Food Recipes

မိုးေအးေအးထဲမွာ အာပူလွ်ာပူသုပ္ခ်ဥ္ငံစပ္ေလး လုပ္စားၾကမယ္

ရွဴးရွဴးရွဲရွဲနဲ႔ အခိုးေတြပြင့္ထြက္သြားမွာမို႔ မစားခင္ တစ္ရွဴးေလးေတာ့ ေဆာင္ေစခ်င္ 🤧

မိုးေလး အံု႔အံု႔နဲ႔ ေအးတတ္တဲ့ ရာသီကို တျဖည္းျဖည္းကူးေျပာင္းလာၿပီဆိုေတာ့ အစားတစ္လိုင္းမင္မင္ကလည္း ဒီရာသီနဲ႔ လိုက္ဖက္မယ့္ အစားအေသာက္ေတြဘက္ကို ေျခဦးလွည့္သြားခဲ့ပါၿပီ…ေအးေအးစိုစိုရာသီေလးကို ျမင္ေယာင္လိုက္တာနဲ႔ မင္မင္ စားခ်င္စိတ္ေတြ ထိန္းမရေအာင္ ျဖစ္သြားတာကေတာ့ အာပူလွ်ာပူသုပ္ ခ်ဥ္ငံစပ္ေလးပါပဲ 😋 အာပူလွ်ာပူဆိုလို႔ အေဝးႀကီးမေတြးေနပါနဲ႔ေနာ္.. မုန္႔ဖတ္သုပ္ (မုန္႔တီသုပ္)ကိုပဲ ေျပာတာပါ :’D …အမယ္ေလး ေတြးလိုက္တာနဲ႔ သြားရည္ေတြ လည္ေခ်ာင္းဝဆို႔လာပါၿပီ 🤤 🤤 .. ဒီေတာ့ ရွည္ရွည္ေဝေးဝးေတြ ထပ္ေတြးမေနေတာ့ဘဲ အာပူလွ်ာပူသုပ္ခ်ဥ္ငံစပ္ လုပ္နည္းေလးကိုပဲ ေယာင္းတို႔ကိုေဝမွ်ေပးလိုက္ပါေတာ့မယ္ေနာ္…

Related Article >>> ခ်ိဳခ်ဥ္ငံစပ္ အရသာေပါင္းစုံ တစ္ၿပိဳင္တည္းခံစားရေစမယ့္ အခ်ဥ္ေပါင္းလုပ္နည္း

(၅)ေယာက္စာေလာက္ စားလို႔ေလာက္ႏုိင္မယ့္ အာပူလွ်ာပူသုပ္ ျပဳလုပ္ဖို႔အတြက္ လို္အပ္တဲ့ ပါဝင္ပစၥည္းေတြကေတာ့ –

  • မုန္႔ဖတ္ေျခာက္ (၂၅)က်ပ္သား (၁)ထုပ္ (မုန္႔ဖတ္ (၅၀)သားဆိုလည္း ရပါတယ္ေနာ္.. မင္မင္က ဘယ္ေနရာမွာမဆို အလြယ္တကူ စားလို႔ရေအာင္ မုန္႔ဖတ္ေျခာက္ကို ဦးစားေပး ေျပာျပထားတာပါ)
  • ငါးၾကင္း ဗိုက္သား (၂၅)က်ပ္သား
  • ငရုတ္သီးစိမ္း (၇)ေတာင့္
  • မန္က်ည္းႏွစ္ (၅)က်ပ္သား
  • ၾကက္သားမႈန္႔ ထမင္းစားဇြန္း(၁)ဇြန္း
  • ပုစြန္ငံျပာရည္ ထမင္းစားဇြန္း(၁)ဇြန္း
  • ပုစြန္ငါးပိ ထမင္းစားဇြန္း(၁)ဇြန္း
  • ၾကက္သြန္ျဖဴ (၅)ႁမႊာ
  • ပဲအက်က္မႈန္႔ ထမင္းစားဇြန္း(၁)ဇြန္း
  • ၾကက္သြန္နီ (၃)လုံး

ျပဳလုပ္ပုံကေတာ့-

(၁) ငါးဗိုက္သားကို ေသခ်ာသန္႔စင္ ဆား ၊ နႏြင္းအနည္းငယ္လူးၿပီး ေရျမဳပ္ေအာင္ထည့္ၿပီး ျပဳတ္ေပးပါ။

(၂) မိနစ္(၂၀)ေလာက္ျပဳတ္ၿပီးရင္ေတာ့ အေအးခံၿပီး ငါးအသားေတြႏႊင္ထားပါ။

(၃) ငရုတ္သီးစိမ္းကို ေရေဆး၊ ေရေျခာက္သြားတဲ့အထိ ေလွာ္ေပးၿပီး ငရုတ္ဆုံထဲထည့္ေထာင္းပါ။ ငရုတ္သီးမညက္တညက္မွာ ၾကက္သြန္ျဖဴေတြပါေရာထည့္ ေထာင္းေပးပါ။

(၄) ဒယ္အိုးပူပူမွာ ဆီထမင္းစားဇြန္း(၂)ဇြန္းထည့္ၿပီး ငရုတ္သီးစိမ္းနဲ႔ ၾကက္သြန္ျဖဴအေထာင္းကို ထည့္ၿပီး ဆီေမႊးသတ္ပါ။

(၅) ၿပီးရင္ေတာ့ ငါးပိေရာထည့္ ေၾကေအာင္ေမႊၿပီးရင္ ငံျပာရည္နဲ႔ ငါးႏႊင္ထားတာေတြ ေရာထည့္ၿပီးေမႊေပးပါ။ (၁၀)မိနစ္ေလာက္ ျဖည္းျဖည္းခ်င္းေမႊေပးၿပီးရင္ေတာ့ အသုပ္အတြက္ ငါးအႏွစ္ရပါၿပီ။

(၆) မုန္႔ဖတ္ေျခာက္ေတြကို ေရေႏြးပူပူထဲထည့္ျပဳတ္ၿပီး အေပ်ာ့အမာစိတ္တိုင္းက်ရင္ ေရေအးထဲမွာ ခဏေရေဆးလို႔ ဇကာတစ္ခုထဲမွာ ထည့္ထားပါ။ မန္က်ည္းသီးမွည့္ကို ေရေႏြးနဲ႔ အႏွစ္ရတဲ့ထိ ေဖ်ာ္ထားပါ။

(၇) ႀကိဳက္ႏွစ္သက္ရာ အဆာပလာေတြအေနနဲ႔ ၾကက္သြန္နီ ၊ နံနံပင္ ၊ ပဲေၾကာ္ ၊ ငါးဖယ္ေတြကိုလည္း စိတ္ႀကိဳက္ျပင္ဆင္ထားလို႔ရပါတယ္။

(၈) အာပူလွ်ာပူသုပ္ ခ်ဥ္ငံစပ္ေလးကို သုပ္စားေတာ့မယ္ဆိုရင္ေတာ့ ပန္းကန္တစ္ခုစာ မုန္႔ဖတ္ထည့္ ၊ ငါးအႏွစ္ ထမင္းစားဇြန္း(၂)ဇြန္းထည့္ ၊ မန္က်ည္းႏွစ္ ထမင္းစားဇြန္း(၁)ဇြန္း ၊ ပဲမႈန္႔ ထမင္းစားဇြန္း(၁)ဇြန္းစာ ထည့္ၿပီး သမေအာင္နယ္ေပးပါ။ အငံနဲ႔ အခ်ဥ္ကို စိတ္ႀကိဳက္ဖန္တီးႏိုင္ပါတယ္ေနာ္။

Related Article >>> ငါးပိေထာင္းခ်ဥ္ငံစပ္ေလးေထာင္းၿပီး လွ်ာဂၽြမ္းျပန္ေကာ္ရည္ေခါက္ဆြဲလုပ္စားၾကမယ္

အာပူလွ်ာပူသုပ္ေလးရၿပီဆိုရင္ေတာ့ ႀကိဳက္ႏွစ္သက္ရာ အဆာပလာေတြထည့္ၿပီး ရွဴးရွဴးရွဲရွွဲသုံးေဆာင္ႏိုင္ပါၿပီေနာ္..

မင္မင္ေဝမွ်ေပးခဲ့တဲ့ အာပူလွ်ာပူသုပ္လုပ္နည္းကို ေယာင္းတို႔အလြယ္တကူျပဳလုပ္ႏိုင္ၾကလိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ ေနာက္ထပ္ ဘယ္လိုမုန္႔လုပ္နည္းေလးေတြကုိ ေဝမွ်ေပးသြားဦးမလဲဆိုတာကိုေတာ့ ဆက္လက္ေစာင့္ေမွ်ာ္ေပးၾကပါဦးေနာ္…

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

<<< Unicode >>>

ရှူးရှူးရှဲရှဲနဲ့ အခိုးတွေပွင့်ထွက်သွားမှာမို့ မစားခင် တစ်ရှူးလေးတော့ ဆောင်စေချင် 🤧

မိုးလေး အုံ့အုံ့နဲ့ အေးတတ်တဲ့ ရာသီကို တဖြည်းဖြည်းကူးပြောင်းလာပြီဆိုတော့ အစားတစ်လိုင်းမင်မင်ကလည်း ဒီရာသီနဲ့ လိုက်ဖက်မယ့် အစားအသောက်တွေဘက်ကို ခြေဦးလှည့်သွားခဲ့ပါပြီ…အေးအေးစိုစိုရာသီလေးကို မြင်ယောင်လိုက်တာနဲ့ မင်မင် စားချင်စိတ်တွေ ထိန်းမရအောင် ဖြစ်သွားတာကတော့ အာပူလျှာပူသုပ် ချဉ်ငံစပ်လေးပါပဲ 😋 အာပူလျှာပူဆိုလို့ အဝေးကြီးမတွေးနေပါနဲ့နော်.. မုန့်ဖတ်သုပ် (မုန့်တီသုပ်)ကိုပဲ ပြောတာပါ :’D …အမယ်လေး တွေးလိုက်တာနဲ့ သွားရည်တွေ လည်ချောင်းဝဆို့လာပါပြီ 🤤 🤤 .. ဒီတော့ ရှည်ရှည်ဝေေးဝးတွေ ထပ်တွေးမနေတော့ဘဲ အာပူလျှာပူသုပ်ချဉ်ငံစပ် လုပ်နည်းလေးကိုပဲ ယောင်းတို့ကိုဝေမျှပေးလိုက်ပါတော့မယ်နော်…

Related Article >>> ချိုချဉ်ငံစပ် အရသာပေါင်းစုံ တစ်ပြိုင်တည်းခံစားရစေမယ့် အချဉ်ပေါင်းလုပ်နည်း

(၅)ယောက်စာလောက် စားလို့လောက်နိုင်မယ့် အာပူလျှာပူသုပ် ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ –

  • မုန့်ဖတ်ခြောက် (၂၅)ကျပ်သား (၁)ထုပ် (မုန့်ဖတ် (၅၀)သားဆိုလည်း ရပါတယ်နော်.. မင်မင်က ဘယ်နေရာမှာမဆို အလွယ်တကူ စားလို့ရအောင် မုန့်ဖတ်ခြောက်ကို ဦးစားပေး ပြောပြထားတာပါ)
  • ငါးကြင်း ဗိုက်သား (၂၅)ကျပ်သား
  • ငရုတ်သီးစိမ်း (၇)တောင့်
  • မန်ကျည်းနှစ် (၅)ကျပ်သား
  • ကြက်သားမှုန့် ထမင်းစားဇွန်း(၁)ဇွန်း
  • ပုစွန်ငံပြာရည် ထမင်းစားဇွန်း(၁)ဇွန်း
  • ပုစွန်ငါးပိ ထမင်းစားဇွန်း(၁)ဇွန်း
  • ကြက်သွန်ဖြူ (၅)မြွှာ
  • ပဲအကျက်မှုန့် ထမင်းစားဇွန်း(၁)ဇွန်း
  • ကြက်သွန်နီ (၃)လုံး

ပြုလုပ်ပုံကတော့-

(၁) ငါးဗိုက်သားကို သေချာသန့်စင် ဆား ၊ နနွင်းအနည်းငယ်လူးပြီး ရေမြုပ်အောင်ထည့်ပြီး ပြုတ်ပေးပါ။

(၂) မိနစ်(၂၀)လောက်ပြုတ်ပြီးရင်တော့ အအေးခံပြီး ငါးအသားတွေနွှင်ထားပါ။

(၃) ငရုတ်သီးစိမ်းကို ရေဆေး၊ ရေခြောက်သွားတဲ့အထိ လှော်ပေးပြီး ငရုတ်ဆုံထဲထည့်ထောင်းပါ။ ငရုတ်သီးမညက်တညက်မှာ ကြက်သွန်ဖြူတွေပါရောထည့် ထောင်းပေးပါ။

(၄) ဒယ်အိုးပူပူမှာ ဆီထမင်းစားဇွန်း(၂)ဇွန်းထည့်ပြီး ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူအထောင်းကို ထည့်ပြီး ဆီမွှေးသတ်ပါ။

(၅) ပြီးရင်တော့ ငါးပိရောထည့် ကြေအောင်မွှေပြီးရင် ငံပြာရည်နဲ့ ငါးနွှင်ထားတာတွေ ရောထည့်ပြီးမွှေပေးပါ။ (၁၀)မိနစ်လောက် ဖြည်းဖြည်းချင်းမွှေပေးပြီးရင်တော့ အသုပ်အတွက် ငါးအနှစ်ရပါပြီ။

(၆) မုန့်ဖတ်ခြောက်တွေကို ရေနွေးပူပူထဲထည့်ပြုတ်ပြီး အပျော့အမာစိတ်တိုင်းကျရင် ရေအေးထဲမှာ ခဏရေဆေးလို့ ဇကာတစ်ခုထဲမှာ ထည့်ထားပါ။ မန်ကျည်းသီးမှည့်ကို ရေနွေးနဲ့ အနှစ်ရတဲ့ထိ ဖျော်ထားပါ။

(၇) ကြိုက်နှစ်သက်ရာ အဆာပလာတွေအနေနဲ့ ကြက်သွန်နီ ၊ နံနံပင် ၊ ပဲကြော် ၊ ငါးဖယ်တွေကိုလည်း စိတ်ကြိုက်ပြင်ဆင်ထားလို့ရပါတယ်။

(၈) အာပူလျှာပူသုပ် ချဉ်ငံစပ်လေးကို သုပ်စားတော့မယ်ဆိုရင်တော့ ပန်းကန်တစ်ခုစာ မုန့်ဖတ်ထည့် ၊ ငါးအနှစ် ထမင်းစားဇွန်း(၂)ဇွန်းထည့် ၊ မန်ကျည်းနှစ် ထမင်းစားဇွန်း(၁)ဇွန်း ၊ ပဲမှုန့် ထမင်းစားဇွန်း(၁)ဇွန်းစာ ထည့်ပြီး သမအောင်နယ်ပေးပါ။ အငံနဲ့ အချဉ်ကို စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်နော်။

Related Article >>> ငါးပိထောင်းချဉ်ငံစပ်လေးထောင်းပြီး လျှာဂျွမ်းပြန်ကော်ရည်ခေါက်ဆွဲလုပ်စားကြမယ်

အာပူလျှာပူသုပ်လေးရပြီဆိုရင်တော့ ကြိုက်နှစ်သက်ရာ အဆာပလာတွေထည့်ပြီး ရှူးရှူးရှဲရှဲသုံးဆောင်နိုင်ပါပြီနော်..

မင်မင်ဝေမျှပေးခဲ့တဲ့ အာပူလျှာပူသုပ်လုပ်နည်းကို ယောင်းတို့အလွယ်တကူပြုလုပ်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်ထပ် ဘယ်လိုမုန့်လုပ်နည်းလေးတွေကို ဝေမျှပေးသွားဦးမလဲဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်…

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *