ချင်းမိုင်​ သို့မဟုတ်​ အလွဲများနဲ့ ခရီးစဉ်

ရန်​ကုန်​ကစထွက်​ကတည်း လွဲလိုက်​တာဆိုတာ ချင်းမိုင်​က ပြန်​လာပြီး ရန်​ကုန်​​လေဆိပ်​ထဲပြန်​ဝင်​တဲ့ထိပါပဲ ​ယောင်းတို့​ရေ။

သူများ​တွေက​တော့ ခရီးတစ်ခုကပြန်​လာရင်​ အဲ့​နေရာ​လေးက ဘယ်​လိုသာယာတယ်​ဆိုတဲ့အ​ကြောင်း၊ အ​​တွေ့အကြုံသစ်​​တွေ ဘယ်​​လောက်​ရခဲ့တယ်​ဆိုတဲ့အ​ကြောင်း၊ ဘယ်​လို​ပျော်​ခဲ့ရတယ်​၊ ဘာ​တွေစားခဲ့ရတယ်​ဆိုတာ​မျိုး​လေး​တွေ ​ဝေမျှ​ပေးကြတာပဲ များပါတယ်​။ နန္ဒာက​တော့ ​ယောင်းတို့ကို စိတ်​ညစ်​စရာ​လေး​တွေ ​ဝေမျှ​ပေးပါမယ်​​နော်​ .. စထှာ။

ပထမဆုံးသွားခဲ့ရတဲ့ ပြည်​ပခရီးဆို​တော့ ရင်တထိတ်​ထိတ်​နဲ့ မှန်းသမ်းပြီးသွားခဲ့ရတဲ့ ခရီးမို့ သိကြတဲ့အတိုင်း အလွဲလွဲအ​ချော်​​ချော်​နဲ့ ဂျင်း​တွေလည်းမိ၊ ပြဿနာ​တွေလည်းတက်​​ပေါ့​နော်​။

ခရီးသွားဖို့ဘယ်​လိုစ​တွေးမိလဲ ဆို​တော့ တစ်​ရက်​ နန္ဒာ အလုပ်​လုပ်​ရင်း Myanmar National Airline ရဲ့ Yangon – Chiang Mai Direct Flight ကို GV2 Promotion (နှစ်​​ယောက်​ဝယ်ရင်​ ရတဲ့ Discount) နဲ့ 89 USD ပဲ ရှိ​တော့တယ်​ဆိုတာ သွား​တွေ့မိရာက စတာပဲ။ အသွားအပြန်​ကို အဲ့​လောက်​ပဲရှိတယ်​ဆို​တော့ အရမ်းတန်​တယ်​ဆိုပြီး တအားသွားချင်​လာတာနဲ့ ရုံးကအစ်​မ​တွေနဲ့ တိုင်​ပင်​ပြီး သွားကြမယ်​​ပေါ့ ဆိုပြီးဖြစ်​သွားတာ။ အစက ​ဆယ်​​ယောက်​ သွားကြမယ်​တိုင်​ပင်​ထား​ပေမဲ့ တကယ်​တမ်း အနားနီး​တော့မှ လူက ​ခြောက်​​ယောက်​ပဲကျန်​​တော့တာရယ်​။ တည်းဖို့ ဟော်တယ်လ်ရွေး​တော့လည်း Group Chat ထဲမှာ လူကိုး​ယောက် ​ရှိတာဆို​တော့ တစ်​​ယောက်​တစ်​​ပေါက်​နဲ့ ကိုး​ယောက်​ကိုးမျိုး​တွေဖြစ်​။ အိမ်​အလုံးလိုက်​ပဲ ငှားရ​တော့မလိုလို၊ Serviced Apartment (ခဏငှားလို့ရမဲ့ တိုက်ခန်း)တွေပဲ ငှားရမလိုလိုနဲ့​ပေါ့​နော်​။ လူကလည်းများတယ်​ဆို​တော့ အုပ်​စုလိုက်​ တစ်​စုတစ်​စည်း​နေချင်​တာ။ အဲ့ ဟော်တယ်လ် ​ရွေးတာတင်​ သုံးလ​လောက်​ကြာသွားတယ်​။

🙂

ဂရုထဲမှာ message (မတ်ဆေ့ခ်ျ) ဆိုတာ တစ်​ရက်​​လောက်​ဝင်​မကြည့်​ဖြစ်ရင်​ unseen ဆိုပြီး နိုတီ ၂၀၀ ​လောက်​တက်​​နေတာ။ ရန်​​တွေလည်းဖြစ်​ကြ၊ တစ်​​ယောက်​က budget hotel (ဈေးသက်သာတဲ့ ဟော်တယ်လ်) ဆို ​နောက်​တစ်ယောက်​က ​ရေကူးကန်​​လေး​တော့ပါမှ၊ တစ်​​ယောက်​က Chiang Mai Old City (ချင်းမိုင်မြို့ဟောင်း) ထဲမှာ​နေချင်​တယ်​ဆို တစ်​​ယောက်​က ​လေဆိပ်​နားမှာပဲ ​ဈေးသက်​သာပြီး facilities ​တွေ​ကောင်းတဲ့ ဟော်တယ်လ်မှာ​နေချင်​တယ်​​ပေါ့​နော်​။ ​နောက်​ဆုံး ဘာနဲ့ညားသွားလဲဆိုရင်​ Chiang Mai Night Bazaar (ချင်းမိုင်ညဈေး) နားက Centro CNX ဆိုတဲ့ ဘတ်ဂျက်ဟော်တယ်လ်​လေးနဲ့ပဲ ညားသွားကြတယ်​။ ​ဈေးကမတရားသက်​သာတယ်​ .. တစ်​ညကို သုံး​သောင်း​ခြောက်​​ထောင်​လား ပဲ​ပေးရတယ်​။ 

ဝန်ဆောင်မှုကို​တော့ မ​မျှော်​လင့်​​လေနဲ့ .. ဟော်တယ်လ်က ဘတ်ဂျက်ဟော်တယ်လ်ဆိုတဲ့အတိုင်း လုံးဝ basic သာသာ​လေးရယ်​၊ အဖြစ်​ဆိုးပုံက သွားတိုက်​​ဆေးနဲ့ သွားပွတ်​တံ​တောင်​ ထည့်မ​ပေးထားဘူး။ အခန်း​လေး​တွေက သပ်​သပ်​ရပ်​ရပ်​​လေး​တော့ ရှိပါရဲ့ .. ​ခေါင်းအုံး​လေး​တွေက​ ​ပျော့ပြဲလို့။ ဟိုဘက်​ခန်း ဒီဘက်​ခန်းဆိုသည်​မှာလည်း ပွင့်ပွင့်လင်းလင်း​ပြောရရင်​ အီး​တောင်​ကျယ်​ကျယ်​ မ​ပေါက်​ရဲဘူး။ ဒီက တိုက်​ခန်း​တွေလိုပဲ အလူမီနီယမ်​တံခါး​တွေနဲ့၊ ​နောက်​ ခြင်​လုံဇကာ​လေး​တွေ ကာ​ပေးထားတယ်​။ 

Related Article >>> ဘယ်နိုင်ငံတွေက ခရီးသွားဖို့ အကောင်းဆုံးလဲ

အခန်းထဲ​ရောက်​​ရောက်​ချင်း ​ခြေပစ်လက်​ပစ်​နားမယ်​ကြံတုန်းရှိ​သေး၊ ဟိုဘက်​ခန်းက​နေ အတူသွားတဲ့အစ်​ကိုက ​ခေါင်းကြီးလှမ်းထွက်​ပြီး နှုတ်​ဆက်​တယ်​။ အခန်း​တွေက ပြူတင်း​ပေါက်​​တွေပိတ်​မထား ရင်​ ​ခေါင်းပြူပြီး ဟိုဘက်​ခန်း ဒီဘက်​ခန်းလှမ်းကြည့်​လို့ရ​နေတာကိုး။ ​ရေချိုးခန်းက​တော့ သိပ်​မဆိုးပါဘူး .. ဖောက်​​ပေးထားတဲ့ ပြူတင်း​ပေါက်​က ​အပြင်​က ဟိုတယ်​တစ်​ခုရဲ့ ပြူတင်း​ပေါက်​​တွေနဲ့ တည့်​တည့်​လေးဖြစ်​​နေတာတစ်​ခု ပဲ။ ဖြစ်​ချင်​​တော့ အဲ့နား​လေးပဲ ကွက်​ပြီး တံခါးကလွတ်​​နေ​တော့ ဟာလာဟင်းလင်း​လေးကို ဖြစ်​လို့ရယ်​။ အဲ့​တော့ ပတ်​ဝန်းကျင်​ရဲ့ အလှအပ​တွေကို ခံစားရင်း၊ ကိုယ့်ရဲ့ အလှအပ​လေး​တွေကိုလည်း ​ဖော်​ပြရင်း ​ရေချိုးလို့ရတာ​ပေါ့​နော်​ (​ခလိန်းက နောက်​ထှာ)။ အဲ့ ဟော်တယ်လ်မှာ ​ကောင်းတာ​လေး​တွေလည်း ရှိပါတယ်​။ Reception မှာ ထိုင်​​နေတဲ့ ထိုင်းမကြီးက ဘာ​မေး​မေးမသိဘူး ​ဖြေတာကလွဲရင် ​တော်​​တော်​​လေးသဘာ​ကောင်းရှာပါတယ်​၊ အခန်းထဲမှာ သွားတိုက်​​ဆေး၊ သွားပွတ်​တံမရှိဘူးလား​မေး​တော့ ပြန်​​ဖြေတယ်​ .. Seven Eleven တဲ့ (ဒီမှာဆို abc လို ဆိုင်​မျိုး​ပေါ့​နော်​ .. သူတို့ဆီမှာလည်း အဲ့လိုဆိုင်​​လေး​တွေ အများကြီးပဲ) မကောင်းတာတွေလည်း ရှိသလို ကောင်းကွက်လေးလည်း ပြောဦးမှပေါ့နော်.. ​ကောင်းတဲ့အချက်​က အဲ့ ဟော်တယ်လ်မှာ သရဲမ​ခြောက်​ဘူး။ ​Wifi လည်း ​ကောင်းတယ်​။ ဟီး..

ဟော်တယ်လ်​ရောက်​ပြီး ဖင်​​တောင်​မပူ​သေးဘူး .. ကိုယ်​​တွေက နှစ်​ညအိပ်​ပဲ အချိန်​ရတာဆို​တော့ Night Bazaar (ညဈေး) ကို တန်း​ပြေးရတယ်​။ အင်္ကျီ​တွေ​တောင်​မလဲနိုင်​ဘူး .. နန္ဒာဆို ထဘီကြီးတကားကားနဲ့။ အဲဒီမှာ စ​တွေ့တာပဲ။ ချင်းမိုင်​ရဲ့ အကြီးဆုံးချင်း (ဂျင်း) ​ဈေးကြီး။ နန္ဒာတို့ ဟော်တယ်လ်က​နေဆို ဂျင်း​ဈေး​ရောက်​​အောင်​ ၂၅မိနစ်​လောက်​​လျှောက်​ရတယ်​။

<3

သူတို့က ကိုယ်​​တွေနိုင်​ငံထက်​ ၄၅မိနစ်လောက်​​စော​တော့ နန္ဒာတို့​ဈေး​ရောက်​တဲ့အချိန်​မှာ မရှိဘူးဆိုရင်​​တောင်​ ရှစ်​နာရီ​ကျော်​ပြီထင်​တယ်​။ ​ရောက်​​ရောက်​ချင်းဆို​တော့ လမ်း​တွေလည်းမသိဘူး .. အာ့ကို google maps ဖွင့်ပြီး ချီတက်​ကြတာပဲ။ နန္ဒာဆို အရမ်း​တွေစိတ်​အားထက်​သန်​​နေတာ .. ထက်​သန်​ဆို Night Bazaar (ညဈေး) ​ရောက်​မှ လိုတာ​တွေအကုန်​ဝယ်​မယ်​ဆိုပြီး အင်္ကျီ​တောင်​နှစ်​စုံလားပဲ ယူလာတာ။ ဖိနပ်​ဆိုလည်း ရှူး​လေးတစ်​ရံပဲပါတယ်​ .. လှချင်​လို့ အနာခံပြီး စီးလာတာ။ တကယ်​လည်း ​ဈေးထဲ​ရောက်​​ရော ဘာဝယ်​လို့ဝယ်​ရမှန်းမသိ​တော့ဘူး။ ပစ္စည်း​တွေက​တော့ ​တော်​​တော်​စုံတယ်​ .. ရိုးရာပစ္စည်း​လေး​တွေနဲ့ handmade (လက်မှုပစ္စည်း) ​လေး​တွေ​ပေါ့​နော်​။ သူတို့ ဒေသခံ​တွေထက်​စာရင်​ နိုင်​ငံခြားသား​တွေ​တော်​​တော်များတယ်​။ ညဘက်​မို့ မီး​တွေထွန်းထားလိုက်​တာဆိုတာ အရမ်းလှတယ်​ .. တအားလည်းစည်​တယ်​​ .. ဒီက BKK Night Market လိုမျိုးပဲ။ ဒါ​ပေမဲ့ ဈေး​တွေကျ​တော့ နှစ်​ဆ​တွေ​ရော်​။ စစချင်း​တော့ ကိုယ်​​တွေကမသိပါဘူး။ နန္ဒာရယ်​၊ ရုံးက အစ်​မတစ်​​ယောက်​ရယ်​က ဖိနပ်​အပါး​လေးတစ်​ရံ​လောက်​ဝယ် ​မယ်​ဆိုပြီး လိုက်​​မေးတာ ဒီမှာ နှစ်​​ထောင်​၊ သုံး​ထောင်​​လောက်​ပဲရှိတဲ့ ရာဘာဖိနပ်​ပါး​လေး​တွေကို ဘတ် ၁၈၀ ​တွေဘာ​တွေ​ခေါ်တာ​နော်​ (1 Baht ကို 43 ကျပ်​​ပေါက်​​နေတာ)။ T- Shirt ​တွေဆိုတာလည်း ဒီမှာ​တောင်​ ၇၀၀၀ ​လောက်​ပဲရှိတာကို အဲ့မှာ​ ၁၅၀၀၀ ​​လောက်​က​နေစ​ခေါ်တာ။ ဘယ်​လို​ပြောရမလဲ .. အကြီးကြီးနင်​တာ​ပေါ့။

မုန့်​စား​တော့လည်း ဒီက ထိုင်းအစားအစာ​တွေ​လောက်​​တောင်​ မ​ကောင်းဘူး အဲ့မှာ။ ထိုင်း​တွေဆို​ပေမဲ့ သူတို့က​မြောက်​ပိုင်းထိုင်းတွေနဲ့ မတူဘူး​ရော်​ .. ကိုယ်​​တွေ​လောက်​​တောင်​ အစပ်​မစားနိုင်​ဘူး။ Seafood Set (ပင်လယ်စာ ဆက်) ကြီးဝယ်​စားတာ spicy level 3 (အစပ်လယ်ဗယ်အဆင့်သုံး) ​လောက်​ကို​တောင်​ ကိုယ်​​တွေမှာ ဘာမှန်းမသိလိုက်​ဘူး .. အဲ့လိုမှန်းသိ အမြင့်ဆုံး ၅ ထိယူလိုက်​ပါတယ်​။ အဲ့ set က​တော့တန်​တယ်​​ပြောရမယ်​။ ဘတ်၅၅၀လား မသိဘူး​ပေးရတယ်​ .. လူ​ခြောက်​​ယောက်​ဝ​အောင်​ စားလို့ရတယ်​​ရော်​။ နန္ဒာက​တော့ ပင်လယ်စာ အဲ့​လောက်​ထိ မကြိုက်​လို့လားမသိဘူး … အဲ့ထဲက ​ပြောင်းဖူးရယ်​၊ ဂုံး​သေး​သေး​လေး​တွေရယ်​၊ ဂဏန်းရယ်​​လောက်​ပဲ စားဖြစ်​လိုက်​တယ်​။ ပုဇွန်​​တွေကျမကြိုက်လို့၊ ​နောက်​ နန္ဒာတို့အိမ်​အပြင်​ဘက်​က အုတ်​ခုံ​တွေ​ပေါ်မှာ​တွေ့ရတဲ့ ခရုလိုမျိုးဟာ​တွေပါ ထည့်ထား​သေးတယ်​ .. အာ့​တွေကျ စမ်းကြည့်ချင်​တာ​တောင်​ မစားရဲလို့၊ အဲ့ခရု​တွေကျ ​နေရာတကာမှာ​တွေ့​နေရတာကိုး၊ ​​ရေကပြင်​မှာလည်း​တွေ့၊ ​ရေညှိတက်​​နေတဲ့ အုတ်​ခဲတုံး​တွေ​ပေါ်မှာလည်း​တွေ့ .. ​နေရာတကာ ဒင်းတို့ချည်းပဲဟာကို။ -_-

<3

Related Article >>> တစ်ကမ္ဘာလုံးခရီးဆန့်ခဲ့သူ

စားခဲ့ရတဲ့ထဲမှာ အကြိုက်​ဆုံးက​တော့ ဝက်​အူ​ချောင်းရယ်​၊ ဝက်​သားပြားတုတ်​ထိုးရယ်​ပဲ .. ဝက်​အူ​ချောင်းက ဒီက ကယားဝက်​အူ​ချောင်းနဲ့ဆင်​တယ်​ ။ အထဲမှာ ကြာဇံနဲ့ဝက်​သားကိုကြိတ်​ပြီး အစာသွပ်​ထားတာ .. ဒါ​ပေမဲ့ ကယားဝက်​အူ​ချောင်းလို​တော့ ​သိပ်​မစပ်​ဘူး .. ​ပေါ့လည်း​ပေါ့တယ်​။ စားပြီး​သောက်​ပြီး​​တော့ အုန်းရည်​​သောက်​ချင်​လို့ သွား​မေးတာ ၆၅ဘတ် ဆိုလားပဲ။ ​ဈေးကြီးတယ်​ .. မ​သောက်​​သေးဘူးဆိုပြီး Smoothie ​သောက်​မို့သွားကြည့်​တာ ဘတ်၈၀ တဲ့။ အမှန်​​တော့ အာ့​လောက်​က ပုံမှန်​​ဈေးပဲလို့​ပြောလို့ ရတယ်​။ ဒါ​ပေမဲ့ ကိုယ်​က ထိုင်းဒရာမာ​တွေကြည့်​ထားပြီး အဲ့ထဲမှာ smoothie တစ်​ခွက်​ ၃၀ ​လောက်​ပဲ​ပေးရတယ်​ဆိုပြီး သိထားတော့ ​ဈေးကြီးတယ်​ပဲမှတ်​တာ။ အမှတ်​​ကောင်းလို့​ပြောရမှာပဲ .. အပြင်​မှာဝယ်​​သောက်​​တော့ စ​တော်ဘယ်​ရီဒိန်​ချဉ်​ smoothie တစ်​ခွက်​ကို ၃၀ ပဲ​ပေးရတယ်​​လေ ဟီးဟီး .. ဆုံးဖြတ်​ချက်​မှန်​သွားတယ်​​ပေါ့​နော်​ .. အရသာလည်းရှိ .. size ကလည်းကြီး​တော့ ​နောက်​နှစ်​ထိ ​သောက်​ယူရမယ်​​​တောင်​မှတ်​တာ။ :3

Night Bazaar (ညဈေး) မှာ စား​သောက်​ပြီး ​ဈေးတန်း​တွေ​လျှောက်​ကြည့်လုပ်​တာ ကြာလာ​တော့ နန္ဒာ့ ထိပ်​ပိတ်​ရှူးဖိနပ်​က ဆန္ဒပြလာတယ်​။ ဖိနပ်​​တွေ​ပေါက်​ပြီး ​ခြေ​ဖဝါး​ရော၊ ​ခြေဖ​နောင့်ပါ နာလာ​ရော။ လက်ထဲမှာ ​ငွေလဲလာတာက ဘတ်၄၆၀၀ ​လောက်​ပဲပါ​တော့ ​​ခြွေတာရ​တော့မယ်​​လေ .. မတန်​ဘူးထင်​တာဆို လုံးဝမဝယ်​ချင်​ဘူး။ အာ့နဲ့ ​ကြိတ်​မှတ်​​လျှောက်​လာတာ .. ကိုယ့်​ထက်​ အ​ခြေအ​နေဆိုးတာက ရုံးကအစ်​ကိုနှစ်​​ယောက်​။ ဂဏန်း​တွေစားပြီး ဗိုက်​​တွေမ​ကောင်း​တော့ပါဘူး ဆိုလို့ လမ်း​ပေါ်မှာ​တွေ့တဲ့ ကားအနီလှမ်းတားပြီး ဟော်တယ်လ် ပြန်​လာခဲ့ရတယ်​။ ချင်းမိုင်​မှာ ကားအနီ​တွေက​တော့ အရမ်း​ပေါတယ်​ .. ဘတ်စ်မရှိဘူး .. ကားအနီဆိုတာ တကယ်​​တော့ ဒိုင်​နာကားလိုမျိုးပါပဲ .. တစ်​​ယောက်​ကို ဘတ်၃၀ ​ပေးရတယ်​။ လူများရင်​​တော့ ​ဈေး​လျှော့ခိုင်းလို့ရတယ်​။ ပထမဆုံးရက်​က​တော့ အထာမသိ​သေးတာနဲ့ တစ်​​ယောက်​သုံးဆယ်​​ပေးပြီး စီးလာခဲ့လိုက်​တယ်​။ ကိုယ်​​တွေ ဟော်တယ်လ် ဆိုသည်​မှာလည်း ဘယ်လောက်​​တောင်​ နာမည်​ကြီးလဲဆိုရင်​ ချင်းမိုင်​မှာ​နေတဲ့ သုံးရက်​လုံးလုံး ဘယ်​ကားသမားမှ နာမည်​​ပြောပြရုံနဲ့ မသိကြဘူး။ ​ဟော်တယ်လ်က လိုလိုပိုပိုယူလာမိတဲ့ လိပ်​စာကတ်​ထုတ်​ပြပြီး ​မြေပုံ​လေးပြ​တော့မှ ok တယ်​။ Night Bazaar (ညဈေး) က​နေ ဟော်တယ်လ် ပြန်​​ရောက်​​တော့ ချင်းမိုင်​​ရောက်​​ရောက်​ချင်းမို့လားမသိဘူး .. ပိုးကမ​သေ​သေးဘူး .. ဘားထိုင်​ကြမလား ဆိုပြီး တစ်​ခါ ပြန်​ထွက်​ကြပြန်​​ရော။ ဗိုက်​နာ​​နေတဲ့နှစ်​​ယောက်​ကိုတော့ ထားခဲ့လိုက်​တယ်​ (​နောက်​မှ အဲ့နှစ်​​ယောက်​က သွသူတို့ night out ထပ်​လုပ်​ကြမှန်း သိရတယ်​ .. ကိုယ်​​တွေကို ပလစ်​ပြီး သွသူတို့ သာယာ​နေကြတာ)

🙂

ဟော်တယ်လ် လမ်းကြား​လေးထဲက ထွက်​ထွက်​ချင်းမှာ ဘား အကြီးကြီးတစ်​ခုရှိတယ်​။ အဲ့မှာပဲထိုင်​မယ်​ဆိုပြီးသွားပေမဲ့ ဟို​ရောက်​​တော့ က​လေး​တွေကဲ​နေလိုက်​ကြတာ .. ဆူညံပွက်​​လော​တွေရိုက်​လို့ ။ ​ကျောင်းဆင်းပွဲဆိုလားဘာလား .. အထဲမှာ​တော့ ​ကောင်​​လေး​တွေ​ရော ​ကောင်​မ​လေး​တွေ​ရော အဆင်​​လေး​တွေမှအများကြီးရယ်​ .. ဝက်​ဝက်​ကွဲ ကဲ​နေကြတာနဲ့ ကိုယ်​​တွေလည်းတပ်​ပြန်​​ခေါက်ပြီး တခြား တိတ်​တိတ်​ဆိတ်​ဆိတ်​ရှိမဲ့ နေရာပဲရှာ​တော့မယ်​ဆိုပြီး ပြန်​ထွက်​လာလိုက်​တယ်​။

Related Article >>> ခရီးသွားရင်မဖြစ်မနေဆောင်သွားသင့်တဲ့ အလှကုန်ပစ္စည်း (၅) မျိုး

အဲ့က​နေ စ​ကားတ​ပြော​ပြောနဲ့ .. ဟိုနားမှာ မီး​ရောင်​​လေး​တွေ ​တွေ့တယ်​ဟဲ့ ​တွေ့တယ်​ဟဲ့နဲ့ ​လျှောက်​လိုက်​တာ မိနစ်​နှစ်​ဆယ်​ အစိတ်​​လောက်​ကြာ​တော့ Chang Phuak Gate Night Market ဆိုတဲ့ ​ဈေးတန်း​လေး​​တွေ သွား​တွေ့တယ်​။ သူကျ​တော့ ဒီက တရုတ်​တန်းလိုမျိုး​လေး .. အစားအ​သောက်​လည်း ​ကောင်းတယ်​၊ ​ဈေး​တွေလည်းအရမ်းတန်​တယ်​။ Smoothie က အဲ့မှာ​သောက်​တာ ၃၀ ပဲ​ပေးရတယ်​ .. ​စော​စောစီးစီးလာမိရင်​ ​ကောင်းသားလို့​တောင်​ ​တွေးမိတယ်​။ ​ရောက်​​ရောက်​ချင်းဆို​တော့ ဗိုက်​ဆာ​နေတာနဲ့ Night Bazaar (ညဈေး) မှာ စားလိုက်​မိတာ မှားသွားတယ်​။ အဲ့မှာမှ တကယ်​တန်​တာ .. တရုတ်​​တွေများ​တော့ တရုတ်​စာ​တွေလည်းများတယ်​၊ ပူပူ​လော​လောနဲ့ အရသာရှိရှိစားလို့ရမယ့်​ဟာမျိုးတွေ​ပေါ့။ တစ်​ခုရှိတာက ဆိုင်​​လေး​တွေက​တော့ လမ်း​ဘေးဆိုင်​​လေး​တွေမို့ အပြင်​အဆင်​က​တော့ သပ်​သပ်​ရပ်​ရပ်​မရှိဘူးရယ်​။ ရယ်​ရတာတစ်​ခုရှိ​သေးတယ်​ .. Night Bazaar (ညဈေး) မှာ စား​သောက်​ပြီးလာတာဆို​တော့ အမှန်​က ဗိုက်​​တွေကတင်း​နေပြီ .. အဲ့ဒါကို မျက်​စိ​တွေကလည်းငတ်​၊ အစားအ​သောက်​​တွေ ဘယ်​လို​နေလဲလည်း မြည်းကြည့်ချင်​တာနဲ့ ​ခေါက်​ဆွဲတစ်​ပွဲရယ်​၊ ဝက်​အူ​ချောင်း​လေးတစ်​ပွဲရယ်​ မှာပြီး လူ​လေး​ယောက်​ထိုင်​စား​နေကြတာ။ ကိုယ်​​တွေရုပ်​က တရုတ်​ရုပ်​​​ပေါက်​​နေလို့ပဲလား​တော့ မသိဘူး .. ဖြတ်​သွားတဲ့တရုတ်​မက smoothie ဘူး​တွေကြည့်ပြီး ဘယ်​ကဝယ်​တာလဲလာ​မေးတာ။ သူက တရုတ်​လိုလာ​မေးတာ .. နန္ဒာကကျ နားလည်​တယ်​.. ပြန်​မ​ဖြေတတ်​ဘူး။

ဘာ​ပြောရမလဲမသိဖြစ်​​နေတုန်း ဝိုင်းထဲက အစ်​ကိုကြီးက ထ​ဖြေတယ်​ .. နဲ့ပြန်​ နဲ့ပြန်​ ဆိုပြီး အ​နောက်​ကို လက်ညှိုးတထိုးထိုးနဲ့။ အထင်​​တွေကြီးသွားတာ​ပေါ့ .. ဟုတ်​လှချည်​လားဆိုပြီး။ တကယ်​တမ်းကျ ကိုယ်​​တွေအုပ်​စုထဲမှာ တကယ်​တရုတ်​စကား​ပြောတတ်တာက အဲ့အစ်​ကိုကြီးရဲ့ မိန်းမ .. သူက ထပြီး​ဖြေ​ပေးလိုက်​​တော့မှ တရုတ်​မက ငါတို့ ​တော်​​တော်​​ဝေး​ဝေးကို ​ကျော်​လာခဲ့ပြီလို့ ​ပြောပြီး ထွက်​သွားတာ။ သူထွက်​သွားမှ ​မေးရတယ်​ .. အစ်​ကို တရုတ်​လို​ပြောတတ်​တယ်​​ပေါ့ဆိုတော့ ပြန်​​ဖြေတယ်​ .. သူလာ​မေးလို့ ငါလည်း ရမ်း​ဖြေလိုက်​တာတဲ့။ တရုတ်​မနဲ့ သူနဲ့​ပြော​နေတာ​တော့ မသိရင်​ တကယ်​ သူက တရုတ်​ကြီးကျလို့ .. ရယ်​လိုက်​ရတာဆိုတာ​သေမလိုပဲ။ အဲ့​နေ့ကအပြန်​ အကုန်​လုံး​ခြေကုန်​လက်​ပမ်းကျနေလို့ တုတ်​တုတ်​ငှားပြီး ပြန်​လိုက်​ရတယ်​။ ​လေး​ယောက်​ကို ၁၀၀ ​ပေးရတယ်​။ ဆိုး​တော့မဆိုးပါဘူး။ ​တကယ်​သေမလိုကံဆိုးတာက​တော့ ​နောက်​တစ်​ရက်​​ရောက်​​တော့မှ ဆိုးတာ။ ဒါ​ပေမဲ့ စာ တအားရှည်​သွားပြီမို့ နန္ဒာဒီမှာပဲရပ်​လိုက်​​တော့မယ်​ ​နော်​။

ခရီးသွားတာ ​ပျော်​စရာ​တွေ share မ​ပေးဘဲ တလွဲ​တွေချည်း ​ပြောပြ​နေလို့ဆိုပြီး စိတ်​မဆိုးကြနဲ့ဦး​နော်​ … ​နောက်​တစ်​ပိုင်းကျ ဒီခရီးရဲ့​​ကောင်းတဲ့အပိုင်းလေး​တွေလည်း နန္ဒာ အ​သေးစိတ်​​ပြောပြ​ပေးသွားမှာပါ ။ ​ယောင်းတို့ရဲ့ ခရီးသွားအလွဲ​လေး​တွေကိုလည်း comment မှာ ​ပြောပြ​ပေးခဲ့ဦး​နော်​။ Sharing is caring ပါ .. အားလုံးပဲ ခရီးသွားတဲ့အခါ အစစအရာရာ အဆင်​​ပြေ​ချော​မွေ့ပြီး ​ပျော်​ရွှင်ကြပါ​စေလို့ ဆု​တောင်း​ပေးလိုက်​ပါတယ်​​နော် ​။

Nandar ( For Her Myanmar )

No Comments Yet

Comments are closed