Food Recipes

ေအးစိမ့္အံု႔မႈိင္းေနတဲ့ ရာသီဥတုနဲ႔ လိုက္ဖက္တဲ့ ရွဴးရွဲပင္လယ္စာေထာင္းကို အခိုးပြင့္သြားေအာင္ ေထာင္းစားၾကမယ္!!

စားလိုက္တိုင္း ပင္လယ္စာ အရသာေတြ ပါးစပ္ထဲ စိမ့္ဝင္ၿပီး ထိရွသြားဖို႔ အာမခံတယ္ေနာ္.. 🤤

မိုးေအးေအးနဲ႔ ဘာလုပ္စားရေကာင္းမလဲ ေတြးေတာေနသူေတြအတြက္ အစားတစ္လိုင္း မင္မင္ျပန္လည္ ေရာက္ရွိလို႔လာပါၿပီ… ဒီတစ္ေခါက္မွာေတာ့ မင္မင္ခုတေလာ ဓာတ္က်ေနတဲ့ ပင္လယ္စာ ခ်ဥ္ငံစပ္ေထာင္း လုပ္နည္းေလးကို ေဝမွ်ေပးခ်င္ပါတယ္.. မိုးတြင္းလို ပင္လယ္စာေပါတဲ့အခ်ိန္နဲ႔ ရာသီဥတုေအးေအးမွာ ခ်ဥ္ငံစပ္အရသာ လိုအပ္ေနတာနဲ႔ လုံးဝကြက္တိက်သြားမွာ အေသအခ်ာပါပဲေနာ္…

Related Article >>> မိုးေအးေအးထဲမွာ အာပူလွ်ာပူသုပ္ခ်ဥ္ငံစပ္ေလး လုပ္စားၾကမယ္

ပင္လယ္စာ ခ်ဥ္ငံစပ္ေထာင္းျပဳလုပ္ဖို႔အတြက္ လုိအပ္တဲ့ ပါဝင္ပစၥည္းေတြကေတာ့-

  • ပုစြန္ (၁၀)က်ပ္သား
  • ျပည္ႀကီးငါး (၁၀)က်ပ္သား
  • ဂဏန္း (၃)ေကာင္
  • ခရမ္းခ်ဥ္သီး (၂)လုံး
  • ပဲသီး (၁)ေတာင့္
  • သံပုရာသီး (၁)လုံး
  • ငရုတ္သီးစိမ္း (၄)ေတာင့္
  • ပ်ားရည္ ထမင္းစားဇြန္း (၁)ဇြန္း
  • ငံျပာရည္ ထမင္းစားဇြန္း (၁)ဇြန္း
  • ထန္းလ်က္ခဲ (၂)ခဲ
  • ၾကက္သြန္ျဖဴ (၄)မႊာ

ျပဳလုပ္ပုံကေတာ့-

(၁) ပင္လယ္စာေတြကို သန္႔စင္ၿပီး ဆားအနည္းငယ္ထည့္ကာ (၁၀)မိနစ္ခန္႔ ျပဳတ္ေပးပါ။

(၂) ျပည္ႀကီးငါးနဲ႔ ပဲသီးကို အေနေတာ္အရြယ္လွီး ၊ ခရမ္းခ်ဥ္သီးေတြကို (၈)စိတ္စိပ္၊ သံပုရာသီးကို (၄) စိတ္စိပ္ ၊ ငရုတ္သီးစိမ္းေတြကို ခပ္ပါးပါးလွီးထားပါ။

(၃) ငရုတ္ဆုံ ခပ္နက္နက္ထဲမွာ ၾကက္သြန္ျဖဴ ၊ ငရုတ္သီးစိမ္းနဲ႔ ထန္းလ်က္ခဲေတြကို မညက္တညက္ျဖစ္တဲ့အထိ ထည့္ေထာင္းေပးပါ။

Related Article >>> ငါးပိေထာင္းခ်ဥ္ငံစပ္ေလးေထာင္းၿပီး လွ်ာဂၽြမ္းျပန္ေကာ္ရည္ေခါက္ဆြဲလုပ္စားၾကမယ္

(၄) ခရမ္းခ်ဥ္သီးနဲ႔ ပဲသီးေတြကိုပါ ခပ္ဖြဖြထည့္ေထာင္းၿပီး သံပုရာသီးညွစ္ထည့္ ၊ ငံျပာရည္ထည့္ ၊ ပ်ားရည္ထည့္ၿပီး ငရုတ္က်ည္ေပြ႕နဲ႔ ေမႊေပးပါ။

(၅) ေမႊလို႔ႏွံ႔သြားတဲ့အခ်ိန္မွာ ပင္လယ္စာေတြကို ေရာထည့္ၿပီး ေမႊရင္းနဲ႔ ခပ္ဖြဖြေလး အရသာဝင္ရုံ ေထာင္းေပးပါ။

(၆) အရသာျမည္းၾကည့္ၿပီး ခ်ိဳခ်ဥ္ငံစပ္ စိတ္ႀကိဳက္ဖန္တီးၿပီးရင္ေတာ့ ခ်ိဳခ်ဥ္ငံစပ္ ပင္လယ္စာေထာင္းကုိ အသင့္သုံးေဆာင္လို႔ ရပါၿပီ။

မင္မင္ေျပာျပခဲ့တဲ့ ပင္လယ္စာေထာင္းလုပ္နည္းေလးက လြယ္ကူလြန္းလွသလို အရသာလည္း ထူးျခားတာမို႔ ေယာင္းတို႔အားလုံး ေက်နပ္သေဘာက်လိမ့္မယ္လို႔ ယုံၾကည္မိပါတယ္။ ေနာက္ထပ္ ဘယ္လိုမုန္႔လုပ္နည္းေတြကို ေဝမွ်ေပးဦးမလဲဆိုတာကို ဆက္လက္ေစာင့္ေမွ်ာ္ေပးၾကပါဦးေနာ္….

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

စားလိုက်တိုင်း ပင်လယ်စာ အရသာတွေ ပါးစပ်ထဲ စိမ့်ဝင်ပြီး ထိရှသွားဖို့ အာမခံတယ်နော်.. 🤤 

မိုးအေးအေးနဲ့ ဘာလုပ်စားရကောင်းမလဲ တွေးတောနေသူတွေအတွက် အစားတစ်လိုင်း မင်မင်ပြန်လည် ရောက်ရှိလို့လာပါပြီ.. ဒီတစ်ခေါက်မှာတော့ မင်မင်ခုတလော ဓာတ်ကျနေတဲ့ ပင်လယ်စာ ချဉ်ငံစပ်ထောင်း လုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်.. မိုးတွင်းလို ပင်လယ်စာပေါတဲ့အချိန်နဲ့ ရာသီဥတုအေးအေးမှာ ချဉ်ငံစပ်အရသာ လိုအပ်နေတာနဲ့ လုံးဝကွက်တိကျသွားမှာ အသေအချာပါပဲနော်…

Related Article >>> မိုးအေးအေးထဲမှာ အာပူလျှာပူသုပ်ချဉ်ငံစပ်လေး လုပ်စားကြမယ်

ပင်လယ်စာ ချဉ်ငံစပ်ထောင်းပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့-

  • ပုစွန် (၁၀)ကျပ်သား
  • ပြည်ကြီးငါး (၁၀)ကျပ်သား
  • ဂဏန်း (၃)ကောင်
  • ခရမ်းချဉ်သီး (၂)လုံး
  • ပဲသီး (၁)တောင့်
  • သံပုရာသီး (၁)လုံး
  • ငရုတ်သီးစိမ်း (၄)တောင့်
  • ပျားရည် ထမင်းစားဇွန်း (၁)ဇွန်း
  • ငံပြာရည် ထမင်းစားဇွန်း (၁)ဇွန်း
  • ထန်းလျက်ခဲ (၂)ခဲ
  • ကြက်သွန်ဖြူ (၄)မွှာ

ပြုလုပ်ပုံကတော့-

(၁) ပင်လယ်စာတွေကို သန့်စင်ပြီး ဆားအနည်းငယ်ထည့်ကာ (၁၀)မိနစ်ခန့် ပြုတ်ပေးပါ။

(၂) ပြည်ကြီးငါးနဲ့ ပဲသီးကို အနေတော်အရွယ်လှီး ၊ ခရမ်းချဉ်သီးတွေကို (၈)စိတ်စိပ်၊ သံပုရာသီးကို (၄) စိတ်စိပ် ၊ ငရုတ်သီးစိမ်းတွေကို ခပ်ပါးပါးလှီးထားပါ။

(၃) ငရုတ်ဆုံ ခပ်နက်နက်ထဲမှာ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းနဲ့ ထန်းလျက်ခဲတွေကို မညက်တညက်ဖြစ်တဲ့အထိ ထည့်ထောင်းပေးပါ။

Related Article >>> ငါးပိထောင်းချဉ်ငံစပ်လေးထောင်းပြီး လျှာဂျွမ်းပြန်ကော်ရည်ခေါက်ဆွဲလုပ်စားကြမယ်

(၄) ခရမ်းချဉ်သီးနဲ့ ပဲသီးတွေကိုပါ ခပ်ဖွဖွထည့်ထောင်းပြီး သံပုရာသီးညှစ်ထည့် ၊ ငံပြာရည်ထည့် ၊ ပျားရည်ထည့်ပြီး ငရုတ်ကျည်ပွေ့နဲ့ မွှေပေးပါ။

(၅) မွှေလို့နှံ့သွားတဲ့အချိန်မှာ ပင်လယ်စာတွေကို ရောထည့်ပြီး မွှေရင်းနဲ့ ခပ်ဖွဖွလေး အရသာဝင်ရုံ ထောင်းပေးပါ။

(၆) အရသာမြည်းကြည့်ပြီး ချိုချဉ်ငံစပ် စိတ်ကြိုက်ဖန်တီးပြီးရင်တော့ ချိုချဉ်ငံစပ် ပင်လယ်စာထောင်းကို အသင့်သုံးဆောင်လို့ ရပါပြီ။

မင်မင်ပြောပြခဲ့တဲ့ ပင်လယ်စာထောင်းလုပ်နည်းလေးက လွယ်ကူလွန်းလှသလို အရသာလည်း ထူးခြားတာမို့ ယောင်းတို့အားလုံး ကျေနပ်သဘောကျလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ နောက်ထပ် ဘယ်လိုမုန့်လုပ်နည်းတွေကို ဝေမျှပေးဦးမလဲဆိုတာကို ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်….

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *