အမှောင်ထုရဲ့နိဂုံး (၄)

တစ်ခုရှိတာဆရာက  ဒီအမှုကိုကိုင်မယ့် တရားသူကြီးဆိုပေမယ့် မိန်းကလေးမို့ညှာတာမျိုး၊ ယောကျာ်းဆုံးထားတာမို့ ဘက်လိုက်ပေးတာမျိုး မလုပ်ဘူးဆိုတာပဲ..

‘မဟေသာဟာ ကိုယ်ဝန်ပျက်ကျထားတဲ့မိန်းမဖြစ်တဲ့အပြင် ဒီအမှုထဲပါဝင်ပတ်သက်နေတဲ့ ကိုမင်းခန့်ရဲ့ ချစ်သူဖြစ်တာကြောင့် ဒီအမှုရဲ့တရားလိုရှေ့နေအနေနဲ့ တာဝန်ယူမှာကို ကျွန်တော် ကန့်ကွက်ပါတယ်။’

‘ဆရာ သမီး လူမှုရေးနဲ့အလုပ် ဘယ်တော့မှမရောခဲ့ဖူးတာ ဆရာအသိဆုံးပါ။ ပြီးတော့ အခုသေသွားတဲ့ရှေ့နေမလေးကလဲ သမီးတာဝန်ယူပြီးခေါ်ထားတဲ့ ညီမလေးပါ။ သမီးယောကျာ်း လဲပါဝင်ပတ်သက်နေတဲ့အပြင် သူလဲအခုဆုံးသွားပြီမို့ တစ်ချို့အမှန်တရားတွေကို သမီးကိုယ်တိုင်ဖော်ထုတ်ချင်ပါတယ်။ သမီးကိုခွင့်ပေးပါ။’

‘အေးကွယ်။ ဆရာနှစ်ဘက်လုံးကိုမြင်ပါတယ်။ ဟေသာ သမီးလေး သမီးကအခု ကိုယ်ဝန်လဲပျက်ကျထားတာမို့ စိတ်လိုက်မာန်ပါ ဆုံးဖြတ်မိတတ်တယ်။ ဒါကိုသမီးတာဝန်ယူတယ်၊ သေချာတယ်ဆိုရင်တော့လုပ်ပါ။ တစ်ခုရှိတာ ဆရာက  ဒီအမှုကိုကိုင်မယ့် တရားသူကြီးဆိုပေမယ့် မိန်းကလေးမို့ညှာတာမျိုး၊ ယောကျာ်းဆုံးထားတာမို့ ဘက်လိုက်ပေးတာမျိုး မလုပ်ဘူးဆိုတာပဲ။’

‘စိတ်ချပါဆရာ။ နောက်ပြီး ဒီအမှုကလဲ သမီးနောက်ဆုံးလိုက်မယ့်အမှုပါ။ အမှန်တရားလိုအပ်တဲ့လူတွေအတွက် အကောင်းဆုံးအားထုတ်ရုံပါပဲ။’

‘သမီးကနားတော့မှာလား?’

‘ဟုတ်တယ်ဆရာ သမီးနားတော့မယ်။ သမီးနယ်ပြောင်းနေတော့မှာမို့လို့။’

‘အေးပါကွယ်။ လိုတာရှိရင်လဲပြောပါ သမီး။ နောက်တစ်ခုပြောချင်တာက အမှုရင်ဆိုင်နေတဲ့အတောအတွင်း ဆရာ့ဆီကို နှစ်ယောက်လုံးမလာပါနဲ့။ အများအမြင်မှာလည်း မသင့်တော်သလို ဆရာလည်း လက်ခံစကားပြောမှာမဟုတ်ဘူး’

‘ဟုတ်ကဲ့ပါဆရာ’

‘ဟုတ်ကဲ့ပါခင်ဗျာ’

~~~~~~~~~~~~~~~~~~~~~~~~

Related Article >>> အမှောင်ထုရဲ့နိဂုံး (၃)

‘ဟေသာ။ ဘယ်လိုလဲ အဆင်ပြေလား။’

‘ကျွန်မ အမှုစလိုက်နေပြီနော် ကိုမင်းခန့်.. ရှင်လည်း အပြစ်မကင်းဘူးဆို ကျွန်မလက်ထဲက ပြေးလွတ်မယ် မထင်ပါနဲ့..အမှုနဲ့ပတ်သက်ပြီး ကျွန်မက ရှေ့နေဖြစ်နေတာမို့ ရှင်နဲ့ စကားပြောလို့ အဆင်မပြေဘူး’ 

‘အင်းပါဟေသာရယ်။ မပြောနဲ့ဆိုလဲမပြောပါဘူး။ ကိုကို အခန်းထဲမှာရှိနေမယ်။ မေးစရာရှိရင်ခေါ်လိုက်နော်။’

‘…’

ဘာသက်သေမှလဲမရှိ၊ ဒီအတိုင်းဆိုရင် ကားအက်ဆီးဒင့်မှုတင်မကတော့ဘူး၊ မုဒိန်းမှုပါ ပါတော့မယ်။ ဒီအတိုင်းဆို အမှုပြီးရင် လွတ်ရာကျွတ်ရာကို သွားမယ်ဆိုတဲ့ မျှော်လင့်ချက်က ဘယ်မှာလဲ? နောက်ဆုံးမတတ်နိုင်တော့ရင် သူ့ကိုပဲသက်သေအနေနဲ့ မဖြစ်ဖြစ်အောင်လုပ်ရတော့မှာပဲ..

‘ကိုကို ကိုကိုရေ’

‘လာပြီ ဟေသာရေ။ ပြောလေ။ ဘာပြောမလို့လဲ’

‘ဟေသာ အမှန်အတိုင်းပြောပြမယ်။ အခုအမှုမှာ ကိုကိုမုဒိန်းကိစ္စထဲမပါခဲ့ဘူးဆိုတာ သက်သေလုံးဝမရှိဘူး။ ဆိုတော့ အမှုကလွတ်ဖို့အရမ်းခက်သွားမယ်။ အဲ့တော့ ကိုကိုသက်သေအနေနဲ့ဝင်ရမယ်။’

‘သက်သေအနေနဲ့ဝင်တာတော့ဟုတ်ပါပြီ။ သူတို့မှကိုကို့ကိုမမြင်ရတာ။ အသံလဲမကြားရဘူး၊ ဘယ်လို…’

‘ဟေသာစီစဉ်ထားတာကဒီလို…’

~~~~~~~~~~~~~~~~~~~~~

Related Article >>> အမှောင်ထုရဲ့နိဂုံး (၂)

‘ဒါဆိုရင် ကိုရဲရင့်ပြောချင်တာက အဲ့ဒီအချိန်မှာ မုဒိန်းကျင့်တာ ကိုမင်းခန့်တစ်ယောက်ထဲပေါ့။ သူတစ်ယောက်ထဲကပဲ အခါခါကျင့်ပြီး ကားကိုလည်း သစ်ပင်နဲ့ တမင်တိုက်ပစ်လိုက်တာပေါ့၊ ဟုတ်ပါသလားခင်ဗျာ’

‘ဟုတ်ပါတယ်။’

‘တောက် အဲ့ယုတ်မာရိုင်းစိုင်းတဲ့အကောင်တွေ။’

‘ကိုကို၊ စိတ်ကိုထိန်းဟေသာမေးမှာပါ။’

‘တရားသူကြီးမင်းခင်ဗျား ကျွန်တော်မေးခွန်းတွေကုန်သွားပါပြီ။’

ဟေသာကတရားသူကြီးမင်းရှေ့ ဦးညွတ်ပြီးလျှင်

‘ကိုရဲရင့် ခုနကပြောသွားတဲ့အထဲမှာ မုဒိန်းကျင့်တာ ကိုမင်းခန့်တစ်ယောက်တည်းက လို့ပြောထားတယ်နော်။’

‘မဟေသာအရှေ့မှာ ပြောရတာအားနာပါတယ်။ ဟုတ်ပါတယ်ခင်ဗျာ။’

‘ဒါပေမဲ့ဆေးစာထဲမှာ အုပ်စုလိုက်ကျင့်ထားတယ်လို့ဖော်ပြထားတယ်ရှင့်။’

‘တစ်ယောက်တည်းဆိုပေမယ့် အကြိမ်ကြိမ်ကျင့်ထားတာမို့…’

‘ကန့်ကွက်ပါတယ်။ အလောင်းစစ်ဆေးတာဆိုပြီး တိတိကျကျမသိရဘဲ မှုခင်းဆရာဝန်မဟုတ်တဲ့ မဟေသာက ကျွန်တော့် အမှုသည်ကိုချောင်ပိတ်မေးနေပါတယ်။ နောက်ပြီး ကျွန်တော်တို့ အလောင်းကိုမမြင်ရသေးဘူး ဆေးစာကလဲ အတုအစစ်ဆိုတာ ရေရေရာရာ မသိရသေးခင် ဒီမေးခွန်းတွေက တရားမဝင်ပါဘူး။’

‘တရားသူကြီးမင်းရှင့်၊ ဥပဒေနယ်ပယ်ထဲ ကျင်လည်နေတဲ့လူတစ်ယောက်အနေနဲ့ ဒါတွေကပြောစရာမလိုအောင် သိနှင့်ပြီးသားကိစ္စတွေဖြစ်နေမှာပါ။ ကျွန်မ မှုခင်းစစ်ဆရာဝန်ကို လဲခေါ်ထားပါတယ်။ သက်သေအနေနဲ့ ခေါ်ယူမေးမြန်းခွင့်ပြုပါ။’

‘ကျွန်တော်.. ကျွန်တော်တို့လည်း ပါပါတယ်။ ဒါပေမဲ့ မင်းခန့်ကအကြိမ်အများဆုံးပြုကျင့်တာပါ။’

အင်း.. ခုတော့ ရှင်ဖွင့်ပြောပြီပေါ့.. လာဦးမယ် ကျွန်မကို ဓားနဲ့ထိုးထားတဲ့ အမှု.. စောင့်နှင့်ဦးပေါ့…

Related Article >>> အမှောင်ထုရဲ့ နိဂုံး

‘ကျွန်မသိရသလောက်တော့ ဒီလိုမုဒိန်းကျင့်ရင်းတန်းလန်း ကားမောင်းလို့မရဘူးလေ။’

‘တစ်ယောက်တစ်လှည့်စီ မောင်းကြတာပါ။’

‘ကျွန်မစစ်မေးစရာ သက်သေတစ်ယောက်ရှိပါသေးတယ်။ ကိုမင်းခန့် ရှေ့ကိုထွက်ခဲ့ပါ။’

ရုံးတော်ထဲ အသံတွေ ချက်ချင်း ကြွက်စီကြွက်စီထွက်လာမှာ ဟေသာသိတယ်။ လူတွေက ဟေသာ့ကို ရူးနေလားမသိဘူးလို့ ပြောကြမှာကိုလည်း သိနေပေမယ့် ကိုကိုလွတ်မြောက်ဖို့ ရရာလမ်းကို ဟေသာလျှောက်ရမှာပဲ ကိုကိုရေ.. ဟေသာတို့ တူတူကြိုးစားကြရအောင်နော်…

‘မဟေသာ ရုံးတော်က ဆော့စရာမဟုတ်ဘူးနော်။ သေပြီးလူတစ်ယောက်က သက်သေအနေနဲ့ ဘယ်လိုထွက်ဆိုမှာလဲ?’

‘လူသေပေမယ့် မကျွတ်မလွတ်တဲ့ဘဝဆိုတာ ရှိသေးတယ်လေ။ ကိုယ်ကမတရားခံရရင် ဘယ်ကျွတ်လွတ်နိုင်ပါ့မလဲ။ ဟုတ်တယ်မလား ကိုရဲရင့်?’

‘မသိဘူး၊ ကျွန်တော်ဘာမှမသိဘူး။’

‘ကျွန်မသက်သေပြပါ့မယ်။ ကိုမင်းခန့် ဒီမှာရောက်နေတယ်ဆိုရင် ခုံကို လက်ဝါးနဲ့ခပ်ပြင်းပြင်း (၃) ချက်ပုတ်ပြပါ။’

‘ဘုတ် ဘုတ် ဘုတ်’

‘ကျွန်မမေးတဲ့မေးခွန်းတွေကို ဟုတ်တယ်ဆိုရင် ၃ ချက်ပုတ်ပြပါ။ မဟုတ်ဘူးဆိုရင် ၂ ချက်ပုတ်ပြပါ။’

‘ဘုတ် ဘုတ် ဘုတ်’

‘အဲ့ဒီညတုန်းက အကုန်လုံးမူးနေခဲ့တယ်ဆိုတာ ဟုတ်ပါသလားရှင်။’

‘ဘုတ် ဘုတ် ဘုတ်’

‘အဲ့ကားပေါ်မှာ ရှေ့နေမလေးတစ်ယောက် ပါနေခဲ့တယ်ဆိုတာရော ဟုတ်ပါသလား’

‘ဘုတ် ဘုတ် ဘုတ်’

‘အဲ့ဒီရှေ့နေမလေးကို အုပ်စုလိုက် မုဒိန်းကျင့်ခဲ့တယ်ဆိုတာ မှန်ပါသလား?’

‘ဘုတ် ဘုတ် ဘုတ်’

‘ကိုမင်းခန့် အဲ့တုန်းက ကားမောင်းနေခဲ့တယ်ဆိုတာ ဟုတ်ပါသလား?’

‘ဘုတ် ဘုတ် ဘုတ်’

‘ဒါဆိုရင် မုဒိန်းကျင့်တဲ့အထဲ ကိုမင်းခန့် ပါပါသလား?’

‘ဘုတ် ဘုတ်’

‘ဘယ်သူခိုးက သူခိုးပါတယ်ပြောမှာလဲ မဟေသာ။ လူမှုရေးနဲ့ မစွက်ပါဘူးဆိုတဲ့ရှေ့နေမက သူ့ယောကျာ်းသရဲကို အတင်းအမှုထဲက ဆွဲထုတ်နေပါ့လား။ အခုစစ်မေးနေတဲ့ သရဲဆိုတဲ့ကောင်ကလည်း မင်းခန့်ဖြစ်ချင်မှဖြစ်မှာ.. ငါ့ကို ဒါမျိုးလာစမ်းလို့မရဘူး ဟေသာ.. နင်လိမ်နေတာငါသိတယ်.. မင်းခန့်က သေပြီ။ သေပြီးသားလူက ဘယ်နည်းနဲ့မှ လူတွေထဲ လာလို့မရဘူး.. နင်လိမ်တာ ငါသိတယ် ဟေသာ.. နင်လိမ်နေတာ.. အံမယ်.. ရဲရင့်ကိုများ ဘာထင်နေတယ်မသိဘူး.. နင်.. “

‘စကားကို ဆင်ခြင်ပြီးပြောပါ ကိုရဲရင့်။ ဒါရုံးတော်ပါ၊ ရပ်ကွက်ထဲက လ္ဘက်ရည်ဆိုင်မဟုတ်ဘူးရှင့်။ ခု သက်သေအရာသွင်းတယ်ဆိုတာလည်း ကိုမင်းခန့်ကို ကျွန်မယောကျာ်းအနေနဲ့မဟုတ်ဘဲ အမှန်တရားအတွက် တိုက်ပွဲဝင်နေတဲ့ အမှုသည်တစ်ယောက်လို့ဘဲမြင်ပါတယ်။ သက်သေသာဓက ရှာချိန်တောင်မရှိလိုက်ဘဲ အသတ်ခံလိုက်ရတဲ့ အမှုသည်အတွက်ပါ။’

‘တရားသူကြီးမင်း ခင်ဗျာ။ ကျွန်တော့်အမှုသည်ပြောတဲ့ သရဲသက်သေဆိုတာ တကယ်အမှန်ပဲလား၊ လိမ်နေတာလားဆိုတာကို ကျွန်တော်လဲ သံသယဖြစ်မိပါတယ်။ အကောင်အထည်မမြင်ရတဲ့သက်သေကို ရုံးတော်ကခေါ်ယူစစ်ဆေးခွင့်ပေးသလား ဆိုတဲ့မေးခွန်းက ကျွန်တော့်ကို စဉ်းစားစရာတွေ အများကြီး ဖြစ်စေပါတယ်။ တကယ်လို့များ တရားလို ရှေ့နေဘက်က ရုံးတော်ကို လိမ်လည်ခဲ့တယ်ဆိုရင်… ’

‘တရားသူကြီးမင်းရှင့်။ ဒီအမှုမှာ ကိုမင်းခန့် အုပ်စုလိုက်မုဒိန်းကျင့်တဲ့အထဲ ပါတယ်၊ မပါဘူး ဆုံးဖြတ်ဖို့ စဉ်းစားစရာတွေ အများကြိးရှိသလို သက်သေအထောက်အထားတွေလည်း အများကြီး လိုပါတယ်..  ဒါကြောင့် ကောက်ရိုးတစ်မျှင်ဖြစ်ဖြစ် ကျွန်မဆွဲယူမှဖြစ်မှာပါ။’

‘တရားလိုဖြစ်သည့်တိုင် သူလည်း အမှုရဲ့တစ်စိတ်တစ်ဒေသဖြစ်နေတာမို့ သက်သေအနေနဲ့ စစ်မေးလည်း အကျိုးမထူးဘူးဆိုတာ ရှေ့နေကြီးလည်း နားလည်မယ်ထင်ပါတယ်။ ကျွန်တော်တို့အလုပ်က…. အစ်အစ်အစ်’

‘ဟာ ဘာဖြစ်တာလဲ။’

‘သရဲကို အကောင်အထည်မရှိဘူးသွားသွားပြောနေလို့ ဟိုကလုပ်ထည့်တာနေမှာပေါ့။ ဟဲ့ စကားတွေအများကြီးပြောမနေနဲ့ ဟိုမှာ အသက်ရှူကြပ်ပြီးသေတော့မယ်။’

‘ကိုကို မလုပ်ပါနဲ့ ကိုကိုရယ်။ လွှတ်နော်။ ဟေသာရအောင်ဖြေရှင်းပေးမယ်။ လွှတ်ပါ။’

‘ဒီအမှုကိုနောက်တစ်ပတ်ရုံးချိန်းလိုက်တယ်။ မောင်မင်းခန့် သူ့ကိုလွှတ်လိုက်ပါ။ မဟုတ်ရင် ကိစ္စတွေအရမ်းကြီးကုန်လိမ့်မယ်။ အန်ကယ်ပြောတာကြားလား။’

‘အဟွတ် ဟွတ် ဆရာတွေ့လား။ သရဲဘဝမှာတောင်။ အဟွတ် ဟွတ်’

သြော် ကိုကိုရယ်… သူတို့ကဒီအကွက်ကိုစောင့်နေတာ။ တည့်တည့်တိုးဝင်လိုက်စရာလားကွယ်။ ဟေသာ ဘယ်လိုဆက်လုပ်ရပါ့??????

ဆက်ရန်

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed