မီဂန်မာကယ်လ်နဲ့ သူ(မ)အမေကြားကဆက်ဆံရေး

သားအမိနှစ်ယောက်ကြား ဆက်ဆံရေးက ဘယ်လိုများဖြစ်နေမလဲ? စိတ်ဝင်စားစရာနော်… 

မင်းသားဟယ်ရီနဲ့အမေရိကန်နိုင်ငံသူမီဂန်မာကယ်လ်တို့ရဲ့တော်ဝင်မင်္ဂလာပွဲက တစ်ကမ္ဘာလုံးက လူဦးရေသန်းပေါင်းများစွာအတွက် အားကျစရာဖြစ်ခဲ့ပါတယ်။လူဖြူအဖေနဲ့ လူမည်းအမေတို့က မွေးဖွားပြီး သွေးနှောတစ်ဦးဖြစ်တဲ့ မီဂန်က တော်ဝင်မိသားစုသမိုင်းမှာ ပထမဆုံးသွေးနှောမိသားစုဝင်ဖြစ်သလိုကံကောင်းတဲ့ တစ်ခုလပ်အမျိုးသမီးလို့လည်းပြောလို့ရပါတယ်။

အနောက်တိုင်းမင်္ဂလာပွဲတွေမှာ သတို့သမီးရဲ့ အဖေက သတို့သမီးလက်ကိုဆွဲပြီး ကျမ်းကျိန်တဲ့နေရာကို ခေါ်ဆောင်ရတာ အစဉ်အလာတစ်ခုပေမဲ့ မီဂန်ရဲ့အဖေသောမတ်စ်မာကယ်ကတော့ မီဒီယာတွေကို သတင်းရောင်းစားတဲ့အကြောင်းပေါ်သွားလို့ နှလုံးရောဂါဖောက်ပြီး မင်္ဂလာပွဲကို မတက်ရောက်နိုင်ခဲ့ပါဘူး။

မိခင်တစ်ဦးရဲ့ မေတ္တာဓာတ်တွေနဲ့ မျက်လုံး

မင်္ဂလာပွဲကို တက်ရောက်ပေးခဲ့တဲ့ တစ်ဦးတည်းသော မိသားစုဝင်ကတော့ သူ(မ)အမေ DoriaRaglandပဲ ဖြစ်ပါတယ်။ အသက်၆၁နှစ်အရွယ် Raglandက မီဂန်နဲ့ အတူတူမင်္ဂလာကားစီးပြီး ဘုရားကျောင်းထဲရောက်တဲ့အခါ ဘုရင်မကြီးရဲ့ ဆန့်ကျင်ဘက်အခြမ်းမှာ ဝင်ရောက်နေရာယူခဲ့တာဖြစ်ပါတယ်။ မင်္ဂလာနေ့ရက်မတိုင်ခင်တည်းက တော်ဝင်မိသားစုဝင်တွေကို တွေ့ဆုံဂါရဝပြုဖို့နဲ့ မီဂန်နဲ့ အတူရှိနေပေးဖို့အတွက် အင်္ဂလန်မှာရောက်နေခဲ့တာပါ။

Related Article >>> အဒေါ်ဖြစ်သူမင်းသမီး ဒိုင်ယာနာရဲ့ ခြေရာကိုနင်းမယ့် ကစ်တီစပင်ဆာ

မီဂန်အသက်(၆)နှစ်အရွယ်မှာ အဖေနဲ့ အမေ ကွာရှင်းလိုက်တယ်ဆိုပေမဲ့ ခင်မင်မှုမပျက်တဲ့ ဆက်ဆံရေးတော့ရှိတယ်လို့ ဆိုပါတယ်။ မိဘနှစ်ပါး ကွာရှင်းလိုက်တဲ့အခါ မီဂန်က အမေဖြစ်သူနဲ့နေခဲ့ပြီး အဖေနဲ့ကတော့ ပုံမှန်တွေ့ဖြစ်ကြပါတယ်။သူ(မ)ဘဝကို ပြောင်းလဲစေခဲ့တဲ့ အမျိုးသမီး(၁၀)ဦးမှာ Raglandက ထိပ်ဆုံးကပါဝင်ပြီး ဘဝတစ်ခုလုံးရဲ့ အတက်အကျကို ပဲ့ကိုင်ပေးခဲ့တဲ့သူလည်းဖြစ်တယ်လို့ ဆောင်းပါးတစ်ခုမှာ မီဂန်က ရေးသားခဲ့ပါတယ်။

မီဂန်ကို သူ့ရဲ့အမေက ဘယ်လောက်ထိချစ်သလဲဆိုရင် နာမည်ပြောင်ကိုတောင် ‘ပန်းကလေး’ လို့ပေးထားပါတယ်တဲ့။ မီဂန်ရဲ့မိဘနှစ်ပါးကဆင်းရဲတဲ့ မိသားစုနောက်ခံက လာသူတွေဖြစ်လို့ တစ်ချိန်ကျရင်လူထုအကျိုးပြုလုပ်ငန်းတွေ လုပ်နိုင်အောင် ကြိုးစားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ထားခဲ့ပါတယ်။ အိမ်ခြေရာမဲ့တွေကို ကူညီပေးပြီးလိုအပ်နေသူတွေကို ထောက်ပံ့ပေးခဲ့သလို ဒီလိုမျိုးပေးကမ်းစွန့်ကြဲတာက မွန်မြတ်တယ်ဆိုတဲ့အကြောင်း မီဂန်ရဲ့ နှလုံးသားထဲ စွဲနေအောင် ထည့်ပေးခဲ့သူက သူ(မ)ရဲ့ မေမေ Ragland ပဲဖြစ်ပါတယ်။

ချစ်စရာ သားအမိလေး

Raglandက ယောဂဆရာမတစ်ယောက်ဖြစ်ပြီး သက်ကြီးရွယ်အို ကုသစောင့်ရှောက်ရေးတွေမှာ ကူညီပေးသူတစ်ယောက်လည်းဖြစ်ပါတယ်။ သမီးဖြစ်သူ မီဂန်နဲ့ အချိန်တွေကုန်ဆုံးတာများတဲ့အတွက် သူငယ်ချင်းကောင်းတစ်ယောက်လိုဖြစ်ပြီး စိတ်ဓာတ်ကျတဲ့အချိန်တိုင်း ခွန်အားဖြစ်စေခဲ့သူလည်းဖြစ်ပါတယ်။

မီဂန်ဘဝမှာ လူဖြူ -လူမည်း သွေးနှောတစ်ယောက်ဖြစ်တဲ့အတွက် အခက်အခဲနဲ့ ရုန်းကန်ရမှုတွေ ကြုံတွေ့ခဲ့ပါတယ်။ ကားမောင်းသမားတစ်ယောက်က ရိုင်းရိုင်းစိုင်းစိုင်း ပြောသွားလို့ငိုနေတဲ့ သူမအမေကိုကြည့်ပြီး အသားတွေ နီမြန်းလာသလို အသက်ရှူရကျပ်တဲ့အထိ စိတ်ထိခိုက်ခဲ့ရပေမဲ့ ဒီလိုမျိုးကြုံတွေ့ခဲ့ရတာတွေကို ကုစားပြီး ကိုယ့်ကိုယုံကြည်မှုအပြည့်ရှိတဲ့ လူမည်းအမျိုးသမီးတစ်ယောက်ဖြစ်လာအောင် ကြိုးစားခဲ့ပါတယ်။

မီဂန်ကလည်း အင်စတာဂရမ်မှာ သားအမိနမ်းတဲ့ပုံလေးတွေတင်လေ့ရှိသလို တောင်ပိုင်းကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ဘွဲ့ယူတုန်းကလည်း အမေက ဘေးမှာတူတူရှိနေပေးခဲ့ပါတယ်။ သမီးဖြစ်သူ မင်းသားနဲ့လက်ထပ်တာကို တစ်ယောက်တည်းထိုင်ကြည့်ပြီး မျက်ရည်တွေကျနေတဲ့ သူကလည်း မိခင်ဖြစ်သူ Ragland ပါပဲ။

<3

Raglandက သမီးဖြစ်သူမီဂန်ကိုသာမက သားမက်လောင်း ဟယ်ရီကိုလည်း ဂရုစိုက်ပေးခဲ့ပါတယ်။ ဒိုင်ယာနာနေရာမှာ အခြားဘယ်သူမှအစားထိုးလို့မရနိုင်ဘူးဆိုပေမဲ့ Dorai Ragland လို ယောက္ခမမျိုးနဲ့ ဆုံတွေ့ရတာကလည်း မင်းသားဟယ်ရီအတွက် တစ်မျိုးတစ်ဖုံ ကံကောင်းခြင်းလို့ပဲ ဆိုရပါတော့မယ်။

မီဂန်တို့ မင်္ဂလာဆောင်တုန်းက

With love,

Ei Mon (For Her Myanmar)

Reference : thelist.com , country and road.com

No Comments Yet

Comments are closed