ပန်းချီကားတစ်ချပ်ရောင်းဈေး ဒေါ်လာထောင်ချီရနေတဲ့ ပန်းချီဆရာဝက်မလေး

ချစ်စရာ… တော်လိုက်တဲ့ ဝက်ကလေး <3

ဝက်ကလေးတစ်ကောင်ဟာ လူသားတွေအတွက် အသားဟင်းလျာ တစ်ခွက်အဖြစ်နဲ့သာ အသုံးဝင်တာမဟုတ်ပါဘူး။ ဝက်ကလေးတွေမှာ အခြားသော အစွမ်းအစတွေလည်း ရှိနေတယ်ဆိုတာကို တောင်အာဖရိကမှာရှိတဲ့ ဝက်မလေးတစ်ကောင်က သက်သေပြလိုက်ပါပြီ။

လွန်ခဲ့တဲ့ နှစ်နှစ်က တိရိစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Joanne Lefson ဟာ လေးပတ်အရွယ် ဝက်မလေးတစ်ကောင်ကို သားသတ်ရုံကနေ ကယ်တင်ပြီး အချစ်တော် တိရိစ္ဆာန်လေးအဖြစ် မွေးစားခဲ့ပါတယ်။ သူ့ရဲ့ ဝက်မလေးအပျင်းပြေကစားဖို့ ဘောလုံးတစ်လုံးကို ပေးခဲ့တော့ ဝက်မလေးက စိတ်ဝင်စားတဲ့ပုံ သိပ်မပေါ်ပါဘူး။ ဒါကြောင့် တစ်ရက်မှာတော့ ဝက်မလေးအတွက် ပန်းချီဆွဲစုတ်တံတစ်ချောင်းပေးပြီး သူမစိတ်ကြိုက်ဆော့ခွင့်ပေးခဲ့ပါတယ်။ အဲဒီကနေအစပြုလို့ ဝက်မလေးဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ပန်းချီဆွဲတဲ့ ဝက်ကလေး Pigcasso (ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆိုကို ဂုဏ်ပြုမှည့်ခေါ်ထားတာပါ) ရယ်လို့ နာမည်ကျော်လာပါတော့တယ်။

Joanne and Pigcasso

Pigcasso ဟာ သူမရဲ့ပါးစပ်နဲ့ စုတ်တံကိုကိုက်ကာ ပန်းချီဆွဲတတ်ပြီး သူမဆွဲတဲ့ ပန်းချီကားတွေက လူပုံတွေ၊ ရှုခင်းပုံတွေ အစရှိတဲ့ တွေ့မြင်နေကျ ပန်းချီကားမျိုးတော့မဟုတ်ပါဘူး။ စုတ်ချက်ထူထူနဲ့ အရောင်တွေကိုအားပြုထားတဲ့ မော်ဒန်ပန်းချီလို့အကြမ်းအားဖြင့်ခေါ်ဆိုနိုင်တဲ့ ပန်းချီကားမျိုးတွေဖြစ်ပါတယ်။ ဒါ့အပြင် ပီကာဆိုရဲ့ အနုပညာလက်ရာတွေရဲ့ လွှမ်းမိုးမှုတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။ “ကျွန်မက Pigcasso ကို ပန်းချီဆွဲဖို့ ဖိအားမပေးပါဘူး။ Pigcasso ကလည်း သူစိတ်ပါတဲ့အချိန်မှပဲ ဆွဲလေ့ရှိတာပါ” လို့ဆိုပါတယ်။ (အနုပညာသမားတွေ ဆိုတာဒီလိုပဲလေ၊ ခံစားချက်ရှိမှ အလုပ်လုပ်တာ 😛 )

Related Article >>> ခြံစည်းရိုးပိုက်လုံးတွေနဲ့ ထိုးဖောက်မိတာတောင် သေကံမရောက် သက်မပျောက်တဲ့ ပူစီလေး

Pigcasso ရဲ့ ဒေါ်လာကိုးထောင်တန် “Candy” အမည်ရပန်းချီကား

Related Article >>> သူတို့မှာလည်း အသက်နဲ့ပါ

ဝက်မလေး Pigcasso ဟာ အခုဆိုရင် သူမရဲ့ပန်းချီကားတွေပဲ စုစည်းရောင်းချတဲ့ ပန်းချီပြခန်းတစ်ခု တည်ထောင်ထားနိုင်ပြီဖြစ်ပါတယ်။ Pigcasso ရဲ့ ပန်းချီကားတိုင်းမှာ သူမရဲ့လက်မှတ်အဖြစ် နှုတ်သီးရာလေးကို နှိပ်ပေးလေ့ရှိပါသတဲ့။ (သူ့ရဲ့ ပန်းချီကားတွေကို အတုခိုးပြီးဆွဲမှာစိုးလို့ထင်ပါရဲ့) Pigcasso ရဲ့ ပန်းချီကားတွေဟာ ဒေါ်လာ ၂၈၀ကနေ၊ ဒေါ်လာ ၂၀၀၀ အထိဈေးရပါတယ်။ သူမရဲ့ ပန်းချီကားတွေရောင်းချရသမျှကို Pigcasso လက်ရှိနေထိုင်ရာဖြစ်တဲ့ သူမနဲ့ဘဝတူတိရိစ္ဆာန်လေးတွေရဲ့ နားခိုရာလည်းဖြစ်တဲ့ တိရိစ္ဆာန်လေးတွေကို ကူညီကယ်တင်ထိန်းသိမ်းရေးစခန်း (the South African Farm Sanctuary) ရဲ့ ရန်ပုံငွေအဖြစ် အသုံးပြုသွားမယ်လို့ သူမရဲ့ပိုင်ရှင် Joanne က ပြောဆိုသွားပါတယ်။

Pigcasso ရဲ့ပန်းချီပြခန်း

Pigcasso ရဲ့လက်ရာတွေကို ဝယ်ယူနေကျ ဖောက်သည်ဖြစ်တဲ့ ဂျာမန်လူမျိုး အနုပညာလက်ရာစုဆောင်းသူ Frank Schoenan က Pigcasso ရဲ့လက်ရာတွေကို သူနှစ်သက်အားပေးရတဲ့ အကြောင်းအရင်းများစွာ ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အရောင်ရွေးချယ်မှုနဲ့ စုတ်ချက်တွေကို သူအကြိုက်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

Joanne Lefson ဟာ Pigcasso ရဲ့အောင်မြင်မှုကနေ တစ်ဆင့် လူတွေကို ဝက်ကလေးဟာ စားဖို့သက်သက်တင်မက အခြားအရာတွေမှာပါ အကျိုးပြုနိုင်ကြောင်း သိရှိသွားဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ ဝက်ကလေးတွေတစ်ကောင်ချင်းစီဟာ အသားဟင်းလျာအဖြစ် အဆုံးမသတ်ရဘဲ ရှင်သန်ခွင့်ရခဲ့ရင် သူတို့လုပ်နိုင်မယ့်အရာတွေ အများကြီးရှိပါတယ်လို့လည်း ဆိုပါတယ်။

ယောင်းတို့လည်း Pigcasso ရဲ့အကြောင်းကို ဖတ်ရှုပြီးအသားစားဖို့အတွက် မွေးမြူခံရတဲ့ တိရိစ္ဆာန်လေးတွေရဲ့ဘဝကို ပိုမိုစာနာ နားလည်သွားလိမ့်မယ်လို့ အက်ဒ်မင်မျှော်လင့်ပါတယ်နော်။ ဝက်မလေး Pigcasso ရဲ့ ပန်းချီကားတွေကို ကြည့်ရှုအားပေးချင်ရင် ဒီ Website မှာအားပေးလို့ရပါသတဲ့ရှင်။

https://pigcasso.myshopify.com/

Sugar Cane (For Her Myanmar)

Reference : ITVDogonews

No Comments Yet

Comments are closed