ခြြန္အားျပည့္ေစမယ့္ ခ်င္းရိုးရာ ဆာဗူးသီးကို အိမ္မွာအလြယ္တကူ လုပ္စားႏိုင္မယ့္နည္းလမ္း

အရသာဓာတ္ေပါင္းဖိုႀကီးလို အရသာအစုံ ခံစားရေစမယ့္ ဆာဗူးသီး

အဆန္းအျပားေတြကို တစ္ေန႔တစ္မ်ိဳး လုပ္စားရမွ စားဝင္အိပ္ေပ်ာ္ႏိုင္တဲ့ အစားတစ္လိုင္း ေယာင္းတို႔ေရ… ဒီတစ္ေခါက္မွာေတာ့ မင္မင္က ထူးထူးျခားျခားေလးျဖစ္သြားေအာင္ ခ်င္းရိုးရာစားစရာျဖစ္တဲ့ ဆာဗူးသီးလုပ္နည္းေလးကို ေဝမွ်ေပးသြားမွာပါ.. ခ်င္းလူမ်ိဴးေတြနဲ႔ မစိမ္းတဲ့ေယာင္းေတြကေတာ့ ဆာဗူးသီးကို ေကာင္းေကာင္းသိၾကမွာပါ.. သူက ေျပာင္းဆန္ကို အသားနဲ႔ေရာျပဳတ္တဲ့ ဆန္ျပဳတ္ပုံစံ စားစရာတစ္မ်ိဳးေပါ့… ေတာင္ေပၚေဒသျဖစ္တဲ့ ခ်င္းျပည္နယ္မွာေတာ့ ေတာင္ယာမသြားခင္ ခြန္အားျဖည့္တဲ့ အေနနဲ႔ ဆာဗူးသီးကို ေသာက္သုံးတတ္ၾကပါတယ္တဲ့ ေယာင္းတို႔ေရ … ကဲ.. နိဒါန္းပ်ိဳးေနတာေလး ရပ္ၿပီး ဆာဗူးသီးလုပ္နည္းေလးကို ျမန္ျမန္သြားၾကည့္ရေအာင္…..

Related Article >>> ျမင္တာနဲ႔စားခ်င္စဖြယ္ ျဖစ္ေနေစမယ့္ ထမင္းဘူးလွလွေလးျဖစ္ေအာင္ ဘယ္လိုဖန္တီးၾကမလဲ

ပါဝင္ပစၥည္းမ်ား-

အမဲသား(၁၀)သား (သို႔) အမဲအူ

ေျပာင္းဆန္ ႏို႔ဆီဘူး(၁)ဘူး

ၾကက္သြန္နီ (၂)လုံး

ရွမ္းနံနံ (၁)စည္း

ငရုတ္သီးစိမ္း(၃)ေတာင့္

ၾကက္သားမႈန္႔ ထမင္းစားဇြန္း(၁)ဇြန္း

သံပုရာသီး (၁)ျခမ္း

၁- ေျပာင္းဆန္ကိုေရေဆးၿပီး ဆန္ျပဳတ္ျပဳတ္သလို ျပဳတ္ေပးပါ။ ေျပာင္းဆန္က မာတဲ့အတြက္ (၃)ေရခန္းေလာက္တဲ့အထိ ျပဳတ္ေပးပါ။

၂- ေျပာင္းဆန္ျပဳတ္ ေရ(၂)ခါခန္းတဲ့အခ်ိန္မွာ အမဲသားကို ပုံမွန္အရြယ္ေလးေတြ တုံးၿပီးထည့္ျပဳတ္ေပးပါ။

၃- ေျပာင္းဆန္လည္းကြဲ အသားလည္းႏူးတဲ့အခ်ိန္မွာ  ၾကက္သားမႈန္႔ ထည့္ေပးပါ။ အရသာအေပါ့အငံျမည္းၿပီး ေျပာင္းဆန္ျပဳတ္အိုးကို မီးဖိုေပၚက ခ်ထားလုိ႔ရပါၿပီ။

Related Article >>> ဝမ္းဗိုက္မေကာင္းတဲ့ ေန႔ေတြမွာစားသင့္တဲ့ အစားအစာ(၅)မ်ိဳး

၄- ၾကက္သြန္နီနဲ႔ ငရုတ္သီးစိမ္းကို ေရာေထာင္းၿပီး ရွမ္းနံနံကို ခပ္ပါးပါးလွီးထားေပးပါ။

၅- သုံးေဆာင္ေတာ့မယ္ဆိုရင္ေတာ့ ေျပာင္းဆန္ျပဳတ္အိုးထဲကို ၾကက္သြန္နီ ငရုတ္သီးေထာင္း ေရာထည့္ ၊ သံပုရာသီးညွစ္ထည့္ ရွမ္းနံနံေလးျဖဴးၿပီး စားလို႔ရပါၿပီ..

မင္မင္ေျပာျပခဲ့တဲ့ နည္းလမ္းထဲကလို အမဲသားနဲ႔ခ်က္လို႔ရသလို ၾကက္သား ၊ ဆိတ္သားစတဲ့ ေယာင္းတို႔ႀကိဳက္ႏွစ္သက္ရာ အသားနဲ႔တြဲဖက္ခ်က္လို႔ရပါေသးတယ္.. ေျပာင္းဆန္ရဲ့ အဆိမ့္ဓာတ္ ၊ သံပုရာသီးရဲ့ အခ်ဥ္ဓာတ္အမဲသားရဲ့ ခ်ိဳျမမႈေတြကို ၾကက္သြန္နဲ႔ ငရုတ္သီးရဲ့ ပူပူစပ္စပ္အရသာေလးေတြနဲ႔ ေပါင္းစပ္ထားတာမို႔ ထူးကဲတဲ့အရသာထူးကို ခံစားရေစမယ့္ ဆာဗူးသီးကို ခုပဲလုပ္စားၾကည့္လိုက္ပါေတာ့ ေယာင္းတို႔ေရ.. မင္မင္ေတာ့ ေရးရင္း ဗိုက္ဆာလာလို႔ သြားစားလိုက္ဦးမယ္..  😛

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

အရသာဓာတ်ပေါင်းဖိုကြီးလို အရသာအစုံ ခံစားရစေမယ့် ဆာဗူးသီး

အဆန်းအပြားတွေကို တစ်နေ့တစ်မျိုး လုပ်စားရမှ စားဝင်အိပ်ပျော်နိုင်တဲ့ အစားတစ်လိုင်း ယောင်းတို့ရေ… ဒီတစ်ခေါက်မှာတော့ မင်မင်က ထူးထူးခြားခြားလေးဖြစ်သွားအောင် ချင်းရိုးရာစားစရာဖြစ်တဲ့ ဆာဗူးသီးလုပ်နည်းလေးကို ဝေမျှပေးသွားမှာပါ.. ချင်းလူမျိူးတွေနဲ့ မစိမ်းတဲ့ယောင်းတွေကတော့ ဆာဗူးသီးကို ကောင်းကောင်းသိကြမှာပါ.. သူက ပြောင်းဆန်ကို အသားနဲ့ရောပြုတ်တဲ့ ဆန်ပြုတ်ပုံစံ စားစရာတစ်မျိုးပေါ့… တောင်ပေါ်ဒေသဖြစ်တဲ့ ချင်းပြည်နယ်မှာတော့ တောင်ယာမသွားခင် ခွန်အားဖြည့်တဲ့ အနေနဲ့ ဆာဗူးသီးကို သောက်သုံးတတ်ကြပါတယ်တဲ့ ယောင်းတို့ရေ … ကဲ.. နိဒါန်းပျိုးနေတာလေး ရပ်ပြီး ဆာဗူးသီးလုပ်နည်းလေးကို မြန်မြန်သွားကြည့်ရအောင်…..

Related Article >>> မြင်တာနဲ့စားချင်စဖွယ် ဖြစ်နေစေမယ့် ထမင်းဘူးလှလှလေးဖြစ်အောင် ဘယ်လိုဖန်တီးကြမလဲ

ပါဝင်ပစ္စည်းများ-

အမဲသား(၁၀)သား (သို့) အမဲအူ

ပြောင်းဆန် နို့ဆီဘူး(၁)ဘူး

ကြက်သွန်နီ (၂)လုံး

ရှမ်းနံနံ (၁)စည်း

ငရုတ်သီးစိမ်း(၃)တောင့်

ကြက်သားမှုန့် ထမင်းစားဇွန်း(၁)ဇွန်း

သံပုရာသီး (၁)ခြမ်း

၁- ပြောင်းဆန်ကိုရေဆေးပြီး ဆန်ပြုတ်ပြုတ်သလို ပြုတ်ပေးပါ။ ပြောင်းဆန်က မာတဲ့အတွက် (၃)ရေခန်းလောက်တဲ့အထိ ပြုတ်ပေးပါ။

၂- ပြောင်းဆန်ပြုတ် ရေ(၂)ခါခန်းတဲ့အချိန်မှာ အမဲသားကို ပုံမှန်အရွယ်လေးတွေ တုံးပြီးထည့်ပြုတ်ပေးပါ။

၃- ပြောင်းဆန်လည်းကွဲ အသားလည်းနူးတဲ့အချိန်မှာ  ကြက်သားမှုန့် ထည့်ပေးပါ။ အရသာအပေါ့အငံမြည်းပြီး ပြောင်းဆန်ပြုတ်အိုးကို မီးဖိုပေါ်က ချထားလို့ရပါပြီ။

Related Article >>> ဝမ်းဗိုက်မကောင်းတဲ့ နေ့တွေမှာစားသင့်တဲ့ အစားအစာ(၅)မျိုး

၄- ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကို ရောထောင်းပြီး ရှမ်းနံနံကို ခပ်ပါးပါးလှီးထားပေးပါ။

၅- သုံးဆောင်တော့မယ်ဆိုရင်တော့ ပြောင်းဆန်ပြုတ်အိုးထဲကို ကြက်သွန်နီ ငရုတ်သီးထောင်း ရောထည့် ၊ သံပုရာသီးညှစ်ထည့် ရှမ်းနံနံလေးဖြူးပြီး စားလို့ရပါပြီ..

မင်မင်ပြောပြခဲ့တဲ့ နည်းလမ်းထဲကလို အမဲသားနဲ့ချက်လို့ရသလို ကြက်သား ၊ ဆိတ်သားစတဲ့ ယောင်းတို့ကြိုက်နှစ်သက်ရာ အသားနဲ့တွဲဖက်ချက်လို့ရပါသေးတယ်.. ပြောင်းဆန်ရဲ့ အဆိမ့်ဓာတ် ၊ သံပုရာသီးရဲ့ အချဉ်ဓာတ်အမဲသားရဲ့ ချိုမြမှုတွေကို ကြက်သွန်နဲ့ ငရုတ်သီးရဲ့ ပူပူစပ်စပ်အရသာလေးတွေနဲ့ ပေါင်းစပ်ထားတာမို့ ထူးကဲတဲ့အရသာထူးကို ခံစားရစေမယ့် ဆာဗူးသီးကို ခုပဲလုပ်စားကြည့်လိုက်ပါတော့ ယောင်းတို့ရေ.. မင်မင်တော့ ရေးရင်း ဗိုက်ဆာလာလို့ သွားစားလိုက်ဦးမယ်..  😛

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

No Comments Yet

Comments are closed