ခရစၥမတ္စ္နဲ႔ ပတ္သက္ၿပီး ေယာင္းမသိေသးတဲ့ အခ်က္ (၁၀) ခ်က္

တခ်ိဳ႕အခ်က္ေတြဆို ပါးစပ္အေဟာင္းသားပါ ျဖစ္သြားမယ္ေနာ္… 

အခုေခတ္မွာေတာ့ ခရစၥမတ္စ္ဆိုတာက ဘာသာေရးပြဲေတာ္တစ္ခုဆိုတာထက္ ေပ်ာ္ရႊင္စရာအားလပ္ရက္ေလးတစ္ခုလို စည္ကားသိုက္ၿမိဳက္စြာ က်င္းပလာၾကပါၿပီ။ ခရစၥမတ္စ္ပေဒသာပင္၊ ခရစၥမတ္စ္ဘိုးဘုိးရုပ္၊ ေရာင္စံုမီးသီး စတဲ့ ခရစၥမတ္စ္အေငြ႔အသက္ေလးေတြကို ေနရာတိုင္းလိုလိုမွာလည္း ေတြ႔လာရပါတယ္။ လူတိုင္းသိထားတာက ခရစၥမတ္စ္ဆိုတာ ေယ႐ႈခရစ္ေတာ္ေမြးဖြားတဲ့ေန႔ အေနနဲ႔ ခရစ္ယာန္ဘာသာဝင္ေတြ က်င္းပတယ္လို႔ပါ။ ဒါေပမဲ့ ေယာင္းတုိ႔ အက္ဒမင္တုိ႔မသိေသးတဲ့ ခရစၥမတ္စ္ရဲ႕ တျခားစိတ္ဝင္စားစရာအခ်က္ေလးေတြ ရွိေနေသးလို႔ ဒီေဆာင္းပါးေလးနဲ႔ ေဖာက္သည္ခ်လိုက္ပါတယ္ေနာ္။

၁။ ေယ႐ႈခရစ္ေတာ္ရဲ႕ ေမြးေန႔

ခရစၥမတ္စ္ပြဲကို ေယ႐ႈခရစ္ေတာ္ေမြးဖြားတဲ့ေန႔အေနနဲ႔ က်င္းပၾကေပမဲ့ ေမြးေန႔က ဒီဇင္ဘာ ၂၅ရက္ေန႔မွာ က်ေရာက္ပါတယ္လို႔ က်မ္းစာထဲမွာေရာ၊ တျခားသမုိင္းမွတ္တမ္းေတြထဲမွာ မပါပါဘူး။ ဒါေပမဲ့ သမိုင္းပညာရွင္ေတြကေတာ့ ခရစ္ေတာ္က ေႏြးဦးမွာ ေမြးဖြားတယ္လို႔ ခန္႔မွန္းခဲ့ၾကပါတယ္။ ခရစၥမတ္စ္ပြဲေတာ္ဟာ ေအဒီ၃၀၀ေႏွာင္းပိုင္းမွ တရားဝင္ပြဲေတာ္ရက္အျဖစ္ သတ္မွတ္ခဲ့ၾကတာပါ။

၂။ စန္တာကေလာ့စ္

ခရစၥမတ္ဖိုးဖိုး Santa Claus ကေတာ့ စိန္႔နီကိုလတ္ျဖစ္ေၾကာင္း အရင္ေဆာင္းပါးတစ္ပုဒ္မွာေရးခဲ့ဖူးပါတယ္။ ဒ႑ာရီအရ ၄ရာစုတုန္းက ခရစ္ယာန္ပုပ္ရဟန္းမင္းႀကီးတစ္ပါးက သူ႔မွာရွိတဲ့ အေမြအႏွစ္ေတြကို ဆင္းရဲသားေတြကို ေပးေဝခဲ့တဲ့အျပင္ အမ်ိဳးသမီးေတြကို ကၽြန္ဘဝမွ ကယ္တင္ခဲ့တယ္လုိ႔သိရပါတယ္။ အဲ့ဒီေနာက္ပိုင္း သူ႔အေၾကာင္းလူသိမ်ားလာျပီး ဒတ္ခ်္လူမ်ိဳးေတြက Sinter Klas လို႔ေခၚေဝၚခဲ့ရင္းကေန ယေန႔ေခတ္မွာ Santa Claus ျဖစ္သြားပါေတာ့တယ္။

၃။ ေျခအိတ္ခ်ိတ္တဲ့ ဓေလ့ 

ေျခအိတ္ေလးေတြခ်ိတ္တဲ့ ဓေလ့ေပၚလာတာကေတာ့ဒီလိုပါ။ ဆင္းရဲတဲ့အဘိုးအိုတစ္ဦးက သူ႔သမီး၃ေယာက္ကို လက္ထပ္ေပးဖို႔ ေငြေၾကးမရွိပါဘူး။ တစ္ညမွာ စိန္႔နီကိုလတ္က အဘိုးအိုအတြက္ ေရႊအိတ္တစ္အိတ္ကို မီးခိုးေခါငး္တိုင္ေပၚက ထည့္ေပးလိုက္တာ မီးဖိုနားမွာအေျခာက္ခံထားတဲ့ေျခအိတ္ထဲကို က်သြားရာကေန ေပၚေပါက္လာတာပါ။

၄။ စန္တာရဲ႕ ဝတ္စံုအနီႀကီး

၁၉၃၁မွာ ကိုကာကိုလာ ကုမၸဏီက မဂၢဇင္းေၾကာ္ျငာအတြက္ ငွားခဲ့တဲ့ ပန္းခ်ီဆရာHaddon Sundblom က တစ္ဆင့္ ေယာင္းတုိ႔အက္ဒမင္တို႔သိတဲ့ အနီေရာင္ဝတ္စံုဝတ္ျပီး ေဖာ္ေရြတဲ့အျပံဳးေလးနဲ႔ ဝဝဖိုင္႔ဖိုင့္မုတ္ဆိတ္ျဖဴ ခရစၥမတ္စ္ဘိုးဘိုးႀကီးျဖစ္လာရတာပါ။

Related Article >>> သင္မသိေသးတဲ႔ ခရစၥမတ္အေၾကာင္း

၅။ ခရစၥမတ္စ္ အလွဆင္တုတ္ေကာက္ေလးေတြရဲ႕ အစ

၁၈၄၇မွာ ဂ်ာမန္-ဆြီဒင္စပ္လူတစ္ေယာက္က သူ႔သစ္ပင္ေတြကို တုတ္ေကာက္သၾကားလံုးေလးေတြနဲ႔ အလွဆင္ရင္းကေန ခရစၥမတ္စ္အလွဆင္တုတ္ေကာက္အေနနဲ႔ အသံုးျပဳလာၾကတာပါ။

၆။ X’mas လို႔ ေရးတာ နိမိတ္မေကာင္းဘူးဆို?

ခရစၥမတ္စ္ကို X’mas လို႔ေျပာတဲ့အခါ တခ်ိဳ႔ေတြက စာလံုးေပါင္းအမွားဘာညာသာရကာနဲ႔ ျငင္းခုန္တာေတြရွိပါတယ္။ ေရွ႕စာလံုး Christ ကိုေဖ်ာက္လုိက္တဲ့အတြက္ နိမိတ္မရွိဘူး ဘာညာလို႔လည္းေျပာၾကပါေသးတယ္။ တစ္ကယ္ေတာ့ Xဆိုတာ ဂရိအကၡရာ “chi” ျဖစ္ျပီး Χριστός (Christ) ရဲ႕အစလည္းျဖစ္တာေၾကာင့္ X’mas လို႔ေခၚေဝၚတာလည္းမမွားပါဘူး။

၇။ Jingle Bell သီခ်င္း

Jingle Bell သီခ်င္းက Thanksgiving ပြဲအတြက္ျဖစ္ၿပီး ခရစၥမတ္စ္အတြက္ မဟုတ္ပါဘူး။ မထင္ထားဘူးမလား 😛

၈။ ပင့္ကူ နဲ႔ ပင့္ကူမွ်င္

ဂ်ာမနီ၊ ပိုလန္နဲ႔ ယူကရိန္းႏုိင္ငံေတြမွ ခရစၥမတ္ပေဒသာပင္ေပၚ ပင့္ကူ(သို႔) ပင့္ကူအိမ္၊ ပင့္ကူမွ်င္ေတြ႔ျခင္းက ကံေကာင္းျခင္းရဲ႕ နိမိတ္လကၡဏာျဖစ္တယ္လို႔ ယူဆၾကပါတယ္။

Related Article >>> ခရစၥမတ္မွာ သယ္ရင္းေတြနဲ႔မဝုန္းရေသာ္

၉။ ခရစၥမတ္စ္လက္ေဆာင္

ခရစၥမတ္စ္မွာ လက္ေဆာင္ေပးတဲ့ အေလ့အထကေတာ့ သူငယ္ေတာ္ ေယရွဳအတြက္ မင္းသံုးပါး လက္ေဆာင္ပဏၰာဆက္သျခင္းကေန ေပၚေပါက္လာတာပါ။

၁၀။ ခရစၥမတ္စ္သစ္ပင္

အေစာပိုင္း ကာလေတြက ခရစၥမတ္စ္သစ္ပင္္ေတြကို ပန္းသီးေတြနဲ႔ အလွဆင္ခဲ့ၾကတာပါ။

ကဲ..ခရစၥမတ္စ္နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္ေတြလည္း သိၿပီးၿပီဆိုေတာ့ ခရစ္ယာန္သူငယ္ခ်င္းေတြဆီကေန မုန္႔စားဖုိ႔ပဲ က်န္ေတာ့တယ္။ မသိခ်င္ေယာင္ေဆာင္ေနတဲ့သူငယ္ခ်င္းေတြကို မန္းရွင္းေခၚ အသိေပးၾကရေအာင္ေနာ္။

Christina (For Her Myanmar)

တချို့အချက်တွေဆို ပါးစပ်အဟောင်းသားပါ ဖြစ်သွားမယ်နော်… 

အခုခေတ်မှာတော့ ခရစ္စမတ်စ်ဆိုတာက ဘာသာရေးပွဲတော်တစ်ခုဆိုတာထက် ပျော်ရွှင်စရာအားလပ်ရက်လေးတစ်ခုလို စည်ကားသိုက်မြိုက်စွာ ကျင်းပလာကြပါပြီ။ ခရစ္စမတ်စ်ပဒေသာပင်၊ ခရစ္စမတ်စ်ဘိုးဘိုးရုပ်၊ ရောင်စုံမီးသီး စတဲ့ ခရစ္စမတ်စ်အငွေ့အသက်လေးတွေကို နေရာတိုင်းလိုလိုမှာလည်း တွေ့လာရပါတယ်။ လူတိုင်းသိထားတာက ခရစ္စမတ်စ်ဆိုတာ ယေရှုခရစ်တော်မွေးဖွားတဲ့နေ့ အနေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ ကျင်းပတယ်လို့ပါ။ ဒါပေမဲ့ ယောင်းတို့ အက်ဒမင်တို့မသိသေးတဲ့ ခရစ္စမတ်စ်ရဲ့ တခြားစိတ်ဝင်စားစရာအချက်လေးတွေ ရှိနေသေးလို့ ဒီဆောင်းပါးလေးနဲ့ ဖောက်သည်ချလိုက်ပါတယ်နော်။

၁။ ယေရှုခရစ်တော်ရဲ့ မွေးနေ့

ခရစ္စမတ်စ်ပွဲကို ယေရှုခရစ်တော်မွေးဖွားတဲ့နေ့အနေနဲ့ ကျင်းပကြပေမဲ့ မွေးနေ့က ဒီဇင်ဘာ ၂၅ရက်နေ့မှာ ကျရောက်ပါတယ်လို့ ကျမ်းစာထဲမှာရော၊ တခြားသမိုင်းမှတ်တမ်းတွေထဲမှာ မပါပါဘူး။ ဒါပေမဲ့ သမိုင်းပညာရှင်တွေကတော့ ခရစ်တော်က နွေးဦးမှာ မွေးဖွားတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ခရစ္စမတ်စ်ပွဲတော်ဟာ အေဒီ၃၀၀နှောင်းပိုင်းမှ တရားဝင်ပွဲတော်ရက်အဖြစ် သတ်မှတ်ခဲ့ကြတာပါ။

၂။ စန်တာကလော့စ်

ခရစ္စမတ်ဖိုးဖိုး Santa Claus ကတော့ စိန့်နီကိုလတ်ဖြစ်ကြောင်း အရင်ဆောင်းပါးတစ်ပုဒ်မှာရေးခဲ့ဖူးပါတယ်။ ဒဏ္ဍာရီအရ ၄ရာစုတုန်းက ခရစ်ယာန်ပုပ်ရဟန်းမင်းကြီးတစ်ပါးက သူ့မှာရှိတဲ့ အမွေအနှစ်တွေကို ဆင်းရဲသားတွေကို ပေးဝေခဲ့တဲ့အပြင် အမျိုးသမီးတွေကို ကျွန်ဘဝမှ ကယ်တင်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီနောက်ပိုင်း သူ့အကြောင်းလူသိများလာပြီး ဒတ်ချ်လူမျိုးတွေက Sinter Klas လို့ခေါ်ဝေါ်ခဲ့ရင်းကနေ ယနေ့ခေတ်မှာ Santa Claus ဖြစ်သွားပါတော့တယ်။

၃။ ခြေအိတ်ချိတ်တဲ့ ဓလေ့ 

ခြေအိတ်လေးတွေချိတ်တဲ့ ဓလေ့ပေါ်လာတာကတော့ဒီလိုပါ။ ဆင်းရဲတဲ့အဘိုးအိုတစ်ဦးက သူ့သမီး၃ယောက်ကို လက်ထပ်ပေးဖို့ ငွေကြေးမရှိပါဘူး။ တစ်ညမှာ စိန့်နီကိုလတ်က အဘိုးအိုအတွက် ရွှေအိတ်တစ်အိတ်ကို မီးခိုးခေါင်းတိုင်ပေါ်က ထည့်ပေးလိုက်တာ မီးဖိုနားမှာအခြောက်ခံထားတဲ့ခြေအိတ်ထဲကို ကျသွားရာကနေ ပေါ်ပေါက်လာတာပါ။

၄။ စန်တာရဲ့ ဝတ်စုံအနီကြီး

၁၉၃၁မှာ ကိုကာကိုလာ ကုမ္ပဏီက မဂ္ဂဇင်းကြော်ငြာအတွက် ငှားခဲ့တဲ့ ပန်းချီဆရာHaddon Sundblom က တစ်ဆင့် ယောင်းတို့အက်ဒမင်တို့သိတဲ့ အနီရောင်ဝတ်စုံဝတ်ပြီး ဖော်ရွေတဲ့အပြုံးလေးနဲ့ ဝဝဖိုင့်ဖိုင့်မုတ်ဆိတ်ဖြူ ခရစ္စမတ်စ်ဘိုးဘိုးကြီးဖြစ်လာရတာပါ။

Related Article >>> သင်မသိသေးတဲ့ ခရစ္စမတ်အကြောင်း

၅။ ခရစ္စမတ်စ် အလှဆင်တုတ်ကောက်လေးတွေရဲ့ အစ

၁၈၄၇မှာ ဂျာမန်-ဆွီဒင်စပ်လူတစ်ယောက်က သူ့သစ်ပင်တွေကို တုတ်ကောက်သကြားလုံးလေးတွေနဲ့ အလှဆင်ရင်းကနေ ခရစ္စမတ်စ်အလှဆင်တုတ်ကောက်အနေနဲ့ အသုံးပြုလာကြတာပါ။

၆။ X’mas လို့ ရေးတာ နိမိတ်မကောင်းဘူးဆို?

ခရစ္စမတ်စ်ကို X’mas လို့ပြောတဲ့အခါ တချို့တွေက စာလုံးပေါင်းအမှားဘာညာသာရကာနဲ့ ငြင်းခုန်တာတွေရှိပါတယ်။ ရှေ့စာလုံး Christ ကိုဖျောက်လိုက်တဲ့အတွက် နိမိတ်မရှိဘူး ဘာညာလို့လည်းပြောကြပါသေးတယ်။ တစ်ကယ်တော့ Xဆိုတာ ဂရိအက္ခရာ “chi” ဖြစ်ပြီး Χριστός (Christ) ရဲ့အစလည်းဖြစ်တာကြောင့် X’mas လို့ခေါ်ဝေါ်တာလည်းမမှားပါဘူး။

၇။ Jingle Bell သီချင်း

Jingle Bell သီချင်းက Thanksgiving ပွဲအတွက်ဖြစ်ပြီး ခရစ္စမတ်စ်အတွက် မဟုတ်ပါဘူး။ မထင်ထားဘူးမလား 😛

၈။ ပင့်ကူ နဲ့ ပင့်ကူမျှင်

ဂျာမနီ၊ ပိုလန်နဲ့ ယူကရိန်းနိုင်ငံတွေမှ ခရစ္စမတ်ပဒေသာပင်ပေါ် ပင့်ကူ(သို့) ပင့်ကူအိမ်၊ ပင့်ကူမျှင်တွေ့ခြင်းက ကံကောင်းခြင်းရဲ့ နိမိတ်လက္ခဏာဖြစ်တယ်လို့ ယူဆကြပါတယ်။

Related Article >>> ခရစ္စမတ်မှာ သယ်ရင်းတွေနဲ့မဝုန်းရသော်

၉။ ခရစ္စမတ်စ်လက်ဆောင်

ခရစ္စမတ်စ်မှာ လက်ဆောင်ပေးတဲ့ အလေ့အထကတော့ သူငယ်တော် ယေရှုအတွက် မင်းသုံးပါး လက်ဆောင်ပဏ္ဏာဆက်သခြင်းကနေ ပေါ်ပေါက်လာတာပါ။

၁၀။ ခရစ္စမတ်စ်သစ်ပင်

အစောပိုင်း ကာလတွေက ခရစ္စမတ်စ်သစ်ပင်တွေကို ပန်းသီးတွေနဲ့ အလှဆင်ခဲ့ကြတာပါ။

ကဲ..ခရစ္စမတ်စ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေလည်း သိပြီးပြီဆိုတော့ ခရစ်ယာန်သူငယ်ချင်းတွေဆီကနေ မုန့်စားဖို့ပဲ ကျန်တော့တယ်။ မသိချင်ယောင်ဆောင်နေတဲ့သူငယ်ချင်းတွေကို မန်းရှင်းခေါ် အသိပေးကြရအောင်နော်။

Christina (For Her Myanmar)

No Comments Yet

Comments are closed