Food Knowledge

ကမာၻအႏွံ႔က နာမည္ေက်ာ္ ခရစၥမတ္စ္ဟင္းလ်ာမ်ား

ဟယ္… အဲ့လို အသည္းယားစရာေကာင္းတဲ့ ဟင္းေတြ ပါမယ္လို႔ မို႔ ထင္မထားဘူး 😛

ေယာင္းေရ ခရစၥမတ္စ္ဆိုတာနဲ႕ ဘာကို အရင္ဆံုးျမင္မိလဲဟင္? ခိုင္ဇာလို Foodie ကေတာ့ ဆန္တာကေလာ့ေတြ၊ ခရစၥမတ္စ္ သစ္ပင္ေတြ အရင္မျမင္ဘဲ ခရစၥမတ္စ္မွာ စားၾကတဲ့ အစားအစာေတြကို အရင္ေတြးမိတာပါပဲ.. ခိုင္ဇာ့လို ေတြးမိတဲ့ ေယာင္းေလးေတြလည္း ရွိမယ္ထင္တယ္ေနာ္..

ဒီလို ခိုင္ဇာနဲ႔ အႀကိဳက္ခ်င္းတူၾကတဲ့ Foodie ေယာင္းတို႕အတြက္ သြားရည္ယိုစရာ ကမာၻအႏွံ႔က နာမည္ေက်ာ္ ခရစၥမတ္စ္ ဟင္းလ်ာေတြအေၾကာင္း ခိုင္ဇာ ေဝမွ်ေပးမယ္ေနာ္..

ကမၻာတစ္ဝွမ္းလံုးက ခရစ္ယာန္ဘာသာဝင္ေတြရဲ႕ အထင္ကရ ေန႔တစ္ေန႔ျဖစ္တဲ႔ ခရစၥမတ္စ္ေန႔မွာ ႏုိင္ငံအလိုက္ ခရစၥမတ္စ္ ညစာအျဖစ္ သူတို႔ ဘာေတြစားၾကလဲဆိုေတာ့….

၁။ ဆီြဒင္ႏိုင္ငံ

ဆြီဒင္လူမ်ိဳးတို႔ရဲ႕ ခရစၥမတ္စ္ညစာမွာေတာ့ အဓိကအားျဖင့္ ဝက္ေပါင္က်ပ္တင္ကို ျပဳတ္ၿပီး ၾကက္ဥ ၊ ေပါင္မုန္႔ေျခာက္၊ မုန္ညင္းဆီနဲ႔ ျပန္ခ်က္ထားတဲ႔ဟင္းကို အဓိက စားၾကပါတယ္။ ေနာက္ၿပီး က်ပ္ခိုးတိုက္ထားတဲ႔ အသားကင္၊ ငါးျပဳတ္ နဲ႔ ေဂၚဖီထုပ္အရသာ ဟင္းအႏွစ္တို႔ ပါဝင္ၿပီး ေဆာင္းတြင္းမွာ ေသာက္တဲ႔ Mulled Wine ဆိုတဲ့ ဝုိင္တစ္မ်ိဳးလည္း ပါဝင္ပါတယ္။

၂။ Puerto Rico

ဒီႏိုင္ငံမွာေတာ့ ဝက္ေကာင္လံုးကင္ကို မိသားစုစံုစံုလင္လင္နဲ႔ ဝိုင္းဖြဲ႔စားေသာက္ၾကပါတယ္တဲ့ ေယာင္းတို႔ေရ… ဝက္ေကာင္လံုးကင္နဲ႔အတူ အုန္းႏို႔၊ ႏို႔ဆီ နဲ႔ ရမ္အရက္တုိ႔ ပါဝင္တဲ့ ယမကာ တစ္မ်ိဳးကိုလည္း ေသာက္ၾကပါတယ္။ ေနာက္ထပ္ယမကာေတြ ျဖစ္တဲ့ La Danza သို႔မဟုတ္ ရွန္ပိန္ တို႔ကိုလည္း အသီးေတြထည့္ၿပီး ေသာက္ၾကပါတယ္။

Related Article >>> ခရစ္​စမတ္​လက္​​ေဆာင္​ သီခ်င္​းဆို​ေနတဲ့အရုပ္​​ေလးလုပ္​ၾကရ​ေအာင္​

၃။ ေပၚတူဂီ

ငါးဆားရည္စိမ္နဲ႔ အာလူးဟင္းကို ခရစၥမတ္စ္ ညစာအျဖစ္ ခ်က္ျပဳတ္စားၾကပါတယ္။ ဒါေပမဲ့ အဓိကကေတာ့ အခ်ိဳပြဲေတြပါ ေယာင္းတို႔ေရ။ အခ်ိဳပြဲအတြက္ ကိတ္ေတြမွာ အေစ့အဆံေတြ၊ ပ်ားရည္၊ သစ္သီးယိုေတြ၊ စပ်စ္သီးေျခာက္ေတြပါဝင္ၿပီး အမ်ိဳးအစားမ်ားစြာ ျပဳလုပ္ၾကပါတယ္။

၄။ ဂ်ပန္

ဂ်ပန္ႏိုင္ငံမွာေတာ့ နာမည္ေက်ာ္စားစရာတစ္ခုက ေဈးကြက္တစ္ခုလံုးကို ခရစၥမတ္စ္ကာလမွာ သိမ္းပိုက္ထားတယ္လို႔ ေျပာရမွာပါ။ ၁၉၇၄ ခုနစ္တည္းက ခရစၥမတ္စ္ကာလဆိုရင္ KFC ၾကက္ေၾကာ္ေတြကို အေရာင္းျမွင့္တင္ေရးေတြ ျပဳလုပ္ခဲ႔ပါ တယ္။ ဒါေၾကာင့္ ႏွစ္ ၄၀ ၾကာသြားခဲ႔ေပမဲ့ အခုခ်ိန္အထိ ခရစၥမတ္စ္အခ်ိန္ဆိုရင္ KFC ၾကက္ေၾကာ္ဆိုင္ေတြမွာ ဂ်ပန္မိသားစုေတြ ၾကက္ေၾကာ္၊ ရွန္ပိန္ ၊ ကိတ္မုန္႔ တို႔နဲ႔ ေပ်ာ္ရႊင္ေနတာကို ေတြ႔ရမွာပါ။

၅။ အေရွ႔ဥေရာပ

Lithuania ၊ ပိုလန္ န႔ဲ ယူကရိန္း နိုင္ငံေတြမွာ ခရစၥမတ္စ္ညဆိုရင္ ဟင္းပြဲ ၁၂ မ်ိဳး တည္ခင္းစားေသာက္ၾကပါတယ္။ ဟင္းပြဲေတြမွာ အသား၊ ၾကက္ဥ နဲ႔ ႏြားႏို႔ေတြ အမ်ားႀကီး ပါပါတယ္။ ဟင္းပြဲေတြကို စားေသာက္တဲ႔ေနရာမွာ ရွိထားတဲ့ အစဥ္အလာတစ္ခုကေတာ ့ဟင္းပြဲေတြကို တစ္ခုမွ မက်န္ေအာင္စားေသာက္ရမယ္ ဆိုတာပါပဲ။ တကယ္လို႔မ်ား မစားျဖစ္တဲ႔ ဟင္းပြဲရိွခဲ႔ရင္ အဲဒီ မစားလိုက္တဲ့လူဟာ ေနာက္ႏွစ္မွာ အသက္ဆံုးပါးႏိုင္တယ္ဆိုတဲ႔ အယူအဆရိွပါတယ္။

၆။ ဂ်ာမနီ

ဂ်ာမနီႏိုင္ငံမွာ ခရစၥမတ္စ္ညစာကို ကြတ္ကီးေတြနဲ႔ ျပဳလုပ္ထားၿပီး ခရင္မ္ေတြ အမ်ားႀကီးပါတဲ႔ ကြတ္ကီး အိမ္ေလးျပဳလုပ္ၿပီး စားေသာက္ၾကပါတယ္။ အခ်ဳိမႀကိဳက္တဲ႔ သူေတြကေတာ့ မုန္လာရြက္စြပ္ျပဳတ္၊ ဘဲကင္၊ ဖက္ထုပ္စတာေတြကို စားၾကပါတယ္။

Related Article >>> လြယ္ကူျမန္ဆန္တဲ့ ကန္စြန္းဥ မုန္႔လုပ္နည္း (၃) မ်ိဳး

၇။ ေနာ္ေဝ

အသည္းငယ္တဲ႔သူေတြဆိုရင္ေတာ့ ေနာ္ေဝႏိုင္ငံရဲ႕ ခရစၥမတ္ညစာကို စားရဲမွာမဟုတ္ပါဘူး။ သိုးေခါင္းကို ေရေႏြးေငြ႔နဲ႔ ေပါင္းထားတဲ႔ ဟင္းလ်ာကို အဓိကစားၾကပါတယ္။ မ်က္လံုးနဲ႔ နားရြက္ေတြကို အရင္ဆံုးစားရမယ္ဆိုတဲ႔ အယူအဆရိွပါတယ္။ ဦးေနွာက္ကိုေတာ့ သီးသန္႔ဖယ္ထားၿပီး အျပဳတ္ ဒါမွမဟုတ္ အေၾကာ္ပံုစံ ျပန္ခ်က္စားၾကပါတယ္။

၈။ အေမရိကန္ဂ်ဴး

ဂ်ဴးလူမ်ိဳးေတြနဲ႔ တရုတ္လူမ်ိဳးေတြကေတာ့ ၂၁ ရာစုရဲ႕ USA အုပ္စုထဲမွာ အႀကီးဆံုး အုပ္စု ေတြျဖစ္တာေၾကာင့္မ်ားလားေတာ့ မသိပါဘူး။ ခရစၥမတ္စ္အခ်ိန္ဆိုရင္ အေမရိကန္ဂ်ဴးေတြကို နယူးေယာ့ခ္ၿမိဳ႕ရဲ႕ Chinatown (တရုတ္တန္း) မွာ အမ်ားဆံုး ေတြ႕ႏိုင္ပါတယ္။

ဒီအခ်ိန္မွာ တျခားဆိုင္ေတြက ပိတ္ေပမဲ့ တရုတ္စားေသာက္ဆိုင္ေတြက ဖြင့္ေနေသးတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ခရစၥမတ္စ္ခ်ိန္ဆိုရင္ အေမရိကန္ဂ်ဴးေတြက တရုတ္နဲ႔ အေနာက္တိုင္းပံုစံေရာေႏွာေနတဲ့ ဟင္းလ်ာေတြကို စားၾကတယ္ဆိုရင္ေတာ့ မမွားႏိုင္ဘူး ထင္ပါတယ္ေနာ္…

၉။ Greenland

ဒီႏုိင္ငံမွာေတာ့ ခရစၥမတ္စ္ ညစာကို အမ်ိဳးသားေတြက အမ်ိဳးသမီးေတြကို ဝယ္ေကၽြးၾကပါတယ္။ ညစာစားၿပီးတဲ႔အခါမွာ ရိုးရာအေနနဲ႔ ေဝလငါး အဆီကို စားၾကပါတယ္။ ေဝလငါးအဆီရဲ႕ အရသာက အုန္းႏို႔လို အရသာမ်ိဳးျဖစ္ၿပီးအရမ္းမာလို႔ ဝါးစားလို႔မရဘဲ ဒီအတိုင္းမ်ိဳခ်ၾကရပါတယ္။ ေနာက္ထပ္အစားအစာတစ္ခုကေတာ့ Kivaik ဆိုတဲ႔ ဟင္းတစ္မ်ိဳးပါ။ ဒီထူးဆန္းတဲ့ဟင္းက auk ဆိုတဲ႔ ငွက္ကေလး အေကာင္ ၅၀၀ ကေန ၃၀၀၀ ေလာက္ကို အေရခြံဆုတ္ၿပီး ပင္လယ္ဖ်ံသားေရထဲ လနဲ႔ခ်ီ ထည့္သိမ္းထားရတဲ႔ အစားအစာမ်ိဳး ျဖစ္ပါတယ္။

၁၀။ ဆြီဒင္

ဆြီဒင္မွာေတာ့ အိမ္ရွင္မေတြ အလုပ္ရႈပ္သက္သာေစမယ့္ Game ဆိုတဲ႔ စည္သြပ္ဘူးကို စားၾကပါတယ္။ ခရစၥမတ္စ္ညမွာ စားေလ့ရိွတဲ႔ ဟင္းလ်ာေတြျဖစ္တဲ႔ ၾကက္ဥေမႊေၾကာ္၊ အစာသြပ္မုန္႔၊ အသီးအရြက္ဟင္း ကေန ပူတင္းအထိ အကုန္လံုးကို တစ္လႊာခ်င္းစီထည့္ေပးထားပါတယ္။ အဆင္ေျပလိုက္ေလျခင္းေနာ္။

စာဖတ္ရင္း ဗိုက္ဆာသြားလားဟင္… ေယာင္းတို႔ အႀကိဳက္ဆံုး ခရစၥမတ္စ္အစားအစာေလးကို လည္းေျပာျပခဲ့ဦးေနာ္။

စမ္းေခ်ာင္းသူ ခိုင္ဇာ (For Her Myanmar)

References : Eatwith , Independent

<<< Unicode >>>

ဟယ်… အဲ့လို အသည်းယားစရာကောင်းတဲ့ ဟင်းတွေ ပါမယ်လို့ မို့ ထင်မထားဘူး 😛

ယောင်းရေ ခရစ္စမတ်စ်ဆိုတာနဲ့ ဘာကို အရင်ဆုံးမြင်မိလဲဟင်? ခိုင်ဇာလို Foodie ကတော့ ဆန်တာကလော့တွေ၊ ခရစ္စမတ်စ် သစ်ပင်တွေ အရင်မမြင်ဘဲ ခရစ္စမတ်စ်မှာ စားကြတဲ့ အစားအစာတွေကို အရင်တွေးမိတာပါပဲ.. ခိုင်ဇာ့လို တွေးမိတဲ့ ယောင်းလေးတွေလည်း ရှိမယ်ထင်တယ်နော်..

ဒီလို ခိုင်ဇာနဲ့ အကြိုက်ချင်းတူကြတဲ့ Foodie ယောင်းတို့အတွက် သွားရည်ယိုစရာ ကမ္ဘာအနှံ့က နာမည်ကျော် ခရစ္စမတ်စ် ဟင်းလျာတွေအကြောင်း ခိုင်ဇာ ဝေမျှပေးမယ်နော်..

ကမ္ဘာတစ်ဝှမ်းလုံးက ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထင်ကရ နေ့တစ်နေ့ဖြစ်တဲ့ ခရစ္စမတ်စ်နေ့မှာ နိုင်ငံအလိုက် ခရစ္စမတ်စ် ညစာအဖြစ် သူတို့ ဘာတွေစားကြလဲဆိုတော့….

၁။ ဆွီဒင်နိုင်ငံ

ဆွီဒင်လူမျိုးတို့ရဲ့ ခရစ္စမတ်စ်ညစာမှာတော့ အဓိကအားဖြင့် ဝက်ပေါင်ကျပ်တင်ကို ပြုတ်ပြီး ကြက်ဥ ၊ ပေါင်မုန့်ခြောက်၊ မုန်ညင်းဆီနဲ့ ပြန်ချက်ထားတဲ့ဟင်းကို အဓိက စားကြပါတယ်။ နောက်ပြီး ကျပ်ခိုးတိုက်ထားတဲ့ အသားကင်၊ ငါးပြုတ် နဲ့ ဂေါ်ဖီထုပ်အရသာ ဟင်းအနှစ်တို့ ပါဝင်ပြီး ဆောင်းတွင်းမှာ သောက်တဲ့ Mulled Wine ဆိုတဲ့ ဝိုင်တစ်မျိုးလည်း ပါဝင်ပါတယ်။

၂။ Puerto Rico

ဒီနိုင်ငံမှာတော့ ဝက်ကောင်လုံးကင်ကို မိသားစုစုံစုံလင်လင်နဲ့ ဝိုင်းဖွဲ့စားသောက်ကြပါတယ်တဲ့ ယောင်းတို့ရေ… ဝက်ကောင်လုံးကင်နဲ့အတူ အုန်းနို့၊ နို့ဆီ နဲ့ ရမ်အရက်တို့ ပါဝင်တဲ့ ယမကာ တစ်မျိုးကိုလည်း သောက်ကြပါတယ်။ နောက်ထပ်ယမကာတွေ ဖြစ်တဲ့ La Danza သို့မဟုတ် ရှန်ပိန် တို့ကိုလည်း အသီးတွေထည့်ပြီး သောက်ကြပါတယ်။

Related Article >>> ခရစ်စမတ်လက်ဆောင် သီချင်းဆိုနေတဲ့အရုပ်လေးလုပ်ကြရအောင်

၃။ ပေါ်တူဂီ

ငါးဆားရည်စိမ်နဲ့ အာလူးဟင်းကို ခရစ္စမတ်စ် ညစာအဖြစ် ချက်ပြုတ်စားကြပါတယ်။ ဒါပေမဲ့ အဓိကကတော့ အချိုပွဲတွေပါ ယောင်းတို့ရေ။ အချိုပွဲအတွက် ကိတ်တွေမှာ အစေ့အဆံတွေ၊ ပျားရည်၊ သစ်သီးယိုတွေ၊ စပျစ်သီးခြောက်တွေပါဝင်ပြီး အမျိုးအစားများစွာ ပြုလုပ်ကြပါတယ်။

၄။ ဂျပန်

ဂျပန်နိုင်ငံမှာတော့ နာမည်ကျော်စားစရာတစ်ခုက ဈေးကွက်တစ်ခုလုံးကို ခရစ္စမတ်စ်ကာလမှာ သိမ်းပိုက်ထားတယ်လို့ ပြောရမှာပါ။ ၁၉၇၄ ခုနစ်တည်းက ခရစ္စမတ်စ်ကာလဆိုရင် KFC ကြက်ကြော်တွေကို အရောင်းမြှင့်တင်ရေးတွေ ပြုလုပ်ခဲ့ပါ တယ်။ ဒါကြောင့် နှစ် ၄၀ ကြာသွားခဲ့ပေမဲ့ အခုချိန်အထိ ခရစ္စမတ်စ်အချိန်ဆိုရင် KFC ကြက်ကြော်ဆိုင်တွေမှာ ဂျပန်မိသားစုတွေ ကြက်ကြော်၊ ရှန်ပိန် ၊ ကိတ်မုန့် တို့နဲ့ ပျော်ရွှင်နေတာကို တွေ့ရမှာပါ။

၅။ အရှေ့ဥရောပ

Lithuania ၊ ပိုလန် နဲ့ ယူကရိန်း နိုင်ငံတွေမှာ ခရစ္စမတ်စ်ညဆိုရင် ဟင်းပွဲ ၁၂ မျိုး တည်ခင်းစားသောက်ကြပါတယ်။ ဟင်းပွဲတွေမှာ အသား၊ ကြက်ဥ နဲ့ နွားနို့တွေ အများကြီး ပါပါတယ်။ ဟင်းပွဲတွေကို စားသောက်တဲ့နေရာမှာ ရှိထားတဲ့ အစဉ်အလာတစ်ခုကတော့ဟင်းပွဲတွေကို တစ်ခုမှ မကျန်အောင်စားသောက်ရမယ် ဆိုတာပါပဲ။ တကယ်လို့များ မစားဖြစ်တဲ့ ဟင်းပွဲရှိခဲ့ရင် အဲဒီ မစားလိုက်တဲ့လူဟာ နောက်နှစ်မှာ အသက်ဆုံးပါးနိုင်တယ်ဆိုတဲ့ အယူအဆရှိပါတယ်။

၆။ ဂျာမနီ

ဂျာမနီနိုင်ငံမှာ ခရစ္စမတ်စ်ညစာကို ကွတ်ကီးတွေနဲ့ ပြုလုပ်ထားပြီး ခရင်မ်တွေ အများကြီးပါတဲ့ ကွတ်ကီး အိမ်လေးပြုလုပ်ပြီး စားသောက်ကြပါတယ်။ အချိုမကြိုက်တဲ့ သူတွေကတော့ မုန်လာရွက်စွပ်ပြုတ်၊ ဘဲကင်၊ ဖက်ထုပ်စတာတွေကို စားကြပါတယ်။

Related Article >>> လွယ်ကူမြန်ဆန်တဲ့ ကန်စွန်းဥ မုန့်လုပ်နည်း (၃) မျိုး

၇။ နော်ဝေ

အသည်းငယ်တဲ့သူတွေဆိုရင်တော့ နော်ဝေနိုင်ငံရဲ့ ခရစ္စမတ်ညစာကို စားရဲမှာမဟုတ်ပါဘူး။ သိုးခေါင်းကို ရေနွေးငွေ့နဲ့ ပေါင်းထားတဲ့ ဟင်းလျာကို အဓိကစားကြပါတယ်။ မျက်လုံးနဲ့ နားရွက်တွေကို အရင်ဆုံးစားရမယ်ဆိုတဲ့ အယူအဆရှိပါတယ်။ ဦးနှောက်ကိုတော့ သီးသန့်ဖယ်ထားပြီး အပြုတ် ဒါမှမဟုတ် အကြော်ပုံစံ ပြန်ချက်စားကြပါတယ်။

၈။ အမေရိကန်ဂျူး

ဂျူးလူမျိုးတွေနဲ့ တရုတ်လူမျိုးတွေကတော့ ၂၁ ရာစုရဲ့ USA အုပ်စုထဲမှာ အကြီးဆုံး အုပ်စု တွေဖြစ်တာကြောင့်များလားတော့ မသိပါဘူး။ ခရစ္စမတ်စ်အချိန်ဆိုရင် အမေရိကန်ဂျူးတွေကို နယူးယော့ခ်မြို့ရဲ့ Chinatown (တရုတ်တန်း) မှာ အများဆုံး တွေ့နိုင်ပါတယ်။

ဒီအချိန်မှာ တခြားဆိုင်တွေက ပိတ်ပေမဲ့ တရုတ်စားသောက်ဆိုင်တွေက ဖွင့်နေသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခရစ္စမတ်စ်ချိန်ဆိုရင် အမေရိကန်ဂျူးတွေက တရုတ်နဲ့ အနောက်တိုင်းပုံစံရောနှောနေတဲ့ ဟင်းလျာတွေကို စားကြတယ်ဆိုရင်တော့ မမှားနိုင်ဘူး ထင်ပါတယ်နော်…

၉။ Greenland

ဒီနိုင်ငံမှာတော့ ခရစ္စမတ်စ် ညစာကို အမျိုးသားတွေက အမျိုးသမီးတွေကို ဝယ်ကျွေးကြပါတယ်။ ညစာစားပြီးတဲ့အခါမှာ ရိုးရာအနေနဲ့ ဝေလငါး အဆီကို စားကြပါတယ်။ ဝေလငါးအဆီရဲ့ အရသာက အုန်းနို့လို အရသာမျိုးဖြစ်ပြီးအရမ်းမာလို့ ဝါးစားလို့မရဘဲ ဒီအတိုင်းမျိုချကြရပါတယ်။ နောက်ထပ်အစားအစာတစ်ခုကတော့ Kivaik ဆိုတဲ့ ဟင်းတစ်မျိုးပါ။ ဒီထူးဆန်းတဲ့ဟင်းက auk ဆိုတဲ့ ငှက်ကလေး အကောင် ၅၀၀ ကနေ ၃၀၀၀ လောက်ကို အရေခွံဆုတ်ပြီး ပင်လယ်ဖျံသားရေထဲ လနဲ့ချီ ထည့်သိမ်းထားရတဲ့ အစားအစာမျိုး ဖြစ်ပါတယ်။

၁၀။ ဆွီဒင်

ဆွီဒင်မှာတော့ အိမ်ရှင်မတွေ အလုပ်ရှုပ်သက်သာစေမယ့် Game ဆိုတဲ့ စည်သွပ်ဘူးကို စားကြပါတယ်။ ခရစ္စမတ်စ်ညမှာ စားလေ့ရှိတဲ့ ဟင်းလျာတွေဖြစ်တဲ့ ကြက်ဥမွှေကြော်၊ အစာသွပ်မုန့်၊ အသီးအရွက်ဟင်း ကနေ ပူတင်းအထိ အကုန်လုံးကို တစ်လွှာချင်းစီထည့်ပေးထားပါတယ်။ အဆင်ပြေလိုက်လေခြင်းနော်။

စာဖတ်ရင်း ဗိုက်ဆာသွားလားဟင်… ယောင်းတို့ အကြိုက်ဆုံး ခရစ္စမတ်စ်အစားအစာလေးကို လည်းပြောပြခဲ့ဦးနော်။

စမ်းချောင်းသူ ခိုင်ဇာ (For Her Myanmar)

References : Eatwith , Independent

Khaine Zar Lin
Khaine Zar Lin
စာဖတ္၊ စာေရးနဲ႕ အစားအေသာက္ အရူးအမုူူးၾကိဳက္တဲ့ စမ္းေခ်ာင္းသူေလးပါ။ ေရးသမွ် စာေလးေတြ ဖတ္ေပးတဲ့ အတြက္ေက်းဇူးတင္ပါတယ္ရွင့္။

Leave a Reply

Your email address will not be published. Required fields are marked *