ရာသီဖြားေတြရဲ႕ အေကာင္းဆံုးကိုယ္ရည္ကိုယ္ေသြးေတြ

ေယာင္းရဲ႕ အေကာင္းဆံုးအရည္အေသြးကေကာ ဘာျဖစ္မယ္ထင္လဲ

မိႆရာသီဖြား (Aries)

မိႆရာသီဖြားေတြမွာ အျခားရာသီဖြားေတြထက္ ျပင္းျပတဲ့ စိတ္ဆႏၵေတြရွိတတ္ပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ လူအမ်ားရဲ႕ အထင္ႀကီးေလးစားျခင္းကို ခံရတတ္ၿပီး အလုပ္ကိစၥေတြကို ျမန္ျမန္ဆန္ဆန္ၿပီးေျမာက္ေစပါတယ္။

ၿပိႆရာသီဖြား (Taurus)

ၿပိႆရာသီဖြားေတြရဲ႕ အေကာင္းဆံုးအရည္အေသြးက မဆုတ္မနစ္ႀကိဳးစားတတ္တာဆိုတာ သံသယဝင္စရာမရွိပါဘူး။ ဘယ္အရာကိုမွ အရႈံးမေပးတတ္ဘဲ အဆံုးထိႀကိဳးစားတတ္သူေတြပါ ေယာင္းတို႔ေရ..

ေမထုန္ရာသီဖြား (Gemini)

ရြက္က်ပင္ေပါက္လို ဘယ္ေနရာမွာျဖစ္ျဖစ္ လူတိုင္းနဲ႔အဆင္ေျပေအာင္ ေနတတ္တာ ေမထုန္ရာသီဖြားေတြပါ။ သူငယ္ခ်င္းအေပါင္းအသင္းေတြမ်ားၿပီး ဘယ္အေျခအေနေရာက္ေရာက္ ေပ်ာ္ေအာင္ ေနတတ္သူေလးေတြပါ။

Related article >>> ျမင္လိုက္တာနဲ႔ ၾကည့္မရ၊ ရန္ျဖစ္ၾကတာ ဘယ္ရာသီခြင္ေတြ ျဖစ္မလဲ????

ကရကဋ္ရာသီဖြား (Cancer)

အၿမဲတမ္းလိုလို အရူးသြပ္ဆံုးအေတြးေတြရွိေနတတ္ၿပီး အျမင္သစ္ေတြျပည့္ႏွက္ေနတာ ကရကဋ္ရာသီဖြားေတြပါ။ ေယာင္းဘဝမွာ ကရကဋ္ရာသီဖြား သူငယ္ခ်င္းေလးတစ္ေယာက္ရွိရင္ျဖင့္ ပ်င္းဖို႔ေတာင္ အခ်ိန္ရလိုက္မွာ မဟုတ္ဘူးေနာ္..

သိဟ္ရာသီဖြား (Leo)

သိဟ္ရာသီဖြားေတြရဲ႕ ၾကင္နာတတ္တဲ့အက်င့္ေလးကေတာ့ ေျပာစမွတ္တြင္ေလာက္တဲ့ထိပါပဲ။ လူတိုင္းကို တတ္အားသမွ်ကူညီတတ္ၿပီး ရက္ေရာတာေၾကာင့္ သူတို႔ကို ခင္တဲ့သူေတြက အမ်ားအျပားပါပဲ။

ကန္ရာသီဖြား (Virgo)

လက္ေတြ႔က်တဲ့ေနရာမွာေတာ့ ကန္ရာသီဖြားေတြက ၿပိဳင္စံရွားပဲ။ လက္ေတြ႔က်က်ေတြးေခၚတတ္တဲ့အတြက္ ျပႆနာေတြကို ျမန္ျမန္ေျဖရွင္းႏိုင္ၿပီး သူမ်ားေတြကိုလည္း အၾကံဉာဏ္ေပးႏိုင္ပါေသးတယ္။

Related article >>> မိႆရာသီဖြားေတြကို ခ်စ္မိေနၿပီဆိုရင္ သိထားရမယ့္ အခ်က္ (၇) ခ်က္

တူရာသီဖြား (Libra)

တူရာသီဖြားေတြကေတာ့ ဘယ္အေျခအေနေရာက္ေရာက္ တည္ၿငိမ္ႏိုင္သူႀကီးေတြပါ။ အခက္အခဲေတြနဲ႔ ၾကံဳေတြ႔လာတဲ့အခ်ိန္တိုင္း စိတ္ေအးေအးထားၿပီး ရင္ဆိုင္ႏိုင္သူေတြအျဖစ္ နာမည္ေက်ာ္ပါတယ္။

ၿဗိစၧာရာသီဖြား (Scorpio)

တစ္ခုခုကို ရေအာင္လုပ္မယ္လို႔ စိတ္ဆံုးျဖတ္ထားၿပီးရင္ မျဖစ္ျဖစ္ေအာင္လုပ္တာ ၿဗိစၧာရာသီဖြားေတြပါ။ ေမွ်ာ္လင့္ခ်က္ေတြကို ဘယ္ေတာ့မွ လက္မလႊတ္ဘဲ ဇြဲေကာင္းတာေၾကာင့္ ၿပိဳင္ဖက္ေကာင္းေတြလို႔လည္း ေျပာလို႔ရပါတယ္။

ဓႏုရာသီဖြား (Sagittrarius)

အဆိုးထဲက အေကာင္းကို အျမင္တတ္ဆံုးလူေတြကို ျပပါဆိုရင္ ဓႏုရာသီဖြားေတြကို လက္ညွိဳးထိုးျပရမွာပဲ။ ဘဝရဲ႕အဆိုးဆံုးအေျခအေနေတြမွာေတာင္မွ ေကာင္းတဲ့အခ်က္ေလးေတြကို ျဖည့္ေတြးေပးတတ္တာ ဓႏုရာသီဖြားေတြရဲ႕ ခ်ီးက်ဴးထိုက္တဲ့ ကိုယ္ရည္ကိုယ္ေသြးပါပဲ။

Related article >>> ရာသီခြင္အလိုက္ ေယာင္းရဲ႕စိတ္ေနစိတ္ထားကို ကိုယ္စားျပဳတဲ့ Spirit Animal ေတြ

မကာရရာသီဖြား (Capricorn)

မကာရရာသီဖြားေတြရဲ႕ စိတ္ရွည္ခ်က္ႀကီးက ဩခ်ရေလာက္ပါတယ္။ ဘယ္ေလာက္စိတ္ရႈပ္စရာေကာင္းတဲ့အခ်ိန္ျဖစ္ျဖစ္ စိတ္ရွည္သည္းခံတတ္တာေၾကာင့္ ဘာလုပ္လုပ္ေအာင္ျမင္တတ္ၾကပါတယ္။

ကံုရာသီဖြား (Aquarius)

စိတ္ထားႏူးညံ့တဲ့ ကံုရာသီဖြားေတြကေတာ့ ေယာင္းအတြက္ မိတ္ေဆြေကာင္းေတြပါပဲ။ လိုအပ္ခ်ိန္တိုင္း ကူညီေပးဖို႔ အသင့္ရွိေနမွာမို႔ ယံုၾကည္ရတဲ့လူေတြပါ။

မိန္ရာသီဖြား (Pisces)

တီထြင္ဖန္တီးမႈအေကာင္းဆံုးက မိန္ရာသီဖြားေတြလို႔ေျပာရင္ ယံုလိုက္ပါ။ အံဩစရာအျမင္ေတြနဲ႔ ဆန္းသစ္တဲ့ဖန္တီးမႈေတြက မိန္ရာသီဖြားေတြကို ထင္ဟပ္ေနတဲ့ ကိုယ္ရည္ကိုယ္ေသြးေတြပါပဲ။

ကဲ … ေယာင္းတို႔ေကာ ဘယ္ရာသီဖြားေတြလဲ? ဒီအခ်က္ေတြကေရာ မွန္ရဲ႕လား? ကြန္မန္႔မွာ မွ်ေဝေပးသြားပါဦးေနာ္..

Stella (For Her Myanmar)

<<< Unicode >>>

ယောင်းရဲ့ အကောင်းဆုံးအရည်အသွေးကကော ဘာဖြစ်မယ်ထင်လဲ

မိဿရာသီဖွား (Aries)

မိဿရာသီဖွားတွေမှာ အခြားရာသီဖွားတွေထက် ပြင်းပြတဲ့ စိတ်ဆန္ဒတွေရှိတတ်ပါတယ်။ ဒီအချက်ကြောင့်ပဲ လူအများရဲ့ အထင်ကြီးလေးစားခြင်းကို ခံရတတ်ပြီး အလုပ်ကိစ္စတွေကို မြန်မြန်ဆန်ဆန်ပြီးမြောက်စေပါတယ်။

ပြိဿရာသီဖွား (Taurus)

ပြိဿရာသီဖွားတွေရဲ့ အကောင်းဆုံးအရည်အသွေးက မဆုတ်မနစ်ကြိုးစားတတ်တာဆိုတာ သံသယဝင်စရာမရှိပါဘူး။ ဘယ်အရာကိုမှ အရှုံးမပေးတတ်ဘဲ အဆုံးထိကြိုးစားတတ်သူတွေပါ ယောင်းတို့ရေ..

မေထုန်ရာသီဖွား (Gemini)

ရွက်ကျပင်ပေါက်လို ဘယ်နေရာမှာဖြစ်ဖြစ် လူတိုင်းနဲ့အဆင်ပြေအောင် နေတတ်တာ မေထုန်ရာသီဖွားတွေပါ။ သူငယ်ချင်းအပေါင်းအသင်းတွေများပြီး ဘယ်အခြေအနေရောက်ရောက် ပျော်အောင် နေတတ်သူလေးတွေပါ။

Related article >>> မြင်လိုက်တာနဲ့ ကြည့်မရ၊ ရန်ဖြစ်ကြတာ ဘယ်ရာသီခွင်တွေ ဖြစ်မလဲ????

ကရကဋ်ရာသီဖွား (Cancer)

အမြဲတမ်းလိုလို အရူးသွပ်ဆုံးအတွေးတွေရှိနေတတ်ပြီး အမြင်သစ်တွေပြည့်နှက်နေတာ ကရကဋ်ရာသီဖွားတွေပါ။ ယောင်းဘဝမှာ ကရကဋ်ရာသီဖွား သူငယ်ချင်းလေးတစ်ယောက်ရှိရင်ဖြင့် ပျင်းဖို့တောင် အချိန်ရလိုက်မှာ မဟုတ်ဘူးနော်..

သိဟ်ရာသီဖွား (Leo)

သိဟ်ရာသီဖွားတွေရဲ့ ကြင်နာတတ်တဲ့အကျင့်လေးကတော့ ပြောစမှတ်တွင်လောက်တဲ့ထိပါပဲ။ လူတိုင်းကို တတ်အားသမျှကူညီတတ်ပြီး ရက်ရောတာကြောင့် သူတို့ကို ခင်တဲ့သူတွေက အများအပြားပါပဲ။

ကန်ရာသီဖွား (Virgo)

လက်တွေ့ကျတဲ့နေရာမှာတော့ ကန်ရာသီဖွားတွေက ပြိုင်စံရှားပဲ။ လက်တွေ့ကျကျတွေးခေါ်တတ်တဲ့အတွက် ပြဿနာတွေကို မြန်မြန်ဖြေရှင်းနိုင်ပြီး သူများတွေကိုလည်း အကြံဉာဏ်ပေးနိုင်ပါသေးတယ်။

Related article >>> မိဿရာသီဖွားတွေကို ချစ်မိနေပြီဆိုရင် သိထားရမယ့် အချက် (၇) ချက်

တူရာသီဖွား (Libra)

တူရာသီဖွားတွေကတော့ ဘယ်အခြေအနေရောက်ရောက် တည်ငြိမ်နိုင်သူကြီးတွေပါ။ အခက်အခဲတွေနဲ့ ကြုံတွေ့လာတဲ့အချိန်တိုင်း စိတ်အေးအေးထားပြီး ရင်ဆိုင်နိုင်သူတွေအဖြစ် နာမည်ကျော်ပါတယ်။

ဗြိစ္ဆာရာသီဖွား (Scorpio)

တစ်ခုခုကို ရအောင်လုပ်မယ်လို့ စိတ်ဆုံးဖြတ်ထားပြီးရင် မဖြစ်ဖြစ်အောင်လုပ်တာ ဗြိစ္ဆာရာသီဖွားတွေပါ။ မျှော်လင့်ချက်တွေကို ဘယ်တော့မှ လက်မလွှတ်ဘဲ ဇွဲကောင်းတာကြောင့် ပြိုင်ဖက်ကောင်းတွေလို့လည်း ပြောလို့ရပါတယ်။

ဓနုရာသီဖွား (Sagittrarius)

အဆိုးထဲက အကောင်းကို အမြင်တတ်ဆုံးလူတွေကို ပြပါဆိုရင် ဓနုရာသီဖွားတွေကို လက်ညှိုးထိုးပြရမှာပဲ။ ဘဝရဲ့အဆိုးဆုံးအခြေအနေတွေမှာတောင်မှ ကောင်းတဲ့အချက်လေးတွေကို ဖြည့်တွေးပေးတတ်တာ ဓနုရာသီဖွားတွေရဲ့ ချီးကျူးထိုက်တဲ့ ကိုယ်ရည်ကိုယ်သွေးပါပဲ။

Related article >>> ရာသီခွင်အလိုက် ယောင်းရဲ့စိတ်နေစိတ်ထားကို ကိုယ်စားပြုတဲ့ Spirit Animal တွေ

မကာရရာသီဖွား (Capricorn)

မကာရရာသီဖွားတွေရဲ့ စိတ်ရှည်ချက်ကြီးက ဩချရလောက်ပါတယ်။ ဘယ်လောက်စိတ်ရှုပ်စရာကောင်းတဲ့အချိန်ဖြစ်ဖြစ် စိတ်ရှည်သည်းခံတတ်တာကြောင့် ဘာလုပ်လုပ်အောင်မြင်တတ်ကြပါတယ်။

ကုံရာသီဖွား (Aquarius)

စိတ်ထားနူးညံ့တဲ့ ကုံရာသီဖွားတွေကတော့ ယောင်းအတွက် မိတ်ဆွေကောင်းတွေပါပဲ။ လိုအပ်ချိန်တိုင်း ကူညီပေးဖို့ အသင့်ရှိနေမှာမို့ ယုံကြည်ရတဲ့လူတွေပါ။

မိန်ရာသီဖွား (Pisces)

တီထွင်ဖန်တီးမှုအကောင်းဆုံးက မိန်ရာသီဖွားတွေလို့ပြောရင် ယုံလိုက်ပါ။ အံဩစရာအမြင်တွေနဲ့ ဆန်းသစ်တဲ့ဖန်တီးမှုတွေက မိန်ရာသီဖွားတွေကို ထင်ဟပ်နေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေပါပဲ။

ကဲ … ယောင်းတို့ကော ဘယ်ရာသီဖွားတွေလဲ? ဒီအချက်တွေကရော မှန်ရဲ့လား? ကွန်မန့်မှာ မျှဝေပေးသွားပါဦးနော်..

Stella (For Her Myanmar)

No Comments Yet

Comments are closed