စေ့စပ်လိုက်ပြီဖြစ်တဲ့ Justin Bieber နဲ့ Hailey Baldwin

ဒီတစ်ခါ အတည်ကြီးများလား?

အချစ်ရေးမှာ တွဲလိုက်ပြတ်လိုက် အလုပ်တွေရှုပ်နေတဲ့ JB က ဒီတစ်ခါတော့ အတည်ဖြစ်သွားပြီထင်တယ်နော်။ ဇူလိုင်လ ၇ ရက်နေ့က Bahamas ကမ်းခြေ မှာ အပန်းဖြေခရီးထွက်နေတုန်း စေ့စပ်လိုက်တာပါတဲ့။ စားသောက်ဆိုင်မှာ ချစ်ခွင့်မပန်ခင်အချိန်ထိ နှစ်ဦးသား တွဲကနေကြတာပါ။ ဆိုင်ထဲမှာ ရှိနေတဲ့ တခြားစားသုံးသူတွေကို ထူးခြားတဲ့ ပွဲလေးရှိလို့ ဖုန်းတွေ ဝေးဝေးမှာ ထားပေးပါဆိုပြီး လုံခြုံရေး ဝန်ထမ်းတွေက လိုက်ပြောပြီးတော့မှ JB က ချစ်ခွင့်ပန်ခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်တွဲနေကြတဲ့ သတင်း ထွက်လာတာ နည်းနည်းတော့ကြာပါပြီ။ အင်္ကျီဆင်တူဝတ်တယ် ၊ နှစ်ယောက်တူတူသွားရင်း ကားတိုက်မှုဖြစ်တယ် ၊ နှစ်ဦးသားချစ်ကြည်နူးနေကြတဲ့ ပုံတွေတက်လာတယ် အမျိုးမျိုး နာမည်ကြီးနေတာပါပဲ။ အသက် ၂၄နှစ်အရွယ် JB နဲ့ ၂၁ နှစ်အရွယ် Hailey တို့က ၂၀၁၆ မှာ တွဲခဲ့ကြပြီး ချစ်ဇာတ်လမ်းတစ်ခန်းရပ်ပြီးမှ ပြန်ဆက်တာဖြစ်ပါတယ်။

Baldwin က အနုပညာ လှုပ်ရှားမှုတွေအနေနဲ့ American Vogue ၊ Marie Clarie နဲ့ Spanish Harper’s Bazaar မှာ ပါဝင်သရုပ်ဆောင်ထားပြီးဖြစ်သလို model campaigns၊ music videos တွေနဲ့TV showsတွေမှာ ပါဝင်သရုပ်ဆောင်နေသူ ဖြစ်ပါတယ်။ သူ(မ)အဖေ Steve Baldwin က သရုပ်ဆောင် ပရိုဂျူဆာဖြစ်ပြီး သူမဦးလေး Alec Baldwin ကတော့ The Hunt for Red October ထဲက မင်းသားဖြစ်ပါတယ်။ အနုပညာ နာမည်ကြီး မျိုးရိုးတွေပေါ့နော်။

စေ့စပ်လိုက်ပြီတဲ့…

JB နဲ့ Hailey စသိခဲ့ကြတဲ့ အချိန်ကို ပြန်ပြောင်းပြောပြရမယ် ဆိုရင်တော့ –

Related Article >>> ဂျက်စတင်ဘီဘာနဲ့ ပတ်သက်ခဲ့ဖူးတဲ့ ဆယ်လီမမများ

Hailey က မနူးမနပ် ၁၄ နှစ်သမီးအရွယ်မှာ သူ(မ)အဖေရဲ့ကောင်းမှု အကြောင်းပြုပြီး JBနဲ့ သိကျွမ်းခွင့်ရခဲ့တာပါ။ အဖေမိတ်ဆက်ပေးလို့ သိခဲ့တာပေါ့။ နောက်တစ်ခါ JB နဲ့ ထပ်ဆုံတာက နယူးယော့ခ်မြို့မှာကျင်းပတဲ့ JB ရဲ့ Never Say Never သီချင်းဖျော်ဖြေပွဲကို အဖေနဲ့တူတူပွဲတက်ရင်းဆုံတာပါ ။ အဲ့အချိန်က JB က Selena နဲ့ အချစ်ရေးကို ကြေညာလိုက်တဲ့ အချိန်လည်းဖြစ်ပါတယ်။

အဲ့အချိန်တုန်းက Hailey က JBနဲ့ Selena ဘက်က ရပ်တည်တဲ့ စာသားကို တွစ်တာပေါ်မှာရေးတင်ခဲ့ပါသေးတယ်။ တစ်လတည်းမှာပဲ Las Vegas မြို့မှာ ဖျော်ဖြေတဲ့ပွဲမှာ Selena က သူမခါးမှာ “Justin” ဆိုပြီး စာလုံးလေးတွေထပ်ပြီး တက်တူးထိုး လိုက်သေးတယ်နော် (မှတ်မိတဲ့သူတွေ မှတ်မိကြမှာပါ)။ နိုဝင်ဘာ၂၀၁၄မှာနှစ်ဦးသား တရားဝင်လမ်းမခွဲခင်အထိ JB နဲ့ Selena တို့ တွဲခဲ့ကြတာပေါ့နော်။

Selena နဲ့ ပြတ်ပြီးတဲ့နောက် JB က Kendall Jenner ၊ Gigi Hadid ၊ Hailey Baldwin တို့နဲ့ တတွဲတွဲသွားလုပ်လိုက်ပါသေးတယ်။ Baldwin နဲ့ ဘုရားကျောင်းတူတူသွားပြီး နှစ်ဦးသား တွဲနေတယ်ဆိုတဲ့ သတင်းတွေတောင် ထွက်ခဲ့သေးတယ်။ အဲ့အချိန်တုန်းကတော့ Hailey က JB နဲ့ သူငယ်ချင်း အဆင့်ပါပဲ ဆိုပြီး ငြင်းခဲ့ပါသေးတယ်။

နောက်ပိုင်း ဆယ်လီနာနဲ့ ပြန်တွဲပြီဆိုတဲ့ သတင်းတွေကြားလိုက် ဓာတ်ပုံတွေတက်လာလိုက် ပြတ်သွားလိုက်နဲ့ အခုတော့ Haileyနဲ့ စေ့စပ်လိုက်ပြီဆိုတဲ့သတင်း တက်လာတော့တာပါပဲ။ စေ့စပ်တဲ့ သတင်းကြားတော့ JB ရဲ့မိဘတွေကတော့ အွန်လိုင်းကနေ ပျော်ပွဲကျင်းပကြခဲ့ပါတယ်တဲ့။ ဂျက်စတင်အဖေ Jeremy က ဒီသတင်းထူးကို ဝမ်းသာကြောင်းနဲ့ လက်ထပ်ပွဲကို မျှော်နေကြောင်း အင်စတာဂရမ်မှာ ရေးတင်လိုက်သေးတယ်။

JB နဲ့ Hailey နှစ်ဦးစလုံးက ဒီသတင်းကို အတည်မပြုပေးသေးပေမဲ့ မကြာခင်ကမှ ပါပါရာဇီတွေကို troll ဖို့ အတွက် JB က စေ့စပ်လက်စွပ်ကို ကြွားခဲ့ပါသေးတယ်။

With Love,

Ei Mon (For Her Myanmar)

Reference : BBC , Elle.com

No Comments Yet

Comments are closed