ငါးပိေထာင္းခ်ဥ္ငံစပ္ေလးေထာင္းၿပီး လွ်ာဂၽြမ္းျပန္ေကာ္ရည္ေခါက္ဆြဲလုပ္စားၾကမယ္

ခ်ိဳဆိမ့္တဲ့ေကာ္ရည္အရသာကို ငါးပိေထာင္းခ်ဥ္ငံစပ္နဲ႔ ေပါင္းစပ္လိုက္တဲ့အခါ အရသာက ….ဘယ္လိုေျပာရမလဲ

မုတ္သုံရာသီကို တျဖည္းျဖည္းခ်င္းကူးလာၿပီဆိုေတာ့ အစားတစ္လိုင္းတို႔ရဲ႕ ထုံးစံအတိုင္း မိုးေအးေအးနဲ႔လို္က္ဖက္မယ့္ အစားအစာေတြကို ေတြးေတာၾကံစည္ရၿပီေလ။ မင္မင္ကေတာ့ ပူပူစပ္စပ္ေလးလည္းျဖစ္ ၊ ခံတြင္းေတြ႕ၿပီးစားလို႔လည္းၿမိန္မယ့္ ေကာ္ရည္ေခါက္ဆြဲေလးကို တမ္းတမိတယ္ကြယ္။ ငါးပိေထာင္းခ်ဥ္ငံစပ္ေလးထည့္ေမႊ ၊ ေခါက္ဆြဲဖတ္ေတြ တရႊတ္ရႊတ္စား ၊ ဟင္းရည္စပ္စပ္ေလးကို ရွဴးရွဴးရွဲရွဲေသာက္ရင္း ခ်ိဳခ်ဥ္ငံစပ္အရသာေလးကို တေျမ႕ေျမ႕ခံစားလိုက္ရရင္ ဘယ္ေလာက္ေတာင္ စားေကာင္းလိုက္မလဲဆိုၿပီး အၿမဲေတြးမိ… ( ဟိဟိ..အေတြးထဲပုံေဖာ္ရင္း  သြားရည္က်သြား ၿပီမွတ္လား..)

ဒီလိုအေတြးေပါက္သြားလို႔ ေကာ္ရည္ေခါက္ဆြဲကို ဘယ္မွာသြားစားရေကာင္းမလဲ ဆိုၿပီး စဥ္းစားေနရင္.. ဆက္မစဥ္းစားပါနဲ႔ေတာ့ ေယာင္းေရ.. မင္မင္ဒီတစ္ေခါက္မွာေဝမွ်ေပးသြားမယ့္ ေကာ္ရည္ေခါက္ဆြဲလုပ္နည္း အတိုင္းသာ လုပ္စားၾကည့္လိုက္ပါေတာ့…..

Related Article >>>> ခ်ိဳခ်ဥ္ငံစပ္ အရသာေပါင္းစုံ တစ္ၿပိဳင္တည္းခံစားရေစမယ့္ အခ်ဥ္ေပါင္းလုပ္နည္း

ေကာ္ရည္ေခါက္ဆြဲ ျပဳလုပ္ဖို႔ လိုအပ္တဲ့ပါဝင္ပစၥည္းေတြကေတာ့-

  • ၾကက္သား(၃၀)က်ပ္သား
  • ေကာ္မႈန္႔(၅)က်ပ္သား
  • ေရ(၃)လီတာ
  • ၾကာညႈိ႕ ထမင္းစားဇြန္း(၂)ဇြန္း
  • သၾကားညိဳ ထမင္းစားဇြန္း(၂)ဇြန္း
  • ပဲငံျပာရည္ အၾကည္ ထမင္းစားဇြန္း(၁)ဇြန္း
  • ခရုဆီ ထမင္းစားဇြန္း(၂)ဇြန္း
  • ဂ်င္း လက္(၁)လက္မခန္႕
  • ၾကက္သြန္ျဖဴ (၅)မႊာခန္႔
  • ၾကက္ဥ (၂) လုံး

ျပဳလုပ္ပုံကေတာ့-

(၁) ၾကက္သားကို အတုံးေသးေသးေလးေတြတုံး ၊ ၾကက္သားမႈန္႔ ထမင္းစားဇြန္း(၁)ဇြန္း ၊ ပဲငံျပာရည္အၾကည္ ၊ ၾကာညႈိ႕ ၊ သၾကားညိဳ ၊ ခရုဆီ တို႔နဲ႔ေရာနယ္ၿပီး ေရ(၁)လီတာ ေရာထည့္ကာ ၾကက္သားႏူးတဲ့အထိ ျပဳတ္ေပးပါ။

(၂) ၾကက္သားႏူးသြားၿပီဆိုရင္ေတာ့ ဂ်င္းနဲ႔ ၾကက္သြန္ျဖဴကိုေရာေထာင္းၿပီး ၾကက္သားျပဳတ္အိုးထဲ ေရာထည့္ေမႊပါ။

Related Article >>> အုန္းႏို႕ေခါက္ဆြဲစားလို႕ ေသြးတိုးမွာေၾကာက္တဲ့ေယာင္းတို႔အတြက္ ႏို႕စိမ္းအစားထိုးခ်က္နည္း

(၃) ၅ မိနစ္ေလာက္ၾကာသြားရင္ေတာ့ ေကာ္မႈန္႔ကို ေရေအးနဲ႔ေဖ်ာ္ၿပီး အိုးထဲကိုေရာေမႊထည့္ပါ။ ငံျပာရည္ ထမင္းစားဇြန္း (၁)ဇြန္းေရာထည့္ၿပီး အရသာျမည္းစမ္းၾကည့္ပါ။

(၄) အရသာစိတ္တိုင္းက်သြားၿပီဆိုရင္ေတာ့ ေခါက္ေမႊထားၿပီးသားၾကက္ဥကို ဟင္းအိုးကိုဇြန္းနဲ႔ျဖည္းျဖည္းခ်င္း ေမႊေနတဲ့အခ်ိန္မွာ ေလာင္းထည့္ေပးပါ။(ဒီလိုေလာင္းထည့္မွသာ ၾကက္ဥအမွ်င္ေလးေတြ ျဖစ္သြားမွာပါ)

(၅) ၅ မိနစ္ေလာက္ပြက္ပြက္ ဆူသြားၿပီဆိုရင္ေတာ့ ေကာ္ရည္ဟင္းရည္ ရပါၿပီ။

(၆) ေခါက္ဆြဲကိုေတာ့ ႀကိဳက္ႏွစ္သက္ရာေခါက္ဆြဲေျခာက္ကိုျပဳတ္ ၊ အေပ်ာ့အမာစိတ္တိုင္းက်ရရင္ ဆယ္ယူၿပီး ေရခဲေရထဲမွာ ထည့္စိမ္ထားေပးပါ။ (ဒါမွ ေခါက္ဆြဲဖတ္ေတြ စီးကပ္မႈမျဖစ္မွာပါ)

(၇) ငါးပိေထာင္းအတြက္ မွ်င္ငါးပိကို ေယာင္းမအျပားေလးေပၚ ျဖန္႔တင္ၿပီး အေရာင္နီလာတဲ့အထိ မီးကင္ေပးပါ။

(၈) ငါးပိကင္ကို ၾကက္သြန္ျဖဴ(၅)မႊာ ၊ ပုဇြန္ဖြဲေျခာက္ ၊ ငရုတ္သီးစိမ္း(၅)ေတာင့္တို႔နဲ႔ ေရာေထာင္းေပးၿပီး မန္က်ည္းရည္ နဲ႔ ငံျပာရည္ ထမင္းစားဇြန္း(၁)ဇြန္းစီထည့္ေမႊေပးလိုက္ရင္ေတာ့ ေကာ္ရည္ေခါက္ဆြဲနဲ႔ ေရာစားႏုိင္မယ့္ ငါးပိေထာင္းရပါၿပီေနာ္။

ေယာင္းတို႔ေရ.. မင္မင္ ေဝမွ်ေပးခဲ့တဲ့ ေကာ္ရည္ေခါက္ဆြဲခ်က္နည္းကို လြယ္လြယ္ကူကူခ်က္ျပဳတ္ႏိုင္ၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ေနာက္ထပ္ ဘယ္လိုမုန္႔လုပ္နည္းေတြကို ေဝမွ်ေပးဦးမလဲဆုိတာကို ဆက္လက္ေစာင့္ေမွ်ာ္ေပးၾကပါဦးေနာ္။

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

ချိုဆိမ့်တဲ့ကော်ရည်အရသာကို ငါးပိထောင်းချဉ်ငံစပ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ အရသာက ….ဘယ်လိုပြောရမလဲ

မုတ်သုံရာသီကို တဖြည်းဖြည်းချင်းကူးလာပြီဆိုတော့ အစားတစ်လိုင်းတို့ရဲ့ ထုံးစံအတိုင်း မိုးအေးအေးနဲ့လိုက်ဖက်မယ့် အစားအစာတွေကို တွေးတောကြံစည်ရပြီလေ။ မင်မင်ကတော့ ပူပူစပ်စပ်လေးလည်းဖြစ် ၊ ခံတွင်းတွေ့ပြီးစားလို့လည်းမြိန်မယ့် ကော်ရည်ခေါက်ဆွဲလေးကို တမ်းတမိတယ်ကွယ်။ ငါးပိထောင်းချဉ်ငံစပ်လေးထည့်မွှေ ၊ ခေါက်ဆွဲဖတ်တွေ တရွှတ်ရွှတ်စား ၊ ဟင်းရည်စပ်စပ်လေးကို ရှူးရှူးရှဲရှဲသောက်ရင်း ချိုချဉ်ငံစပ်အရသာလေးကို တမြေ့မြေ့ခံစားလိုက်ရရင် ဘယ်လောက်တောင် စားကောင်းလိုက်မလဲဆိုပြီး အမြဲတွေးမိ… ( ဟိဟိ..အတွေးထဲပုံဖော်ရင်း  သွားရည်ကျသွား ပြီမှတ်လား..)

ဒီလိုအတွေးပေါက်သွားလို့ ကော်ရည်ခေါက်ဆွဲကို ဘယ်မှာသွားစားရကောင်းမလဲ ဆိုပြီး စဉ်းစားနေရင်.. ဆက်မစဉ်းစားပါနဲ့တော့ ယောင်းရေ.. မင်မင်ဒီတစ်ခေါက်မှာဝေမျှပေးသွားမယ့် ကော်ရည်ခေါက်ဆွဲလုပ်နည်း အတိုင်းသာ လုပ်စားကြည့်လိုက်ပါတော့…..

Related Article >>>> ချိုချဉ်ငံစပ် အရသာပေါင်းစုံ တစ်ပြိုင်တည်းခံစားရစေမယ့် အချဉ်ပေါင်းလုပ်နည်း

ကော်ရည်ခေါက်ဆွဲ ပြုလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့-

  • ကြက်သား(၃၀)ကျပ်သား
  • ကော်မှုန့်(၅)ကျပ်သား
  • ရေ(၃)လီတာ
  • ကြာညှို့ ထမင်းစားဇွန်း(၂)ဇွန်း
  • သကြားညို ထမင်းစားဇွန်း(၂)ဇွန်း
  • ပဲငံပြာရည် အကြည် ထမင်းစားဇွန်း(၁)ဇွန်း
  • ခရုဆီ ထမင်းစားဇွန်း(၂)ဇွန်း
  • ဂျင်း လက်(၁)လက်မခန့်
  • ကြက်သွန်ဖြူ (၅)မွှာခန့်
  • ကြက်ဥ (၂) လုံး

ပြုလုပ်ပုံကတော့-

(၁) ကြက်သားကို အတုံးသေးသေးလေးတွေတုံး ၊ ကြက်သားမှုန့် ထမင်းစားဇွန်း(၁)ဇွန်း ၊ ပဲငံပြာရည်အကြည် ၊ ကြာညှို့ ၊ သကြားညို ၊ ခရုဆီ တို့နဲ့ရောနယ်ပြီး ရေ(၁)လီတာ ရောထည့်ကာ ကြက်သားနူးတဲ့အထိ ပြုတ်ပေးပါ။

(၂) ကြက်သားနူးသွားပြီဆိုရင်တော့ ဂျင်းနဲ့ ကြက်သွန်ဖြူကိုရောထောင်းပြီး ကြက်သားပြုတ်အိုးထဲ ရောထည့်မွှေပါ။

Related Article >>> အုန်းနို့ခေါက်ဆွဲစားလို့ သွေးတိုးမှာကြောက်တဲ့ယောင်းတို့အတွက် နို့စိမ်းအစားထိုးချက်နည်း

(၃) ၅ မိနစ်လောက်ကြာသွားရင်တော့ ကော်မှုန့်ကို ရေအေးနဲ့ဖျော်ပြီး အိုးထဲကိုရောမွှေထည့်ပါ။ ငံပြာရည် ထမင်းစားဇွန်း (၁)ဇွန်းရောထည့်ပြီး အရသာမြည်းစမ်းကြည့်ပါ။

(၄) အရသာစိတ်တိုင်းကျသွားပြီဆိုရင်တော့ ခေါက်မွှေထားပြီးသားကြက်ဥကို ဟင်းအိုးကိုဇွန်းနဲ့ဖြည်းဖြည်းချင်း မွှေနေတဲ့အချိန်မှာ လောင်းထည့်ပေးပါ။(ဒီလိုလောင်းထည့်မှသာ ကြက်ဥအမျှင်လေးတွေ ဖြစ်သွားမှာပါ)

(၅) ၅ မိနစ်လောက်ပွက်ပွက် ဆူသွားပြီဆိုရင်တော့ ကော်ရည်ဟင်းရည် ရပါပြီ။

(၆) ခေါက်ဆွဲကိုတော့ ကြိုက်နှစ်သက်ရာခေါက်ဆွဲခြောက်ကိုပြုတ် ၊ အပျော့အမာစိတ်တိုင်းကျရရင် ဆယ်ယူပြီး ရေခဲရေထဲမှာ ထည့်စိမ်ထားပေးပါ။ (ဒါမှ ခေါက်ဆွဲဖတ်တွေ စီးကပ်မှုမဖြစ်မှာပါ)

(၇) ငါးပိထောင်းအတွက် မျှင်ငါးပိကို ယောင်းမအပြားလေးပေါ် ဖြန့်တင်ပြီး အရောင်နီလာတဲ့အထိ မီးကင်ပေးပါ။

(၈) ငါးပိကင်ကို ကြက်သွန်ဖြူ(၅)မွှာ ၊ ပုဇွန်ဖွဲခြောက် ၊ ငရုတ်သီးစိမ်း(၅)တောင့်တို့နဲ့ ရောထောင်းပေးပြီး မန်ကျည်းရည် နဲ့ ငံပြာရည် ထမင်းစားဇွန်း(၁)ဇွန်းစီထည့်မွှေပေးလိုက်ရင်တော့ ကော်ရည်ခေါက်ဆွဲနဲ့ ရောစားနိုင်မယ့် ငါးပိထောင်းရပါပြီနော်။

ယောင်းတို့ရေ.. မင်မင် ဝေမျှပေးခဲ့တဲ့ ကော်ရည်ခေါက်ဆွဲချက်နည်းကို လွယ်လွယ်ကူကူချက်ပြုတ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်ထပ် ဘယ်လိုမုန့်လုပ်နည်းတွေကို ဝေမျှပေးဦးမလဲဆိုတာကို ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်။

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

No Comments Yet

Comments are closed