က်န္းမာၿပီး လွပေစမယ့္ ငါးအေရခြံသုပ္

ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္နဲ႔ အရသာရွိတဲ့အျပင္ က်န္းလည္းက်န္းမာေစတယ္ဆိုေတာ့ကား…

ထိုင္းမေလးေတြ အသားအေရၾကည္ၾကည္ေလးနဲ႔ သြယ္သြယ္လ်လ်ေလး ျဖစ္ေနၾကတဲ့ လွ်ိဳ႕ဝွက္ခ်က္က ငါးအေရခြံလို႔ ေျပာရင္ ယံုမလား ေယာင္းတို႔… ငါးအေရခြံမွာပါတဲ႔ collagen (ေကာ္လာဂ်င္) က အသားအေရကို တင္းရင္းၾကည္လင္ေစပါတယ္။ လတ္ဆတ္တဲ႔ အသီးအရြက္ေတြကလည္း အာဟာရျပည့္ဝေစၿပီး အဆလည္းနည္းတယ္ဆိုေတာ့ က်န္းမာေရးနဲ႔ညီညြတ္တဲ့ ဒီငါးအေရခြံသုပ္က တကယ္လည္း ထိုင္းမေလးေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ျဖစ္ႏုိင္တယ္ေနာ္။ ကိုယ္ေတြလည္း စားဖို႔ အခ်ိန္တန္ၿပီေလ… လွလွ၊မလွလွ စားေကာင္းရင္ေတာ့ စားရမွာပဲရယ္ 😛 

ငါးအေရခြံသုပ္လုပ္စားမယ္ဆိုရင္ ဘာေတြလုိလဲဆိုေတာ့

၁။ ငါးအေရခြံေျခာက္ ၁၀၀ ဂရမ္

၂။ သရက္သီးစိမ္း ၁၀၀ ဂရမ္

၃။ မုန္လာဥ ၅၀ ဂရမ္

၄။ ၾကက္သြန္နီ ၅၀ ဂရမ္

၅။ ၾကက္သြန္ၿမိတ္ ၅၀ ဂရမ္

၆။ ငွက္ေပ်ာဖူး ၁၀၀ ဂရမ္

၇။ ႏွမ္းရြက္ ၁၀၀ ဂရမ္

၈။ တရုတ္နံနံ ၁၀ ဂရမ္

၉။ ေျမပဲေလွာ္ ၅၀ ဂရမ္

၁၀။ ခ်င္း ၅၀ ဂရမ္

၁၁။ ဆန္အရက္ ၃၀ ml

၁၂။ ၾကက္သြန္ျဖဴ ၁၀ ဂရမ္

၁၃။ သံပရာသီး ၁ လံုး

၁၄။ မီးကင္ထားတဲ႔ ဆန္ျပား ၂ ခု

၁၅။ ဆီ ၁၅ ml

၁၆။ ငါးငံျပာရည္ ၅ ml

၁၇။ ငံျပာရည္ ၅ ml

၁၈။ ငရုတ္သီးမႈန္႔ ၁၀ ဂရမ္

အသုပ္ထဲမွာ ထည့္နယ္ဖို႔ အရသာစပ္မယ္ဆိုရင္ေတာ့

ငါးငံျပာရည္ ၃၀ ml

သံပရာရည္ ၅၀ ml

သၾကား ၈၀ ဂရမ္

ဆား ၅ ဂရမ္

ၾကက္သြန္ျဖဴ ၅၀ ဂရမ္

ဂ်င္း ၁၀ ဂရမ္ (အမွ်င္ေလးေတြျဖစ္ေအာင္ လွီးထားပါ။)

ငရုတ္သီးအနီ ၅ ဂရမ္ (ေထာင္းထားပါ။)

Related Article >>> အရသာလည္းရွိ အိမ္မွာလည္း အလြယ္တကူျပဳလုပ္ႏုိင္တဲ့ ကင္းမြန္အစာသြပ္ (၂)မ်ိဳး

အသုပ္သုပ္ေတာ့မယ္ဆိုရင္

ငါးအေရခြံကို ခ်င္း ၂၀ ဂရမ္၊ သံပရာရည္၊ ဆန္အရက္ တို႔နဲ႔အတူ တစ္ရက္ေလာက္ ႀကိဳစိမ္ထားလိုက္ပါ။ အေရခြံေတြပြလာၿပီဆိုရင္ ငါးအေရခြံမွာ ကပ္ေနတဲ့ အသားေတြကို ဖယ္ထုတ္လိုက္ပါ။ ၿပီးရင္ေတာ့ ခ်င္း ၂၀ ဂရမ္ နဲ႔ ဆန္အရက္ ၁၅ ml တို႔နဲ႔အတူ ေရနည္းနည္းထည့္ၿပီး ၅ မိနစ္ေလာက္ ျပဳတ္ထားလိုက္ပါ။ ျပဳတ္ၿပီးရင္ အေရခြံေတြကို အညွီနံ႔ေျပာင္သြားေအာင္ ေရနဲ႔ အထပ္ထပ္ေဆးပါ။

သရက္သီးေတြကို အခြံခြာၿပီး အမွ်င္ေလးေတြျဖစ္ေအာင္ လီွးထားပါ။ ငွက္ေပ်ာဖူးကို ပါးပါးလီွးထားပါ။ ၾကက္သြန္နီကိုလည္း အခြံခြာ၊ အကြင္းေလးေတြျဖစ္ေအာင္ လီွးထားၿပီး မုန္လာဥကို အမွ်င္ျဖစ္ေအာင္လီွးထားပါ။ ၾကက္သြန္ၿမိတ္ကိုလည္း လီွးထားပါ။ တရုတ္နံနံပင္နဲ႔ ႏွမ္းရြက္ေတြကိုလည္း ရိတ္ရိတ္ေလးေတြ လီွးထားပါ။ က်န္တဲ႔ ခ်င္းေတြကို အမွ်င္ေလးေတြျဖစ္ေအာင္ လီွးထားပါ။

ငါးအေရခြံေတြကို သန္႔စင္ၿပီးၿပီဆိုရင္ေတာ့ လက္မဝက္ေလာက္ အပိုင္းေလးေတြ ျဖစ္ေအာင္ ညွပ္ထားလိုက္ပါ။ အိုးတစ္ခုကို အပူေပး ဆီအနည္းငယ္ထည့္ၿပီး ၾကက္သြန္ျဖဴ နဲ႔ ခ်င္းကို ဆီသတ္ပါ။ ၿပီးရင္ေတာ့ ငါးအေရခြံေတြကိုပါထည့္ၿပီး ေၾကာ္ေပးပါ။ (တကယ္လို႔ ျမန္ျမန္လည္း စားခ်င္တယ္၊ အလုပ္လည္းမ႐ႈပ္ခ်င္ဘူးဆိုရင္ေတာ့ ရယ္ဒီမိတ္ ငါးအေရခြံေၾကာ္ထုပ္ေလးနဲ႕ သုပ္လို႔ရပါတယ္ေယာင္းေရ။)

ၿပီးရင္ေတာ့ ဆန္အရက္ကိုပါ ထည့္ၿပီး မီးအပူကို ေလွ်ာ႔ထားလိုက္ပါ။ ေနာက္ဆံုးမွ ငံျပာရည္အနည္းငယ္ထည့္ၿပီး ဆက္ေၾကာ္ေပးပါ။ အနံ႔ေမႊးလာၿပီဆိုရင္ မီးပိတ္ၿပီး ငါးအေရခြံေတြကို အေအးခံထားလိုက္ပါ။

ပန္းကန္လံုးအေသးတစ္ခုထဲမွာ သၾကားနဲ႔ သံပရာရည္ကိုထည့္ၿပီး သၾကားအရည္ ေပ်ာ္သြားေအာင္ေမႊပါ။ ၿပီးရင္ ငံျပာရည္ပါထည့္ၿပီး ၾကက္သြန္ျဖဴ၊ ဂ်င္း နဲ႔ငရုတ္သီးေတြကိုပါထည့္ေမႊပါ။

Related Article >>> ဆရာက်က် ၾကက္ဥျပဳတ္မယ္

အႏွစ္ရၿပီဆိုရင္ေတာ့ သရက္သီးစိမ္း၊ မုန္လာဥ၊ ၾကက္သြန္ၿမိတ္၊ ၾကက္သြန္နီ၊ ႏွမ္းရြက္၊ နံနံ၊ ငွက္ေပ်ာဖူး၊ ငရုတ္သီးမႈန္႔ နဲ႔ ငါးအေရခြံေတြ အကုန္လံုးကို ေရာနယ္ေပးပါ။ အေပါ့အငန္ျမည္း၊ လိုသလို ခ်ိန္ဆထည့္ေပါ့။ ၿပီးသြားရင္ေတာ့ ပန္းကန္ထဲထည့္၊ ေျမပဲေထာင္းေလးေတြျဖဴးၿပီး ဆန္ျပားေျခာက္နဲ႔ တြဲစားလို႔ရပါၿပီ။

ဒီဟင္းပြဲေလးမွာ ခႏၶာကိုယ္အတြက္ အက်ိဳးရိွေစတဲ႔ ေကာ္လာဂ်င္၊ သတၱဳဓာတ္၊ ဗီတာမင္ စီ၊ မေပ်ာ္ဝင္ဆီ နဲ႔ အင္တီေအာက္ဆီဒန္႔ေတြ ပါဝင္ပါတယ္။ ဒါေၾကာင့္ အာဟာရျပည့္ဝေစၿပီး ခံတြင္းပ်က္ေနသူေတြ၊ ဝမ္းခ်ဳပ္သူေတြ၊ ေသြးအားနည္းေနသူေတြ၊ အဝလြန္သူ၊ ဆီးခ်ိဳရိွသူ၊ ေသြးတြင္းအဆီမ်ားေနသူေတြအတြက္ သင့္ေတာ္ပါတယ္ေနာ္။

ဘယ္လိုလဲ..စားခ်င္သြားၿပီမလားေယာင္း? အခုပဲ ျမန္ျမန္ထခ်က္လိုက္ေတာ့ေနာ္…

စမ္းေခ်ာင္းသူခိုင္ဇာ (For Her Myanmar)

<<< Unicode >>>

ချိုချိုချဉ်ချဉ်နဲ့ အရသာရှိတဲ့အပြင် ကျန်းလည်းကျန်းမာစေတယ်ဆိုတော့ကား…

ထိုင်းမလေးတွေ အသားအရေကြည်ကြည်လေးနဲ့ သွယ်သွယ်လျလျလေး ဖြစ်နေကြတဲ့ လျှို့ဝှက်ချက်က ငါးအရေခွံလို့ ပြောရင် ယုံမလား ယောင်းတို့… ငါးအရေခွံမှာပါတဲ့ collagen (ကော်လာဂျင်) က အသားအရေကို တင်းရင်းကြည်လင်စေပါတယ်။ လတ်ဆတ်တဲ့ အသီးအရွက်တွေကလည်း အာဟာရပြည့်ဝစေပြီး အဆလည်းနည်းတယ်ဆိုတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဒီငါးအရေခွံသုပ်က တကယ်လည်း ထိုင်းမလေးတွေရဲ့ လျှို့ဝှက်ချက်ဖြစ်နိုင်တယ်နော်။ ကိုယ်တွေလည်း စားဖို့ အချိန်တန်ပြီလေ… လှလှ၊မလှလှ စားကောင်းရင်တော့ စားရမှာပဲရယ် 😛

ငါးအရေခွံသုပ်လုပ်စားမယ်ဆိုရင် ဘာတွေလိုလဲဆိုတော့

၁။ ငါးအရေခွံခြောက် ၁၀၀ ဂရမ်

၂။ သရက်သီးစိမ်း ၁၀၀ ဂရမ်

၃။ မုန်လာဥ ၅၀ ဂရမ်

၄။ ကြက်သွန်နီ ၅၀ ဂရမ်

၅။ ကြက်သွန်မြိတ် ၅၀ ဂရမ်

၆။ ငှက်ပျောဖူး ၁၀၀ ဂရမ်

၇။ နှမ်းရွက် ၁၀၀ ဂရမ်

၈။ တရုတ်နံနံ ၁၀ ဂရမ်

၉။ မြေပဲလှော် ၅၀ ဂရမ်

၁၀။ ချင်း ၅၀ ဂရမ်

၁၁။ ဆန်အရက် ၃၀ ml

၁၂။ ကြက်သွန်ဖြူ ၁၀ ဂရမ်

၁၃။ သံပရာသီး ၁ လုံး

၁၄။ မီးကင်ထားတဲ့ ဆန်ပြား ၂ ခု

၁၅။ ဆီ ၁၅ ml

၁၆။ ငါးငံပြာရည် ၅ ml

၁၇။ ငံပြာရည် ၅ ml

၁၈။ ငရုတ်သီးမှုန့် ၁၀ ဂရမ်

အသုပ်ထဲမှာ ထည့်နယ်ဖို့ အရသာစပ်မယ်ဆိုရင်တော့

ငါးငံပြာရည် ၃၀ ml

သံပရာရည် ၅၀ ml

သကြား ၈၀ ဂရမ်

ဆား ၅ ဂရမ်

ကြက်သွန်ဖြူ ၅၀ ဂရမ်

ဂျင်း ၁၀ ဂရမ် (အမျှင်လေးတွေဖြစ်အောင် လှီးထားပါ။)

ငရုတ်သီးအနီ ၅ ဂရမ် (ထောင်းထားပါ။)

Related Article >>> အရသာလည်းရှိ အိမ်မှာလည်း အလွယ်တကူပြုလုပ်နိုင်တဲ့ ကင်းမွန်အစာသွပ် (၂)မျိုး

အသုပ်သုပ်တော့မယ်ဆိုရင်

ငါးအရေခွံကို ချင်း ၂၀ ဂရမ်၊ သံပရာရည်၊ ဆန်အရက် တို့နဲ့အတူ တစ်ရက်လောက် ကြိုစိမ်ထားလိုက်ပါ။ အရေခွံတွေပွလာပြီဆိုရင် ငါးအရေခွံမှာ ကပ်နေတဲ့ အသားတွေကို ဖယ်ထုတ်လိုက်ပါ။ ပြီးရင်တော့ ချင်း ၂၀ ဂရမ် နဲ့ ဆန်အရက် ၁၅ ml တို့နဲ့အတူ ရေနည်းနည်းထည့်ပြီး ၅ မိနစ်လောက် ပြုတ်ထားလိုက်ပါ။ ပြုတ်ပြီးရင် အရေခွံတွေကို အညှီနံ့ပြောင်သွားအောင် ရေနဲ့ အထပ်ထပ်ဆေးပါ။

သရက်သီးတွေကို အခွံခွာပြီး အမျှင်လေးတွေဖြစ်အောင် လှီးထားပါ။ ငှက်ပျောဖူးကို ပါးပါးလှီးထားပါ။ ကြက်သွန်နီကိုလည်း အခွံခွာ၊ အကွင်းလေးတွေဖြစ်အောင် လှီးထားပြီး မုန်လာဥကို အမျှင်ဖြစ်အောင်လှီးထားပါ။ ကြက်သွန်မြိတ်ကိုလည်း လှီးထားပါ။ တရုတ်နံနံပင်နဲ့ နှမ်းရွက်တွေကိုလည်း ရိတ်ရိတ်လေးတွေ လှီးထားပါ။ ကျန်တဲ့ ချင်းတွေကို အမျှင်လေးတွေဖြစ်အောင် လှီးထားပါ။

ငါးအရေခွံတွေကို သန့်စင်ပြီးပြီဆိုရင်တော့ လက်မဝက်လောက် အပိုင်းလေးတွေ ဖြစ်အောင် ညှပ်ထားလိုက်ပါ။ အိုးတစ်ခုကို အပူပေး ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ နဲ့ ချင်းကို ဆီသတ်ပါ။ ပြီးရင်တော့ ငါးအရေခွံတွေကိုပါထည့်ပြီး ကြော်ပေးပါ။ (တကယ်လို့ မြန်မြန်လည်း စားချင်တယ်၊ အလုပ်လည်းမရှုပ်ချင်ဘူးဆိုရင်တော့ ရယ်ဒီမိတ် ငါးအရေခွံကြော်ထုပ်လေးနဲ့ သုပ်လို့ရပါတယ်ယောင်းရေ။)

ပြီးရင်တော့ ဆန်အရက်ကိုပါ ထည့်ပြီး မီးအပူကို လျှော့ထားလိုက်ပါ။ နောက်ဆုံးမှ ငံပြာရည်အနည်းငယ်ထည့်ပြီး ဆက်ကြော်ပေးပါ။ အနံ့မွှေးလာပြီဆိုရင် မီးပိတ်ပြီး ငါးအရေခွံတွေကို အအေးခံထားလိုက်ပါ။

ပန်းကန်လုံးအသေးတစ်ခုထဲမှာ သကြားနဲ့ သံပရာရည်ကိုထည့်ပြီး သကြားအရည် ပျော်သွားအောင်မွှေပါ။ ပြီးရင် ငံပြာရည်ပါထည့်ပြီး ကြက်သွန်ဖြူ၊ ဂျင်း နဲ့ငရုတ်သီးတွေကိုပါထည့်မွှေပါ။

Related Article >>> ဆရာကျကျ ကြက်ဥပြုတ်မယ်

အနှစ်ရပြီဆိုရင်တော့ သရက်သီးစိမ်း၊ မုန်လာဥ၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ နှမ်းရွက်၊ နံနံ၊ ငှက်ပျောဖူး၊ ငရုတ်သီးမှုန့် နဲ့ ငါးအရေခွံတွေ အကုန်လုံးကို ရောနယ်ပေးပါ။ အပေါ့အငန်မြည်း၊ လိုသလို ချိန်ဆထည့်ပေါ့။ ပြီးသွားရင်တော့ ပန်းကန်ထဲထည့်၊ မြေပဲထောင်းလေးတွေဖြူးပြီး ဆန်ပြားခြောက်နဲ့ တွဲစားလို့ရပါပြီ။

ဒီဟင်းပွဲလေးမှာ ခန္ဓာကိုယ်အတွက် အကျိုးရှိစေတဲ့ ကော်လာဂျင်၊ သတ္တုဓာတ်၊ ဗီတာမင် စီ၊ မပျော်ဝင်ဆီ နဲ့ အင်တီအောက်ဆီဒန့်တွေ ပါဝင်ပါတယ်။ ဒါကြောင့် အာဟာရပြည့်ဝစေပြီး ခံတွင်းပျက်နေသူတွေ၊ ဝမ်းချုပ်သူတွေ၊ သွေးအားနည်းနေသူတွေ၊ အဝလွန်သူ၊ ဆီးချိုရှိသူ၊ သွေးတွင်းအဆီများနေသူတွေအတွက် သင့်တော်ပါတယ်နော်။

ဘယ်လိုလဲ..စားချင်သွားပြီမလားယောင်း? အခုပဲ မြန်မြန်ထချက်လိုက်တော့နော်…

စမ်းချောင်းသူခိုင်ဇာ (For Her Myanmar)

No Comments Yet

Comments are closed