‘မသိဘူး ရိုမယ္’ ဆိုတဲ့ေယာင္းတို႔အတြက္ အရိုဆံုးရုပ္ရွင္ကား (၂) ကား

ရိုနည္းရိုရာအျဖာျဖာကိုလည္း ေလ့လာလို႔ရတာေပါ့ ငိငိ 😛

စာေရးဆရာ Nicholas Sparks ရဲ႕စာအုပ္ေတြက ဘယ္ေလာက္ရိုဆန္တယ္၊ ဘယ္ေလာက္ႏုရြေနတယ္ဆိုတာ ေယာင္းတို႔ကိုေလ စာနဲ႔ေတာင္ေျပာျပလုိ႔မရဘူး။ ဆယ္ေက်ာ္သက္ေတြရဲ႕ သဘာဝ၊ စိတ္အေနအထားနဲ႔ ႏုရြလွပတဲ့အခ်စ္ကို ေဖာ္ျပတဲ့ေနရာမွာ တကယ့္ဆရာတစ္ဆူပဲမို႔ သူ႔စာဖတ္တဲ့လူတိုင္း ျဖဴရွင္သန္႔ရွင္းတဲ့ အခ်စ္ကိုခံစားေစမွာပါ။ Nicholas Sparks အေၾကာင္းလည္း ေယာင္းတို႔ကို ေျပာျပဖူးတယ္ေနာ္.. ေမ့သြားရင္ ဒီမွာ ျပန္ၾကည့္ေနာ္..  သူ႕ဝတၳဳကို ျပန္ရိုက္ထားတဲ့ရုပ္ရွင္ေတြလည္း မ်ားသေလာက္ ေအာင္ျမင္ခဲ့ပါတယ္။ ဒီထဲကမွ ႏွင္းအႀကိဳက္ဆံုးရုပ္ရွင္ကား ၂ ကားကို ဒီတစ္ေခါက္ ရီဗ်ဴးအေနနဲ႔ တင္ဆက္လိုက္ပါတယ္ေနာ္။ 

The Last Song (2010)

ဒီရုပ္ရွင္ေလးကေတာ့ ႏွင္းတို႔ရဲ႕ အခ်စ္ေတာ္ အဆိုေတာ္မေလး Miley Cyrus နဲ႔ သူ(မ)ရဲ႕ခ်စ္သူျဖစ္တဲ့ Liam Hemsworth တို႔ အတူတြဲၿပီး သရုပ္ေဆာင္ထားတဲ့ ရုပ္ရွင္ကားေကာင္းေလးျဖစ္ပါတယ္။ Ronnie (Miley) က သူ(မ) အေမရဲ႕စီစဥ္မႈနဲ႔ သူ(မ)အေဖရွိတဲ့ ကမ္းေျခၿမိဳ႕ေလးဆီ ေရာက္လာတဲ့အခန္းနဲ႔ ရုပ္ရွင္ကို စတင္ထားပါတယ္။

သူ(မ)ရဲ႕ ဖခင္ကေတာ့ အဲဒီၿမိဳ႕က လက္သမားဆရာျဖစ္ၿပီး ဘုရားေက်ာင္းကို မီးရႈိ႕ထားသူတစ္ေယာက္အေနနဲ႔ လူအမ်ားက ဝိုင္းဖယ္ၾကဥ္ထားတဲ့ လူတစ္ေယာက္ပါ။ ၿပီးေတာ့ Ronnie ကလည္း သူ(မ)အေဖ မိသားစုကို စြန္႔ခြာသြားၿပီးကတည္းက ဂ်စ္ကန္ကန္မိန္းကေလး တစ္ေယာက္အေနနဲ႔ ႀကီးျပင္းလာတာမို႔ ဒီလိုၿမိဳ႕အသစ္ကို ေျပာင္းေရႊ႕လာတဲ့အခါမွာလည္း လူအမ်ားနဲ႔ေပါင္းသင္းဆက္ဆံဖို႔ ခက္ခဲေနၿပီး တစ္ေယာက္တည္းအေနမ်ားတယ္ေလ။

ဒါေပမဲ့ တစ္ေန႔က်ေတာ့ သူ(မ) လိပ္ဥက်င္းကို ေဘးနားမွာေစာင့္ေနတုန္း Will ဆိုတဲ့ေကာင္ေလးတစ္ေယာက္နဲ႔ေတြ႔ၿပီး စကားေျပာရင္း ခင္မင္သြားရာကေနတစ္ဆင့္ တစ္စနဲ႔တစ္စ သူ(မ)ဘဝထဲကို သူကတိုးဝင္လာခဲ့တာေပါ့။

သူတို႔ရဲ႕ ခ်စ္ျခင္းက ေခ်ာေမြ႕ပါ့မလား?

ဘယ္လို အေျခအေနမ်ိဳးေတြနဲ႔ ရင္ဆိုင္ရဦးမွာလဲ?

ဘုရားေက်ာင္းကို မီး႐ိႈ႕ခဲ့တဲ့ သူတစ္ေယာက္ရဲ႕ သမီး ဆိုတာက Ronnie ကို ဘယ္လို အက်ိဳးသက္ေရာက္မႈေတြ ျဖစ္ေစမွာလဲ?

Will ကေရာ ထင္သေလာက္ ရိုးရွင္းပါ့မလား?

စတာေတြကို ၾကည္ႏူးဆြတ္ပ်ံ႕စရာ ေတြ႕ျမင္ခံစားရမွာပါ ေယာင္းတို႔ေရ…

Related Article >>> လက္ေတြ႕ဆန္လြန္းတဲ့ ရိုမန္႔စ္ ရုပ္ရွင္ကား (၃)ကား

A Walk to Remember (2002)

ေက်ာင္းတစ္ေက်ာင္းမွာ အေခ်ာအလွအုပ္စု၊ ဆိုးေပအုပ္စု စသည္ျဖင့္ အဖြဲ႔လိုက္ေတြ စံုေနမွ ေက်ာင္းသားဘဝရဲ႕ အႏွစ္သာရဆိုတာကို အျပည့္ခံစားရတာမလား။ ဒီရုပ္ရွင္ထဲမွာေတာ့ မင္းသား ‘London’ က ဆိုးေပအုပ္စုရဲ႕ ေခါင္းေဆာင္ပါ။ သူတို႔အဖြဲ႔ထဲကို ဝင္ခ်င္တဲ့ ေက်ာင္းသားေလးတစ္ေယာက္ကို စေနာက္ရင္းကေန ျပႆနာျဖစ္သြားတဲ့အခါ ေက်ာင္းထြက္ရမယ့္အေျခအေနဆီ ေရာက္သြားခဲ့ပါတယ္။

ဒါေပမဲ့လည္း အဆက္အသြယ္ေကာင္းတာေၾကာင့္ ေက်ာင္းထြက္ရမယ့္အစား ေက်ာင္းရဲ႕လႈပ္ရွားမႈအားလံုးမွာ ပါဝင္ဖို႔အထိဘဲ ျပစ္ဒဏ္ကိုေလွ်ာ႔ေပါ့လိုက္တာမို႔ ေက်ာင္းကျပဳလုပ္တဲ့ ကပြဲ၊ ျပဇာတ္နဲ႔ တျခားသန္႔ရွင္းေရးလုပ္ေဆာင္မႈ ေတြမွာလည္းပါဝင္ရပါတယ္။ ေက်ာင္းျပဇာတ္မွာ ေျပာဆိုရမယ့္ ဒိုင္ယာေလာခ့္ေတြနဲ႔ ဒုကၡေရာက္ေနတဲ့သူ႕ကို  မင္းသမီး ‘Jamie’ က ကူညီရင္းကေန ခင္မင္သြားၿပီး တစ္ေယာက္ရဲ႕အိပ္မက္ေတြကို တစ္ေယာက္ကကူျဖည့္ေပးရင္း အရမ္းခ်စ္ၾကတဲ့အဆင့္အထိ ေရာက္သြားခဲ့ပါတယ္။

ဒါေပမဲ့ လူကီးမီးယားေရာဂါေဝဒနာကို ခံစားေနရတဲ့ Jamie က သူတို႕ရဲ႕ အခ်စ္ခရီးလမ္းတစ္ဝက္မွာတင္ ဘဝအမွန္ကို ေဖာ္ထုတ္ၿပီး တြဲလက္ကိုျဖဳတ္ဖို႔အတြက္ ႀကိဳးစားလာတဲ့အခါ…

ဇာတ္သိမ္းက ေယာင္းတို႔ေမွ်ာ္လင့္ထားသလို ျဖစ္လာဦးမွာလား….

Related Article >>> ၂၀၁၈ အတြက္ IMDb ကေရြးခ်ယ္ထားတဲ့ အေကာင္းဆံုး ရုပ္ရွင္ကား (၅) ကား

ဒီဇာတ္လမ္းက အသက္ ၁၇၊ ၁၈ အရြယ္လူငယ္ေလးေတြရဲ႕ ၾကားမွာျဖစ္တတ္တဲ့ အေျခအေနေတြကိုပဲ ေဖာ္ျပၿပီးရိုက္ကူးထားတာမို႔ ဆယ္ေက်ာ္သက္မဟုတ္ေတာ့တဲ့ ေယာင္းေတြအတြက္ေတာ့ ေပါ့ေကာင္းေပါ့ေနႏုိင္ပါတယ္။ (ႏွင္းေတာင္ၾကည့္ရတာ တစ္မ်ိဳးေလး) ဒါေပမဲ့လည္း ရိုက္ခ်က္ေတြက ႏူးညံ့လြန္းတာေၾကာင့္ ေပါ့ေပါ့ပါးပါးၾကည့္ခ်င္ရင္ေတာ့ အဆင္ေျပမွာပါလို႔။

Hnin Ei Oo ( For Her Myanmar )

<<< Unicode >>>

ရိုနည်းရိုရာအဖြာဖြာကိုလည်း လေ့လာလို့ရတာပေါ့ ငိငိ 😛

စာရေးဆရာ Nicholas Sparks ရဲ့စာအုပ်တွေက ဘယ်လောက်ရိုဆန်တယ်၊ ဘယ်လောက်နုရွနေတယ်ဆိုတာ ယောင်းတို့ကိုလေ စာနဲ့တောင်ပြောပြလို့မရဘူး။ ဆယ်ကျော်သက်တွေရဲ့ သဘာဝ၊ စိတ်အနေအထားနဲ့ နုရွလှပတဲ့အချစ်ကို ဖော်ပြတဲ့နေရာမှာ တကယ့်ဆရာတစ်ဆူပဲမို့ သူ့စာဖတ်တဲ့လူတိုင်း ဖြူရှင်သန့်ရှင်းတဲ့ အချစ်ကိုခံစားစေမှာပါ။ Nicholas Sparks အကြောင်းလည်း ယောင်းတို့ကို ပြောပြဖူးတယ်နော်.. မေ့သွားရင် ဒီမှာ ပြန်ကြည့်နော်..  သူ့ဝတ္ထုကို ပြန်ရိုက်ထားတဲ့ရုပ်ရှင်တွေလည်း များသလောက် အောင်မြင်ခဲ့ပါတယ်။ ဒီထဲကမှ နှင်းအကြိုက်ဆုံးရုပ်ရှင်ကား ၂ ကားကို ဒီတစ်ခေါက် ရီဗျူးအနေနဲ့ တင်ဆက်လိုက်ပါတယ်နော်။

The Last Song (2010)

ဒီရုပ်ရှင်လေးကတော့ နှင်းတို့ရဲ့ အချစ်တော် အဆိုတော်မလေး Miley Cyrus နဲ့ သူ(မ)ရဲ့ချစ်သူဖြစ်တဲ့ Liam Hemsworth တို့ အတူတွဲပြီး သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ Ronnie (Miley) က သူ(မ) အမေရဲ့စီစဉ်မှုနဲ့ သူ(မ)အဖေရှိတဲ့ ကမ်းခြေမြို့လေးဆီ ရောက်လာတဲ့အခန်းနဲ့ ရုပ်ရှင်ကို စတင်ထားပါတယ်။

သူ(မ)ရဲ့ ဖခင်ကတော့ အဲဒီမြို့က လက်သမားဆရာဖြစ်ပြီး ဘုရားကျောင်းကို မီးရှို့ထားသူတစ်ယောက်အနေနဲ့ လူအများက ဝိုင်းဖယ်ကြဉ်ထားတဲ့ လူတစ်ယောက်ပါ။ ပြီးတော့ Ronnie ကလည်း သူ(မ)အဖေ မိသားစုကို စွန့်ခွာသွားပြီးကတည်းက ဂျစ်ကန်ကန်မိန်းကလေး တစ်ယောက်အနေနဲ့ ကြီးပြင်းလာတာမို့ ဒီလိုမြို့အသစ်ကို ပြောင်းရွှေ့လာတဲ့အခါမှာလည်း လူအများနဲ့ပေါင်းသင်းဆက်ဆံဖို့ ခက်ခဲနေပြီး တစ်ယောက်တည်းအနေများတယ်လေ။

ဒါပေမဲ့ တစ်နေ့ကျတော့ သူ(မ) လိပ်ဥကျင်းကို ဘေးနားမှာစောင့်နေတုန်း Will ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး စကားပြောရင်း ခင်မင်သွားရာကနေတစ်ဆင့် တစ်စနဲ့တစ်စ သူ(မ)ဘဝထဲကို သူကတိုးဝင်လာခဲ့တာပေါ့။

သူတို့ရဲ့ ချစ်ခြင်းက ချောမွေ့ပါ့မလား?

ဘယ်လို အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ရဦးမှာလဲ?

ဘုရားကျောင်းကို မီးရှို့ခဲ့တဲ့ သူတစ်ယောက်ရဲ့ သမီး ဆိုတာက Ronnie ကို ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်စေမှာလဲ?

Will ကရော ထင်သလောက် ရိုးရှင်းပါ့မလား?

စတာတွေကို ကြည်နူးဆွတ်ပျံ့စရာ တွေ့မြင်ခံစားရမှာပါ ယောင်းတို့ရေ…

Related Article >>> လက်တွေ့ဆန်လွန်းတဲ့ ရိုမန့်စ် ရုပ်ရှင်ကား (၃)ကား

A Walk to Remember (2002)

ကျောင်းတစ်ကျောင်းမှာ အချောအလှအုပ်စု၊ ဆိုးပေအုပ်စု စသည်ဖြင့် အဖွဲ့လိုက်တွေ စုံနေမှ ကျောင်းသားဘဝရဲ့ အနှစ်သာရဆိုတာကို အပြည့်ခံစားရတာမလား။ ဒီရုပ်ရှင်ထဲမှာတော့ မင်းသား ‘London’ က ဆိုးပေအုပ်စုရဲ့ ခေါင်းဆောင်ပါ။ သူတို့အဖွဲ့ထဲကို ဝင်ချင်တဲ့ ကျောင်းသားလေးတစ်ယောက်ကို စနောက်ရင်းကနေ ပြဿနာဖြစ်သွားတဲ့အခါ ကျောင်းထွက်ရမယ့်အခြေအနေဆီ ရောက်သွားခဲ့ပါတယ်။

ဒါပေမဲ့လည်း အဆက်အသွယ်ကောင်းတာကြောင့် ကျောင်းထွက်ရမယ့်အစား ကျောင်းရဲ့လှုပ်ရှားမှုအားလုံးမှာ ပါဝင်ဖို့အထိဘဲ ပြစ်ဒဏ်ကိုလျှော့ပေါ့လိုက်တာမို့ ကျောင်းကပြုလုပ်တဲ့ ကပွဲ၊ ပြဇာတ်နဲ့ တခြားသန့်ရှင်းရေးလုပ်ဆောင်မှု တွေမှာလည်းပါဝင်ရပါတယ်။ ကျောင်းပြဇာတ်မှာ ပြောဆိုရမယ့် ဒိုင်ယာလောခ့်တွေနဲ့ ဒုက္ခရောက်နေတဲ့သူ့ကို  မင်းသမီး ‘Jamie’ က ကူညီရင်းကနေ ခင်မင်သွားပြီး တစ်ယောက်ရဲ့အိပ်မက်တွေကို တစ်ယောက်ကကူဖြည့်ပေးရင်း အရမ်းချစ်ကြတဲ့အဆင့်အထိ ရောက်သွားခဲ့ပါတယ်။

ဒါပေမဲ့ လူကီးမီးယားရောဂါဝေဒနာကို ခံစားနေရတဲ့ Jamie က သူတို့ရဲ့ အချစ်ခရီးလမ်းတစ်ဝက်မှာတင် ဘဝအမှန်ကို ဖော်ထုတ်ပြီး တွဲလက်ကိုဖြုတ်ဖို့အတွက် ကြိုးစားလာတဲ့အခါ…

ဇာတ်သိမ်းက ယောင်းတို့မျှော်လင့်ထားသလို ဖြစ်လာဦးမှာလား….

Related Article >>> ၂၀၁၈ အတွက် IMDb ကရွေးချယ်ထားတဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၅) ကား

ဒီဇာတ်လမ်းက အသက် ၁၇၊ ၁၈ အရွယ်လူငယ်လေးတွေရဲ့ ကြားမှာဖြစ်တတ်တဲ့ အခြေအနေတွေကိုပဲ ဖော်ပြပြီးရိုက်ကူးထားတာမို့ ဆယ်ကျော်သက်မဟုတ်တော့တဲ့ ယောင်းတွေအတွက်တော့ ပေါ့ကောင်းပေါ့နေနိုင်ပါတယ်။ (နှင်းတောင်ကြည့်ရတာ တစ်မျိုးလေး) ဒါပေမဲ့လည်း ရိုက်ချက်တွေက နူးညံ့လွန်းတာကြောင့် ပေါ့ပေါ့ပါးပါးကြည့်ချင်ရင်တော့ အဆင်ပြေမှာပါလို့။

Hnin Ei Oo ( For Her Myanmar )

No Comments Yet

Comments are closed