ျမန္မာ့ဂီတေလာကမွာ အရမ္းေဟာ့ျဖစ္ေနတဲ့ ေတးေရး”ေဝႀကီး”ရဲ႕ သီခ်င္းေကာင္းမ်ား

 ရင္ဘတ္ႀကီးနဲ႔ ရင္းၿပီး နားေထာင္လို႔ေကာင္းမယ့္ သီခ်င္းေတြခ်ည္းပါပဲ

ဘယ္ေနရာပဲသြားသြား နားထဲနားၾကပ္ေလးထည့္ၿပီး သီခ်င္းနားဆင္တတ္တဲ့ ေယာင္းေတြအတြက္ ခံစားခ်က္ရသအျပည့္အဝ ေပးႏိုင္မယ့္ ေတးသီခ်င္းေလးေတြ စုစည္းေပးမယ့္အလွည့္ကို ျပန္လည္ေရာက္ရွ္ိလာပါၿပီ။ ဒီတစ္ေခါက္မွာေတာ့ မင္မင္က ျမန္မာေတးသီခ်င္းေလာကမွာ အရမ္းေဟာ့ျဖစ္ေနတဲ့ ေတးေရးေဝႀကီးရဲ႕ သီခ်င္းေတြကို စုစည္းေပးသြားမွာပါ… ေယာင္းတို႔ရင္ထဲကို တိုက္ရိုက္ထိမွန္မယ့္ ေတးသီခ်င္းေတြခ်ည္းပဲမို႔ ဘယ္သီခ်င္းေတြလဲဆိုတာကို မင္မင္နဲ႔ အတူၾကည့္လိုက္ရေအာင္….

အသည္းကြဲအထိမ္းအမွတ္ ( ျဖဴျဖဴဟန္ )

အခုတေလာ ဘယ္နားသြားသြား ၾကားေနရၿပီး ႏႈတ္ဖ်ားမွာ တသသျမည္တမ္းျဖစ္ေနတဲ့ တက္သစ္စေတးသံရွင္ ျဖဴျဖဴဟန္ရဲ႕ အသည္းကြဲအထိမ္းအမွတ္သီခ်င္းေလးကေတာ့ ေတးေရးေဝႀကီး ခံစားေရးဖြဲ႕ထားတဲ့ သီခ်င္းေကာင္းေလးတစ္ပုဒ္ပါ။ ခ်စ္သူနဲ႔ အဆင္မေျပျဖစ္ေနတဲ့ မိန္းကေလးတစ္ေယာက္က ခ်စ္သူကိုေစာင့္ေမွ်ာ္ေနေသးေၾကာင္း “ ေနာက္ထပ္တစ္ေခါက္အသည္းကြဲရမယ့္ အျဖစ္အပ်က္ကို လက္ခုပ္တီးကာ ႀကိဳဆိုေနသလိုမ်ိဳး “ ဆိုၿပီး ျဖဴျဖဴဟန္က ခံစားသက္ဝင္မႈ ေကာင္းေကာင္းနဲ႔ သီဆိုထားတာမို႔ ေယာင္းတို႔ရင္ထဲကို ခံစားခ်က္တစ္စုံတစ္ရာ က်န္ရစ္ေနေစမယ့္ သီခ်င္းေကာင္းျဖစ္မွာပါေနာ္….

Related Article >>> ေယာင္းတို႔ႏွလုံးသားကို ထိရွသြားေစမယ့္ Joox Myanmar Top Chart က သီခ်င္း(၅)ပုဒ္

ပြဲအေၾကာင္း အေသးစိတ္သိလိုပါက >>> http://bit.ly/2WK7oFQ

ေဘာင္မဝင္တဲ့ေကာင္ ( ေနမင္းအိမ္ )

ခ်စ္သူက ပစ္ခ်သြားခဲ့တာေတာင္ မမုန္းႏိုင္မေမ့ႏိုင္တဲ့ အသုံးမက်တဲ့ေကာင္အေနနဲ႔ ကိုယ့္ကိုယ့္ကုိယ္ အားမလိုအားမရျဖစ္ေနတဲ့ ခံစားခ်က္ေတြကိုအျပည့္ ေပါက္ကြဲထြက္ထားတဲ့ သီခ်င္းေလးကိုေတာ့ ေတးေရးေဝႀကီးက ေရးဖြဲ႕ေပးထားတာပါ။ “ တစ္ခါတေလ ငါ့ကိုငါမုန္းတယ္ ၊ နင့္ကိုအခ်စ္ဆုံးတဲ့ ၊ … ငါဘာမွအသုံးမက်တဲ့ေကာင္ ၊ လူျဖစ္ၿပီးအက်ိဳးမရွိတဲ့ေကာင္ ၊ နင္ေသဆိုေသ ၊ ရွင္ဆိုရွင္ ၊ အသက္မပါလာတဲ့အေကာင္” ဆိုတဲ့စာသားေတြကို ေနမင္းအိမ္ရဲ႕ အသံခ်ိဳခ်ိဳေလးနဲ႔ သီဆိုထားတာမို႔ အရမ္းနားေထာင္လို႔ ေကာင္းတဲ့သီခ်င္းေလးပါေနာ္…..

ဒီေလာက္ပါပဲ ( ဇင္ေအာင္ )

ခ်စ္သူေကာင္မေလးရဲ႕ ရက္စက္သြားပုံကို သဘာဝတရားေတြနဲ႔ ယွဥ္ၿပီး ေတးေရးေဝႀကီးက ခပ္သြက္သြက္ပုံစံေလးနဲ႔ ေရးဖြဲ႕ေပးထားတာပါ။ “ ေနက အေရွ႕ဘက္ထြက္တယ္ ဒါေပမဲ့ အေနာက္ေရြ႕သြားတယ္ ၊ နင္က ခ်စ္ေတာ့ ခ်စ္တတ္တယ္ ဒါေပမဲ့ ရက္စက္သြားတယ္၊ မၾကင္နာလို႔ ငါ့ကို ထားသြားတဲ့အခါ မင္းႏွစ္သက္ရင္ ငါေပ်ာ္ပါတယ္ “ ဆိုၿပီး ဇင္ေအာင္က စာသားတစ္လုံးခ်င္းစီကို ပီပီသသေလးသီဆိုသြားတာက အေတာ္ေလးကို နားေထာင္ေကာင္းတဲ့ သီခ်င္းပါပဲေနာ္…

Related Article >>> ဟီရိုးအင္းလို စဲြလမ္းေစမယ္႔ သီခ်င္းေတြနဲ႔ စင္ျမင့္ထက္က Lana Del Rey

မေတာ္တဆ ( ေက်ာ္ဇင္မင္း )

ဒီသီခ်င္းကေတာ့ အရမ္းေတြထိရွလြန္းလို႔ မင္မင္အထပ္ထပ္ နားေထာင္မိေနတဲ့ သီခ်င္းေလးပါ.. ေတးေရးေဝႀကီးရဲ႕ စာသားတစ္ေၾကာင္းစီတိုင္းက နားထဲတင္မက ရင္ထဲပါ စြဲလြန္းလို႔ မျဖစ္မေန နားေထာင္ၾကည့္သင့္တဲ့ သီခ်င္းေလးပါ ေယာင္းေရ… “ ငါ့ေလာက္ ခ်စ္တဲ့သူေလ… နင္ရွာေဖြၾကည့္ပါ… တကယ္လို႔မ်ား မေတာ္တဆဆုံတဲ့အခါ အဆင္မေျပရင္ေတာင္ နည္းနည္းေတာ့ျပံဳးျပ”ဆိုၿပီး ခ်စ္သူနဲ႔ ျပတ္ျပတ္သားသား မျဖစ္ေသးတဲ့ အေျခအေနကို ေက်ာ္ဇင္မင္းရဲ႕ ၾကည္လင္စူးရွတဲ့ အသံေလးနဲ႔ သီဆိုေပးထားတာမို႔ နားထဲစြဲလြယ္တဲ့ သီခ်င္းေကာင္းေလးပါေနာ္…

ဒီတစ္ေခါက္မွာ မင္မင္စုစည္းေပးတဲ့သီခ်င္းေလးေတြက ေယာင္းတို႔အႀကိဳက္နဲ႔ ထပ္တူက်ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္.. ေနာက္ထပ္လည္း ေယာင္းတို႔အႀကိဳက္နဲ႔ ထပ္တူက်ေစမယ့္ အေၾကာင္းအရာေတြကို တင္ဆက္ေပးဦးမွာမို႔ ဆက္လက္ေစာင့္ေမွ်ာ္ေပးၾကပါဦးေနာ္…

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

 ရင်ဘတ်ကြီးနဲ့ ရင်းပြီး နားထောင်လို့ကောင်းမယ့် သီချင်းတွေချည်းပါပဲ

ဘယ်နေရာပဲသွားသွား နားထဲနားကြပ်လေးထည့်ပြီး သီချင်းနားဆင်တတ်တဲ့ ယောင်းတွေအတွက် ခံစားချက်ရသအပြည့်အဝ ပေးနိုင်မယ့် တေးသီချင်းလေးတွေ စုစည်းပေးမယ့်အလှည့်ကို ပြန်လည်ရောက်ရှိလာပါပြီ။ ဒီတစ်ခေါက်မှာတော့ မင်မင်က မြန်မာတေးသီချင်းလောကမှာ အရမ်းဟော့ဖြစ်နေတဲ့ တေးရေးဝေကြီးရဲ့ သီချင်းတွေကို စုစည်းပေးသွားမှာပါ… ယောင်းတို့ရင်ထဲကို တိုက်ရိုက်ထိမှန်မယ့် တေးသီချင်းတွေချည်းပဲမို့ ဘယ်သီချင်းတွေလဲဆိုတာကို မင်မင်နဲ့ အတူကြည့်လိုက်ရအောင်….

အသည်းကွဲအထိမ်းအမှတ် ( ဖြူဖြူဟန် )

အခုတလော ဘယ်နားသွားသွား ကြားနေရပြီး နှုတ်ဖျားမှာ တသသမြည်တမ်းဖြစ်နေတဲ့ တက်သစ်စတေးသံရှင် ဖြူဖြူဟန်ရဲ့ အသည်းကွဲအထိမ်းအမှတ်သီချင်းလေးကတော့ တေးရေးဝေကြီး ခံစားရေးဖွဲ့ထားတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ။ ချစ်သူနဲ့ အဆင်မပြေဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်က ချစ်သူကိုစောင့်မျှော်နေသေးကြောင်း “ နောက်ထပ်တစ်ခေါက်အသည်းကွဲရမယ့် အဖြစ်အပျက်ကို လက်ခုပ်တီးကာ ကြိုဆိုနေသလိုမျိုး “ ဆိုပြီး ဖြူဖြူဟန်က ခံစားသက်ဝင်မှု ကောင်းကောင်းနဲ့ သီဆိုထားတာမို့ ယောင်းတို့ရင်ထဲကို ခံစားချက်တစ်စုံတစ်ရာ ကျန်ရစ်နေစေမယ့် သီချင်းကောင်းဖြစ်မှာပါနော်….

Related Article >>> ယောင်းတို့နှလုံးသားကို ထိရှသွားစေမယ့် Joox Myanmar Top Chart က သီချင်း(၅)ပုဒ်

ပြဲအေၾကာင္း အေသးစိတ္သိလိုပါက>>> http://bit.ly/2WK7oFQ

ဘောင်မဝင်တဲ့ကောင် ( နေမင်းအိမ် )

ချစ်သူက ပစ်ချသွားခဲ့တာတောင် မမုန်းနိုင်မမေ့နိုင်တဲ့ အသုံးမကျတဲ့ကောင်အနေနဲ့ ကိုယ့်ကိုယ့်ကိုယ် အားမလိုအားမရဖြစ်နေတဲ့ ခံစားချက်တွေကိုအပြည့် ပေါက်ကွဲထွက်ထားတဲ့ သီချင်းလေးကိုတော့ တေးရေးဝေကြီးက ရေးဖွဲ့ပေးထားတာပါ။ “ တစ်ခါတလေ ငါ့ကိုငါမုန်းတယ် ၊ နင့်ကိုအချစ်ဆုံးတဲ့ ၊ … ငါဘာမှအသုံးမကျတဲ့ကောင် ၊ လူဖြစ်ပြီးအကျိုးမရှိတဲ့ကောင် ၊ နင်သေဆိုသေ ၊ ရှင်ဆိုရှင် ၊ အသက်မပါလာတဲ့အကောင်” ဆိုတဲ့စာသားတွေကို နေမင်းအိမ်ရဲ့ အသံချိုချိုလေးနဲ့ သီဆိုထားတာမို့ အရမ်းနားထောင်လို့ ကောင်းတဲ့သီချင်းလေးပါနော်…..

ဒီလောက်ပါပဲ ( ဇင်အောင် )

ချစ်သူကောင်မလေးရဲ့ ရက်စက်သွားပုံကို သဘာဝတရားတွေနဲ့ ယှဉ်ပြီး တေးရေးဝေကြီးက ခပ်သွက်သွက်ပုံစံလေးနဲ့ ရေးဖွဲ့ပေးထားတာပါ။ “ နေက အရှေ့ဘက်ထွက်တယ် ဒါပေမဲ့ အနောက်ရွေ့သွားတယ် ၊ နင်က ချစ်တော့ ချစ်တတ်တယ် ဒါပေမဲ့ ရက်စက်သွားတယ်၊ မကြင်နာလို့ ငါ့ကို ထားသွားတဲ့အခါ မင်းနှစ်သက်ရင် ငါပျော်ပါတယ် “ ဆိုပြီး ဇင်အောင်က စာသားတစ်လုံးချင်းစီကို ပီပီသသလေးသီဆိုသွားတာက အတော်လေးကို နားထောင်ကောင်းတဲ့ သီချင်းပါပဲနော်…

Related Article >>> ဟီရိုးအင်းလို စွဲလမ်းစေမယ့် သီချင်းတွေနဲ့ စင်မြင့်ထက်က Lana Del Rey

မတော်တဆ ( ကျော်ဇင်မင်း )

ဒီသီချင်းကတော့ အရမ်းတွေထိရှလွန်းလို့ မင်မင်အထပ်ထပ် နားထောင်မိနေတဲ့ သီချင်းလေးပါ.. တေးရေးဝေကြီးရဲ့ စာသားတစ်ကြောင်းစီတိုင်းက နားထဲတင်မက ရင်ထဲပါ စွဲလွန်းလို့ မဖြစ်မနေ နားထောင်ကြည့်သင့်တဲ့ သီချင်းလေးပါ ယောင်းရေ… “ ငါ့လောက် ချစ်တဲ့သူလေ… နင်ရှာဖွေကြည့်ပါ… တကယ်လို့များ မတော်တဆဆုံတဲ့အခါ အဆင်မပြေရင်တောင် နည်းနည်းတော့ပြုံးပြ”ဆိုပြီး ချစ်သူနဲ့ ပြတ်ပြတ်သားသား မဖြစ်သေးတဲ့ အခြေအနေကို ကျော်ဇင်မင်းရဲ့ ကြည်လင်စူးရှတဲ့ အသံလေးနဲ့ သီဆိုပေးထားတာမို့ နားထဲစွဲလွယ်တဲ့ သီချင်းကောင်းလေးပါနော်…

ဒီတစ်ခေါက်မှာ မင်မင်စုစည်းပေးတဲ့သီချင်းလေးတွေက ယောင်းတို့အကြိုက်နဲ့ ထပ်တူကျနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်.. နောက်ထပ်လည်း ယောင်းတို့အကြိုက်နဲ့ ထပ်တူကျစေမယ့် အကြောင်းအရာတွေကို တင်ဆက်ပေးဦးမှာမို့ ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်…

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

No Comments Yet

Comments are closed