်းကလေးပဲလေ။ Gym ကို မျက်နှာပြောင်နဲ့ ဘယ်သွားချင်ပါ့မတုန်း။ အလှလေးတော့ နည်းနည်းပြင်သွားချင်တာပေါ့လို့ ဆိုလာမယ့် ယောင်းတို့က ဒီလိုလုပ်ပါ။ မျက်နှာတစ်ခုလုံးအပြည့် မိတ်ကပ်လိမ်းမယ့်အစား ဝက်ခြံနဲ့ ဖုထွက်နေတဲ့နေရာတွေကို ကွန်စီလာ (Concealer) လေးနဲ့ ဖုံးပေးပါ။ အိုင်းရှဲဒိုးတွေ ဆိုးတာထက် ချွေးစိုခံစေမယ့် မျက်တောင်ကော့ဆေးလေး သုံးပေးပါ။ နှုတ်ခမ်းနီကိုလည်း Tinted နှုတ်ခမ်းနီဖျော့ဖျော့လေးဆိုးပါ။ ပြီးရင် ဆံပင်တွေကို နောက်မှာ စုစည်းပြီး ချည်ထားပါ သို့ ထုံးထားပါ။ ဒါဆို အလှလည်းမပျက် ချွေးထွက်လွန်းလို့ စိတ်ပျက်ရတာမျိုးလည်း မရှိတော့ဘူးပေါ့။

ကဲ ဒီအချက်လေးတွေသိပြီးပြီဆိုရင်တော့ Gym သွားဆော့တဲ့အခါမှာလည်း ဖက်ရှင်ဂွမ်းမှာ၊ ဘာဝတ်ရမှန်းမသိဖြစ်မှာတွေ မစိုးရိမ်ရတော့ဘူးပေါ့နော်။ ခန္ဓာကိုယ်အလှတိုးပြီး ဒီထက် ပိုချော ပိုတောင့်တဲ့ ယောင်းချောလေးတွေဖြစ်ကြပါစေလို့ ဆုမွန်တောင်းပေးပါတယ်ရှင့်။

Myat ( For Her Myanmar )

Reference : Live Strong , Style Caster

Myat Moe
Myat Moe

နာမည်က မြတ်မိုးဆင့်ပါ. အသက်က ၂၀ ပါ. အပျိုကြီးမမပေါ့. For Her Myanmar မှာ Full time writer အနေနဲ့ စလုပ်မှာပါ. အားမနာဘဲနဲ့ သင်စရာရှိရင် သင်ပြီး ပြောစရာရှိရင် ပြောလို့ရပါတယ်. Love me more! ❤

error: Content is protected !!