ေဆးဘဲဥကို ညီွနံ႔မထြက္ဘဲ အရသာရွယ္ထြက္ေအာင္ ကိုယ္တိုင္သုပ္နိုင္မယ့္ နည္းလမ္း

ေဆးဘဲဥသုပ္ကို ဆိုင္မွာဝယ္မစားေတာ့မွာ ရဲရဲႀကီးအာမခံတယ္

ေဆးဘဲဥသုပ္ေတာ့ ႀကိဳက္ပါရဲ႕ ကိုယ္တိုင္သုပ္စားတိုင္း ညီွနံ႔ႀကီးရရေနလို႔  ဆိုင္ကပဲဝယ္စားေနရတုန္းလား?? ေဆးဘဲဥဆိုတာက ေနရာတိုင္းလိုလိုမွာ အလြယ္တကူဝယ္ယူနိုင္တာမို႔ ဆိုင္မွာဝယ္စားရတာ တကယ္ကိုမတန္တာပါ  

ကိုယ္တိုင္ညီွနံ႔မရေအာင္ သုပ္နိုင္မယ့္ နည္းလမ္းေလးသိထားရင္ ေယာင္းတို႔ခံတြင္းနဲ႔ ကြက္တိက်တဲ့ အရသာကိုဖန္တီးနိုင္သလို ပိုက္ဆံသက္သက္သာသာနဲ႔ အမ်ားႀကီးစားနိုင္မွာေလ.. ဒီေတာ့ မင္မင္ကေန ေဆးဘဲဥကို ညီွနံ႔မထြက္ေစဘဲ အရသာရွိရွိဘယ္လိုသုပ္ရမလဲဆိုတဲ့ နည္းလမ္းအဆင့္ဆင့္ေလးကို ေဝမွ်ေပးသြားမယ္ေနာ္။

Related article>>>ခ်က္ရ လြယ္ကူၿပီး ထမင္းၿမိန္ေစမယ့္ ဝက္နံရိုး ၾကက္ဟင္းခါးသီး ဟင္းခ်ိဳခ်က္နည္း

ေဆးဘဲဥသုပ္ဖို႔ ဘာေတြ လိုအပ္မလဲဆိုရင္-

၁-ေဆးဘဲဥ(၂)လုံး

၂-ၾကက္သြန္နီ (၂)လုံး

၃-ခရမ္းခ်ဥ္သီး(၂)လုံး

၄-ၾကက္သြန္ျဖဴေၾကာ္ ထမင္းစားဇြန္း(၂)ဇြန္း

၅-သံပုရာသီး(၁)လုံး

၆-ငရုတ္သီးစိမ္း(၃)ေတာင့္

၇-နံနံပင္ (၃)ပင္

ေဆးဘဲဥသုပ္နည္းေလးကုိ မေျပာေသးခင္ ေဆးဘဲဥေကာင္းေကာင္းေလးရေအာင္ ဘယ္လိုေရြးခ်ယ္ရမလဲဆိုတာေလး အရင္ၾကည့္ၾကည့္ေနာ္… ပထမဆံုး ေဆးဘဲဥကိုကိုင္ၿပီး ေခါက္ၾကည့္လိုက္ပါ။ အထဲမွာ လွႈပ္ခါမႈမရွိဘဲ ၿငိမ္ၿငိမ္ေလးျဖစ္ေနတယ္ဆိုမွ ယူပါ။ အထဲမွာ လႈပ္ခါေနတာမ်ိဳးဆို အထဲကအႏွစ္ေတြက မခဲေသးတာမို႔ ဥကိုခြဲလိုက္တဲ့အခါ အႏွစ္အရည္ေတြထြက္က်လာၿပီး စားရတာပိုညီွနိုင္သလို  ေပ်ာ့ေပ်ာ့ႀကီးနဲ႔စားလို႔မေကာင္းပါဘူး။ အႏွစ္အကာကပ္ၿပီး မာမာတင္းတင္းေလးျဖစ္ေနမွသာ သုပ္လို႔ေကာင္း ၊ စားလို႔ေကာင္းတာပါ ေယာင္းေရ။

Related article>>>ျပင္သစ္ၾကက္ဥေၾကာ္ ေၾကာ္တတ္ၿပီလား

ဘယ္လိုသုပ္ရမလဲဆိုေတာ့ –

၁ – ေဆးဘဲဥကိုအေပၚက အခြံေတြခြာ ၊ ဓားနဲ႔စိတ္ႀကိဳက္အရြယ္အစားေလးေတြ လွီးၿပီး သုပ္မယ့္ပန္းကန္ထဲမွာ ထည့္ထားပါ။

၂ – လွီးၿပီးသားေဆးဘဲဥေပၚကိုေတာ့ သံပုရာသီးကို ခပ္ပါးပါးေလးေတြ စိပ္ၿပီးညွစ္ခ်ေပးပါ။ (သံပုရာသီးက ညီွနံ႔ေပ်ာက္ေစတဲ့အသက္မို႕ ေဆးဘဲဥအကုန္လုံးအေပၚမွာ သံပုရာရည္စိုသြားဖို႔ လိုအပ္ပါတယ္)

၃- ၿပီးရင္ေတာ့ အေပၚယံကေန ၾကက္သြန္နီ ၊ ငရုတ္သီးစိမ္း ၊ ခရမ္းခ်ဥ္သီးေတြကို ပါးပါးလွီးထည့္ၿပီး ၊ ဆီ ထမင္းစားဇြန္း(၂)ဇြန္း ၊ ၾကက္သားမႈန္႔ ထမင္းစားဇြန္း(၁)ဇြန္းတို႔ကို ေရာထည့္ၿပီး သမေအာင္ ခပ္ဖြဖြနယ္ေပးပါ။

၄-အရသာျမည္းစမ္းၿပီး စိတ္တိုင္းက်သြားၿပီဆိုရင္ေတာ့ ၾကက္သြန္ျဖဴနဲ႔ နံနံပင္ကို အေပၚယံကျဖဴးၿပီး အသင့္စားသုံးနိုင္ပါၿပီ။

ကိုယ္တိုင္သုပ္စားတာျဖစ္လို႔ ပမာဏေရာ ၊ အရသာပါ စိတ္ႀကိဳက္ဖန္တီးနိုင္တာမို႔  တဝႀကီးစားနိုင္မွာပါ။ ခ်ိဳခ်ဥ္ငံစပ္အရသာေတြ ေရာသမေမႊထားမို႔ ခံတြင္းနဲ႔ကြက္တိက်ၿပီး လွ်ာေပၚအပီအျပင္စြဲၿငိသြားမယ္လို႔ အာမခံပါတယ္ေယာင္းေရ…

ခ်စ္ရတဲ့မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

ဆေးဘဲဥသုပ်ကို ဆိုင်မှာဝယ်မစားတော့မှာ ရဲရဲကြီးအာမခံတယ်

ဆေးဘဲဥသုပ်တော့ ကြိုက်ပါရဲ့ ကိုယ်တိုင်သုပ်စားတိုင်း ညှီနံ့ကြီးရရနေလို့ ဆိုင်ကပဲဝယ်စားနေရတုန်းလား?? ဆေးဘဲဥဆိုတာက နေရာတိုင်းလိုလိုမှာ အလွယ်တကူဝယ်ယူနိုင်တာမို့ ဆိုင်မှာဝယ်စားရတာ တကယ်ကိုမတန်တာပါ

ကိုယ်တိုင်ညှီနံ့မရအောင် သုပ်နိုင်မယ့် နည်းလမ်းလေးသိထားရင် ယောင်းတို့ခံတွင်းနဲ့ ကွက်တိကျတဲ့ အရသာကိုဖန်တီးနိုင်သလို ပိုက်ဆံသက်သက်သာသာနဲ့ အများကြီးစားနိုင်မှာလေ.. ဒီတော့ မင်မင်ကနေ ဆေးဘဲဥကို ညှီနံ့မထွက်စေဘဲ အရသာရှိရှိဘယ်လိုသုပ်ရမလဲဆိုတဲ့ နည်းလမ်းအဆင့်ဆင့်လေးကို ဝေမျှပေးသွားမယ်နော်။

Related article>>>ချက်ရ လွယ်ကူပြီး ထမင်းမြိန်စေမယ့် ဝက်နံရိုး ကြက်ဟင်းခါးသီး ဟင်းချိုချက်နည်း

ဆေးဘဲဥသုပ်ဖို့ ဘာတွေ လိုအပ်မလဲဆိုရင်-

၁-ဆေးဘဲဥ(၂)လုံး

၂-ကြက်သွန်နီ (၂)လုံး

၃-ခရမ်းချဉ်သီး(၂)လုံး

၄-ကြက်သွန်ဖြူကြော် ထမင်းစားဇွန်း(၂)ဇွန်း

၅-သံပုရာသီး(၁)လုံး

၆-ငရုတ်သီးစိမ်း(၃)တောင့်

၇-နံနံပင် (၃)ပင်

ဆေးဘဲဥသုပ်နည်းလေးကို မပြောသေးခင် ဆေးဘဲဥကောင်းကောင်းလေးရအောင် ဘယ်လိုရွေးချယ်ရမလဲဆိုတာလေး အရင်ကြည့်ကြည့်နော်… ပထမဆုံး ဆေးဘဲဥကိုကိုင်ပြီး ခေါက်ကြည့်လိုက်ပါ။ အထဲမှာ လှှုပ်ခါမှုမရှိဘဲ ငြိမ်ငြိမ်လေးဖြစ်နေတယ်ဆိုမှ ယူပါ။ အထဲမှာ လှုပ်ခါနေတာမျိုးဆို အထဲကအနှစ်တွေက မခဲသေးတာမို့ ဥကိုခွဲလိုက်တဲ့အခါ အနှစ်အရည်တွေထွက်ကျလာပြီး စားရတာပိုညှီနိုင်သလို ပျော့ပျော့ကြီးနဲ့စားလို့မကောင်းပါဘူး။ အနှစ်အကာကပ်ပြီး မာမာတင်းတင်းလေးဖြစ်နေမှသာ သုပ်လို့ကောင်း ၊ စားလို့ကောင်းတာပါ ယောင်းရေ။

Related article>>>ပြင်သစ်ကြက်ဥကြော် ကြော်တတ်ပြီလား

ဘယ်လိုသုပ်ရမလဲဆိုတော့ –

၁ – ဆေးဘဲဥကိုအပေါ်က အခွံတွေခွာ ၊ ဓားနဲ့စိတ်ကြိုက်အရွယ်အစားလေးတွေ လှီးပြီး သုပ်မယ့်ပန်းကန်ထဲမှာ ထည့်ထားပါ။

၂ – လှီးပြီးသားဆေးဘဲဥပေါ်ကိုတော့ သံပုရာသီးကို ခပ်ပါးပါးလေးတွေ စိပ်ပြီးညှစ်ချပေးပါ။ (သံပုရာသီးက ညှီနံ့ပျောက်စေတဲ့အသက်မို့ ဆေးဘဲဥအကုန်လုံးအပေါ်မှာ သံပုရာရည်စိုသွားဖို့ လိုအပ်ပါတယ်)

၃- ပြီးရင်တော့ အပေါ်ယံကနေ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း ၊ ခရမ်းချဉ်သီးတွေကို ပါးပါးလှီးထည့်ပြီး ၊ ဆီ ထမင်းစားဇွန်း(၂)ဇွန်း ၊ ကြက်သားမှုန့် ထမင်းစားဇွန်း(၁)ဇွန်းတို့ကို ရောထည့်ပြီး သမအောင် ခပ်ဖွဖွနယ်ပေးပါ။

၄-အရသာမြည်းစမ်းပြီး စိတ်တိုင်းကျသွားပြီဆိုရင်တော့ ကြက်သွန်ဖြူနဲ့ နံနံပင်ကို အပေါ်ယံကဖြူးပြီး အသင့်စားသုံးနိုင်ပါပြီ။

ကိုယ်တိုင်သုပ်စားတာဖြစ်လို့ ပမာဏရော ၊ အရသာပါ စိတ်ကြိုက်ဖန်တီးနိုင်တာမို့ တဝကြီးစားနိုင်မှာပါ။ ချိုချဉ်ငံစပ်အရသာတွေ ရောသမမွှေထားမို့ ခံတွင်းနဲ့ကွက်တိကျပြီး လျှာပေါ်အပီအပြင်စွဲငြိသွားမယ်လို့ အာမခံပါတယ်ယောင်းရေ…

ချစ်ရတဲ့မင်မင်

DiDi ( For Her Myanmar )

 

No Comments Yet

Comments are closed