နေလောင်သွားတဲ့ အသားအရေကို ပြန်ညှိပေးနိုင်မယ့် အစားအစာ (၄)မျိုး

နေပူကြဲတဲမှာ အင်္ကျီလက်ပြတ်တွေအဝတ်ကောင်းတော့ အခုအကွက်ကွက်တွေဖြစ်ကုန်ပြီမလား။

ကဲ။ သင်္ကြန်အတွက် မိတ်ကပ်တွေ ဖက်ရှင်တွေ ဘာညာအနေအထားဟာဆိုရင်ဖြင့် ပြည့်စုံနေပြီဆိုတော့ သင်္ကြန်အပြီး နေလောင်ကွက်ဖြစ်နေမဲ့ ဒီအသားအရည်တွေကို အရောင်ြပန်ညှိဖို့အတွက် ဘာတွေများများစားပေးရမလဲဆိုတာ ပြောပြပေးမှာပေါ့။ (ထွက်လည်တာက လည်ပြီးပြီ မလှတော့ဘူး အော်ရင်း ငိုမနေနဲ့။ ပြောထားတာတွေ များများစား 😛 )

ဗာဒံစေ့

ဗာဒံစေ့

ခရမ်းလွန်ရောင်ခြည်ကို အထိရောက်ဆုံးကာကွယ်ပေးတဲ့ ဗီတာမင် E၊ Antioxidant (အသားရည်တင်းရင်းစေတဲ့ ဓာတ်တစ်မျိုး)၊ Omega – 6,9 (အိုမီဂါ) အားလုံးပါဝင်နေတာကြောင့် အသားအရေပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဗာဒံစေ့ဟာ အကောင်းဆုံးအဖြေတစ်ခုပါပဲ။ (ဗာဒံစေ့အဆီ ကိုလည်း ဟင်းချက်ဆီအစားထိုး သုံးလို့ရပါတယ်တဲ့။)

ဘယ်ရီသီး

နေရောင်ခြည်ကို ကာကွယ်ဖို့အတွက် ဗီတာမင် စီ ဓာတ် အများဆုံးလိုအပ်ပါတယ်။ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ အစရှိတဲ့ ဘယ်ရီသီးတွေကနေ ဗီတာမင်စီ ဓာတ်ကို ပေါပေါပဲပဲ ရနိုင်တာမို့ နေလောင်ဒဏ်တွေအတွက် ဘယ်ရီသီးတွေ အများကြီးစားပေးဖို့ လိုအပ်ပါတယ်နော်။ (ဒီအတိုင်းမစားချင်ရင်လည်း ရေများများ သကြားနည်းနည်းထည့်ပြီး ဖျော်ရည်လုပ်သောက်လို့ရပါတယ်နော်။)

Related Article >>> ယောင်းတို့အတွက် Suncream ရဲ့ အကျိုးကျေးဇူး (၅)ချက်

ဆယ်လ်မွန်ငါး

ကျန်းမာစေတဲ့အဆီဓာတ် (Healthy fatty acid) Omega – 3 ပေါပေါလှိုင်လှိုင်ပါဝင်နေတဲ့ ဆယ်လ်မွန်ငါးကိုလည်း အသားအရေပြန်ပြုပြင်ဖို့ စားကိုစားပေးသင့်ပါတယ်နော်။ အဲ့ဒီအဆီဓာတ်က အသားအရေကို စိုပြေကြည်လင်စေတာမို့ အများကြီး အထောက်အကူဖြစ်စေပါတယ်။

သလဲသီး

သလဲသီးမှာ Anti-oxidant (အသားအရည်ကို တင်းရင်းစေတဲ့ဓာတ်) တွေ ရေဓာတ်တွေလည်း အများကြီး ပါဝင်နေတဲ့အပြင် နီရဲတက်နေတဲ့အသားအရည်ကို အရောင်လျော့ကျစေတဲ့ Anti-inflammatory ဓာတ်ပါ ပါဝင်နေတာမို့ သလဲသီးကိုလည်း အသားအရေ ပြန်ပြုပြင်တဲ့အချိန် များများစားပေးသင့်ပါတယ်နော်။

နေလောင်သွားတဲ့ အသားအရည်ကိုပြုပြင်ဖို့အတွက် ဗီတာမင်ဓာတ်တွေ၊ အိုမီဂါဓာတ်တွေအများကြီး ပြန်လိုအပ်ပါတယ်။ နေလောင်ကွက်က နီရဲပြီးယားယံတတ်တာမို့ သွားမကုတ်ဘဲ အသားအေးစေတဲ့ သခွားသီး၊ ခရမ်းချဉ်သီး စသည်တို့ကိုပွတ်ပေးသင့်ပါတယ်နော်။ သင်္ကြန်အတွင်းလည်ကြတဲ့ အခါမှာလည်း နေလောင်ဒဏ်ခရင်မ်ကို သေချာသုံးပေးဖို့၊ တတ်နိုင်ရင် လက်ရှည်ကိုဝတ်ပေးဖို့လည်း မမေ့ပါနဲ့။ နေရောင်ထဲမှာ ခရမ်းလွန်ရောင်ခြည်တွေ အများကြီးပါဝင်နေတာမို့ နေရောင်တိုက်ရိုက်ထိမယ့်နေရာမှာလည်း မနေဖို့ ထပ်လောင်းသတိပေးလိုက်ပါတယ်နော်။ နှစ်သစ်မှာစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်။

Refrence Link: food, sunburn

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo

နာမည်တော့နှင်းအိဦးပါ။ FHM motivation နဲ့ relationship ပိုင်းပိုရေးဖြစ်ရင်းစိတ်ကူးတည့်ရာလဲရေးတတ်တဲ့ freelancer လေးတစ်ယောက်သာ။

error: Content is protected !!