ဒီသီချင်းတွေကို နားမထောင်ဖူးသေးရင် ယောင်းတို့ တော်တော်ခေတ်နောက်ကျနေပြီနော်

နားထောင်ကြည့်ပါ မြန်မာမှန်ရင်ပေါ့ 😛

အခုတလော Facebook စကားဝိုင်းတစ်ခွင်မှာ မပါမဖြစ် သီချင်းတွေရှိနေပါတယ်။ အဲ့ဒါတွေကတော့…

Go Away (Havana)

တေးရေး – လူမောင် (ဆေး ၁) နဲ့ တေးဆို – ထိုက်ထိုက် Ft. Breaky တို့ရဲ့ ခပ်ဝေးဝေးသွားစမ်းပါ သီချင်းက ‘Havana Oh NaNa’ အစားထိုးပြီး ရင်ထဲကိုဝင်ရောက်လာလိုက်တာ ပါးစပ်ဖျားကမချကြတော့ကြတဲ့အထိပါပဲ။

ခပ်ဝေးဝေးသွားစမ်းပါ

Havana Oh NaNa

Related Article >>> မကြာခင် နားထောင်ရတော့မယ့် Sam Smithရဲ့ ပျော်ရွှင်စရာ အချစ်သီချင်းများ

နင်လိမ်တယ် နင်ညာတယ် (Why not me)

‘နင်လိမ်တယ်၊ နင်ညာတယ်၊ နင်ဘီလူးမ’ နဲ့ ‘Why oh why! Tell me why not me’ ကတော်တော်တော့ ပနံရတယ်နော်။ နားထောင်ရတာ အဆင်ပြေတဲ့အပြင် ပါးစပ်ဖျားကနေတောင် မချကြတော့ဘူး။ ကာဗာနားထောင်ရင်းနဲ့ မူရင်းသီချင်းကိုပါမေ့သွားပါတယ်ဆိုနေ။

နင်လိမ်တယ် နင်ညာတယ်

Why not me

နင်ငါ့ကိုချစ်လည်း (As Long As U Love Me)

ကာဗာဆိုရင် ‘လည်းလည်းလည်းလည်း’ နဲ့ ကိုယ်တွေရဲ့နှလုံးသားကို ကိုင်လှုပ်သွားခဲ့တဲ့ တစ်ခေတ်တစ်ခါက ‘Nicky’ ကိုမေ့လို့မရပါဘူး။ သူကိုယ်တိုင်ရေးပြီး သူကိုယ်တိုင်ဆိုခဲ့တဲ့ ဒီသီချင်းကိုလည်း အမြဲအမှတ်ရနေမှာပါ။

နင်ငါ့ကိုချစ်လည်း

As Long As U Love Me

ကွေးနေအောင်…က (Dessert)

နာမည်ကြီး Dawin ရဲ့ အရမ်းဒွန့်လို့ကောင်းတဲ့ ‘Dessert’ သီချင်းကို မြန်မာ့သင်္ကြန်သီချင်း အနေနဲ့ ဇော်ထွန်း၊ Double SY, Yan XAE, Lynn KHA တို့ကပူးပေါင်းပြီး ကွေးနေအောင်..က ဆိုတဲ့သီချင်းကို ဖန်တီးခဲ့ပါတယ်။ တက်တက်ကြွကြွနဲ့ သူတို့ပုံကြည့်ရတာ အက်မင်တို့တောင်ရောပြီး က,ချင်လာသလိုလို… :3 

ကွေးနေအောင်…က

Dessert

Related Article >>> အက်မင့်အကြိုက် Cover အဆိုတော်လေးတွေ

နင်… စိန်ခေါ်သူ (Shape of U)

‘နင်ဟာ ငါ့အချစ်ကိုစိန်ခေါ်သူ၊ ငါဟာနင့်အတွက်ဆို မိုက်မဲသူ’ စာသားက ‘I’m in love with the shape of u. we push and pull like a magnet do.’ ဆိုတဲ့မူရင်းစာသားကိုကျော်နိုင်ဖို့ဆိုတာ တော်ရုံစကေးမှ မဟုတ်တာ။ ဒီလိုခက်ခက်ခဲခဲအလုပ်ကို မြန်မာပြည်ကလုပ်သွားနိုင်ခဲ့ပါပြီ။ အဆိုရှင် မထွန်းထွဋ်ထွဋ်ဇော် ရဲ့ နင်… စိန်ခေါ်သူဆိုတဲ့ သီချင်းလေးက လူအများရဲ့ပါးစပ်ဖျားမှာ အရမ်းရေပန်းစားနေပါပြီ။ အက်ဒ်မင်ဆို အဲ့သီချင်းကို ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှ နားမထောင်ဖူးသေးတာတောင် စာသားလေးမြင်တာနဲ့တင် သံစဉ်နဲ့ပါ နားထဲကြားပြီးကို စွဲနေရော.. မူလ စာသားပါ ပျောက်ပါတယ်ဆို 😀

နင်… စိန်ခေါ်သူ

Shape of U

‘မင်းအခုဘယ်မလဲ’ ဆိုတဲ့သီချင်းကလည်း ကမ္ဘာကျော် Alan Walker ရဲ့ ‘Faded’ သီချင်းကို ကာဗာပြန်ဆိုထားတာဖြစ်ပါတယ်။

မင်းအခုဘယ်မလဲ

Faded

တစ်မူကွဲထွက်နေတဲ့ ဗီဒီယိုက လူအများကြားမှာ ရေပန်းစားဆွဲဆောင်နေပါတယ်။  နားမထောင်ရသေးရင်လည်း အက်မင် Link တွေချိတ်ပေးထားတာမို့ သွားနားထောင်ကြည့်ပြီး အနုပညာကို ခံစားကြည့်ကြပါဦးလို့။ ဟီးဟီး ပြီးမှ မူရင်းစာသားတွေပျောက်ပြီး မြန်မာစာသားတွေ ပါးစပ်ထဲ စွဲနေရင်တော့ အက်ဒ်မင်လည်း သိဘူးနော် 😛 

Hnin Ei Oo (For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.