ၾကည့္ၿပီးသား.. ႀကိဳက္ၿပီးသား… ဘယ္ေတာ့မွ မေမ့ႏုိင္မယ့္ ကားေလးေတြလို႔ ထင္ပါတယ္ေနာ္…
ကာတြန္းကားဆိုတာ ကေလးေတြပဲ ၾကည့္ရတယ္လို႔ ဘယ္သူက ေျပာလဲေနာ္? တကယ္ေတာ့ ကာတြန္းကားေတြဟာ stressေတြကို အေကာင္းဆံုး ေျဖေလ်ာ့ေပးတဲ့ ေဖ်ာ္ေျဖေရးဇာတ္ကားေတြ ျဖစ္သလို သူ႔ဟာနဲ႔သူ အဓိပၸာယ္ရွိတဲ့ သေဘာတရားေလးေတြ၊ အတုယူစရာေလးေတြ ပါေနတတ္ပါတယ္။
ဒါေၾကာင့္ ခုတစ္ေခါက္မွာေတာ့ ဘယ္ႏွစ္ခါၾကည့္ၾကည့္ မရိုးႏိုင္တဲ့ IMDB rating ျမင့္တဲ့ အန္းနီးေမးရွင္းဇာတ္ကားေလးေတြကို ေျပာျပေပးမယ္ေနာ္….
(1) Chicken Run (2000)
ဒီဇာတ္ကားေလးက ၂၀၀၀ခုႏွစ္တည္းက ထြက္ခဲ့တာျဖစ္ၿပီး 90s kids ေတြ အႀကိဳက္ေပါ့။
IMDB – 7 အထိ ရထားၿပီး ဒရာမာ/ဟာသ ဇာတ္လမ္းေလး ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အဂၤလန္ျပည္၊ ေယာ့ခ္ရွိုင္းယားက လယ္ကြင္းတစ္ခုထဲက ၾကက္ေတြဟာ လၽွပ္စစ္ဝါယာျခံနဲ႔ ခတ္ထားခံရၿပီး အၿမဲဥဥေပးရပါတယ္။ တကယ္လို႔မ်ား ဥမဥႏိုင္ေတာ့ဘူးဆို ျခံပိုင္ရွင္လင္မယားရဲ႕ သတ္စားျခင္းကို ခံရပါေတာ့တယ္။ သူတို႔ဟာ ထြက္ေျပးဖို႔ ၾကံၾကေပမဲ့ မေအာင္ျမင္ၾကဘဲ အၿမဲ ျပန္အမိခံေနရပါတယ္။
တစ္ေန႔မွာေတာ့ ၾကက္ျခံထဲကို ဉာဏ္ေကာင္းတဲ့ အေမရိကန္ ၾကက္တစ္ေကာင္ေရာက္လာပါေတာ့တယ္။ တစ္ဆက္တည္းမွာပဲ ၾကက္သားအစာသြပ္လုပ္တဲ့ စက္တစ္ခုက ျခံထဲကို ေရာက္လာတဲ့အခါမွာေတာ့ အခ်ိန္ဆြဲေနလို႔ မရေတာ့ဘဲ မျဖစ္ျဖစ္တဲ့နည္းနဲ႔ ထြက္ေျပးမွ ရပါေတာ့မယ္။
ျခံအျမင့္ႀကီးမွာ လၽွပ္စစ္ဝါယာႀကိဳးနဲ႔၊ အနားမွာလည္း ေၾကာက္စရာေကာင္းတဲ့ ေခြးႏွစ္ေကာင္ ေစာင့္ၾကည့္တာ ခံရတဲ့ ၾကက္ေလးေတြ ဘယ္နည္းနဲ႔မ်ား ထြက္ေျပးႏိုင္ၾကမွာလဲ?
သူတို႔ရဲ႕ မစ္ရွင္ကေကာ ေအာင္ျမင္ပါ့မလား?
ဘယ္သူေတြက စေတးခံလိုက္ရမွာလဲ?
စတာေတြကိုေတာ့ ပိတ္ကားေပၚမွာ ရႈေပါ့ ေယာင္းတို႔ေရ…
သနားစရာလည္း ေကာင္းသလို ဇာတ္ေကာင္ ၾကက္ေလးေတြကလည္း အူတက္ေနေအာင္ ရယ္ရတာမို႔ ဘယ္ေတာ့ၾကည့္ၾကည့္ မရိုးတဲ့ ဇာတ္လမ္းတစ္ခုပါပဲ။
Related Article >>> ၂၀၁၈ အတြက္ IMDb ကေရြးခ်ယ္ထားတဲ့ အေကာင္းဆံုး ရုပ္ရွင္ကား (၅) ကား
(2) Spirited Away (2001)
ဂ်ပန္ ဒစ္စနီလို႔ ခ်စ္စႏိုးေခၚၾကတဲ့ studio Ghibli ရဲ႕ အေကာင္းဆံုး ရုပ္ရွင္လို႔ ဆိုႏိုင္တဲ့ ဇာတ္ကားတစ္ကားပါ။ IMDB 8.6 ရထားၿပီး ကမာၻ႕ ဒုတိယဝင္ေငြအမ်ားဆံုး anime ဇာတ္လမ္းျဖစ္ခဲ့ပါတယ္။
စိတ္ကူးယဥ္/ ထူးဆန္းေထြလာ ဇာတ္လမ္း ျဖစ္ၿပီး ဇာတ္လမ္းအက်ဥ္းကေတာ့ ဆယ္ႏွစ္သမီးေလး ခ်ီဟီရိုနဲ႔ သူ႔မိဘေတြဟာ လူသူမေနတဲ့ ပန္းျခံလို ေနရာတစ္ခုကို ေရာက္သြားပါတယ္။ လူေတြမရွိဘဲ စားေကာင္းေသာက္ဖြယ္ေတြ ထူးဆန္းစြာ ျပည့္ႏွွက္ေနတဲ့ အဲဒီ ပန္းျခံမွာ ခ်ီဟီရို အေဖနဲ႔ အေမဟာ အစားအေသာက္ေတြ စားမိၿပီး ညဘက္မွာ ဝက္ဘဝကို ေျပာင္းသြားပါေတာ့တယ္။
တကယ္ေတာ့ အဲ့ေနရာဟာ တေစၧေတြ အပန္းေျဖတဲ့ ေနရာ ျဖစ္ၿပီး ခ်ီဟီရို တစ္ေယာက္ သူမ မိဘေတြ ျပန္လြတ္ေျမာက္ဖို႔အတြက္ အဲ့ေနရာမွာ သရဲေတြနဲ႔ အတူေနၿပီး စြန္႔စြန္႔စားစား အလုပ္လုပ္ရပါေတာ့တယ္။
ဉာဏ္နီဉာဏ္နက္မ်ားၿပီး ေၾကာက္စရာေကာင္းတဲ့ တေစၧေလာကမွာ ခ်ီဟီရို တစ္ေယာက္ ဘယ္လိုမ်ား ရွင္သန္ေနထိုင္မွာလဲ?
လြတ္ေျမာက္ႏိုင္ပါ့မလား?
ဆိုတာကို ေတာ့…. မေျပာေတာ့ပါဘူးေနာ္။ Spoil မိမွာ စိုးလို႔
ေမွာ္ဆန္ဆန္ ဇာတ္လမ္းႀကိဳက္တဲ့သူေတြအတြက္ အေတာ္ေလး မိုက္တဲ့ ဇာတ္ကားျဖစ္ၿပီး ခ်စ္ဖို႔ေကာင္းတဲ့ ဇာတ္ေကာင္ေလးေတြေၾကာင့္ ဘယ္ႏွစ္ခါ ၾကည့္ၾကည့္ ရင္ထဲထိတဲ့ ဇာတ္လမ္းေလးပါ။
(3) Ratatouille (2007)
စိတ္ကူးယဥ္/ဒရာမာ ျဖစ္ၿပီး IMDB 8 အထိ ရထားတဲ့ ဒီကားေလးဟာ ဆန္းေတာ့ ဆန္းၾကယ္ပါတယ္။ လူတိုင္းမွွာ အိပ္မက္ေတြရွိတာ မဆန္းေပမဲ့ ႂကြက္ေလးတစ္ေကာင္က စားဖိုမွဴး ျဖစ္ခ်င္ေနတာေတာ့ ဆန္းလွပါတယ္။ ႂကြက္ေလးနာမည္က Remy ျဖစ္ၿပီး သူ႕အိပ္မက္ေၾကာင့္ မိသားစုနဲ႔ မၾကာခဏအတိုက္အခံျဖစ္ရတာေပါ့..
တစ္ရက္ သူ႕အစ္ကိုက မုန္႔သြားခိုးစားရင္း အိမ္ရွင္အေဒၚႀကီးက ေသနတ္နဲ႔ပစ္တဲ့အခါ တစ္မိသားစုလံုး ထြက္ေျပးရပါေတာ့တယ္.. (ႂကြက္မိသားစုႀကီး ထြက္ေျပးတာကို အခ်ဥ္ေတာ့ မထင္ေစခ်င္.. ေသခ်ာၾကည့္ရင္ ၾကက္သီးပါထမယ္ 😀 ) ေျပးရင္းလႊားရင္း တကယ္ေတာ့ လူစုကြဲ အဲေလ ႂကြက္စုကြဲသြားၿပီး Remy ရဲ႕ စိတ္ကူးအိပ္မက္ထဲက စားေသာက္ဆိုင္ႀကီးကို Remy ေတြ႕လိုက္ရတဲ့အခ်ိန္မွာ…
Remy တစ္ေယာက္ သူ႔အိမ္မက္ေတြကို အျပည့္အဝအေကာင္ထည္ေဖာ္ႏိုင္ပါ့မလား?
ဘယ္လို အခက္အခဲ စိန္ေခၚမႈေတြကို ဘယ္လိုရင္ဆိုင္ခဲ့လဲ?
ဆိုတာ ကိုယ့္ဟာကိုယ္ ျပန္ေႏႊးၿပီး ျပန္ၾကည့္ၾကပါေနာ္
nothing is impossible ဆိုတာ သက္ေသျပသြားတဲ့ ႂကြက္ေလးျဖစ္ၿပီး သူ႔ရဲ႕ လြဲေခ်ာ္ပံုေတြက အေတာ္ေလး ရယ္ရတာမို႔ ၾကည့္ရတာတန္မယ့္ အန္နီေမးရွင္းေလးပါ။ အစားေသာက္ေတြကိုလည္း ရွယ္ခ်က္ျပတာမို႔ သြားရည္လည္း ယိုရပါတယ္။
Related Article >>> ၂၀၁၉ အတြင္း အသစ္ထြက္ရွိလာမည့္ ႏိုင္ငံတကာဇာတ္ကားမ်ား
(4) Cloudy with a chance of meatballs
မိုးေပၚကေန အစားအေသာက္ေတြက်လာရင္ ေကာင္းမယ္လို႔ စိတ္ကူးယဥ္ဖူးပါသလား ? ဒါဆို ဒီဇာတ္လမ္းကို ၾကည့္လိုက္ပါလို႔။
IMDB 7 ရထားၿပီး သိပၸံစိတ္ကူးယဥ္ ဇာတ္လမ္းျဖစ္ပါတယ္။ ဇာတ္အိမ္အက်ဥ္းကေတာ့ ကၽြန္းႏိုင္ငံေလးျဖစ္တဲ့ Swallow Falls ၿမိဳ႕ေလးဟာ အေျခအေနေတြ ခက္ခဲေနတာမို႔ ဆာဒင္းငါးပဲ စားေနရပါတယ္။ ဒါေပမဲ့ တစ္ေန႔မွာေတာ့ လူငယ္သိပၸံပညာရွင္ေလး Flint Lockwood ဟာ ဒီျပႆနာကို ေျဖရွင္းဖို႔ စက္တစ္ခု တီထြင္လိုက္ပါတယ္။ အဲဒီစက္ကေတာ့ မိုးေပၚကေန စားေကာင္းေသာက္ဖြယ္ေတြ အဆက္မျပတ္က်လာေစတဲ့ စက္ပါပဲ။
အစကေတာ့ အားလံုး ျပံဳးေပ်ာ္ၾကေပမဲ့ စက္ကို မထိန္းခ်ဳပ္ႏိုင္ေတာ့တဲ့အခါ….
ၿမိဳ႕ေလး တစ္ခုလံုး အစားအေသာက္ေတြေအာက္မွာ တျဖည္းျဖည္း ႏွစ္ျမႇဳပ္လာတဲ့အခါ ….
ဒီအႏၱရာယ္ကို အျမန္ဆံုး ေျဖရွင္းဖို႔ လိုလာပါေတာ့တယ္။
ေရာင္စံု Ice-cream ေတြ pizza ေတြ အသားေခ်ာင္းႀကီးေတြ မိုးေပၚက က်လာတာမို႔ foodie ေတြ အၿမဲအမွတ္ရေနမယ့္ အန္နီေမးရွင္းကားေကာင္း တစ္ကားလို႔ ေျပာရင္ လြန္မယ္မထင္ပါဘူးေနာ္…
ကဲ…ဒါေတြကေတာ့ ေယာင္းတို႔ ငယ္ဘဝကို ျပန္အမွတ္ရေစသလို ဘယ္ခ်ိန္ၾကည့္ၾကည့္ အၿမဲၾကည့္ေကာင္းေနတဲ့ အန္နီးေမးရွင္းကားေလးေတြပါ။ ျပန္ေႏႊးၾကည့္ၾကမယ္ ဟုတ္?
By
Mia (For Her Myanmar)
reference links: IMDB Pixar Dream World
<<< Unicode >>>
ကြည့်ပြီးသား.. ကြိုက်ပြီးသား… ဘယ်တော့မှ မမေ့နိုင်မယ့် ကားလေးတွေလို့ ထင်ပါတယ်နော်…
ကာတွန်းကားဆိုတာ ကလေးတွေပဲ ကြည့်ရတယ်လို့ ဘယ်သူက ပြောလဲနော်? တကယ်တော့ ကာတွန်းကားတွေဟာ stressတွေကို အကောင်းဆုံး ဖြေလျော့ပေးတဲ့ ဖျော်ဖြေရေးဇာတ်ကားတွေ ဖြစ်သလို သူ့ဟာနဲ့သူ အဓိပ္ပာယ်ရှိတဲ့ သဘောတရားလေးတွေ၊ အတုယူစရာလေးတွေ ပါနေတတ်ပါတယ်။
ဒါကြောင့် ခုတစ်ခေါက်မှာတော့ ဘယ်နှစ်ခါကြည့်ကြည့် မရိုးနိုင်တဲ့ IMDB rating မြင့်တဲ့ အန်းနီးမေးရှင်းဇာတ်ကားလေးတွေကို ပြောပြပေးမယ်နော်….
(1) Chicken Run (2000)
ဒီဇာတ်ကားလေးက ၂၀၀၀ခုနှစ်တည်းက ထွက်ခဲ့တာဖြစ်ပြီး 90s kids တွေ အကြိုက်ပေါ့။
IMDB – 7 အထိ ရထားပြီး ဒရာမာ/ဟာသ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလန်ပြည်၊ ယော့ခ်ရှိုင်းယားက လယ်ကွင်းတစ်ခုထဲက ကြက်တွေဟာ လျှပ်စစ်ဝါယာခြံနဲ့ ခတ်ထားခံရပြီး အမြဲဥဥပေးရပါတယ်။ တကယ်လို့များ ဥမဥနိုင်တော့ဘူးဆို ခြံပိုင်ရှင်လင်မယားရဲ့ သတ်စားခြင်းကို ခံရပါတော့တယ်။ သူတို့ဟာ ထွက်ပြေးဖို့ ကြံကြပေမဲ့ မအောင်မြင်ကြဘဲ အမြဲ ပြန်အမိခံနေရပါတယ်။
တစ်နေ့မှာတော့ ကြက်ခြံထဲကို ဉာဏ်ကောင်းတဲ့ အမေရိကန် ကြက်တစ်ကောင်ရောက်လာပါတော့တယ်။ တစ်ဆက်တည်းမှာပဲ ကြက်သားအစာသွပ်လုပ်တဲ့ စက်တစ်ခုက ခြံထဲကို ရောက်လာတဲ့အခါမှာတော့ အချိန်ဆွဲနေလို့ မရတော့ဘဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ ထွက်ပြေးမှ ရပါတော့မယ်။
ခြံအမြင့်ကြီးမှာ လျှပ်စစ်ဝါယာကြိုးနဲ့၊ အနားမှာလည်း ကြောက်စရာကောင်းတဲ့ ခွေးနှစ်ကောင် စောင့်ကြည့်တာ ခံရတဲ့ ကြက်လေးတွေ ဘယ်နည်းနဲ့များ ထွက်ပြေးနိုင်ကြမှာလဲ?
သူတို့ရဲ့ မစ်ရှင်ကကော အောင်မြင်ပါ့မလား?
ဘယ်သူတွေက စတေးခံလိုက်ရမှာလဲ?
စတာတွေကိုတော့ ပိတ်ကားပေါ်မှာ ရှုပေါ့ ယောင်းတို့ရေ…
သနားစရာလည်း ကောင်းသလို ဇာတ်ကောင် ကြက်လေးတွေကလည်း အူတက်နေအောင် ရယ်ရတာမို့ ဘယ်တော့ကြည့်ကြည့် မရိုးတဲ့ ဇာတ်လမ်းတစ်ခုပါပဲ။
Related Article >>> ၂၀၁၈ အတွက် IMDb ကရွေးချယ်ထားတဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၅) ကား
(2) Spirited Away (2001)
ဂျပန် ဒစ်စနီလို့ ချစ်စနိုးခေါ်ကြတဲ့ studio Ghibli ရဲ့ အကောင်းဆုံး ရုပ်ရှင်လို့ ဆိုနိုင်တဲ့ ဇာတ်ကားတစ်ကားပါ။ IMDB 8.6 ရထားပြီး ကမ္ဘာ့ ဒုတိယဝင်ငွေအများဆုံး anime ဇာတ်လမ်းဖြစ်ခဲ့ပါတယ်။
စိတ်ကူးယဉ်/ ထူးဆန်းထွေလာ ဇာတ်လမ်း ဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ ဆယ်နှစ်သမီးလေး ချီဟီရိုနဲ့ သူ့မိဘတွေဟာ လူသူမနေတဲ့ ပန်းခြံလို နေရာတစ်ခုကို ရောက်သွားပါတယ်။ လူတွေမရှိဘဲ စားကောင်းသောက်ဖွယ်တွေ ထူးဆန်းစွာ ပြည့်နှက်နေတဲ့ အဲဒီ ပန်းခြံမှာ ချီဟီရို အဖေနဲ့ အမေဟာ အစားအသောက်တွေ စားမိပြီး ညဘက်မှာ ဝက်ဘဝကို ပြောင်းသွားပါတော့တယ်။
တကယ်တော့ အဲ့နေရာဟာ တစ္ဆေတွေ အပန်းဖြေတဲ့ နေရာ ဖြစ်ပြီး ချီဟီရို တစ်ယောက် သူမ မိဘတွေ ပြန်လွတ်မြောက်ဖို့အတွက် အဲ့နေရာမှာ သရဲတွေနဲ့ အတူနေပြီး စွန့်စွန့်စားစား အလုပ်လုပ်ရပါတော့တယ်။
ဉာဏ်နီဉာဏ်နက်များပြီး ကြောက်စရာကောင်းတဲ့ တစ္ဆေလောကမှာ ချီဟီရို တစ်ယောက် ဘယ်လိုများ ရှင်သန်နေထိုင်မှာလဲ?
လွတ်မြောက်နိုင်ပါ့မလား?
ဆိုတာကို တော့…. မပြောတော့ပါဘူးနော်။ Spoil မိမှာ စိုးလို့
မှော်ဆန်ဆန် ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အတော်လေး မိုက်တဲ့ ဇာတ်ကားဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ ဇာတ်ကောင်လေးတွေကြောင့် ဘယ်နှစ်ခါ ကြည့်ကြည့် ရင်ထဲထိတဲ့ ဇာတ်လမ်းလေးပါ။
(3) Ratatouille (2007)
စိတ်ကူးယဉ်/ဒရာမာ ဖြစ်ပြီး IMDB 8 အထိ ရထားတဲ့ ဒီကားလေးဟာ ဆန်းတော့ ဆန်းကြယ်ပါတယ်။ လူတိုင်းမှာ အိပ်မက်တွေရှိတာ မဆန်းပေမဲ့ ကြွက်လေးတစ်ကောင်က စားဖိုမှူး ဖြစ်ချင်နေတာတော့ ဆန်းလှပါတယ်။ ကြွက်လေးနာမည်က Remy ဖြစ်ပြီး သူ့အိပ်မက်ကြောင့် မိသားစုနဲ့ မကြာခဏအတိုက်အခံဖြစ်ရတာပေါ့..
တစ်ရက် သူ့အစ်ကိုက မုန့်သွားခိုးစားရင်း အိမ်ရှင်အဒေါ်ကြီးက သေနတ်နဲ့ပစ်တဲ့အခါ တစ်မိသားစုလုံး ထွက်ပြေးရပါတော့တယ်.. (ကြွက်မိသားစုကြီး ထွက်ပြေးတာကို အချဉ်တော့ မထင်စေချင်.. သေချာကြည့်ရင် ကြက်သီးပါထမယ် 😀 ) ပြေးရင်းလွှားရင်း တကယ်တော့ လူစုကွဲ အဲလေ ကြွက်စုကွဲသွားပြီး Remy ရဲ့ စိတ်ကူးအိပ်မက်ထဲက စားသောက်ဆိုင်ကြီးကို Remy တွေ့လိုက်ရတဲ့အချိန်မှာ…
Remy တစ်ယောက် သူ့အိမ်မက်တွေကို အပြည့်အဝအကောင်ထည်ဖော်နိုင်ပါ့မလား?
ဘယ်လို အခက်အခဲ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ခဲ့လဲ?
ဆိုတာ ကိုယ့်ဟာကိုယ် ပြန်နွှေးပြီး ပြန်ကြည့်ကြပါနော်
nothing is impossible ဆိုတာ သက်သေပြသွားတဲ့ ကြွက်လေးဖြစ်ပြီး သူ့ရဲ့ လွဲချော်ပုံတွေက အတော်လေး ရယ်ရတာမို့ ကြည့်ရတာတန်မယ့် အန်နီမေးရှင်းလေးပါ။ အစားသောက်တွေကိုလည်း ရှယ်ချက်ပြတာမို့ သွားရည်လည်း ယိုရပါတယ်။
Related Article >>> ၂၀၁၉ အတွင်း အသစ်ထွက်ရှိလာမည့် နိုင်ငံတကာဇာတ်ကားများ
(4) Cloudy with a chance of meatballs
မိုးပေါ်ကနေ အစားအသောက်တွေကျလာရင် ကောင်းမယ်လို့ စိတ်ကူးယဉ်ဖူးပါသလား ? ဒါဆို ဒီဇာတ်လမ်းကို ကြည့်လိုက်ပါလို့။
IMDB 7 ရထားပြီး သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်အိမ်အကျဉ်းကတော့ ကျွန်းနိုင်ငံလေးဖြစ်တဲ့ Swallow Falls မြို့လေးဟာ အခြေအနေတွေ ခက်ခဲနေတာမို့ ဆာဒင်းငါးပဲ စားနေရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ လူငယ်သိပ္ပံပညာရှင်လေး Flint Lockwood ဟာ ဒီပြႆနာကို ဖြေရှင်းဖို့ စက်တစ်ခု တီထွင်လိုက်ပါတယ်။ အဲဒီစက်ကတော့ မိုးပေါ်ကနေ စားကောင်းသောက်ဖွယ်တွေ အဆက်မပြတ်ကျလာစေတဲ့ စက်ပါပဲ။
အစကတော့ အားလုံး ပြုံးပျော်ကြပေမဲ့ စက်ကို မထိန်းချုပ်နိုင်တော့တဲ့အခါ….
မြို့လေး တစ်ခုလုံး အစားအသောက်တွေအောက်မှာ တဖြည်းဖြည်းနစ်မြှုပ်လာတဲ့အခါ ….
ဒီအန္တရာယ်ကို အမြန်ဆုံး ဖြေရှင်းဖို့ လိုလာပါတော့တယ်။
ရောင်စုံ Ice-cream တွေ pizza တွေ အသားချောင်းကြီးတွေ မိုးပေါ်က ကျလာတာမို့ foodie တွေ အမြဲအမှတ်ရနေမယ့် အန်နီမေးရှင်းကားကောင်း တစ်ကားလို့ ပြောရင် လွန်မယ်မထင်ပါဘူးနော်…
ကဲ…ဒါတွေကတော့ ယောင်းတို့ ငယ်ဘဝကို ပြန်အမှတ်ရစေသလို ဘယ်ချိန်ကြည့်ကြည့် အမြဲကြည့်ကောင်းနေတဲ့ အန်နီးမေးရှင်းကားလေးတွေပါ။ ပြန်နွှေးကြည့်ကြမယ် ဟုတ်?
By
Mia (For Her Myanmar)
reference links: IMDB Pixar Dream World