ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း -၁၃)

ေသရင္ ထားတို႔ေနာက္ ပါမယ့္ ကုသိုလ္ေတြပဲ လုပ္ၾကရေအာင္ ကို..

“ဒါနဲ႔ ထား ဗုဒၶဟူးေန႔ကစၿပီး ကို ခြင့္ယူထားတယ္။”

“ရွင္… ဘာအတြက္လဲ ကို။”

“ကိုတို႔ ခရီးထြက္ရေအာင္။”

“ဘယ္ကိုလဲ။”

“မႏၲေလးနဲ႔ ေမၿမိဳ႕ေပါ့။”

“ဟင့္အင္း ထား မသြားခ်င္ဘူး။”

“ဘာျဖစ္လို႔လဲ ထား ရဲ႕။ ကိုယ့္ကားနဲ႔ ကိုယ္ ေအးေအးေဆးေဆးပဲ သြားမွာဆိုေတာ့ ထား မပင္ပန္းပါဘူး။”

“ဟင့္အင္း။ ထား ပင္ပန္းမွာေၾကာက္လုိ႔မဟုတ္ဘူး ကို။ ခရီးတစ္ခု ထြက္ဖို႔ဆုိတာ လက္ထဲမွာ အနည္းဆံုး ၄၊ ၅ သိန္းေလာက္ရွိမွ အဆင္ေျပမွာေလ ကိုရဲ႕။”

“ဘဏ္ထဲက ထုတ္လိုက္မွာေပါ့။”

“ႏွေျမာစရာႀကီး ကို ရယ္။ ဘာလုပ္မွာလဲ။”

“ထားရယ္…. ပိုက္ဆံဆိုတာက ကိုတို႔ေသရင္ ပါသြားမွာမွ မဟုတ္တာ”

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္… (အပိုင္း -၁၂)

ေသဆံုးသည့္ စကားကို သူ ေယာင္ၿပီး ထြက္သြားမိ၍ လန္႔သြားေသးေပမဲ့ ထား က သူ ဘာေျပာသည္ကို မသိႏိုင္ေၾကာင္း စဥ္းစားမိမွ စိတ္ေအးရျပန္သည္။

“အယ့္လယ္… ကိုေတာင္မွ တရားေတြ ဘာေတြ ရေနၿပီလား။”

“တရားရတာေတာ့ မဟုတ္ပါဘူး ထားရဲ႕။ ဒီလိုပဲ ေျပာၾကည့္တာပါ။”

“ထား တစ္ခုေျပာလို႔ရမလား။”

“အင္း… ေျပာေလ ထား။ ဘာေျပာခ်င္လို႔လဲ။”

“ေစာနက ေသရင္ ကိုယ့္ေနာက္မပါဘူးဆိုၿပီး ကို ေျပာလို႔ ထား ေတြးမိတာပါ။”

“ဟုတ္ပါၿပီ ေျပာပါ ထားရဲ႕။”

“ထား တို႔ ခရီးမထြက္ေတာ့ဘဲ ေသရင္ ထားတို႔ေနာက္ ပါမယ့္ ကုသိုလ္ေတြပဲ လုပ္ၾကတာေပါ့။”

“လုပ္ေလ ေကာင္းသားပဲ။ ထား က ဘာေတြလုပ္ခ်င္လို႔လဲ။”

“၅ သိန္းေလာက္ကုန္မယ္ဆိုရင္ ၂ သိန္းကို မိဘမဲ့ ဘုန္းႀကီးေက်ာင္းမွာ သြားလွဴမယ္။ ေနာက္ ၂ သိန္းကိုေတာ့ ေဆး႐ံုမွာ လွဴမယ္။ က်န္တဲ့ ၁ သိန္းကိုေတာ့ ဘုရားတည္တဲ့ထဲမွာ လွဴလိုက္မယ္။ ဘယ္လိုလဲ ကို။ သေဘာတူရဲ႕လား။”

“သေဘာမတူစရာမရွိပါဘူး ထားရယ္။ ကိုရွာထားသမွ်က ထား အတြက္ခ်ည္းပဲကို။ ထား စိတ္ႀကိဳက္သာ စီမံခန္႔ခြဲပါ။ ဒါမဲ့ ကို ေမးရဦးမယ္။ ဘုရားက ဘယ္မွာ တည္ေနတာလဲ။”

Related Article >>> ျပန္ဆံုျဖစ္ခဲ့ရင္…. (အပိုင္း -၁၁)

“ေၾသာ္… ဟုတ္သားပဲ။ ကို႔ကို ေျပာဖို႔ေမ့ေနတာ။ ဟိုေန႔က အိမ္က ဖုန္းဆက္တယ္။ ထားတို႔ဆီကလူေတြ အကုန္လံုးစုၿပီးေတာ့ ဘုရားတစ္ဆူတည္ၾကမလို႔တဲ့။ အဲ့မွာ ထား လွဴခ်င္တယ္။”

“လွဴေလ ေကာင္းပါတယ္ ထား ရဲ႕။ ကို အကုန္သေဘာတူပါတယ္။ အားလံုးက ထား သေဘာ ထား သေဘာ။ အခုေတာ့ ထမင္းစားလိုက္ဦးေနာ္။ ဟင္းေတြ ေအးကုန္ေတာ့မယ္။ မနက္ျဖန္က် ဘဏ္စာအုပ္ယူၿပီး ထား သြားထုတ္လိုက္ေနာ္။ ကိုက ႐ံုးမွာ လုပ္စရာရွိတာေတြ အၿပီးျဖတ္ရမွာဆိုေတာ့ မအားေလာက္ဘူး ထင္လို႔။”

“ရပါတယ္ ဘဏ္စာအုပ္ကလည္း ထား နာမည္နဲ႔ပဲဆိုေတာ့ ထား ပဲ သြားလိုက္ပါမယ္။ ကို ဒီေလာက္ လုပ္ေပးတာနဲ႔တင္ ထား ေက်းဇူးတင္ပါၿပီ ကို ရယ္…။”

ေျပာေနရင္းနဲ႔ ထား အသံသည္ တိမ္ဝင္သြားၿပီး မ်က္ရည္မ်ား က်လာသည္ကို သူေတြ႕လိုက္ရသည္။

“ဟင္… ထား ငိုေနတာလား။ ဘာျဖစ္လုိ႔ ငိုေနတာလဲ ထားရယ္။”

“ထား ဝမ္းသာလို႔ပါ။ ထား တုိ႔ ဟိုးအရင္တုန္းကလို ျပန္ေနၾကမယ္ေနာ္။”

“အင္းပါ ထား ရယ္။ ကို အရင္လုိျပန္ျဖစ္ပါၿပီ။ ဒီေတာအတြင္း ကို႔ အျပစ္ေတြအတြက္ ထား ခြင့္လႊတ္ေတာ့ေနာ္။”

“ခြင့္လႊတ္ရေအာင္ ကို႔မွာ အျပစ္မရွိပါဘူး ကို ရယ္။ ထားဘက္က ခ်ိဳ႕ယြင္းခ်က္ ရွိလုိ႔သာ ကုိ ထား ကို ဂ႐ုမစိုက္တာလို႔ပဲ ေတြးထားတာပါ။”

“ထားရယ္…။”

ထား ပုခံုးေလးကို ဖက္ၿပီး သူ႕ရင္ခြင္ထဲ ဆြဲသြင္းလိုက္ေတာ့ ထား ခႏၶာကိုယ္ေလးသည္ အလုိက္သင့္ေလး ပါလာပါသည္။ သူ႕ရင္ခြင္ထဲ ေရာက္သည္အထိ ထား သည္ အငိုမတိတ္ေသး။

“တိတ္ေတာ့ေလ ထား ရဲ႕။ ကေလးေလး က်ေနတာပဲ။ တိတ္ေတာ့ေနာ္။ ေဘးဝိုင္းေတြက ၾကည့္ေနရင္ မရွက္ဘူးလား။”

“မရွက္နုိင္ပါဘူး။ ကိုယ့္ေယာက္်ား ရင္ခြင္ထဲ ဝင္ခၽြဲတာပဲ ရွက္စရာမွ မဟုတ္တာ။”

“ဟားဟား ဟုတ္ပါၿပီ မေရႊထားရယ္။ အငိုရပ္ရင္ ထမင္းစားေတာ့ေနာ္။ ကို မနက္ျဖန္က် ခရီးသြားမယ္ေျပာၿပီး ႐ံုးေစာေစာဆင္းလာခဲ့မယ္။ အိမ္ေရာက္မွ အိမ္တြင္းေအာင္းတာေပါ့။”

“အင္းပါ။ ထား အစြမ္းကုန္ ျပဳစုပါ့မယ္။”

“ထား ကတိေနာ္။”

ထား က သူ႕ကို ေခါင္းေလးညိတ္ျပကာ လက္သန္းေလးကို အေရွ႕သို႔ ဆန္႔ထုတ္ေပးေတာ့ သူတို႔ ကေလးေတြလိုမ်ိဳး လက္သန္းခ်င္းခ်ိတ္လိုက္ၾကပါသည္။

ႀကိဳ မျမင္ႏုိင္ေသာ မနက္ျဖန္မ်ားဟု ဆိုၾကေပမဲ့ သူျမင္ေနရေသာ ထား၏ မနက္ျဖန္မ်ားမွာေတာ့ အဆံုးသတ္နားနီးေနေလၿပီ… တစ္စံုတစ္ရာကို ေျပာင္းလဲလို႔ ရႏုိင္ေကာင္းဟု ေမွ်ာ္လင့္မိေသာ္ျငား ကံၾကမၼာက ဆံုးျဖတ္ၿပီးသား ျဖစ္ေနသည့္အရာကို သူေျပာင္းလဲလိုက္ဖို႔ ျဖစ္ႏုိင္ပါမည္လား??

Moe (YUFL)

<<< Unicode >>>

သေရင် ထားတို့နောက် ပါမယ့် ကုသိုလ်တွေပဲ လုပ်ကြရအောင် ကို..

“ဒါနဲ့ ထား ဗုဒ္ဓဟူးနေ့ကစပြီး ကို ခွင့်ယူထားတယ်။”

“ရှင်… ဘာအတွက်လဲ ကို။”

“ကိုတို့ ခရီးထွက်ရအောင်။”

“ဘယ်ကိုလဲ။”

“မန္တလေးနဲ့ မေမြို့ပေါ့။”

“ဟင့်အင်း ထား မသွားချင်ဘူး။”

“ဘာဖြစ်လို့လဲ ထား ရဲ့။ ကိုယ့်ကားနဲ့ ကိုယ် အေးအေးဆေးဆေးပဲ သွားမှာဆိုတော့ ထား မပင်ပန်းပါဘူး။”

“ဟင့်အင်း။ ထား ပင်ပန်းမှာကြောက်လို့မဟုတ်ဘူး ကို။ ခရီးတစ်ခု ထွက်ဖို့ဆိုတာ လက်ထဲမှာ အနည်းဆုံး ၄၊ ၅ သိန်းလောက်ရှိမှ အဆင်ပြေမှာလေ ကိုရဲ့။”

“ဘဏ်ထဲက ထုတ်လိုက်မှာပေါ့။”

“နှမြောစရာကြီး ကို ရယ်။ ဘာလုပ်မှာလဲ။”

“ထားရယ်…. ပိုက်ဆံဆိုတာက ကိုတို့သေရင် ပါသွားမှာမှ မဟုတ်တာ”

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်… (အပိုင်း -၁၂)

သေဆုံးသည့် စကားကို သူ ယောင်ပြီး ထွက်သွားမိ၍ လန့်သွားသေးပေမဲ့ ထား က သူ ဘာပြောသည်ကို မသိနိုင်ကြောင်း စဉ်းစားမိမှ စိတ်အေးရပြန်သည်။

“အယ့်လယ်… ကိုတောင်မှ တရားတွေ ဘာတွေ ရနေပြီလား။”

“တရားရတာတော့ မဟုတ်ပါဘူး ထားရဲ့။ ဒီလိုပဲ ပြောကြည့်တာပါ။”

“ထား တစ်ခုပြောလို့ရမလား။”

“အင်း… ပြောလေ ထား။ ဘာပြောချင်လို့လဲ။”

“စောနက သေရင် ကိုယ့်နောက်မပါဘူးဆိုပြီး ကို ပြောလို့ ထား တွေးမိတာပါ။”

“ဟုတ်ပါပြီ ပြောပါ ထားရဲ့။”

“ထား တို့ ခရီးမထွက်တော့ဘဲ သေရင် ထားတို့နောက် ပါမယ့် ကုသိုလ်တွေပဲ လုပ်ကြတာပေါ့။”

“လုပ်လေ ကောင်းသားပဲ။ ထား က ဘာတွေလုပ်ချင်လို့လဲ။”

“၅ သိန်းလောက်ကုန်မယ်ဆိုရင် ၂ သိန်းကို မိဘမဲ့ ဘုန်းကြီးကျောင်းမှာ သွားလှူမယ်။ နောက် ၂ သိန်းကိုတော့ ဆေးရုံမှာ လှူမယ်။ ကျန်တဲ့ ၁ သိန်းကိုတော့ ဘုရားတည်တဲ့ထဲမှာ လှူလိုက်မယ်။ ဘယ်လိုလဲ ကို။ သဘောတူရဲ့လား။”

“သဘောမတူစရာမရှိပါဘူး ထားရယ်။ ကိုရှာထားသမျှက ထား အတွက်ချည်းပဲကို။ ထား စိတ်ကြိုက်သာ စီမံခန့်ခွဲပါ။ ဒါမဲ့ ကို မေးရဦးမယ်။ ဘုရားက ဘယ်မှာ တည်နေတာလဲ။”

Related Article >>> ပြန်ဆုံဖြစ်ခဲ့ရင်…. (အပိုင်း -၁၁)

“သြော်… ဟုတ်သားပဲ။ ကို့ကို ပြောဖို့မေ့နေတာ။ ဟိုနေ့က အိမ်က ဖုန်းဆက်တယ်။ ထားတို့ဆီကလူတွေ အကုန်လုံးစုပြီးတော့ ဘုရားတစ်ဆူတည်ကြမလို့တဲ့။ အဲ့မှာ ထား လှူချင်တယ်။”

“လှူလေ ကောင်းပါတယ် ထား ရဲ့။ ကို အကုန်သဘောတူပါတယ်။ အားလုံးက ထား သဘော ထား သဘော။ အခုတော့ ထမင်းစားလိုက်ဦးနော်။ ဟင်းတွေ အေးကုန်တော့မယ်။ မနက်ဖြန်ကျ ဘဏ်စာအုပ်ယူပြီး ထား သွားထုတ်လိုက်နော်။ ကိုက ရုံးမှာ လုပ်စရာရှိတာတွေ အပြီးဖြတ်ရမှာဆိုတော့ မအားလောက်ဘူး ထင်လို့။”

“ရပါတယ် ဘဏ်စာအုပ်ကလည်း ထား နာမည်နဲ့ပဲဆိုတော့ ထား ပဲ သွားလိုက်ပါမယ်။ ကို ဒီလောက် လုပ်ပေးတာနဲ့တင် ထား ကျေးဇူးတင်ပါပြီ ကို ရယ်…။”

ပြောနေရင်းနဲ့ ထား အသံသည် တိမ်ဝင်သွားပြီး မျက်ရည်များ ကျလာသည်ကို သူတွေ့လိုက်ရသည်။

“ဟင်… ထား ငိုနေတာလား။ ဘာဖြစ်လို့ ငိုနေတာလဲ ထားရယ်။”

“ထား ဝမ်းသာလို့ပါ။ ထား တို့ ဟိုးအရင်တုန်းကလို ပြန်နေကြမယ်နော်။”

“အင်းပါ ထား ရယ်။ ကို အရင်လိုပြန်ဖြစ်ပါပြီ။ ဒီတောအတွင်း ကို့ အပြစ်တွေအတွက် ထား ခွင့်လွှတ်တော့နော်။”

“ခွင့်လွှတ်ရအောင် ကို့မှာ အပြစ်မရှိပါဘူး ကို ရယ်။ ထားဘက်က ချို့ယွင်းချက် ရှိလို့သာ ကို ထား ကို ဂရုမစိုက်တာလို့ပဲ တွေးထားတာပါ။”

“ထားရယ်…။”

ထား ပုခုံးလေးကို ဖက်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ ထား ခန္ဓာကိုယ်လေးသည် အလိုက်သင့်လေး ပါလာပါသည်။ သူ့ရင်ခွင်ထဲ ရောက်သည်အထိ ထား သည် အငိုမတိတ်သေး။

“တိတ်တော့လေ ထား ရဲ့။ ကလေးလေး ကျနေတာပဲ။ တိတ်တော့နော်။ ဘေးဝိုင်းတွေက ကြည့်နေရင် မရှက်ဘူးလား။”

“မရှက်နိုင်ပါဘူး။ ကိုယ့်ယောက်ျား ရင်ခွင်ထဲ ဝင်ချွဲတာပဲ ရှက်စရာမှ မဟုတ်တာ။”

“ဟားဟား ဟုတ်ပါပြီ မရွှေထားရယ်။ အငိုရပ်ရင် ထမင်းစားတော့နော်။ ကို မနက်ဖြန်ကျ ခရီးသွားမယ်ပြောပြီး ရုံးစောစောဆင်းလာခဲ့မယ်။ အိမ်ရောက်မှ အိမ်တွင်းအောင်းတာပေါ့။”

“အင်းပါ။ ထား အစွမ်းကုန် ပြုစုပါ့မယ်။”

“ထား ကတိနော်။”

ထား က သူ့ကို ခေါင်းလေးညိတ်ပြကာ လက်သန်းလေးကို အရှေ့သို့ ဆန့်ထုတ်ပေးတော့ သူတို့ ကလေးတွေလိုမျိုး လက်သန်းချင်းချိတ်လိုက်ကြပါသည်။ ကြို မမြင်နိုင်သော မနက်ဖြန်များဟု ဆိုကြပေမဲ့ သူမြင်နေရသော ထား၏ မနက်ဖြန်များမှာတော့ အဆုံးသတ်နားနီးနေလေပြီ… တစ်စုံတစ်ရာကို ပြောင်းလဲလို့ ရနိုင်ကောင်းဟု မျှော်လင့်မိသော်ငြား ကံကြမ္မာက ဆုံးဖြတ်ပြီးသား ဖြစ်နေသည့်အရာကို သူပြောင်းလဲလိုက်ဖို့ ဖြစ်နိုင်ပါမည်လား??

Moe (YUFL)

No Comments Yet

Comments are closed