မ်က္ရည္မခိုင္သူေတြ လုံးဝမၾကည့္သင့္တဲ့ “More Than Blue” ဇာတ္ကား

မင္မင္ဆို မ်က္ရည္ေတြနဲ႔ ႏွာရည္ေတြေရာၿပီး ပက္ပက္စက္စက္ငိုပစ္တာ

ဘယ္လိုဇာတ္ကားမ်ိဳးေတြကို အႀကိဳက္ဆုံးလဲ ေယာင္းတို႔ေရ.. မင္မင္ကေတာ့ ဇာတ္ကားဆို ေၾကကြဲဝမ္းနည္းၿပီး ဝက္ဝက္ကြဲငိုရမွ အေကာင္းဆုံးအႀကိဳက္ဆုံးလို႔ ယူဆထားတတ္သူမ်ိဳးပါ.. အခုေယာင္းတို႔ကို ေဝမွ်ေပးမယ့္ ဇာတ္ကားေလးကလည္း မင္မင္အႀကိဳက္ဆုံး ဇာတ္ကားေကာင္းေတြထဲကမွ ဇာတ္အိမ္ခိုင္ခိုင္နဲ႔ မ်က္ရည္မစဲေအာင္ငိုရမယ့္ More Than Blue ဆိုတဲ့ ဇာတ္ကားေလးပါ။

ဒီကားေလးကေတာ့ ၂၀၀၉ခုႏွစ္ကထြက္ရွိထားတဲ့ ကိုရီးယားရုပ္ရွင္ More Than Blue ဆိုတဲ့ဇာတ္ကားေလးကို ျပန္လည္ဆန္းသစ္ၿပီး နာမည္တူနဲ႔ပဲ ျပန္လည္ထြက္ရွိလာခဲ့တာပါ။ Chinese Box Office မွာ တစ္လေလာက္ ထိပ္ဆုံးေနရာမွာ ရပ္တည္ထားႏိုင္ခဲ့ၿပီး ဝင္ေငြ ၁၅၃ မီလီယံရရွိထားတာဆိုေတာ့ ဒီအခ်က္ေတြနဲ႔တင္ အရမ္းေတြၾကည့္ခ်င္သြားၿပီဟုတ္။

Related Article >>> နာမည္နဲ႔ လိုက္ေအာင္ ေယာင္းတို႔ ႏွလံုးသားကို ခလုတ္တိုက္သြားမယ့္ Touch Your Heart

ဇာတ္လမ္းအက်ဥ္းကို ေျပာျပရမယ္္ဆိုရင္ နာမည္မရွိတဲ့ အလြမ္းသီခ်င္းေလးကို အမွတ္မထင္နားေထာင္မိသြားတဲ့ အဆိုေတာ္တစ္ေယာက္က အာ့သီခ်င္းကိုျပန္ဆိုဖို႔ သီခ်င္းေရးဆရာကို လိုက္ရွာရင္း ေၾကကြဲဝမ္းနည္းဖြယ္ အခ်စ္ဇာတ္လမ္းတစ္ခုကုိ သိရွိသြားရတာပါ…

အခ်စ္ဇာတ္လမ္းေလးကေတာ့ ဖခင္ေသဆုံးၿပီး မိခင္စြန္႔ပစ္တာခံလိုက္ရတဲ့ K ဆိုတဲ့ေကာင္ေလးနဲ႔ ကားအက္စီးဒင့္ေၾကာင့္ မိသားစုတစ္ခုလုံးေသဆုံးၿပီး တစ္ေယာက္တည္းအထီးက်န္ေနရတဲ့ Cream ေကာင္မေလးတို႔ ႏွစ္ဦး (၁၆)ႏွစ္အရြယ္မွာ အစျပဳခဲ့ၾကတာပါ…

အထက္တန္းေက်ာင္းသားအရြယ္တည္းက အေဖာ္မဲ့တဲ့သူတို႔ႏွစ္ဦး တစ္ေယာက္အတြက္ တစ္ေယာက္အျပန္အလွန္ ရပ္တည္ေပးရင္း မိသားစုသဖြယ္ သတ္မွတ္ေနထိုင္ခဲ့ေၾကာင့္  အခ်စ္ေမတၱာေတြကို ဖြင့္ဟဖို႔ေႏွာင့္ေႏွးေနခဲ့ၾကတာပါ… Cream ဘက္က စကားလမ္းေၾကာင္းေတြစေပမဲ့ K ဘက္ကေတာ့ ေကာင္မေလးကို အသိမခံခ်င္တဲ့ ကိစၥတစ္ခုေၾကာင့္ အမ်ိဳးမ်ိဳး တိမ္းေရွာင္ရင္း ေနာက္ကြယ္ကေန ေပးဆပ္ဖို႔အတြက္သာ ႀကိဳးစားေနခဲ့ပါတယ္…

Related Article >>> လက္ရွိမွာ အေအာင္ျမင္ဆံုး ျဖစ္ေနတဲ့ ေခ်ာက္ခ်ားစရာ Us ဇာတ္ကား

Cream ကလည္း K အသိမခံခ်င္တဲ့ကိစၥကို သိေနလ်က္နဲ႔ သူခ်စ္ေနရသူ စိတ္ခ်မ္းသာဖို႔ မသိခ်င္ေယာင္ေဆာင္ကာ အလိုက္သင့္ ေနေနရေပမဲ့ ေနာက္ကြယ္မွာ ႀကိတ္မွိတ္ခံစားေနရတာေတြကို ေၾကကြဲဖြယ္ဇာတ္လမ္းတစ္ပုဒ္အျဖစ္ အသက္သြင္းထားတာပါ.. ဇာတ္ကားကိုစီးေမ်ာခံစားရင္း ဇာတ္လမ္းသက္သက္ပါလားဆိုတာကို ေမ့ၿပီး ကိုယ္တိုင္လည္း ဝင္ခံစား သူတို႔ကိုလည္းသနားနဲ႔ ခံစားမႈအရွိန္အဟုန္ေတြ ျပင္းေစမယ့္ ဇာတ္ကားေကာင္းတစ္ကားပါပဲ ေယာင္းတို႔ေရ…

K မသိေစခ်င္တဲ့ ကိစၥကဘာလဲ .. Cream ကေရာ ေနာက္ဆုံးအခ်ိန္ထိ ဘယ္လိုေပးဆပ္မလဲဆိုတာေတြကိုေတာ့ ဒီဇာတ္ကားေလးမွာ ဆက္လက္ၾကည့္ရႈေပးၾကပါေနာ္…

ေနာက္ထပ္လည္း ေယာင္းတို႔အႀကိဳက္နဲ႔ ထပ္တူက်ေစမယ့္ ဇာတ္ကားေကာင္းေတြအေၾကာင္း ေဝမွ်ေပးဦးမွာမို႔ ဆက္လက္ ေစာင့္ေမွ်ာ္ေပးၾကပါဦးလို႔…

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

မင်မင်ဆို မျက်ရည်တွေနဲ့ နှာရည်တွေရောပြီး ပက်ပက်စက်စက်ငိုပစ်တာ

ဘယ်လိုဇာတ်ကားမျိုးတွေကို အကြိုက်ဆုံးလဲ ယောင်းတို့ရေ.. မင်မင်ကတော့ ဇာတ်ကားဆို ကြေကွဲဝမ်းနည်းပြီး ဝက်ဝက်ကွဲငိုရမှ အကောင်းဆုံးအကြိုက်ဆုံးလို့ ယူဆထားတတ်သူမျိုးပါ.. အခုယောင်းတို့ကို ဝေမျှပေးမယ့် ဇာတ်ကားလေးကလည်း မင်မင်အကြိုက်ဆုံး ဇာတ်ကားကောင်းတွေထဲကမှ ဇာတ်အိမ်ခိုင်ခိုင်နဲ့ မျက်ရည်မစဲအောင်ငိုရမယ့် More Than Blue ဆိုတဲ့ ဇာတ်ကားလေးပါ။

ဒီကားလေးကတော့ ၂၀၀၉ခုနှစ်ကထွက်ရှိထားတဲ့ ကိုရီးယားရုပ်ရှင် More Than Blue ဆိုတဲ့ဇာတ်ကားလေးကို ပြန်လည်ဆန်းသစ်ပြီး နာမည်တူနဲ့ပဲ ပြန်လည်ထွက်ရှိလာခဲ့တာပါ။ Chinese Box Office မှာ တစ်လလောက် ထိပ်ဆုံးနေရာမှာ ရပ်တည်ထားနိုင်ခဲ့ပြီး ဝင်ငွေ ၁၅၃ မီလီယံရရှိထားတာဆိုတော့ ဒီအချက်တွေနဲ့တင် အရမ်းတွေကြည့်ချင်သွားပြီဟုတ်။

Related Article >>> နာမည်နဲ့ လိုက်အောင် ယောင်းတို့ နှလုံးသားကို ခလုတ်တိုက်သွားမယ့် Touch Your Heart

ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် နာမည်မရှိတဲ့ အလွမ်းသီချင်းလေးကို အမှတ်မထင်နားထောင်မိသွားတဲ့ အဆိုတော်တစ်ယောက်က အာ့သီချင်းကိုပြန်ဆိုဖို့ သီချင်းရေးဆရာကို လိုက်ရှာရင်း ကြေကွဲဝမ်းနည်းဖွယ် အချစ်ဇာတ်လမ်းတစ်ခုကို သိရှိသွားရတာပါ…

အချစ်ဇာတ်လမ်းလေးကတော့ ဖခင်သေဆုံးပြီး မိခင်စွန့်ပစ်တာခံလိုက်ရတဲ့ K ဆိုတဲ့ကောင်လေးနဲ့ ကားအက်စီးဒင့်ကြောင့် မိသားစုတစ်ခုလုံးသေဆုံးပြီး တစ်ယောက်တည်းအထီးကျန်နေရတဲ့ Cream ကောင်မလေးတို့ နှစ်ဦး (၁၆)နှစ်အရွယ်မှာ အစပြုခဲ့ကြတာပါ…

အထက်တန်းကျောင်းသားအရွယ်တည်းက အဖော်မဲ့တဲ့သူတို့နှစ်ဦး တစ်ယောက်အတွက် တစ်ယောက်အပြန်အလှန် ရပ်တည်ပေးရင်း မိသားစုသဖွယ် သတ်မှတ်နေထိုင်ခဲ့ကြောင့်  အချစ်မေတ္တာတွေကို ဖွင့်ဟဖို့နှောင့်နှေးနေခဲ့ကြတာပါ… Cream ဘက်က စကားလမ်းကြောင်းတွေစပေမဲ့ K ဘက်ကတော့ ကောင်မလေးကို အသိမခံချင်တဲ့ ကိစ္စတစ်ခုကြောင့် အမျိုးမျိုး တိမ်းရှောင်ရင်း နောက်ကွယ်ကနေ ပေးဆပ်ဖို့အတွက်သာ ကြိုးစားနေခဲ့ပါတယ်…

Related Article >>> လက်ရှိမှာ အအောင်မြင်ဆုံး ဖြစ်နေတဲ့ ချောက်ချားစရာ Us ဇာတ်ကား

Cream ကလည်း K အသိမခံချင်တဲ့ကိစ္စကို သိနေလျက်နဲ့ သူချစ်နေရသူ စိတ်ချမ်းသာဖို့ မသိချင်ယောင်ဆောင်ကာ အလိုက်သင့် နေနေရပေမဲ့ နောက်ကွယ်မှာ ကြိတ်မှိတ်ခံစားနေရတာတွေကို ကြေကွဲဖွယ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် အသက်သွင်းထားတာပါ.. ဇာတ်ကားကိုစီးမျောခံစားရင်း ဇာတ်လမ်းသက်သက်ပါလားဆိုတာကို မေ့ပြီး ကိုယ်တိုင်လည်း ဝင်ခံစား သူတို့ကိုလည်းသနားနဲ့ ခံစားမှုအရှိန်အဟုန်တွေ ပြင်းစေမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ ယောင်းတို့ရေ…

K မသိစေချင်တဲ့ ကိစ္စကဘာလဲ .. Cream ကရော နောက်ဆုံးအချိန်ထိ ဘယ်လိုပေးဆပ်မလဲဆိုတာတွေကိုတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါနော်…

နောက်ထပ်လည်း ယောင်းတို့အကြိုက်နဲ့ ထပ်တူကျစေမယ့် ဇာတ်ကားကောင်းတွေအကြောင်း ဝေမျှပေးဦးမှာမို့ ဆက်လက် စောင့်မျှော်ပေးကြပါဦးလို့…

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

No Comments Yet

Comments are closed