နာမည္နဲ႔ လိုက္ေအာင္ ေယာင္းတို႔ ႏွလံုးသားကို ခလုတ္တိုက္သြားမယ့္ “Touch Your Heart”

အျပန္အလွန္သဝန္တိုၿပီး ရိုေနၾကၿပီဆို မင္းသမီးေနရာ ဝင္ခံစားပစ္တာ ကိုယ္တစ္ေယာက္တည္းလား

ကိုရီးယားစီးရီးေတြကို အဆက္မျပတ္ၾကည့္ေနရမွ ေနသာထိုင္သာရွိပါတယ္ဆိုတဲ့ ဇာတ္လမ္းတြဲခေရဇီ ေယာင္းတို႔အတြက္ ၂၀၁၉ ထြက္ကိုရီးယားစီးရီးေလးအေၾကာင္း  ေဖာက္သည္ခ်ေပးဦးမယ္ကြယ္ ။ ေဖေဖာ္ဝါရီလ ၆ရက္ေန႔ကတည္းက tvN ရုပ္သံလိုင္းမွာ စတင္ထုတ္လႊင့္ျပသခဲ့ၿပီး မတ္လကုန္ခါနီးမွာ အဆုံးသတ္ထားတာဆိုေတာ့ ေမွ်ာ္တလင့္လင့္နဲ႔ေစာင့္ရလို႔ ဖီးလ္ႀကဲမွာေၾကာက္တဲ့ ေယာင္းတို႔ ထမင္းေမ့ဟင္းေမ့နဲ႔ တထိုင္တည္း အၿပီးဖီးလ္(အဲေလ.. အၿပီးၾကည့္လို႔ရတာေပါ့ေနာ္)။ ဒီေလာက္ေတာင္ နိဒါန္းေတြခ်ီၿပီးဆိုေတာ့ ဇာတ္ကားနာမည္ကို သိခ်င္ေလာက္ၿပီေပါ့ ။ ေယာင္းတို႔ႏွလုံးသားကို ခလုတ္တိုက္ဦးမယ့္ “Touch Your Heart” ဆိုတဲ့ဇာတ္လမ္းတြဲပါ။

Goblin ဇာတ္လမ္းတြဲထဲက ေသမင္းတို႔အတြဲဆိုၿပီး နာမည္ႀကီးတဲ့ Lee Dong Wook နဲ႔  Yoo In-na တို႔ အဓိက ပါဝင္သရုပ္ေဆာင္ထားတဲ့ ဒီဇာတ္လမ္းဟာ ဥပေဒေလာကရဲ႕ အရႈပ္အေထြးေတြအေၾကာင္းကို အဓိကထားရိုက္ကူးထားတာပါ ေယာင္းတို႔ေရ… လူငယ္ဆန္ဆန္ အခ်စ္ဇာတ္လမ္းေလးကိုမွ ဟာသေႏွာၿပီး ၾကည့္ရမယ့္ ဇာတ္ကားေကာင္းေလး တစ္ကားေပါ့..

Related article>>>ကိုရီးယားကားအသစ္ေတြကို ေမွ်ာ္လင့္ေစာင့္စားေနတဲ့ ေယာင္းတို႔အတြက္ “New KDrama Alert”

ဇာတ္လမ္းအက်ဥ္းကေတာ့ မူးယစ္ေဆးဝါးသုံးစြဲတယ္ဆိုတဲ့ ေကာလဟာလေတြေၾကာင့္ နာမည္ဂုဏ္သတင္းက်ဆင္းခဲ့ရတဲ့ ထိပ္တန္းမင္းသမီးအိုယြန္ဆိုးဟာ အႏုပညာေလာကထဲ ျပန္လည္ဝင္ေရာက္ႏိုင္ဖို႔ ဇာတ္လမ္းတစ္ခုရရွိခဲ့ပါတယ္။ ဒါေပမဲ့ သူ(မ) ပါဝင္သရုပ္ေဆာင္ရမယ့္ ဇာတ္ရုပ္က ေရွ႕ေနတစ္ေယာက္ ျဖစ္ေနတဲ့အခါမွာ သ႑ာန္လုပ္၊ သရုပ္တူေအာင္ဆိုၿပီး ေရွ႕ေနေလာကရဲ႕ အေတာ္ဆံုး ေရွ႕ေနတစ္ေယာက္ရဲ႕ အတြင္းေရးမွဴးအေနနဲ႔ အလုပ္သင္ဆင္းရပါေတာ့တယ္။

အေတာ္ဆုံးေရွ႕ေန ကြမ္ဂၽြန္ဝူးကေတာ့ အေပ်ာ္အပါးကို မခုံမင္ တိက်ျပတ္သားၿပီး အျပံဳးအရယ္မရွိ ေအးစက္စက္ပုံစံေနတတ္ၿပီး မလႊဲေရွာင္သာလို႔သာ မင္းသမီးအိုယြန္ဆိုးကို အတြင္းေရးမွဴးအေနနဲ႔ လက္ခံလိုက္ရတာျဖစ္ပါတယ္။

အေျခႀကီးတဲ့မင္းသမီးနဲ႔ မာနႀကီးတဲ့ေရွ႕ေနတို႔ၾကား ဘယ္လိုလြဲေခ်ာ္မႈေတြ ျဖစ္လာဦးမွာလဲ…

ေအးစက္မာေက်ာတဲ့ ဆက္ဆံေရးကေန ခ်စ္သူေတြအျဖစ္ ဘယ္လို ေျပာင္းလဲသြားမွာလဲ…

စတာေတြအျပင္ ဇာတ္ပို႔ေတြရဲ႕ ဟာသေႏွာတဲ့ အခ်စ္ဇာတ္လမ္းေတြကိုပါ တစ္ပိုင္းၿပီးတစ္ပိုင္း လိုက္ပါစီးေမ်ာခံစားရမယ့္ ၾကည့္ရႈခံစားရဦးမွာဆိုေတာ့ ၾကည့္ရတာ အေတာ္တန္တဲ့ ဇာတ္ကားေလးပါပဲ ေယာင္းတို႔ေရ..

မင္မင္ေျပာျပေနတာေတြက ဇာတ္ကားရဲ႕တစ္စိတ္တစ္ပိုင္းပဲရွိပါေသးတယ္။ ဇာတ္လမ္းရဲ႕ ေစာေစာစီးစီးမွာတင္  အခ်စ္ဇာတ္လမ္းအစပ်ိဳးထားတယ္ဆိုေတာ့ မထင္မွတ္ထားတဲ့ ဘယ္လိုကိစၥေတြရွိ္လာဦးမလဲဆိုတာေတာ့ ေယာင္းတို႔ကိုယ္တိုင္ပဲ ဆက္လက္ၾကည့္ရႈလိုက္ၾကပါဦးေနာ္။

Related article>>>LDRS ေတြ ခ်စ္သူကိုအလြမ္းေျဖရင္း ၾကည့္သင့္တဲ့ ရုပ္ရွင္(၃)ကား

ေအးတိေအးစက္ပုံစံကေန အျပန္အလွန္ေတြသဝန္တိုရင္း အခ်စ္ဇာတ္လမ္းဖန္လာပုံကို အသည္းတယားယားနဲ႔ ၾကည့္ရင္း ေခါင္းအုံးေတြ ဖက္လုံးေတြကို ဖက္ကိုက္ရတဲ့အထိ အူယားေနမွာကိုေတာ့ ျမင္ေယာင္ေနပါၿပီရွန္ 😛

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

အပြန်အလှန်သဝန်တိုပြီး ရိုနေကြပြီဆို မင်းသမီးနေရာ ဝင်ခံစားပစ်တာ ကိုယ်တစ်ယောက်တည်းလား

ကိုရီးယားစီးရီးတွေကို အဆက်မပြတ်ကြည့်နေရမှ နေသာထိုင်သာရှိပါတယ်ဆိုတဲ့ ဇာတ်လမ်းတွဲခရေဇီ ယောင်းတို့အတွက် ၂၀၁၉ ထွက်ကိုရီးယားစီးရီးလေးအကြောင်း ဖောက်သည်ချပေးဦးမယ်ကွယ် ။ ဖေဖော်ဝါရီလ ၆ရက်နေ့ကတည်းက tvN ရုပ်သံလိုင်းမှာ စတင်ထုတ်လွှင့်ပြသခဲ့ပြီး မတ်လကုန်ခါနီးမှာ အဆုံးသတ်ထားတာဆိုတော့ မျှော်တလင့်လင့်နဲ့စောင့်ရလို့ ဖီးလ်ကြဲမှာကြောက်တဲ့ ယောင်းတို့ ထမင်းမေ့ဟင်းမေ့နဲ့ တထိုင်တည်း အပြီးဖီးလ်(အဲလေ.. အပြီးကြည့်လို့ရတာပေါ့နော်)။ ဒီလောက်တောင် နိဒါန်းတွေချီပြီးဆိုတော့ ဇာတ်ကားနာမည်ကို သိချင်လောက်ပြီပေါ့ ။ ယောင်းတို့နှလုံးသားကို ခလုတ်တိုက်ဦးမယ့် “Touch Your Heart” ဆိုတဲ့ဇာတ်လမ်းတွဲပါ။

Goblin မှာ လိုက်ဖက်လွန်းတဲ့ သေမင်းတို့အတွဲဆိုပြီး နာမည်ကြီးတဲ့ Lee Dong Wook နဲ့ Yoo In-na တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ကားမှာ ကိုရီးယားကားတွေရဲ့ အကြောင်းအရာတစ်ခုကို ဇာတ်အိမ်တည်တတ်တဲ့ ထုံးစံအတိုင်း ဥပဒေလောကရဲ့ အရှုပ်အထွေးတွေအကြောင်းကို အဓိကထားရိုက်ကူးထားတာပါ ယောင်းတို့ရေ… လူငယ်ဆန်ဆန် အချစ်ဇာတ်လမ်းလေးကိုမှ ဟာသနှောပြီး ကြည့်ရမယ့် ဇာတ်ကားကောင်းလေး တစ်ကားပေါ့..

Related article>>>ကိုရီးယားကားအသစ်တွေကို မျှော်လင့်စောင့်စားနေတဲ့ ယောင်းတို့အတွက် “New KDrama Alert”

ဇာတ်လမ်းအကျဉ်းကတော့ မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုတဲ့ ကောလဟာလတွေကြောင့် နာမည်ဂုဏ်သတင်းကျဆင်းခဲ့ရတဲ့ ထိပ်တန်းမင်းသမီးအိုယွန်ဆိုးဟာ အနုပညာလောကထဲ ပြန်လည်ဝင်ရောက်နိုင်ဖို့ ဇာတ်လမ်းတစ်ခုရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ(မ) ပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်က ရှေ့နေတစ်ယောက် ဖြစ်နေတဲ့အခါမှာ သဏ္ဍာန်လုပ်၊ သရုပ်တူအောင်ဆိုပြီး ရှေ့နေလောကရဲ့ အတော်ဆုံး ရှေ့နေတစ်ယောက်ရဲ့ အတွင်းရေးမှူးအနေနဲ့ အလုပ်သင်ဆင်းရပါတော့တယ်။

အတော်ဆုံးရှေ့နေ ကွမ်ဂျွန်ဝူးကတော့ အပျော်အပါးကို မခုံမင် တိကျပြတ်သားပြီး အပြုံးအရယ်မရှိ အေးစက်စက်ပုံစံနေတတ်ပြီး မလွှဲရှောင်သာလို့သာ မင်းသမီးအိုယွန်ဆိုးကို အတွင်းရေးမှူးအနေနဲ့ လက်ခံလိုက်ရတာဖြစ်ပါတယ်။

အခြေကြီးတဲ့မင်းသမီးနဲ့ မာနကြီးတဲ့ရှေ့နေတို့ကြား ဘယ်လိုလွဲချော်မှုတွေ ဖြစ်လာဦးမှာလဲ…

အေးစက်မာကျောတဲ့ ဆက်ဆံရေးကနေ ချစ်သူတွေအဖြစ် ဘယ်လို ပြောင်းလဲသွားမှာလဲ…

စတာတွေအပြင် ဇာတ်ပို့တွေရဲ့ ဟာသနှောတဲ့ အချစ်ဇာတ်လမ်းတွေကိုပါ တစ်ပိုင်းပြီးတစ်ပိုင်း လိုက်ပါစီးမျောခံစားရမယ့် ကြည့်ရှုခံစားရဦးမှာဆိုတော့ ကြည့်ရတာ အတော်တန်တဲ့ ဇာတ်ကားလေးပါပဲ ယောင်းတို့ရေ..

မင်မင်ပြောပြနေတာတွေက ဇာတ်ကားရဲ့တစ်စိတ်တစ်ပိုင်းပဲရှိပါသေးတယ်။ ဇာတ်လမ်းရဲ့ စောစောစီးစီးမှာတင် အချစ်ဇာတ်လမ်းအစပျိုးထားတယ်ဆိုတော့ မထင်မှတ်ထားတဲ့ ဘယ်လိုကိစ္စတွေရှိလာဦးမလဲဆိုတာတော့ ယောင်းတို့ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။

Related article>>>LDRS တွေ ချစ်သူကိုအလွမ်းဖြေရင်း ကြည့်သင့်တဲ့ ရုပ်ရှင်(၃)ကား

အေးတိအေးစက်ပုံစံကနေ အပြန်အလှန်တွေသဝန်တိုရင်း အချစ်ဇာတ်လမ်းဖန်လာပုံကို အသည်းတယားယားနဲ့ ကြည့်ရင်း ခေါင်းအုံးတွေ ဖက်လုံးတွေကို ဖက်ကိုက်ရတဲ့အထိ အူယားနေမှာကိုတော့ မြင်ယောင်နေပါပြီရှန် 😛

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

No Comments Yet

Comments are closed