ေပါေတာေတာ ေနတတ္တဲ့သူေတြကို အထင္မေသးပါနဲ႔..။ သူတို႔မွာ ဒီလို အားသာခ်က္ေတြ ရွိပါတယ္။

နံပါတ္(၄)အခ်က္က အမွန္ဆံုးပါ

>>> Zawgyi >>>

“ငေပါမ” လို႔အေခၚခံရတာ တကယ္ရွက္စရာေကာင္းလို႔လား? စည္းေဘာင္ေလး၊ အခ်ိန္အခါေလးနဲ႔ ေပါေနသေရြ႕ေတာ့ ငေပါမဆိုတာ ရွက္စရာတစ္ခုမဟုတ္ပါဘူး။ ငေပါမလို႔ ေခၚသာေခၚၾကတာ။ ဒီလိုေပါေပါေတာေတာ ေနဖို႔ဆိုတာ သိပ္လြယ္တဲ့ထင္လုိ႔လား။ ပင္ကိုယ္က ဟာသအျမင္ရွိၿပီး အခြီတစ္လုိင္းျဖစ္ေနမွသာ ခ်စ္စရာငေပါေလးျဖစ္မွာပါ။ လူေတြသိပ္မသိေသးတဲ့ ငေပါေလးတို႔ရဲ႕ အားသာခ်က္ေတြကေတာ့…

၁။ လူခ်စ္လူခင္ေပါမ်ားျခင္း

ငေပါေလးတုိ႔နဲ႔ ရွိေနသေရြ႕ သြားအေအးပက္မွာကိုေတာ့ အာမခံပါတယ္။ သူတို႔မွာ အေကာင္းျမင္စိတ္ေလးေတြပိုလည္းရွိတတ္ၾကတာမို႔ လူေပါင္းလည္းဆံ့ပါတယ္။ မ်က္ႏွာစိမ္းလူတစ္ေယာက္ေတာင္ သူတုိ႔နဲ႔တစ္ခါေလာက္ စကားေျပာျဖစ္ရုံေလးနဲ႔ ခင္သြားတတ္ၾကတယ္။ ဒါေၾကာင့္မို႔လည္း ရုပ္ေခ်ာေခ်ာ၊ ဆိုးဆိုး လူေတြကေတာ့ သူတို႔ကိုခင္ၾက၊ ခ်စ္ၾကမွာပဲ။

၂။စိတ္အေမာေျပေစျခင္း

ရယ္တဲ့သူ အသက္ရွည္တယ္ဆုိေပမဲ့ အလကားသက္သက္ထုိင္ရယ္ေနရင္ေတာ့ အရူးေထာင္ေရာက္သြားမွာပါ။ လူတစ္ေယာက္ကိုရယ္ေမာေစဖုိ႔ဆို အေၾကာင္းအရာတစ္ခုခုလိုပါတယ္။ ငေပါေလးေတြကေတာ့ ဒီေနရာမွာခ်န္ပီယံပါ။ စိတ္ညစ္ေနတဲ့အခ်ိန္ သူတို႔နဲ႔ တစ္ခဏေလးစကားေျပာလိုက္ရရင္ေတာင္ စိတ္အေမာေတြေျပသြားမွာပါ။

Related article >>> ငွက္ေပ်ာတုံုးဖက္ရမည့္သူတုိ႔၏ ဝိေသသလကၡဏာ (၅) ရပ္

၃။လြယ္လြယ္စိတ္မဆိုးတတ္ျခင္း

ဟုတ္ပါတယ္။ ငေပါေတြက ေတာ္ရုံစိတ္မဆိုးတတ္ပါဘူး။ မယံုရင္ သူငယ္ခ်င္းအုပ္စုထဲက ငေပါတစ္ေကာင္ေကာင္ကို စိတ္ဆိုးေအာင္လုပ္ၾကည့္။ သူ႔ကိုစိတ္ဆိုးေအာင္လုပ္လုိ႔မရလုိ႔ ကိုယ့္ပါကိုယ္ေကာက္သြားဦးမယ္။ သူတုိ႔တကယ္စိတ္ဆိုးသြားၿပီဆိုရင္ေတာ့ အဲဒါေယာင္းသူတို႔ကို တကယ္နာက်င္ေအာင္လုပ္မိသြားလုိ႔ပါ။

၄။ဆြဲေဆာင္မႈရွိျခင္း

ေယာက္်ားေလးေတြ အလွအပတစ္ခုတည္းကိုမက္ေမာတယ္ထင္ရင္ ေယာင္းမွားမယ္ေနာ္။ ရယ္ရယ္ေမာေမာနဲ႔ တစ္ခ်ိန္လံုးအခြီေဖာက္ေနတဲ့ ငေပါေလးေတြကိုလည္း ေၾကြတတ္ၾကပါတယ္။ မယံုရင္ေမးၾကည့္ၾကပါ။ ရယ္စရာမေကာင္းတာေတြကိုေတာ့ အတင္းဖ်စ္ညွစ္ၿပီးမေပါရင္ေပါ့။

၅။ကေလးေတြရဲ႕ အခ်စ္ခံရျခင္း

ကေလးေတြနဲ႔တည့္ေအာင္ေပါင္းဖုိ႔က အင္မတန္ခက္ပါတယ္။ ကိုယ္ကခ်စ္လို႔ခ်ီမယ္ဆိုရင္ေတာင္ ဒင္းတုိ႔က သရဲသဘက္ျမင္တဲ့အတုိင္း တၿဗဲၿဗဲေအာ္ငိုတတ္တာ ၾကံဳဖူးၾကမွာပါ။ ဒါေပမဲ့ ငေပါေလးေတြကိုေတာ့ ကေလးေတြခ်စ္ၾကတာမ်ားပါတယ္။ ကေလးေတြႀကိဳက္ေအာင္ ေနာက္တတ္၊ ေျပာင္တတ္၊ ေဆာ့တတ္ၾကလို႔ပါ။

Related article >>> စမတ္က်က် ေယာကၡမ အပိုင္ခ်ဳပ္နည္း (၇)မ်ိဳး

၆။ ခြင့္လႊတ္တတ္ျခင္း။

ငေပါေလးေတြက ေတာ္ေတာ္နဲ႔ အၿငွိဳးမထားတတ္ၾကပါဘူး။ သူတုိ႔ကို စိတ္နာေအာင္လုပ္ခဲ့ရင္ေတာင္ အဲဒီ့လူက ျပန္ေတာင္းပန္ခဲ့သည္ရွိေသာ္ ခြင့္လႊတ္ေက်ေအးေပးတတ္ၾကပါတယ္။

ကဲ..ေနာက္တစ္ခါ ငေပါမလို႔ လာေနာက္ၾကရင္ “ဟုတ္တယ္၊ ေပါေတာ့ဘာျဖစ္လဲ၊ နင္တုိ႔ေရာ ဒီလုိေပါဖုိ႔အရည္အခ်င္းမီလို႔လား”လို႔ေမးပစ္လိုက္ပါ။

Christina (For Her Myanmar)

>>> Unicode >>>

နံပါတ်(၄)အချက်က အမှန်ဆုံးပါ

>>> Zawgyi >>>

“ငပေါမ” လို့အခေါ်ခံရတာ တကယ်ရှက်စရာကောင်းလို့လား?စည်းဘောင်လေး၊ အချိန်အခါလေးနဲ့ ပေါနေသရွေ့တော့ ငပေါမဆိုတာ ရှက်စရာတစ်ခုမဟုတ်ပါဘူး။ ငပေါမလို့ ခေါ်သာခေါ်ကြတာ။ ဒီလိုပေါပေါတောတော နေဖို့ဆိုတာ သိပ်လွယ်တဲ့ထင်လို့လား။ ပင်ကိုယ်က ဟာသအမြင်ရှိပြီး အခွီတစ်လိုင်းဖြစ်နေမှသာ ချစ်စရာငပေါလေးဖြစ်မှာပါ။ လူတွေသိပ်မသိသေးတဲ့ ငပေါလေးတို့ရဲ့ အားသာချက်တွေကတော့…

၁။ လူချစ်လူခင်ပေါများခြင်း

ငပေါလေးတို့နဲ့ ရှိနေသရွေ့ သွားအအေးပက်မှာကိုတော့ အာမခံပါတယ်။ သူတို့မှာ အကောင်းမြင်စိတ်လေးတွေပိုလည်းရှိတတ်ကြတာမို့ လူပေါင်းလည်းဆံ့ပါတယ်။ မျက်နှာစိမ်းလူတစ်ယောက်တောင် သူတို့နဲ့တစ်ခါလောက် စကားပြောဖြစ်ရုံလေးနဲ့ ခင်သွားတတ်ကြတယ်။ ဒါကြောင့်မို့လည်း ရုပ်ချောချော၊ ဆိုးဆိုး လူတွေကတော့ သူတို့ကိုခင်ကြ၊ ချစ်ကြမှာပဲ။

၂။စိတ်အမောပြေစေခြင်း

ရယ်တဲ့သူ အသက်ရှည်တယ်ဆိုပေမဲ့ အလကားသက်သက်ထိုင်ရယ်နေရင်တော့ အရူးထောင်ရောက်သွားမှာပါ။ လူတစ်ယောက်ကိုရယ်မောစေဖို့ဆို အကြောင်းအရာတစ်ခုခုလိုပါတယ်။ ငပေါလေးတွေကတော့ ဒီနေရာမှာချန်ပီယံပါ။ စိတ်ညစ်နေတဲ့အချိန် သူတို့နဲ့ တစ်ခဏလေးစကားပြောလိုက်ရရင်တောင် စိတ်အမောတွေပြေသွားမှာပါ။

Related article >>> ငှက်ပျောတုံးဖက်ရမည့်သူတို့၏ ဝိသေသလက္ခဏာ (၅) ရပ်

၃။လွယ်လွယ်စိတ်မဆိုးတတ်ခြင်း

ဟုတ်ပါတယ်။ ငပေါတွေက တော်ရုံစိတ်မဆိုးတတ်ပါဘူး။ မယုံရင် သူငယ်ချင်းအုပ်စုထဲက ငပေါတစ်ကောင်ကောင်ကို စိတ်ဆိုးအောင်လုပ်ကြည့်။ သူ့ကိုစိတ်ဆိုးအောင်လုပ်လို့မရလို့ ကိုယ့်ပါကိုယ်ကောက်သွားဦးမယ်။ သူတို့တကယ်စိတ်ဆိုးသွားပြီဆိုရင်တော့ အဲဒါယောင်းသူတို့ကို တကယ်နာကျင်အောင်လုပ်မိသွားလို့ပါ။

၄။ဆွဲဆောင်မှုရှိခြင်း

ယောက်ျားလေးတွေ အလှအပတစ်ခုတည်းကိုမက်မောတယ်ထင်ရင် ယောင်းမှားမယ်နော်။ ရယ်ရယ်မောမောနဲ့ တစ်ချိန်လုံးအခွီဖောက်နေတဲ့ ငပေါလေးတွေကိုလည်း ကြွေတတ်ကြပါတယ်။ မယုံရင်မေးကြည့်ကြပါ။ ရယ်စရာမကောင်းတာတွေကိုတော့ အတင်းဖျစ်ညှစ်ပြီးမပေါရင်ပေါ့။

၅။ကလေးတွေရဲ့ အချစ်ခံရခြင်း

ကလေးတွေနဲ့တည့်အောင်ပေါင်းဖို့က အင်မတန်ခက်ပါတယ်။ ကိုယ်ကချစ်လို့ချီမယ်ဆိုရင်တောင် ဒင်းတို့က သရဲသဘက်မြင်တဲ့အတိုင်း တဗြဲဗြဲအော်ငိုတတ်တာ ကြုံဖူးကြမှာပါ။ ဒါပေမဲ့ ငပေါလေးတွေကိုတော့ ကလေးတွေချစ်ကြတာများပါတယ်။ ကလေးတွေကြိုက်အောင် နောက်တတ်၊ ပြောင်တတ်၊ ဆော့တတ်ကြလို့ပါ။

Related article >>> စမတ်ကျကျ ယောက္ခမ အပိုင်ချုပ်နည်း (၇)မျိုး

၆။ ခွင့်လွှတ်တတ်ခြင်း။

ငပေါလေးတွေက တော်တော်နဲ့ အငြှိုးမထားတတ်ကြပါဘူး။ သူတို့ကို စိတ်နာအောင်လုပ်ခဲ့ရင်တောင် အဲဒီ့လူက ပြန်တောင်းပန်ခဲ့သည်ရှိသော် ခွင့်လွှတ်ကျေအေးပေးတတ်ကြပါတယ်။

ကဲ..နောက်တစ်ခါ ငပေါမလို့ လာနောက်ကြရင် “ဟုတ်တယ်၊ ပေါတော့ဘာဖြစ်လဲ၊ နင်တို့ရော ဒီလိုပေါဖို့အရည်အချင်းမီလို့လား”လို့မေးပစ်လိုက်ပါ။

Christina (For Her Myanmar)

No Comments Yet

Comments are closed