ဘယ္လိုၾကည့္ၾကည့္၊ ၾကည့္မဝတဲ့ ကမာၻ႕အလွဆံုးကေလး (၇)ေယာက္

နံပါတ္(၅)က ေမာင္ေလးကေတာ့ အသက္ပါပဲ ခ်ိမတို႔ေရ… 😛 

ျမင္လိုက္တာနဲ႔တင္ “ဟယ္… လွလိုက္တာ” လို႔ ျဖစ္သြားမယ့္အျပင္ ေအာင္ျမင္မႈအသီးသီးကိုလည္း ပိုင္ဆိုင္ရယူထားၾကတဲ့ ကေလး (၇)ေယာက္ဟာ ဆိုရင္ေတာ့ျဖင့္…

၁။ Anastasia Knyazeva (ရုရွ)

Anastasia Knyazeva
Anastasia Knyazeva

မ်က္လံုးျပာျပာေလးနဲ႔ ေရႊရုပ္ကေလးလို လွတဲ့ Anastasia ေလးဟာ ေမြးကတည္းက လူေတြရဲ႕ စိတ္ဝင္တစား အာရံုစိုက္မႈကို ရရွိခဲ့သူပါ။ ၂၀၁၁ ခုႏွစ္မွာ ေမြးဖြားခဲ့သူ ျဖစ္ၿပီး ခုခ်ိန္မွာေတာ့ အသက္ ၈ႏွစ္ဝန္းက်င္သာ ရွိပါေသးတယ္။ “ကမာၻ႕အလွဆံုးမိန္းကေလး”ဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ ထိုက္တန္ မတန္ဆိုတာေတာ့ ေယာင္းတို႔ပဲ ၾကည့္လိုက္ပါေတာ့ ေယာင္းေရ… အက္ဒ္မင္ေတာ့ လွလိုက္တာဆိုတာခ်ည္း တဖြဖြ ေျပာေနမိေတာ့တာပဲ..

၂။ Anna Pavaga (ရုရွ)

Anna Pavaga
Anna Pavaga

ဒီကေလးမေလးကေတာ့ အသက္ (၃)ႏွစ္ကတည္းက ေမာ္ဒယ္လ္လုပ္ေနတဲ့သူပါ။ ၂၀၀၉ ၊ ႏိုဝင္ဘာမွာ ေမြးဖြားသူေလးမို႔ ခုဆို အသက္ ၁၀ ႏွစ္ ျပည့္လုျပည့္ခင္ေလးေပါ့… Instagram Star တစ္ေယာက္လည္း ျဖစ္ေသးတဲ့ သူ(မ)ေလးဟာ Instagram မွာ Follower ေပါင္း ၅သိန္းေက်ာ္ကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။

၃။ Lauren Lunde (ေတာင္ကိုရီးယား)

Lauren Lunde
Lauren Lunde

ကိုရီးယား မိခင္နဲ႔ ကေနဒီယန္ ဖခင္တို႔က ေမြးဖြားခဲ့တဲ့ ဒီကေလးေလးကေတာ့ အလွတရားေတြအကုန္လံုးစုယူထားသလိုပါပဲ။ ကေလးအဝတ္အစားနဲ႔ အသံုးအေဆာင္ ဘရန္းေပါင္းမ်ားစြာအတြက္ ေမာ္ဒယ္လ္လုပ္ေပးေနၿပီး သူ(မ)ေလးရဲ႕ အားလပ္ခ်ိန္ေတြကိုေတာ့ တိုက္ကြမ္ဒို ေလ့က်င့္ရင္း ကုန္ဆံုးတတ္ပါေသးတယ္တဲ့ ေယာင္းတို႔ေရ..

Related Article >>> အဆံုးထိ ဖတ္ၾကည့္ပါ.. နည္းနည္းေလးေတာ့ ျပံဳးသြားမိမွာ 😉

၄။ Haileigh Vasquez (USA)

Haileigh Vasquez
Haileigh Vasquez

ဒီဇိုင္နာျဖစ္ဖို႔ ရည္မွန္းခ်က္ထားတဲ့ သူ(မ)ေလးကေတာ့ ရည္မွန္းခ်က္အတိုင္း လူငယ္ေတြအတြက္ ဒီဇိုင္နာေက်ာင္းကို ဝင္ခြင့္ရခဲ့ၿပီး ၂၀၁၇ ခုႏွစ္အတြက္ အငယ္ဆံုး ဒီဇိုင္နာ ေက်ာင္းသူ ျဖစ္ခဲ့ပါတယ္။ သူ႕ရဲ႕ ဒီဇိုင္းေတြဟာ Runway မွာ ေဖာ္ျပခြင့္ရခဲ့ၿပီး သူ႕အသက္အရြယ္နဲ႔ ေအာင္ျမင္မႈ ႀကီးႀကီးမားမားကို ပိုင္ဆိုင္ထားခဲ့သူလို႔ေတာင္ ဆိုႏုိင္ပါတယ္။

၅။ William Franklyn-Miller (ၾသစေၾတးလ်)

William Franklyn-Miller
William Franklyn-Miller

ခ်ိမတို႔အတြက္ ေမာင္ေလးလာပါၿပီ။ ၂၀၀၄ ခုႏွစ္မွာ ေမြးဖြားခဲ့သူျဖစ္ၿပီး အသက္ ၁၅ ႏွစ္အရြယ္မို႔ ကေလးစာရင္းအသြင္းခံထားရေပမဲ့ လူေကာင္ထြားတာမို႔ အပ်ိဳေလးေတြရဲ႕ ႏွလံုးသားကို ေႁခြယူႏုိင္တဲ့ လူေခ်ာေလး ျဖစ္ေနပါၿပီ။ မွန္မွန္ေျပာေနာ္.. ကိုယ့္ေယာင္းေလးေတြလည္း ေႂကြသြားတယ္မလား 😛

၆။ Jordyn Reinle (USA)

Jordyn Reinle
Jordyn Reinle

အသက္ ၈ႏွစ္ဝန္းက်င္သာ ရွိေသးတဲ့ ဒီကေလးေလးကလည္း ဖက္ရွင္ေမာ္ဒယ္လ္ေလာကမွာ ေအာင္ျမင္မႈ အႀကီးႀကီးကို သိမ္းပိုက္ထားႏုိင္သူပါ။ ျပာလဲ့ေနတဲ့ မ်က္လံုး၊ Glow ေနတဲ့ အသားအေရနဲ႔ ေရႊေရာင္ဆံႏြယ္ေလးေတြပိုင္ရွင္ ဒီကေလးမေလးကိုေတာ့ လွလိုက္တာ ဆိုတဲ့စကားမွတစ္ပါး အျခား ေျပာစရာမရွိေသာပါပဲ ေယာင္းတို႔ေရ…

Related Article >>> Met Gala ညရဲ႕ အလွဆံုး ဝတ္စုံေတြထဲက (၆)စံု

၇။ Lara and Mara Bawar (ဘရာဇီးလ္)

Lara and Mara Bawar
Lara and Mara Bawar

 

အသက္ ၁၂ႏွစ္သာ ရွိေသးတဲ့ ဒီညီအစ္မေလးႏွစ္ေယာက္ကေတာ့ အလွစစ္ဆိုတာ ဘာလဲဆိုတာရဲ႕ ျပယုဂ္ပါပဲ။ အယ္လ္ဘီႏိုေရာဂါလို႔ေခၚတဲ့ အသားအေရာင္မူမမွန္ျခင္း ျပႆနာရွိၾကတဲ့ ဒီညီအစ္မဟာ တစ္ကမာၻလံုးရဲ႕ အလွအပစံႏႈန္းေတြကို စိန္ေခၚ ေက်ာ္ျဖတ္လို႔ Runway မွာ ေအာင္ျမင္တဲ့ ကေလးေမာ္ဒယ္လ္ေတြဆိုတဲ့ ဂုဏ္ပုဒ္ကို ရယူထားၾကပါတယ္။

ဒါေတြကေတာ့ ကမာၻ႕အလွဆံုးလို႔ သတ္မွတ္ခံထားရတဲ့ ကေလးေတြအေၾကာင္းပါ ေယာင္းတို႔ေရ… ေယာင္းတို႔အျမင္ကိုလည္း မွ်ေဝေပးသြားၾကပါဦး…

Libra (For Her Myanmar)

References: Amomama, Brightside

<<< Unicode >>>

နံပါတ်(၅)က မောင်လေးကတော့ အသက်ပါပဲ ချိမတို့ရေ… 😛 

မြင်လိုက်တာနဲ့တင် “ဟယ်… လှလိုက်တာ” လို့ ဖြစ်သွားမယ့်အပြင် အောင်မြင်မှုအသီးသီးကိုလည်း ပိုင်ဆိုင်ရယူထားကြတဲ့ ကလေး (၇)ယောက်ဟာ ဆိုရင်တော့ဖြင့်…

၁။ Anastasia Knyazeva (ရုရှ)

Anastasia Knyazeva
Anastasia Knyazeva

မျက်လုံးပြာပြာလေးနဲ့ ရွှေရုပ်ကလေးလို လှတဲ့ Anastasia လေးဟာ မွေးကတည်းက လူတွေရဲ့ စိတ်ဝင်တစား အာရုံစိုက်မှုကို ရရှိခဲ့သူပါ။ ၂၀၁၁ ခုနှစ်မှာ မွေးဖွားခဲ့သူ ဖြစ်ပြီး ခုချိန်မှာတော့ အသက် ၈နှစ်ဝန်းကျင်သာ ရှိပါသေးတယ်။ “ကမ္ဘာ့အလှဆုံးမိန်းကလေး”ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန် မတန်ဆိုတာတော့ ယောင်းတို့ပဲ ကြည့်လိုက်ပါတော့ ယောင်းရေ… အက်ဒ်မင်တော့ လှလိုက်တာဆိုတာချည်း တဖွဖွ ပြောနေမိတော့တာပဲ..

၂။ Anna Pavaga (ရုရှ)

Anna Pavaga
Anna Pavaga

ဒီကလေးမလေးကတော့ အသက် (၃)နှစ်ကတည်းက မော်ဒယ်လ်လုပ်နေတဲ့သူပါ။ ၂၀၀၉ ၊ နိုဝင်ဘာမှာ မွေးဖွားသူလေးမို့ ခုဆို အသက် ၁၀ နှစ် ပြည့်လုပြည့်ခင်လေးပေါ့… Instagram Star တစ်ယောက်လည်း ဖြစ်သေးတဲ့ သူ(မ)လေးဟာ Instagram မှာ Follower ပေါင်း ၅သိန်းကျော်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

၃။ Lauren Lunde (တောင်ကိုရီးယား)

Lauren Lunde
Lauren Lunde

ကိုရီးယား မိခင်နဲ့ ကနေဒီယန် ဖခင်တို့က မွေးဖွားခဲ့တဲ့ ဒီကလေးလေးကတော့ အလှတရားတွေအကုန်လုံးစုယူထားသလိုပါပဲ။ ကလေးအဝတ်အစားနဲ့ အသုံးအဆောင် ဘရန်းပေါင်းများစွာအတွက် မော်ဒယ်လ်လုပ်ပေးနေပြီး သူ(မ)လေးရဲ့ အားလပ်ချိန်တွေကိုတော့ တိုက်ကွမ်ဒို လေ့ကျင့်ရင်း ကုန်ဆုံးတတ်ပါသေးတယ်တဲ့ ယောင်းတို့ရေ..

Related Article >>> အဆုံးထိ ဖတ်ကြည့်ပါ.. နည်းနည်းလေးတော့ ပြုံးသွားမိမှာ 😉

၄။ Haileigh Vasquez (USA)

Haileigh Vasquez
Haileigh Vasquez

ဒီဇိုင်နာဖြစ်ဖို့ ရည်မှန်းချက်ထားတဲ့ သူ(မ)လေးကတော့ ရည်မှန်းချက်အတိုင်း လူငယ်တွေအတွက် ဒီဇိုင်နာကျောင်းကို ဝင်ခွင့်ရခဲ့ပြီး ၂၀၁၇ ခုနှစ်အတွက် အငယ်ဆုံး ဒီဇိုင်နာ ကျောင်းသူ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ဒီဇိုင်းတွေဟာ Runway မှာ ဖော်ပြခွင့်ရခဲ့ပြီး သူ့အသက်အရွယ်နဲ့ အောင်မြင်မှု ကြီးကြီးမားမားကို ပိုင်ဆိုင်ထားခဲ့သူလို့တောင် ဆိုနိုင်ပါတယ်။

၅။ William Franklyn-Miller (သြစတြေးလျ)

William Franklyn-Miller
William Franklyn-Miller

ချိမတို့အတွက် မောင်လေးလာပါပြီ။ ၂၀၀၄ ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်မို့ ကလေးစာရင်းအသွင်းခံထားရပေမဲ့ လူကောင်ထွားတာမို့ အပျိုလေးတွေရဲ့ နှလုံးသားကို ခြွေယူနိုင်တဲ့ လူချောလေး ဖြစ်နေပါပြီ။ မှန်မှန်ပြောနော်.. ကိုယ့်ယောင်းလေးတွေလည်း ကြွေသွားတယ်မလား 😛

၆။ Jordyn Reinle (USA)

Jordyn Reinle
Jordyn Reinle

အသက် ၈နှစ်ဝန်းကျင်သာ ရှိသေးတဲ့ ဒီကလေးလေးကလည်း ဖက်ရှင်မော်ဒယ်လ်လောကမှာ အောင်မြင်မှု အကြီးကြီးကို သိမ်းပိုက်ထားနိုင်သူပါ။ ပြာလဲ့နေတဲ့ မျက်လုံး၊ Glow နေတဲ့ အသားအရေနဲ့ ရွှေရောင်ဆံနွယ်လေးတွေပိုင်ရှင် ဒီကလေးမလေးကိုတော့ လှလိုက်တာ ဆိုတဲ့စကားမှတစ်ပါး အခြား ပြောစရာမရှိသောပါပဲ ယောင်းတို့ရေ…

Related Article >>> Met Gala ညရဲ့ အလှဆုံး ဝတ်စုံတွေထဲက (၆)စုံ

၇။ Lara and Mara Bawar (ဘရာဇီးလ်)

Lara and Mara Bawar
Lara and Mara Bawar

 

အသက် ၁၂နှစ်သာ ရှိသေးတဲ့ ဒီညီအစ်မလေးနှစ်ယောက်ကတော့ အလှစစ်ဆိုတာ ဘာလဲဆိုတာရဲ့ ပြယုဂ်ပါပဲ။ အယ်လ်ဘီနိုရောဂါလို့ခေါ်တဲ့ အသားအရောင်မူမမှန်ခြင်း ပြဿနာရှိကြတဲ့ ဒီညီအစ်မဟာ တစ်ကမ္ဘာလုံးရဲ့ အလှအပစံနှုန်းတွေကို စိန်ခေါ် ကျော်ဖြတ်လို့ Runway မှာ အောင်မြင်တဲ့ ကလေးမော်ဒယ်လ်တွေဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူထားကြပါတယ်။

ဒါတွေကတော့ ကမ္ဘာ့အလှဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကလေးတွေအကြောင်းပါ ယောင်းတို့ရေ… ယောင်းတို့အမြင်ကိုလည်း မျှဝေပေးသွားကြပါဦး…

Libra (For Her Myanmar)

References: Amomama, Brightside

No Comments Yet

Comments are closed