Valentine’s Day ကို တစ်ကိုယ်တည်းဖြတ်သန်းကြမယ့် ယောင်းလေးတို့အတွက်…..

Valentine’s Day ဆိုတာ ချစ်သူရှိမှ ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်တာ ဟုတ်ရဲ့လား?? ချစ်သူမရှိတဲ့ တစ်ကိုယ်တည်း Single လေးတွေအတွက်ကျတော့ရော????

ဒီချစ်သူများနေ့ကို အတူဖြတ်သန်းမယ့်သူ မရှိတဲ့ယောင်းလေးတို့ လက်ညှိုးထောင်….

အက်ဒမင်လဲပါတယ်လို့ ပြောမို့ပါ…. :3

ဒါပေမဲ့လည်းလေ ချစ်သူများနေ့ဆိုတိုင်း ချစ်သူရှိစရာမှမလိုတာလေနော်.. ကိုယ်ဖြတ်သန်းနေရတဲ့ဘဝမှာ တစ်ယောက်တည်းပဲနေနေ အများကြီးပဲနေနေ အဓိကကကိုယ်ပျော်နေဖို့ပဲဟာ…ဒီလိုချစ်သူများနေ့ကိုလဲ တစ်ယောက်တည်းဖြတ်သန်းမယ့် ယောင်းတို့အတွက် ပျော်ရွှင်ရတဲ့ တစ်ကိုယ်တည်းချစ်သူများနေ့ဖြစ်ဖို့ အချက်လေးတွေ ဝေမျှလိုက်ချင်ပါတယ်ရှင့်…

၁) ဒီလိုနေ့မျိုးမှာ အိမ်မှာမနေချင်ရင် သူငယ်ချင်းတွေနဲ့ Date လုပ်ပါ။

ဒီလိုနေ့မျိုးဆိုတာ ကိုယ့်လိုပဲ Single တွေအားလုံး စုပြီးချိန်းတွေ့လည်ပတ်ဖို့ အကောင်းဆုံးနေ့ပါ။ Social ကျကျ အပြင်မှာပဲ အချိန်ကုန်ချင်တယ်ဆိုရင်ပေါ့နော်…. မုန့်သွားစားမယ်၊ ပွဲတွေသွားမယ်၊ Party တွေလုပ်မယ်… ဒီလိုအခွင့်အရေးမျိုးရှိလာခဲ့ရင် အပြတ်သာအသုံးချပစ်…

၂) ကိုယ်ပိုင်အချိန်သီးသန့်လေးလိုချင်တယ်ဆိုရင်တော့ အိမ်တွင်းပုန်းကြစို့

ဒီလိုနေ့မှာ TV လေးကြည့် မုန့်ထိုင်စား အေးဆေးနှပ်ချင်တဲ့ ယောင်းလေးတို့အတွက်ကတော့ အိမ်မှာနေတာအကောင်းဆုံးပါ။ Playlist လေးတစ်ခုဖန်တီးပြီး အိမ်မှာပဲကခုန်ပျော်ပါးမယ်ဆိုရင်ရော မရဘူးလား?? သူများအပြင်သွားရမယ်ဆိုတိုင်း ကိုယ်သွားစရာမလိုပါဘူးနော်… ကိုယ်ဘာလုပ်ချင်တယ်ဆိုတာကို သေချာသိပြီး စိတ်ပိုင်းဖြတ်နိုင်ဖို့ပါ။

Related Article >>> ဗယ်လင်တိုင်းဒေး ဆိုသည်မှာ…

၃) တစ်ယောက်တည်းရဲ့ လွတ်လပ်မှုကိုမြတ်နိုးပါ။

အတွဲရှိတဲ့အချိန်မှာ ကိုယ့်စိတ်ကြိုက်ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရတယ်ဆိုတာ အင်မတန်ကိုရှားပါတယ်။ ကိုယ်ကမကြိုက်ရင်တောင် သူ့ကိုချစ်တော့ ကိုယ့်မှာလိုက်ဖြည့်ဆည်းပေးနေရတာမျိုးတွေ ရှိတတ်ပါတယ်။ ဝမ်းသာဂုဏ်ယူလိုက်ပါ။ Single တွေဆိုရင်တော့ ဘယ်သူ့မှကို ဂရုစိုက်စရာမလိုဘဲ ကိုယ်ဝါသနာပါတာ ကိုယ်လုပ်ချင်တာတွေကို တစိုက်မတ်မတ်အာရုံစိုက်နိုင်တာပေါ့။ Be single and Fabulous ပါ…. <3

၎) အသေးအဖွဲလေးတွေနဲ့လည်း ပျော်ရွှင်နိုင်ပါတယ်။

အထီးကျန်ဖို့ မစဉ်းစားပါနဲ့။ နောက်ထွက်မယ့် Trip အတွက် plan လုပ်တာမျိုး၊ အိမ်ကမိသားစုတွေကို ဟင်းချက်ကျွေးတာမျိုး၊ မိတ်ကပ်တွေ အသေအချာခြယ်သပြီး Selfie လှလှလေးတွေရိုက်တာမျိုး၊ Spa သွားပြီး အပန်းဖြေလိုက်တာမျိုး…. ပြောလို့တောင် ကုန်မှာမဟုတ်ပါဘူး လုပ်စရာတွေကအများကြီးကိုးနော် ယောင်းလေးတို့….

Related Article >>> ချစ်သူများနေ့မှာ ချစ်ချစ်ကိုပေးမယ့် နှင်းဆီပန်းအရောင်လေးတွေရဲ့အဓိပ္ပာယ်များ

၅) Valentine’s Day နဲ့ပတ်သက်တဲ့ ကိုယ့်အမြင်ကို ပြောင်းပစ်ပါ။

တချို့သူတွေက ချစ်သူများနေ့ကို ချစ်သူတွေချည်းပဲ ပျော်ရတဲ့နေ့၊ Single တွေ သိပ်ကိုအထီးကျန်ရတဲ့နေ့ရယ်လို့ ယူဆကြပါတယ်။ မှားပါတယ်။ ကိုယ်ကဒီလိုခံယူထားရင်တော့ ကိုယ့်စိတ်ကို အကျဉ်းချလိုက်သလိုပဲ ဖြစ်နေမှာပါ။ အတွဲလေးတွေ တွေ့နေရရင် ကိုယ်လဲထပ်တူကြည်နူးပေးလိုက်ပါ။ ချစ်ခြင်းတွေကို ဝေမျှနေကြတဲ့လူတွေကို မျက်စိနောက်လို့ အပြစ်မတင်ပါနဲ့။ ကိုယ့်ဆီမှာလဲ အချစ်ဆိုတာတစ်နေ့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကိုယ့်ကိုတကယ်ချစ်တဲ့သူတစ်နေ့ ရှိလာနိုင်ပါတယ်။

ဒီအချိန်မှာ ၁၅၀၀အချစ် မဟုတ်သေးရင်တောင် တခြားဖြူစင်တဲ့အချစ်မှန်သမျှကို တန်ဖိုးထားပါ။ သူငယ်ချင်းတွေကို ကိုယ်ကတန်ဖိုးထား မြတ်နိုးကြောင်းသိအောင် လက်ဆောင်လေးတွေ ပေးလို့ရပါတယ်။ ချစ်တတ်ရင် နေ့တိုင်းဟာ အချစ်တွေနဲ့ လွှမ်းခြုံတဲ့နေ့ပါပဲ။ ချစ်သူရည်းစားမရှိသေးတဲ့ ယောင်းလေးတို့လဲ ကိုယ့်ကိုကိုယ် အလေးအနက်ချစ်တတ်ပါလို့ ရေးသားရင်းး…..

Happy Valentine’s Day ပါ ယောင်းလေးတို့…. <3

Thu ( For Her Myanmar )

Reference : huffingtonpostlifehack

No Comments Yet

Comments are closed