ယောင်းယောင်းတို့ အသည်းစွဲ Meteor Garden-2018 (F4)က မင်းသားလေးတွေရဲ့အကြောင်း

ကလေးလေးတွေအကြောင်း <3 <3 

တရုတ်နိုင်ငံမှာ ထွက်ရှိခဲ့တဲ့ Meteor Garden ဇာတ်လမ်းတွဲအသစ်က ပရိသတ်အသစ်တွေရော အဟောင်းတွေကိုပါ ဖမ်းစားလိုက်နိုင်ပါတယ်။ မူရင်း Meteor Garden က ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တာ ခုဆို ၁၇ နှစ်တောင်ကြာခဲ့ပါပြီ။

ဒီလိုအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲကို တစ်ဖန်ပြန်လည် အသက်သွင်းသူက ပရိုဂျူဆာ Angie Chai ဖြစ်ပြီး ၂၀၁၇ ဧပြီလမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ ဂျပန်ကာတွန်း “Boys Over Flowers”ကို အခြေခံထားတဲ့ F4 ဇာတ်လမ်းတွဲကို အင်ဒိုနီးရှားနဲ့ တောင်ကိုရီးယားတို့က ပြန်လည်ရိုက်ကူးခဲ့ပြီး အာရှမီဒီယာတွေမှာ အောင်မြင်မှုတွေ မနည်း သိမ်းပိုက်ခဲ့ပြီးပါပြီ။ (အမှန်တိုင်းဝန်ခံနော်…အင်ဒိုနီးရှားကား မသိတောင်မှ ဂူဂျွန်ပျိုတို့ ဂျီဟိုတို့ကို ဘယ်နှစ်ခါကြည့်ကြည့် မရိုးဘူးမလား 😛 )

Meteor Garden 2018

ခုနောက်ဆုံး အသစ်ထွက်တဲ့ Meteor Garden က မူရင်း Meteor Garden ဇာတ်အိမ်ကိုပဲ အခြေခံထားတာဖြစ်ပြီး အလုပ်ကြိုးစားတဲ့ကျောင်းသူလေး Shan Cai နဲ့ ကျော်ကြားတဲ့ ကောလိပ်ကျောင်းသား သူဋ္ဌေးသား (၄)ယောက်အကြောင်းကိုပဲ ရိုက်ကူးထားတာပါ။ ဇာတ်အိမ်နဲ့ဇာတ်ရုပ်က ဆင်တူပေမဲ့ ဖက်ရှင် ၊အသုံးအဆောင်နဲ့ ရိုက်ကွင်းနေရာတွေအားလုံးကအသစ်တွေဖြစ်သလို မူရင်း ကာတွန်းဇာတ်လမ်း နဲ့လည်း အတော်ကို ဆင်တူပါတယ်။

Meteor Garden -2018 ဟာ မျက်နှာသစ် တရုတ်မင်းသားတွေကို ပွဲထုတ်တဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး ကမ္ဘာတစ်လွှားမှာရှိတဲ့ F4 ပရိသတ်အဟောင်းတွေရော အသစ်တွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့တာပေါ့။ (Meteor Garden အဟောင်းကို မမီဘူးလို့ ပြောတဲ့သူတွေလည်း ရှိတာပေါ့လေ.. အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းတဝဲလည်လည်မလား)

အချစ်ကလေးတွေ

ခု Meteor Garden -2018 ကို အာရှနဲ့ တရုတ်မှာ ကျော်ကြားစေခဲ့တဲ့ အဓိက အကြောင်းရင်းတွေထဲမှာ သရုပ်ဆောင် ကောင်လေးချောချောလေးတွေက အဓိကပေါ့…

တိတိလေး <3

ခေါင်းဆောင်မင်းသား Dao Ming Si နေရာကသရုပ်ဆောင်ထားတဲ့ Dylan Wang (Wang He Di) ဆိုတာကလည်း ချစ်ဖို့အရမ်းကောင်းသလို မော်ဒယ်လောကမှာ ပရိသတ်အခိုင်အမာရှိထားပြီးသားပါ။ Meteor Garden မှာ သရုပ်ဆောင်ချိန်မှာတော့ တစ်ကမ္ဘာလုံးက ပရိသတ်အင်အားကို ရရှိလိုက်တာပါပဲ။ သူ့ကိုတော့ အားလုံးက ချစ်စနိုးနဲ့ တိတိ (Di Di) လို့ ခေါ်ကြပါတယ်။

Related Article >>> Park Seo Joon က “What’s wrong with Secretary Kim” အတွက် အသင့်တော်ဆုံးမင်းသား ဖြစ်ရတဲ့ အကြောင်းရင်း ၆ ချက်

ချစ်ဖို့ကောင်း

၁၉၉၈ ခုနှစ်မှာမွေးဖွားပြီး အသက် ၁၉ နှစ်ပဲရှိသေးတဲ့ တိတိရဲ့ ငယ်ဘဝအိမ်မက်က လေယာဉ်မောင်ပါ။ မြို့ပြလေကြောင်းအထူးပြုနဲ့ စီချွမ်ကောလိပ်က ဘွဲ့ရထားတာဖြစ်ပြီး အနုပညာခြေလှမ်းကိုတော့ တက္ကသိုလ်ကောလိပ် ပေါင်းစုံကျင်းပတဲ့  Sichuan Campus Red Festival မှာ ဝင်ပြိုင်ရင်း ဆုရခဲ့တာကစတင်ပါတယ်။ (ဘတ်စကက်ဘောလည်း ထူးချွန်တယ်ဆိုပဲ) အဲဒီကတဆင့် တရားဝင်အနုပညာလောကထဲ ဝင်ရောက်ပြီး အနုပညာလှုပ်ရှားမှုတွေလုပ်ရင်းနဲ့ ၂၀၁၈မှာ ထွက်တဲ့ Meteor Garden မှာတော့ တစ်ဟုန်ထိုး နာမည်ကြီးလာတော့တာပါ.. (ကြည့်လေ ချစ်လေပဲမလား.. မညာနက် 😛 ) Tik Tok မှာလည်း ချစ်စရာ သူ့ဗီဒီယိုလေးတွေ အများကြီးရှိတယ်နော်..

shen yue

မင်းသမီးနေရာက ပါဝင်တဲ့ Shen Yue က တရုတ်ရုပ်သံတွေမှာ သရုပ်ဆောင်ဖူးသလို web series ဖြစ်တဲ့ A Love So Beautiful မှာ အဓိကမင်းသမီးနေရာက ပါဝင်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာမွေးဖွားပြီး အသက် ၂၁ နှစ်ပဲရှိသေးတဲ့ ဟန်လူမျိုးမိန်းကလေးပါ။ ၂၀၁၇ မှာ စတင်ပြီး ဇာတ်လမ်းတွဲတွေ စရိုက်ခဲ့ပေမဲ့ ဒီဇာတ်လမ်းတွဲက သူ့ကိုပိုပြီး နာမည်ကြီးစေခဲ့တာကတော့ ပြောနေစရာတောင် လိုမယ်မထင်ဘူးနော်…

Lei နေရာက ကွမ်းဟုန်

ဒုတိယမင်းသား Hua Ze Lei နေရာကသရုပ်ဆောင်ထားသူက Darren Chen (Kuan Hong) ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် ဇန်နဝါရီလမှာမွေးဖွားပြီး ၂၃ နှစ်အရွယ် ထိုင်ဝမ်သရုပ်ဆောင်ပါ။ (မထင်ရဘူးနော်.. ငယ်ငယ်လေးထင်ရတယ်)၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ Proud of Love 1 နဲ့ နောက်ဆက်တွဲ Proud of Love 2 တို့မှာ ပါဝင်သရုပ်ဆောင်ထားပြီး Meteor Garden မှာတော့ ဒုတိယမင်းသားနေရာက ပါဝင်ထားတာပါ။

နောက်ထပ်မင်းသား နှစ်လက်ကတော့ Caesar Wu နဲ့ Connor Leong တို့ပါ။

Caesar Wu

၁၉၉၆ ခုနှစ်မှာ မွေးဖွားတဲ့ Caesar Wu (Wu Xi Ze) က မူရင်း Meteor Garden ထွက်ရှိတဲ့ ၂၀၀၁ ခုနှစ်တုန်းက မူလတန်းကျောင်းသားအရွယ်ပဲရှိနေသေးတာပေါ့။ အခုအသစ်ထွက်ရှိတဲ့ Meteor Garden မှာ Xi Men ဇာတ်ရုပ်ကနေ ပထမဆုံးသရုပ်ဆောင်ဖူးတာပါတဲ့.. ပထမဆုံးဆိုပေမဲ့ ကွက်တိကို ကျနေတာပဲနော်.. သဘာဝတော့ ကျသား… <3

Liang Jing Kang

Connor Leong (Liang Jing Kang) ကတော့ ၁၉၉၄ ခုနှစ်မှာမွေးဖွားတဲ့ မော်ဒယ်သရုပ်ဆောင်ဖြစ်ပြီး Mei Zuo ဇာတ်ရုပ်နေရာက ပါဝင်ထားပါတယ်။ ကွမ်ကျိုးတက္ကသိုလ်မှာ Software Engineering မေဂျာနဲ့တက်ရောက်ခဲ့ပြီး တက္ကသိုလ်မှာတည်းက မော်ဒယ်လုပ်နေတာပါ။ Variety show တွေနဲ့ ဟာသကားတွေမှာ အရံမင်းသားနေရာက ပါဝင်ဖူးပါတယ်တဲ့။

ကဲ.. ဒီလောက်ဆို မင်းသားလေးတွေအကြောင်းလည်း အတော်သိသွားပြီမို့ ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်နော်… ကြုံတုန်းပြောရရင် Meteor Garden က ဒီနေ့ထိတော့ အပိုင်း ၂၂ပိုင်း ထုတ်လွှင့်ပြီးသွားပါပြီ ။ စလွှင့်ပြီး တစ်ပတ်အကြာမှာတင် IMDB rating က ကြယ် ၁၀ ခု အနက် ၈ ခုရရှိထားပြီးပါပြီတဲ့… ကဲ Meteor Garden ပရိသတ်ယောင်းတွေရော၊ F4 ချစ်သူ ပရိသတ်ယောင်းတွေရော ဒီ Meteor Garden 2018 ကို စောင့်မျှော်ကြည့်ရှုပြီး ငမ်းနိုင် အဲလေ ရင်ခုန်နိုင်ကြပါပြီလို့… 😛

References : thejakartapost.com , Wikipedia

With love

Ei Mon (For Her Myanmar)

No Comments Yet

Comments are closed