မိုးေအးေအးမွာ ဇိမ္ေလးနဲ႔ေသာက္ရမယ့္ ေကာ္ဖီဆိုတာ ဒီလိုေဖ်ာ္ရတာပါ

ကဲ.. ကဲ… ေကာ္ဖီသရဲေလးေတြကို မန္းရွင္းေခၚသြားလိုက္ေတာ့ေလ…

ေကာ္ဖီႀကိဳက္ၾကလား ေယာင္းတို႔ေရ?? Stella ကေတာ့ ေကာ္ဖီကို အရူးအမူးႀကိဳက္တဲ့ထဲမွာ ပါပါတယ္။ ေကာ္ဖီေကာင္းေကာင္းရတဲ့ ေမၿမိဳ႕တို႔၊ ကေလာတို႔မ်ားေရာက္ရင္ အႀကိဳက္ပဲ။ ေကာ္ဖီအေကာင္းႀကိဳက္ေပမဲ့ တစ္ခါတေလအျပင္မထြက္ႏိုင္ေတာ့ အိမ္မွာတင္ ေကာ္ဖီေကာင္းေကာင္းေမႊးေမႊးေလးတစ္ခြက္ရေအာင္ တီထြင္ၾကံဆရေတာ့တာေပါ့။

Related article >>> မိုးေအးေအးထဲမွာ အာပူလွ်ာပူသုပ္ခ်ဥ္ငံစပ္ေလး လုပ္စားၾကမယ္

ေကာ္ဖီေကာင္းေကာင္းတစ္ခြက္ျဖစ္လာဖို႔ ဘာေတြလိုသလဲ ?

အဓိက အေရးႀကီးဆံုးကေတာ့ အားလံုးသိၾကတဲ့အတိုင္း ေကာ္ဖီေစ့ေပါ့။ ေကာ္ဖီေစ့အမ်ိဳးအစားေကာင္းမွ အနံ႔အရသာနဲ႔ျပည့္စံုတဲ့ ေကာ္ဖီတစ္ခြက္ျဖစ္လာမွာေလ။ ေကာ္ဖီေစ့ကို ကိုယ္တိုင္ႀကိတ္လို႔ရသလို အသင့္ႀကိတ္ၿပီးသား ေကာ္ဖီမႈန္႔လည္း ဝယ္ေသာက္လို႔ ရပါတယ္ေနာ္… ဝယ္တဲ့ ေကာ္ဖီရဲ႕ အရည္အေသြးကိုေတာ့ ၾကည့္ေပါ့ ေယာင္းတို႔ရယ္.. တခ်ိဳ႕ေကာ္ဖီေတြက နာမည္ႀကီးေပမဲ့ တကယ့္တကယ္က် ဖြယ္တယ္တယ္ႀကီးျဖစ္ေနတာမ်ိဳးလည္း ရွိတတ္ေသးတာ မဟုတ္လား…

ဒါေပါ့.. အေရးအႀကီးဆံုးက ေကာ္ဖီဆိုေပမဲ့ ဘယ္လိုေဖ်ာ္မလဲဆိုတာက ရွိေသးတယ္ေလ…

ၿပီးျပည့္စံုတဲ့ ေကာ္ဖီတစ္ခြက္ရဖို႔ ေရအခ်ိဳးအဆမွန္ေအာင္ထည့္ဖို႔လိုပါတယ္။ ေရနည္းရင္ခါးသြားႏိုင္သလို ေရမ်ားရင္လည္း အရသာမရွိ က်ဲေတာက္ႀကီးျဖစ္ေနမွာပါ။ လံုးဝ ၿပီးျပည့္စံုတဲ့ ေကာ္ဖီေကာင္းေကာင္းတစ္ခြက္ကို ရေစမယ့္  ေရႊအခ်ိဳးကေတာ့ မတ္ခြက္ႀကီးႏွစ္ခြက္စာေဖ်ာ္မယ္ဆိုရင္ ေကာ္ဖီမႈန္႔စားပြဲတင္ဇြန္း (၅) ဇြန္းစာနဲ႔ ေရ (၁၆) ေအာင္စကို ဆတူေရာရပါမယ္တဲ့ ေယာင္းတို႔ေရ… ၿပီးရင္ေတာ့ သံုးမိနစ္ကေန ငါးမိနစ္ေလာက္ႏွပ္ထားဖို႔လိုပါတယ္။

Related article >>> ငါးပိေထာင္းခ်ဥ္ငံစပ္ေလးေထာင္းၿပီး လွ်ာဂၽြမ္းျပန္ေကာ္ရည္ေခါက္ဆြဲလုပ္စားၾကမယ္

ေကာ္ဖီထဲ ေရေႏြးေရာတာလည္း လြယ္တယ္မထင္နဲ႔ေနာ္.. ပညာပါတယ္ရယ္… ေရေႏြးဆူတာနဲ႔ ခ်က္ခ်င္းေလာင္းထည့္လိုက္လို႔ မရဘူး…ဟြန္းဟြန္း… 

ေရေႏြးဆူၿပီးရင္ ဆယ္စကၠန္႔ေလာက္ အနည္ထိုင္ေအာင္ အရင္ဆံုး ေစာင့္ေပးပါ။

ခြက္ထဲထည့္တဲ့အခါမွာ နည္းနည္းခ်င္း စက္ဝိုင္းပံုေလာင္းထည့္ပါ။

ခြက္ရဲ႕ ေလးပံုတစ္ပံုေလာက္ေရာက္ရင္ စကၠန္႔ (၃၀)ေလာက္ အျမွဳပ္ၿငိမ္သြားတဲ့အထိ ေစာင့္ပါ။ ကိုယ္လိုခ်င္တဲ့ ပမာဏရတဲ့အထိ အဲ့အတိုင္းဆက္လုပ္ေပးေနာ္..

ဒီအဆင့္ေတြၿပီးသြားရင္ေတာ့ ႏို႔တို႔၊ သၾကားတို႔ကို ကိုယ္လိုသေလာက္ထည့္ၿပီး ေကာ္ဖီေကာင္းေကာင္းေလးတစ္ခြက္ ဖန္တီးႏုိင္ပါၿပီရွင္။

Stella အတြက္ကေတာ့ ႏို႔မ်ားမ်ားေလးနဲ႔ ဆိမ့္ဆိမ့္ေလးေသာက္လိုက္ရရင္ ေဆြမ်ိဳးေမ့ပဲ။ ေယာင္းတို႔ေရာ … ?

Stella (For Her Myanmar)

<<< Unicode >>>

ကဲ.. ကဲ… ကော်ဖီသရဲလေးတွေကို မန်းရှင်းခေါ်သွားလိုက်တော့လေ…

ကော်ဖီကြိုက်ကြလား ယောင်းတို့ရေ?? Stella ကတော့ ကော်ဖီကို အရူးအမူးကြိုက်တဲ့ထဲမှာ ပါပါတယ်။ ကော်ဖီကောင်းကောင်းရတဲ့ မေမြို့တို့၊ ကလောတို့များရောက်ရင် အကြိုက်ပဲ။ ကော်ဖီအကောင်းကြိုက်ပေမဲ့ တစ်ခါတလေအပြင်မထွက်နိုင်တော့ အိမ်မှာတင် ကော်ဖီကောင်းကောင်းမွှေးမွှေးလေးတစ်ခွက်ရအောင် တီထွင်ကြံဆရတော့တာပေါ့။

Related article >>> မိုးအေးအေးထဲမှာ အာပူလျှာပူသုပ်ချဉ်ငံစပ်လေး လုပ်စားကြမယ်

ကော်ဖီကောင်းကောင်းတစ်ခွက်ဖြစ်လာဖို့ ဘာတွေလိုသလဲ ?

အဓိက အရေးကြီးဆုံးကတော့ အားလုံးသိကြတဲ့အတိုင်း ကော်ဖီစေ့ပေါ့။ ကော်ဖီစေ့အမျိုးအစားကောင်းမှ အနံ့အရသာနဲ့ပြည့်စုံတဲ့ ကော်ဖီတစ်ခွက်ဖြစ်လာမှာလေ။ ကော်ဖီစေ့ကို ကိုယ်တိုင်ကြိတ်လို့ရသလို အသင့်ကြိတ်ပြီးသား ကော်ဖီမှုန့်လည်း ဝယ်သောက်လို့ ရပါတယ်နော်… ဝယ်တဲ့ ကော်ဖီရဲ့ အရည်အသွေးကိုတော့ ကြည့်ပေါ့ ယောင်းတို့ရယ်.. တချို့ကော်ဖီတွေက နာမည်ကြီးပေမဲ့ တကယ့်တကယ်ကျ ဖွယ်တယ်တယ်ကြီးဖြစ်နေတာမျိုးလည်း ရှိတတ်သေးတာ မဟုတ်လား…

ဒါပေါ့.. အရေးအကြီးဆုံးက ကော်ဖီဆိုပေမဲ့ ဘယ်လိုဖျော်မလဲဆိုတာက ရှိသေးတယ်လေ…

ပြီးပြည့်စုံတဲ့ ကော်ဖီတစ်ခွက်ရဖို့ ရေအချိုးအဆမှန်အောင်ထည့်ဖို့လိုပါတယ်။ ရေနည်းရင်ခါးသွားနိုင်သလို ရေများရင်လည်း အရသာမရှိ ကျဲတောက်ကြီးဖြစ်နေမှာပါ။ လုံးဝ ပြီးပြည့်စုံတဲ့ ကော်ဖီကောင်းကောင်းတစ်ခွက်ကို ရစေမယ့်  ရွှေအချိုးကတော့ မတ်ခွက်ကြီးနှစ်ခွက်စာဖျော်မယ်ဆိုရင် ကော်ဖီမှုန့်စားပွဲတင်ဇွန်း (၅) ဇွန်းစာနဲ့ ရေ (၁၆) အောင်စကို ဆတူရောရပါမယ်တဲ့ ယောင်းတို့ရေ… ပြီးရင်တော့ သုံးမိနစ်ကနေ ငါးမိနစ်လောက်နှပ်ထားဖို့လိုပါတယ်။

Related article >>> ငါးပိထောင်းချဉ်ငံစပ်လေးထောင်းပြီး လျှာဂျွမ်းပြန်ကော်ရည်ခေါက်ဆွဲလုပ်စားကြမယ်

ကော်ဖီထဲ ရေနွေးရောတာလည်း လွယ်တယ်မထင်နဲ့နော်.. ပညာပါတယ်ရယ်… ရေနွေးဆူတာနဲ့ ချက်ချင်းလောင်းထည့်လိုက်လို့ မရဘူး…ဟွန်းဟွန်း… 

ရေနွေးဆူပြီးရင် ဆယ်စက္ကန့်လောက် အနည်ထိုင်အောင် အရင်ဆုံး စောင့်ပေးပါ။

ခွက်ထဲထည့်တဲ့အခါမှာ နည်းနည်းချင်း စက်ဝိုင်းပုံလောင်းထည့်ပါ။

ခွက်ရဲ့ လေးပုံတစ်ပုံလောက်ရောက်ရင် စက္ကန့် (၃၀)လောက် အမြှုပ်ငြိမ်သွားတဲ့အထိ စောင့်ပါ။ ကိုယ်လိုချင်တဲ့ ပမာဏရတဲ့အထိ အဲ့အတိုင်းဆက်လုပ်ပေးနော်..

ဒီအဆင့်တွေပြီးသွားရင်တော့ နို့တို့၊ သကြားတို့ကို ကိုယ်လိုသလောက်ထည့်ပြီး ကော်ဖီကောင်းကောင်းလေးတစ်ခွက် ဖန်တီးနိုင်ပါပြီရှင်။

Stella အတွက်ကတော့ နို့များများလေးနဲ့ ဆိမ့်ဆိမ့်လေးသောက်လိုက်ရရင် ဆွေမျိုးမေ့ပဲ။ ယောင်းတို့ရော … ?

Stella (For Her Myanmar)

No Comments Yet

Comments are closed