Fitness Food

စားေသာက္ဆိုင္ေတြမွာ ဝယ္စားရလို႔ဝိတ္မက်တာဆိုတဲ့ ဆင္ေျခေတြနားလိုက္ေတာ့…

ဝိတ္မတက္ခ်င္ရင္ ဖတ္ၾကည့္သင့္ပါတယ္ခ်ိမတို႔ 🙄 🙄 🙄

ဘာလို႔ဝိတ္မက်တာလဲလို႔ေမးရင္ မ်ားေသာအားျဖင့္က ခ်က္မစားႏိုင္ဘဲ အျပင္မွာစားလို႔ ဆိုတဲ့အေၾကာင္းျပခ်က္က ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမယ္လို႔ ထင္တယ္ေနာ္။ ဒါေပမဲ့ တကယ္တမ္းက်ေတာ့ စားေသာက္ဆိုင္ေၾကာင့္ မဟုတ္ဘဲ ကိုယ္စားတဲ့ အစားအေသာက္ေၾကာင့္ ျဖစ္ေနတာပါေနာ္။ မယံုဘူးလား? ဆက္ဖတ္ၾကည့္လိုက္…

တရုတ္အစားအစာ

တရုတ္စားေသာက္ဆိုင္ သြားၿပီး ဆီရႊဲရႊဲေခါက္ဆြဲေၾကာ္၊ ၾကာဇံေၾကာ္၊ အရြက္မ်ားမ်ားပါေပမဲ့ ဆီပင္လယ္၊ ဟင္းခတ္မႈန္႔ပင္လယ္ေဝေနတဲ့ ကုန္းေဘာင္ႀကီးေၾကာ္၊ ခ်ိဳခ်ဥ္ေၾကာ္၊ အဆီအေခါက္ တစ္ေတာင္ေလာက္ပါတဲ့ ဝက္စတူးေတြပဲ စားေသာက္လာရင္ေတာ့ ပိန္ပါလိမ့္မယ္ အားႀကီးႀကီး။ အဲဒီအစား တျခားဘာေတြစားရမလဲဆိုေတာ့…

ဖက္ထုပ္ျပဳတ္ – အရသာရွိရွိ၊ ေပါ့ေပါ့ပါးပါးနဲ႔ ဗိုက္ဝေအာင္ စားခ်င္တယ္ဆိုရင္ေတာ့ ဖက္ထုပ္ျပဳတ္ကို ေရြးတာက မမွားပါဘူးေနာ္။

အသားနဲ႔ ပန္းေဂၚဖီစိမ္းေၾကာ္ (broccoli) – ပန္းေဂၚဖီစိမ္းက ေရဓာတ္အျပည့္ပါဝင္ေနတဲ့ အရြက္ဆိုတာ ေထြေထြထူးထူး ေျပာေနစရာမလိုပါဘူးေနာ္။ အဲဒီအရြက္ကို တရုတ္ပဲငံျပာရည္ေဆာ့စ္နဲ႔တြဲဖက္ၿပီး စားသံုးရရင္ေတာ့ အရသာရွိသလို က်န္းမာေရးအတြက္လည္း အမ်ားႀကီးအေထာက္အကူ ျဖစ္ေစပါတယ္။

ဆန္လံုးညိဳထမင္း – အမွ်င္ဓာတ္နဲ႔ တျခားအာဟာရဓာတ္ေတြ ႂကြယ္ဝစြာ ပါဝင္ေနတာမို႔ ေယာင္းတို႔ရဲ႕ ခႏၶာကိုယ္အေလးခ်ိန္ကို ထိန္းေပးပါလိမ့္မယ္။

Related Article >>> အရသာလည္းရွိ အိမ္မွာလည္း အလြယ္တကူျပဳလုပ္ႏုိင္တဲ့ ကင္းမြန္အစာသြပ္ (၂)မ်ိဳး

ထိုင္းအစားအစာ

ထိုင္းအေထာင္း ခ်ဥ္ခ်ဥ္စပ္စပ္ေလးေတြကို မႀကိဳက္တဲ့လူေတာ့ ရွားလိမ့္မယ္ထင္တယ္။ ဒါေပမဲ့လည္း အဲဒီအေထာင္းေတြမွာ သၾကားကို လက္တစ္ဆုပ္လိုက္ ပစ္ပစ္ထည့္ၾကတာမို႔ ေသြးတြင္းအခ်ိဳဓာတ္ေတြ အမ်ားႀကီး တက္တတ္ပါတယ္။ ၿပီးေတာ့ အားလံုးႀကိဳက္ၾကတဲ့ Thai Tea (ႏွင္းလည္းအရမ္းႀကိဳက္တာပါဆို :’) ႏို႔ဆီနဲ႔ တျခားဓာတုအခ်ိဳဓာတ္ေတြ အမုန္းပါတာမို႔ ေဝါင္ေဝါင္ေရွးပါတဲ့။ အဲ့ေတာ့ ဘာစားရမွာလဲ?

ထိုင္းစတိုင္လ္ခ်က္ထားတဲ့ ၾကက္သား – နာနတ္သီးကို ထက္ျခမ္းျခမ္းၿပီး အထဲကအသီးေတြကိုထုတ္၊ အရြက္ကို အလွဴလိုထည့္ၿပီး ခ်ဥ္စပ္ခ်က္ထားတဲ့ ထိုင္းစတိုင္လ္ ၾကက္သားဟင္းက ဝိတ္ထိန္းေနတဲ့ ေယာင္းေတြ ေရြးခ်ယ္သင့္တဲ့ အစားအေသာက္ပါပဲ။ (ဓာတ္ပံုရိုက္လို႔လည္းလွတယ္ေလ :P)

ေကာ္ျပန္႔လိပ္ (အေပါင္း) – အရြက္နဲ႔ အသားေတြ ဌာပနာထားၿပီး ေကာ္ျပန္႔ရြက္ကလည္း ဆန္နဲ႔လုပ္ထားတာမို႔ ကယ္လိုရီအရမ္းနည္းပါတယ္။ ဒါေပမဲ့ အေၾကာ္ဆိုရင္ေတာ့ ဆီထဲႏွစ္ၿပီး ေၾကာ္ရတဲ့အတြက္ ကယ္လိုရီျပန္မ်ားသြားႏိုင္တာမို႔ ေရွာင္ေနာ္။

ျမန္မာအစားအစာ

ျမန္မာထမင္းဆိုင္ေတြ သြားစားရင္လည္း ဆီရႊဲရႊဲ ဟင္းအႏွစ္မ်ားမ်ား အခ်ိဳအငန္ေလးေလးနဲ႔ ဆီျပန္ဟင္းေတြကိုေရွာင္ၿပီး အရြက္ေၾကာ္၊ မန္က်ည္းႏွစ္ ဒါမွမဟုတ္ သံပုရာသီးကို အသားနဲ႔ သုပ္ထားတဲ့ အသုပ္ေလးေတြကိုပဲ စားေပါ့ေနာ္။ ဆီျပန္ဟင္းပဲ ရွိတယ္ဆိုရင္လည္း အႏွစ္ထည့္မစားနဲ႔ (ေျပာလို႔လည္း ရမွာမဟုတ္ပါဘူးေအ :/ ) ၿပီးေတာ့ လက္ဖက္ပန္းကန္ရဲ႕ အေနအထားေျမြဖားကိုလည္း တစ္ခ်က္ျပန္ရႈိးၾကည့္။ ဆီအရမ္းမ်ားေနရင္ လက္ကို မလွမ္းနဲ႔ေနာ္။

အိႏၵိယ အစားအစာ

အိႏၵိယ အစားအစာလို႔ ေျပာလိုက္တာနဲ႔ ဒံေပါက္ကို ေျပးျမင္ၾကတယ္မလား? အဲဒီ ဒံေပါက္မွာ ဆီေတြအားႀကီးပါေနတာေရာ သတိထားမိၾကလား ေယာင္းတို႔? ၿပီးေတာ့ အုန္းႏို္႔နဲ႔ ခ်က္ထားတဲ့ ဟင္းေတြကလည္း ကယ္လိုရီ အမ်ားႀကီးပါဝင္တာမို႔ အုန္းႏို႔ပါတဲ့ အစားအေသာက္ေတြကို လည္း ေရွာင္ေပးပါ။ အဲဒါေတြအစား

ၾကက္သားဒိန္ခ်ဥ္ဟင္း (Tandoori) – ဒိန္ခ်ဥ္နဲ႔ တစ္ညလံုး ႏွပ္ထားၿပီး မနက္က်မွ ႏူးႏူးအိအိေလးခ်က္ထားတဲ့ ၾကက္သားဟင္းကေတာ့ ၾကက္အေရခြံလည္း မပါ၊ ဟင္းခတ္ အေမႊးအႀကိဳင္ခပ္မ်ားမ်ားကို ဆီနည္းနည္းပဲ ထည့္ၿပီး ဖုတ္ထားတာမို႔ ကယ္လိုရီ အရမ္းမတက္ေတာ့ဘူးေလ။

အရြက္ဟင္း – အရြက္ဆိုတဲ့အမ်ိဳးကေတာ့ မ်ားေလ ေကာင္းေလေပါ့ ေယာင္းရယ္။

Related Article >>> ေဂၚဖီမႀကိဳက္လည္း ႀကိတ္မွိတ္စားသင့္တဲ့ အေၾကာင္းရင္း (၇ ) ခ်က္

ပီဇာ

ေနာက္ဆံုးတစ္ခုကိုေတာ့ ပီဇာဆိုင္ေလး ေရြးေပးထားပါတယ္ေနာ္။ (မပါမျဖစ္ေလ) ေယာင္းတို႔စားေနက် ခ်ိစ္ႏွစ္ထပ္ပါတဲ့ Double Cheese Pizza တို႔၊ Mozzarella Cheese Pizza တို႔ဆိုတာ ေယာင္းတို႔ရဲ႕ ဗိုက္ေခါက္ေလးေတြနဲ႔ အဆီေတြကို လာပါလာပါ ဖိတ္ေခၚစရာမလိုဘဲ တစ္လုတ္စားလိုက္တိုင္း တစ္ခါ ကယ္လိုရီေလးေတြက ႏွစ္ဆေလာက္တိုးၿပီး ဝိတ္ေတြတက္ေနပါလိမ့္မယ္။ ၿပီးေတာ့ ေထာပတ္ေတြ လႈိင္လိႈင္သံုးၿပီး ခ်က္ထားတဲ့ ပါစတာ၊ စပါကတီ၊ ဆီရႊဲရႊဲထည့္ေၾကာ္ထားတဲ့ Crispy Crusts (ကာရီမုန္႔) ေတြကေတာ့.. အင္း ေျပာေနဆိုေနရင္းေတာင္ အဆီေတြ ေဆာင့္တက္သလိုပဲ :’)

အဲဒီေတာ့ ပီဇာဆိုင္သြားၿပီး အနံ႔ရွဴ ျပန္လာရမွာလားဆိုေတာ့ မဟုတ္ပါဘူး။ ဟင္းသီးဟင္းရြက္နဲ႔ ဒိုးသား (Dough) ကို ပါးပါးေလးနဲ႔ ဖုတ္ထားၿပီး ခ်ိစ္နည္းနည္းပဲပါတဲ့ ပီဇာေလာက္ေတာ့ စားလို႔ရပါတယ္ေနာ္။

ဖတ္ၿပီး စိတ္ကင္ဆာေတြ ရကုန္ၿပီမလား? အရမ္းေတာ့ စိတ္မဖိစီးသြားပါနဲ႔ေနာ္။ ဒါက ေန႔တိုင္း (သို႔) ေန႔တိုင္းနီးပါး အျပင္ထြက္စားေနတဲ့ ေယာင္းေယာင္းေတြ တတ္ႏိုင္ရင္ ဒါမ်ိဳးေတြ ေရွာင္စားရင္ေတာ့ ဝိတ္အရမ္းတက္၊ ဗိုက္ေခါက္ကေလး ထြက္ေနတာမ်ိဳးေတြ မျဖစ္ေတာ့ဘဲ က်န္းမာေရးလည္း အရမ္း မထိခိုက္ေတာ့ဘူးေပါ့။ ေယာင္းတို႔ကို က်န္းမာေစခ်င္လြန္းလို႔ ေစတနာနဲ႔ပါေနာ္။

Hnin Ei Oo (For Her Myanmar)

References : fitnessmagazinehealth

<<< Unicode >>>

ဝိတ်မတက်ချင်ရင် ဖတ်ကြည့်သင့်ပါတယ်ချိမတို့ 🙄🙄🙄

ဘာလို့ဝိတ်မကျတာလဲလို့မေးရင် များသောအားဖြင့်က ချက်မစားနိုင်ဘဲ အပြင်မှာစားလို့ ဆိုတဲ့အကြောင်းပြချက်က ရာခိုင်နှုန်းတော်တော်များမယ်လို့ ထင်တယ်နော်။ ဒါပေမဲ့ တကယ်တမ်းကျတော့ စားသောက်ဆိုင်ကြောင့် မဟုတ်ဘဲ ကိုယ်စားတဲ့ အစားအသောက်ကြောင့် ဝတိုလာတာပါနော်။ မယုံဘူးလား? ဆက်ဖတ်ကြည့်လိုက်…

တရုတ်အစားအစာ

တရုတ်စားသောက်ဆိုင် သွားပြီး ဆီရွှဲရွှဲခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ အရွက်များများပါပေမဲ့ ဆီပင်လယ်၊ ဟင်းခတ်မှုန့်ပင်လယ်ဝေနေတဲ့ ကုန်းဘောင်ကြီးကြော်၊ ချိုချဉ်ကြော်၊ အဆီအခေါက် တစ်တောင်လောက်ပါတဲ့ ဝက်စတူးတွေပဲ စားသောက်လာရင်တော့ ပိန်ပါလိမ့်မယ် အားကြီးကြီး။ အဲဒီအစား တခြားဘာတွေစားရမလဲဆိုတော့…

ဖက်ထုပ်ပြုတ် – အရသာရှိရှိ၊ ပေါ့ပေါ့ပါးပါးနဲ့ ဗိုက်ဝအောင် စားချင်တယ်ဆိုရင်တော့ ဖက်ထုပ်ပြုတ်ကို ရွေးတာက မမှားပါဘူးနော်။

အသားနဲ့ ပန်းဂေါ်ဖီစိမ်းကြော် (broccoli) – ပန်းဂေါ်ဖီစိမ်းက ရေဓာတ်အပြည့်ပါဝင်နေတဲ့ အရွက်ဆိုတာ ထွေထွေထူးထူး ပြောနေစရာမလိုပါဘူးနော်။ အဲဒီအရွက်ကို တရုတ်ပဲငံပြာရည်ဆော့စ်နဲ့တွဲဖက်ပြီး စားသုံးရရင်တော့ အရသာရှိသလို ကျန်းမာရေးအတွက်လည်း အများကြီးအထောက်အကူ ဖြစ်စေပါတယ်။

ဆန်လုံးညိုထမင်း – အမျှင်ဓာတ်နဲ့ တခြားအာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာမို့ ယောင်းတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပေးပါလိမ့်မယ်။

Related Article >>> အရသာလည်းရှိ အိမ်မှာလည်း အလွယ်တကူပြုလုပ်နိုင်တဲ့ ကင်းမွန်အစာသွပ် (၂)မျိုး

ထိုင်းအစားအစာ

ထိုင်းအထောင်း ချဉ်ချဉ်စပ်စပ်လေးတွေကို မကြိုက်တဲ့လူတော့ ရှားလိမ့်မယ်ထင်တယ်။ ဒါပေမဲ့လည်း အဲဒီအထောင်းတွေမှာ သကြားကို လက်တစ်ဆုပ်လိုက် ပစ်ပစ်ထည့်ကြတာမို့ သွေးတွင်းအချိုဓာတ်တွေ အများကြီး တက်တတ်ပါတယ်။ ပြီးတော့ အားလုံးကြိုက်ကြတဲ့ Thai Tea (နှင်းလည်းအရမ်းကြိုက်တာပါဆို :’) နို့ဆီနဲ့ တခြားဓာတုအချိုဓာတ်တွေ အမုန်းပါတာမို့ ဝေါင်ဝေါင်ရှေးပါတဲ့။ အဲ့တော့ ဘာစားရမှာလဲ?

ထိုင်းစတိုင်လ်ချက်ထားတဲ့ ကြက်သား – နာနတ်သီးကို ထက်ခြမ်းခြမ်းပြီး အထဲကအသီးတွေကိုထုတ်၊ အရွက်ကို အလှူလိုထည့်ပြီး ချဉ်စပ်ချက်ထားတဲ့ ထိုင်းစတိုင်လ် ကြက်သားဟင်းက ဝိတ်ထိန်းနေတဲ့ ယောင်းတွေ ရွေးချယ်သင့်တဲ့ အစားအသောက်ပါပဲ။ (ဓာတ်ပုံရိုက်လို့လည်းလှတယ်လေ :P)

ကော်ပြန့်လိပ် (အပေါင်း) – အရွက်နဲ့ အသားတွေ ဌာပနာထားပြီး ကော်ပြန့်ရွက်ကလည်း ဆန်နဲ့လုပ်ထားတာမို့ ကယ်လိုရီအရမ်းနည်းပါတယ်။ ဒါပေမဲ့ အကြော်ဆိုရင်တော့ ဆီထဲနှစ်ပြီး ကြော်ရတဲ့အတွက် ကယ်လိုရီပြန်များသွားနိုင်တာမို့ ရှောင်နော်။

မြန်မာအစားအစာ

မြန်မာထမင်းဆိုင်တွေ သွားစားရင်လည်း ဆီရွှဲရွှဲ ဟင်းအနှစ်များများ အချိုအငန်လေးလေးနဲ့ ဆီပြန်ဟင်းတွေကိုရှောင်ပြီး အရွက်ကြော်၊ မန်ကျည်းနှစ် ဒါမှမဟုတ် သံပုရာသီးကို အသားနဲ့ သုပ်ထားတဲ့ အသုပ်လေးတွေကိုပဲ စားပေါ့နော်။ ဆီပြန်ဟင်းပဲ ရှိတယ်ဆိုရင်လည်း အနှစ်ထည့်မစားနဲ့ (ပြောလို့လည်း ရမှာမဟုတ်ပါဘူးအေ :/ ) ပြီးတော့ လက်ဖက်ပန်းကန်ရဲ့ အနေအထားမြွေဖားကိုလည်း တစ်ချက်ပြန်ရှိုးကြည့်။ ဆီအရမ်းများနေရင် လက်ကို မလှမ်းနဲ့နော်။

အိန္ဒိယ အစားအစာ

အိန္ဒိယ အစားအစာလို့ ပြောလိုက်တာနဲ့ ဒံပေါက်ကို ပြေးမြင်ကြတယ်မလား? အဲဒီ ဒံပေါက်မှာ ဆီတွေအားကြီးပါနေတာရော သတိထားမိကြလား ယောင်းတို့? ပြီးတော့ အုန်းနို့်နဲ့ ချက်ထားတဲ့ ဟင်းတွေကလည်း ကယ်လိုရီ အများကြီးပါဝင်တာမို့ အုန်းနို့ပါတဲ့ အစားအသောက်တွေကို လည်း ရှောင်ပေးပါ။ အဲဒါတွေအစား

ကြက်သားဒိန်ချဉ်ဟင်း (Tandoori) – ဒိန်ချဉ်နဲ့ တစ်ညလုံး နှပ်ထားပြီး မနက်ကျမှ နူးနူးအိအိလေးချက်ထားတဲ့ ကြက်သားဟင်းကတော့ ကြက်အရေခွံလည်း မပါ၊ ဟင်းခတ် အမွှေးအကြိုင်ခပ်များများကို ဆီနည်းနည်းပဲ ထည့်ပြီး ဖုတ်ထားတာမို့ ကယ်လိုရီ အရမ်းမတက်တော့ဘူးလေ။

အရွက်ဟင်း – အရွက်ဆိုတဲ့အမျိုးကတော့ များလေ ကောင်းလေပေါ့ ယောင်းရယ်။

Related Article >>> ဂေါ်ဖီမကြိုက်လည်း ကြိတ်မှိတ်စားသင့်တဲ့ အကြောင်းရင်း (၇ ) ချက်

ပီဇာ

နောက်ဆုံးတစ်ခုကိုတော့ ပီဇာဆိုင်လေး ရွေးပေးထားပါတယ်နော်။ (မပါမဖြစ်လေ) ယောင်းတို့စားနေကျ ချိစ်နှစ်ထပ်ပါတဲ့ Double Cheese Pizza တို့၊ Mozzarella Cheese Pizza တို့ဆိုတာ ယောင်းတို့ရဲ့ ဗိုက်ခေါက်လေးတွေနဲ့ အဆီတွေကို လာပါလာပါ ဖိတ်ခေါ်စရာမလိုဘဲ တစ်လုတ်စားလိုက်တိုင်း တစ်ခါ ကယ်လိုရီလေးတွေက နှစ်ဆလောက်တိုးပြီး ဝိတ်တွေတက်နေပါလိမ့်မယ်။ ပြီးတော့ ထောပတ်တွေ လှိုင်လှိုင်သုံးပြီး ချက်ထားတဲ့ ပါစတာ၊ စပါကတီ၊ ဆီရွှဲရွှဲထည့်ကြော်ထားတဲ့ Crispy Crusts (ကာရီမုန့်) တွေကတော့.. အင်း ပြောနေဆိုနေရင်းတောင် အဆီတွေ ဆောင့်တက်သလိုပဲ :’)

အဲဒီတော့ ပီဇာဆိုင်သွားပြီး အနံ့ရှူ ပြန်လာရမှာလားဆိုတော့ မဟုတ်ပါဘူး။ ဟင်းသီးဟင်းရွက်နဲ့ ဒိုးသား (Dough) ကို ပါးပါးလေးနဲ့ ဖုတ်ထားပြီး ချိစ်နည်းနည်းပဲပါတဲ့ ပီဇာလောက်တော့ စားလို့ရပါတယ်နော်။

ဖတ်ပြီး စိတ်ကင်ဆာတွေ ရကုန်ပြီမလား? အရမ်းတော့ စိတ်မဖိစီးသွားပါနဲ့နော်။ ဒါက နေ့တိုင်း (သို့) နေ့တိုင်းနီးပါး အပြင်ထွက်စားနေတဲ့ ယောင်းယောင်းတွေ တတ်နိုင်ရင် ဒါမျိုးတွေ ရှောင်စားရင်တော့ ဝိတ်အရမ်းတက်၊ ဗိုက်ခေါက်ကလေး ထွက်နေတာမျိုးတွေ မဖြစ်တော့ဘဲ ကျန်းမာရေးလည်း အရမ်း မထိခိုက်တော့ဘူးပေါ့။ ယောင်းတို့ကို ကျန်းမာစေချင်လွန်းလို့ စေတနာနဲ့ပါနော်။

Hnin Ei Oo (For Her Myanmar)

References :  fitnessmagazinehealth

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *