၂၀၁၉ မွာ သူငယ္ခ်င္းနဲ႔ အတူလုပ္သင့္ေသာ အရာမ်ား

ဒါေလးေတြ Planner ထဲသာ ထည့္ထားလုိက္ေပေတာ့

ကိုယ့္အခ်စ္ဆံုး သူငယ္ခ်င္းကို ပံုမွန္အခ်ိန္ေပးျဖစ္ရဲ႕လား ေယာင္းေရ။ ကိုယ့္အေပၚစစ္မွန္တဲ့ သူငယ္ခ်င္းဆိုတာ တန္ဖိုး႐ွိတာမုိ႔ သူနဲ႔ မၾကာခဏဆံုျဖစ္ၿပီး အခ်ိန္ေပးသင့္ပါတယ္ေနာ္။ အလုပ္႐ႈပ္ေနတာနဲ႔ မေတြ႕ျဖစ္ပါဘူး အက္ဒ္မင္ရယ္ ဆိုရင္လည္း စိတ္မပူပါနဲ႔… ဒီ ၂၀၁၉ တစ္ႏွစ္လံုးမွာ သူငယ္ခ်င္းနဲ႔အတူလုပ္လုိ႔ရတာေလးေတြ အက္္ဒ္မင္က အႀကံေပးထားပါတယ္… ဒါေလးေတြကို သူတို႔နဲ႔ အတူတူ လုပ္မယ္ဆိုရင္ေတာ့ ေယာင္းတို႔ၾကားက သံေယာဇဥ္လည္း ပိုၿပီး ခိုင္မာလာပါလိမ့္မယ္လို႔… ဘာေတြလဲဆိုေတာ့… 

၁။ Social Media Detox အတူတူလုပ္မယ္

ပိတ္ရက္တစ္ခုခုမွာ သူ႔အိမ္မွာပဲျဖစ္ျဖစ္၊ ကိုယ့္အိမ္မွာပဲျဖစ္ျဖစ္ သူနဲ႔အတူ အခ်ိန္ျဖဳန္းတာမ်ိဳးေပါ့။ အဲဒီပိတ္ရက္မွာ လံုးဝ လံုးဝ Social Media မသံုးဘူးလို႔ သူနဲ႔အတူ ဆံုးျဖတ္ပါ။ တစ္ေယာက္တည္း လုပ္ရတာထက္ ႏွစ္ေယာက္အတူ လုပ္ရတာက ပိုလြယ္ပါတယ္။

သူနဲ႔အတူ ႐ုပ္႐ွင္ေတြအတူၾကည့္၊ ႀကိဳက္တဲ့ အစားအေသာက္ေတြ အတူတူလုပ္စား(ဒါမွမဟုတ္) စားခ်င္တဲ့ဆိုင္ေတြမွာ သြားစား၊ ရင္ဖြင့္ခ်င္တာေတြ႐ွိရင္ အျပန္အလွန္ရင္ဖြင့္တာမ်ိဳးေတြ လုပ္ေနရင္ အခ်ိန္ကုန္လို႔ ကုန္သြားမွန္းေတာင္ သိလုိက္မွာ မဟုတ္ပါဘူး။

Related Article >>> ရည္းစားနဲ႔ သူငယ္ခ်င္းေတြကို တန္းတူအခ်ိန္ေပးႏိုင္ေအာင္…

၂။ ပရဟိတေတြ အတူတူလုပ္မယ္

လုိအပ္ေနတဲ့ ေနရာတစ္ခုခုကိုသြားၿပီး အလွဴလုပ္ေပးတာမ်ိဳး၊ ေငြေၾကးအားျဖင့္ မဟုတ္ေတာင္ တျခား အကူအညီတစ္ခုခုကို အတူသြားလုပ္တာမ်ိဳးကို ကိုယ့္သူငယ္ခ်င္းနဲ႔အတူတူ လုပ္သင့္ပါတယ္။

ေငြေၾကးအလွဴလုပ္မယ္ဆုိလည္း ႏွစ္စကတည္းက အလွဴအတြက္ သူနဲ႔အတူ ေငြစုပါ။ အျခားအလွဴ (ဘာသာေရးေနရာေတြ၊ ဘိုးဘြားရိပ္သာ၊ မိဘမဲ့ကေလးေက်ာင္းေတြမွာ လုပ္အားအလွဴလုပ္တာမ်ိဳး၊ အသံလွဴ၊ ေသြးလွဴတာမ်ိဳး) ေတြကို အတူတူလုပ္ေပးရင္ ကုသိုလ္လည္းရသလို သူငယ္ခ်င္းနဲ႔လည္း ပိုရင္းႏွီးေႏြးေထြးလာေစမွာပါ။

၃။ ႐ိႈးပြဲေတြအတူသြားမယ္

အႏုပညာက လူသားေတြကို ႏွလံုးသားခ်င္း ပိုရင္းႏွီးေစသတဲ့။ ဒီေတာ့ သူနဲ႔ ကိုယ္အတူတူႀကိဳက္တဲ့ အဆိုေတာ္ေတြရဲ႕ ရိႈးပြဲေတြကို အတူတူသြားနားေထာင္တာ၊ ဒါမွမဟုတ္ EDM ပြဲေတြကို အတူတူ သြားေပ်ာ္တာျဖစ္ျဖစ္ လုပ္လို႔ရတယ္ေလ။

Related Article >>> သူငယ္ခ်င္းေတြ ေျပာေနက် ဂ်င္းေပါင္းခ်ဳပ္

၄။ ဓာတ္ပံုတူတူ႐ိုက္မယ္

Selfie ေတြေတာ့ ေတြ႔တုိင္း႐ုိက္ျဖစ္ၿပီး Facebook ေပၚတင္ျဖစ္မွာပါ။ အေျပာင္းအလဲေလးတစ္ခု လုပ္ၾကည့္မလား။ အိမ္မွာ အေမ က သူ႔သူငယ္ခ်င္းနဲ႔အတူ တြဲ႐ုိက္ထားတဲ့ ပံုေလးကို အျမတ္တႏိုးသိမ္းထားတာေတြ႔ဖူးမွာေပါ။ ေယာင္းလည္း အဲဒီလို ေ႐ွးေခတ္ေဟာင္း ေအာက္ေမ့ဖြယ္ေလး သူငယ္ခ်င္းနဲ႔ အတူတူလုပ္ၾကည့္ေပါ့ေနာ္။ ဓာတ္ပံုစတူဒီယို တစ္ခုခုကို အတူသြားၿပီး လွလွပပျပင္ဆင္လို႔ ဓာတ္ပံု႐ိုက္ေပါ့။ ထြက္လာတဲ့ ပံုေလးကို Facebook ေပၚ တင္႐ံုမကဘဲ အမွတ္တရသိမ္းထားလုိ႔ရၿပီေလ။

ဒီေလာက္ဆုိ သူငယ္ခ်င္းနဲ႔အတူ 2019 မွာ ဘာေတြလုပ္မလဲဆိုတာ အတူ Plan ဆြဲလို႔ရၿပီေပါ့။ Plan ေတာ့ဆြဲပါရဲ႕ အနားနီးေတာ့မအားတာနဲ႔ မလုပ္ျဖစ္လုိက္ဘူး ဆိုတာေတာ့ မလုပ္နဲ႔ေနာ္။ မခ်စ္ေတာ့ဘဲ ေနလိုက္မယ္ 😛

ခ်စ္တဲ့ အက္ဒ္မင္

Sugar Cane (For Her Myanmar)

<<< Unicode >>>

ဒါလေးတွေ Planner ထဲသာ ထည့်ထားလိုက်ပေတော့

ကိုယ့်အချစ်ဆုံး သူငယ်ချင်းကို ပုံမှန်အချိန်ပေးဖြစ်ရဲ့လား ယောင်းရေ။ ကိုယ့်အပေါ်စစ်မှန်တဲ့ သူငယ်ချင်းဆိုတာ တန်ဖိုးရှိတာမို့ သူနဲ့ မကြာခဏဆုံဖြစ်ပြီး အချိန်ပေးသင့်ပါတယ်နော်။ အလုပ်ရှုပ်နေတာနဲ့ မတွေ့ဖြစ်ပါဘူး အက်ဒ်မင်ရယ် ဆိုရင်လည်း စိတ်မပူပါနဲ့… ဒီ ၂၀၁၉ တစ်နှစ်လုံးမှာ သူငယ်ချင်းနဲ့အတူလုပ်လို့ရတာလေးတွေ အက်ဒ်မင်က အကြံပေးထားပါတယ်… ဒါလေးတွေကို သူတို့နဲ့ အတူတူ လုပ်မယ်ဆိုရင်တော့ ယောင်းတို့ကြားက သံယောဇဉ်လည်း ပိုပြီး ခိုင်မာလာပါလိမ့်မယ်လို့… ဘာတွေလဲဆိုတော့…

၁။ Social Media Detox အတူတူလုပ်မယ်

ပိတ်ရက်တစ်ခုခုမှာ သူ့အိမ်မှာပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်မှာပဲဖြစ်ဖြစ် သူနဲ့အတူ အချိန်ဖြုန်းတာမျိုးပေါ့။ အဲဒီပိတ်ရက်မှာ လုံးဝ လုံးဝ Social Media မသုံးဘူးလို့ သူနဲ့အတူ ဆုံးဖြတ်ပါ။ တစ်ယောက်တည်း လုပ်ရတာထက် နှစ်ယောက်အတူ လုပ်ရတာက ပိုလွယ်ပါတယ်။

သူနဲ့အတူ ရုပ်ရှင်တွေအတူကြည့်၊ ကြိုက်တဲ့ အစားအသောက်တွေ အတူတူလုပ်စား(ဒါမှမဟုတ်) စားချင်တဲ့ဆိုင်တွေမှာ သွားစား၊ ရင်ဖွင့်ချင်တာတွေရှိရင် အပြန်အလှန်ရင်ဖွင့်တာမျိုးတွေ လုပ်နေရင် အချိန်ကုန်လို့ ကုန်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။

Related Article >>> ရည်းစားနဲ့ သူငယ်ချင်းတွေကို တန်းတူအချိန်ပေးနိုင်အောင်…

၂။ ပရဟိတတွေ အတူတူလုပ်မယ်

လိုအပ်နေတဲ့ နေရာတစ်ခုခုကိုသွားပြီး အလှူလုပ်ပေးတာမျိုး၊ ငွေကြေးအားဖြင့် မဟုတ်တောင် တခြား အကူအညီတစ်ခုခုကို အတူသွားလုပ်တာမျိုးကို ကိုယ့်သူငယ်ချင်းနဲ့အတူတူ လုပ်သင့်ပါတယ်။

ငွေကြေးအလှူလုပ်မယ်ဆိုလည်း နှစ်စကတည်းက အလှူအတွက် သူနဲ့အတူ ငွေစုပါ။ အခြားအလှူ (ဘာသာရေးနေရာတွေ၊ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကလေးကျောင်းတွေမှာ လုပ်အားအလှူလုပ်တာမျိုး၊ အသံလှူ၊ သွေးလှူတာမျိုး) တွေကို အတူတူလုပ်ပေးရင် ကုသိုလ်လည်းရသလို သူငယ်ချင်းနဲ့လည်း ပိုရင်းနှီးနွေးထွေးလာစေမှာပါ။

၃။ ရှိုးပွဲတွေအတူသွားမယ်

အနုပညာက လူသားတွေကို နှလုံးသားချင်း ပိုရင်းနှီးစေသတဲ့။ ဒီတော့ သူနဲ့ ကိုယ်အတူတူကြိုက်တဲ့ အဆိုတော်တွေရဲ့ ရှိုးပွဲတွေကို အတူတူသွားနားထောင်တာ၊ ဒါမှမဟုတ် EDM ပွဲတွေကို အတူတူ သွားပျော်တာဖြစ်ဖြစ် လုပ်လို့ရတယ်လေ။

Related Article >>> သူငယ်ချင်းတွေ ပြောနေကျ ဂျင်းပေါင်းချုပ်

၄။ ဓာတ်ပုံတူတူရိုက်မယ်

Selfie တွေတော့ တွေ့တိုင်းရိုက်ဖြစ်ပြီး Facebook ပေါ်တင်ဖြစ်မှာပါ။ အပြောင်းအလဲလေးတစ်ခု လုပ်ကြည့်မလား။ အိမ်မှာ အမေ က သူ့သူငယ်ချင်းနဲ့အတူ တွဲရိုက်ထားတဲ့ ပုံလေးကို အမြတ်တနိုးသိမ်းထားတာတွေ့ဖူးမှာပေါ။ ယောင်းလည်း အဲဒီလို ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်လေး သူငယ်ချင်းနဲ့ အတူတူလုပ်ကြည့်ပေါ့နော်။ ဓာတ်ပုံစတူဒီယို တစ်ခုခုကို အတူသွားပြီး လှလှပပပြင်ဆင်လို့ ဓာတ်ပုံရိုက်ပေါ့။ ထွက်လာတဲ့ ပုံလေးကို Facebook ပေါ် တင်ရုံမကဘဲ အမှတ်တရသိမ်းထားလို့ရပြီလေ။

ဒီလောက်ဆို သူငယ်ချင်းနဲ့အတူ 2019 မှာ ဘာတွေလုပ်မလဲဆိုတာ အတူ Plan ဆွဲလို့ရပြီပေါ့။ Plan တော့ဆွဲပါရဲ့ အနားနီးတော့မအားတာနဲ့ မလုပ်ဖြစ်လိုက်ဘူး ဆိုတာတော့ မလုပ်နဲ့နော်။ မချစ်တော့ဘဲ နေလိုက်မယ် 😛

ချစ်တဲ့ အက်ဒ်မင်

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed