သူ့လောက် ကံဆိုးတဲ့သူ ရှိမယ်မထင် (၂)

ကံကပဲ ဆိုးနိုင်လွန်းတာလား၊ သူကပဲ ဆော့လွန်းတာလားပဲ။

ယောင်းတို့ရေ ဟိုနေ့က ပြောပြထားတဲ့ ရေချိုးခန်းထဲ ဘရိတ်ဒန့်ကပြီး ဝှီးချဲစီးလိုက်ရတဲ့ ကောင်မလေးအကြောင်း မှတ်မိသေးလား။ အခု သူ့အကြောင်းကို နောက်ဆက်တွဲပြောပြမယ်လို့။

ဒင်းကလေးက ခြေထောက်တစ်ဖက် အရိုးအက်ပြီး၊ ခြေထောက်တစ်ဖက်က ခြေချောင်းလေးတွေ ကျိုးသွားတော့ ဝှီးချဲစီးနေရတယ်။ နေတာကကျ တိုက်ခန်း အပေါ်ထပ်မှာနေတာဆိုတော့ သူ့အိမ်က သူ့အတွက်တော့ ဧဝရက်တောင်အလားပေါ့။ ဒီတော့ကာ သူ့မိဘတွေရဲ့ ဆိတ်ငြိမ်ရပ်ကွက်က ဘန်ဂလိုလေးမှာ သွားနေရရှာတယ်။

Related article >>> အိမ်ရှင်မမေမေတို့၏ ရယ်စရာအမူအကျင့်(၇)ခု

သူအရေးပေါ်ကနေ အိမ်ပြန်ရောက်တဲ့အခါ၊ ဝှီးချဲတစ်စီးနဲ့ စတိုင်မိုက်နေတာ ၆နာရီလောက်တော့ရှိရောပေါ့။ အဲ့ဝှီးချဲနဲ့ တစ်အိမ်လုံး ပြဲပြဲစင်အောင် လျှောက်သွားရင် ရှိသမျှတံခါးတွေ ဝင်တိုက်၊ နံရံနှစ်ခုက သုတ်ဆေးတွေကို သူ့ဝှီးချဲစောင်းနဲ့ ခြစ်ချအပြီးပေါ့။ အဲ့မှာ ဇာတ်လမ်းနောက်တစ်ပုဒ်စတာပဲ။

ဒီတစ်ခါဇာတ်လမ်းက ဘယ်သူစတာလဲဆိုတော့ သူ့မောင်လေး။ သူကကွာ ခုနလို တစ်အိမ်လုံးကို ဝှီးချဲတစ်လုံးနဲ့ တိုက်ကားစီးသလို လိုက်စီးနေတော့ သူ့အမေက စိတ်တွေတိုပြီး နင့်မောင်အနားမှာ ငြိမ်ငြိမ်သွားနေစမ်းဆိုပြီး နှင်လွှတ်တယ်။ သူ့မောင်က ဧည့်ခန်းထဲမှာ ဂိမ်းဆော့နေတာ။

အာ့နဲ့ သူမောင်နားကိုရောက်သွားတော့ ငြိမ်မယ်ထင်လား။ ဝေးသေးတယ်နော်။ အက်ဒမင်တို့ဆိုလည်း မောင်နှမတွေ စုမိရင် ဘယ်လိုသောင်းကျန်းရမလဲပဲ နည်းလမ်းရှာနေတာကိုး။ ဆိုတော့ သူ့ရဲ့မောင်က ဝှီးချဲကို ယူဆော့တယ်။ ယူဆော့ပြီးတော့ ပြီးသလားဆိုတော့ မပြီးသေးဘူး။ အခုဒုတိယဇာတ်လမ်းကို ရှာတဲ့စကားတစ်ခွန်း ပြောချလိုက်ကော။ စတန့်လုပ်ကြည့်တဲ့။

ဟီးဟီး မျက်စိထဲမြင်တယ်ဟုတ်။ ရေချိုးတာတောင် ငြိမ်ငြိမ်မချိုးတဲ့သူနဲ့။ ဝှီးချဲနဲ့။ စတန့်ကထွင်ဦးမယ်ဆိုတော့… ကြည့်လို့တော့ လှတော့မယ်။

သူကလည်း ပြောသမျှလိုက်လုပ်တယ်တော့။ ရုပ်ရှင်တွေထဲမှာ မြင်ဖူးတဲ့ ဆိုင်ကယ်စတန့်တွေလို သူ့ဝှီးချဲဘီးကြီးကို ထောင်ဖို့ကြိုးစားတာ။ အဲ့မှာ ပက်လက်ကြီးပြုတ်ကျတော့တာပဲ ဟီး။ ပက်လက်ကြီး ပြုတ်ကျပြီးတော့ နောက်စေ့နဲ့ မီးလင်းဖိုနဲ့ပြေးဆောင့်။ လူကတော့ ပြုတ်ထွက်မသွားဘူး ခြေထောက်တွေက ဝှီးချဲမှာ ကပ်ပြီး ချည်ထားတာမို့ (အဲ့လို မတော်တဆတွေ မဖြစ်အောင် လုပ်ထားတာနေမှာ)။

အဲ့ဒီမှာ လိပ်ကြီးပက်လက်လှန်ထားသလို ယက်ကန်ယက်ကန်နဲ့ နေတာပေါ့။ သူ့ရဲ့ လူကြီးသိပ်ဆန်တဲ့ ၁၉နှစ်သားမောင်ကတော့ ရယ်ရလွန်းလို့ ရှူးထွက်မကျခင် ရေချိုးခန်းရောက်အောင် တွားသွားနေရသတဲ့ (ရယ်ရလွန်းလို့ ခြေထောက်တောင် ကောင်းကောင်း မထောက်နိုင်တော့တာလေ) ။ အားကိုးရတယ်နော်။ အဲ့ဇာတ်လမ်း သူပဲ စပြီးတော့။

ဂလိုတွေဖြစ်တော့ အရေးပေါ်ကို နောက်တစ်ခေါက် ပြန်ရောက်ရပြန်တာပေါ့။ ပထမတစ်ခေါက်တုန်းက ဆရာဝန်နဲ့ပဲ ပြန်တွေ့ပြန်ရော။ ကံကောင်းထောက်မလို့ ခေါင်းတော့ ဘာမှမဖြစ်ဘူးတဲ့။ နည်းနည်းပါးပါး ပွန်းရုံပဲ့ရုံလောက်ပဲ။ ဝှီးချဲပဲ ပြန်စီးနေရတယ်။ အဲ့ဆရာဝန်က သူ့ကို ဝှီးချဲနဲ့ စိတ်မချပေမဲ့ ဂျိုင်းထောက်နဲ့ဆို ပိုဆိုးနေမှာစိုးလို့တဲ့။

Related article >>> ကျွန်တော်ရယ် သူမရယ် ဟိုကောင်ရယ်

ဆရာဝန်က တော်တယ်ပြောရမယ်။ ဘာလို့ဆို သူက ဂျိုင်းထောက်များရရင် အာ့တွေနဲ့ထောက်ပြီး ဒန်းလိုလွှဲရင်လွှဲ၊ မဟုတ်ရင် အာ့တွေကို ဓားလိုအသုံးချပြီး ပင်လယ်ဓားပြလုပ်တိုင်း ဆော့မှာတဲ့။ ပြောပါတယ် ကံဆိုးတာထက် သူကိုက ဆော့တာပါလို့။

ဒီဇာတ်လမ်းလေးရဲ့ သင်ခန်းစာကတော့ မောင်နှမတွေ အချင်းချင်းကြပ်ကြတိုင်း လိုက်မလုပ်ကြပါနဲ့လို့။ အက်ဒမင်တောင် အငယ်ကောင်နဲ့ အမြင့်ဘယ်လောက်ထိ ကန်နိုင်သလဲ ပြိုင်တာ ခုထိခါးနာနေတုန်း။

အဲ့ ကံဆိုးသူမမရဲ့ ဇာတ်လမ်းက ဒီမှာတင်မပြီးသေးဘူးနော်။ ဘာဆက်ဖြစ်လဲသိချင်ရင် ဇာတ်သိမ်းခန်း စောင့်ဖတ်ပါဦး။

Khine (For Her Myanmar)

Source from

Fempositive | Bored Panda

No Comments Yet

Leave a Reply

Your email address will not be published.