ခ်ိဳခ်ဥ္ငံစပ္ အရသာေပါင္းစုံ တစ္ၿပိဳင္တည္းခံစားရေစမယ့္ အခ်ဥ္ေပါင္းလုပ္နည္း

သြားဘယ္ေလာက္က်ဥ္က်ဥ္ အခ်ဥ္ေပါင္းစားခ်င္စိတ္က ျပင္းျပေနတုန္းပဲမွတ္လား

ဘယ္ေလာက္ ပူအိုက္ေနပါေစ။ အခ်ဥ္ေပါင္းရွဴးရွဴးရွဲရွဲေလးကို ေခၽြးသံတရႊဲရႊဲ မစားလိုက္ရဘူးဆိုရင္ ေနမထိထိုင္မသာ ျဖစ္ေနတတ္တဲ့ ေယာင္းတို႔ေရ။ အာ့ဖီးလ္ကို မင္မင္လည္းကိုယ္ခ်င္းစာတယ္ရယ္။ ေန႔တစ္ေန႔ၿပီးျပည့္စုံဖို႔ အခ်ဥ္ေပါင္းေလး စားလိုက္ရမွ ဆိုတာမ်ိဳး …

ပူအိုက္တဲ့ရာသီမွာသရက္သီးေတြ ၊ မရမ္းသီးေတြကလည္း ပိုေပါမ်ားလာတာဆိုေတာ့ အီေဖကိုတို႔လို အခ်ဥ္ေပါင္းသရဲေတြအတြက္ ရာသီဥတုက ကိုယ့္ဘက္မွာေပါ့။ အခ်ဥ္ေပါင္းစားတဲ့ စားသက္ႀကီးကရွည္လာေတာ့ အခ်ဥ္ေပါင္းတိုင္းလည္း မႀကိဳက္တတ္ေတာ့ဘူးရယ္။ အရသာအမ်ိဳးမ်ိဳးကို အာရံုခံၿပီး လွ်ာနဲ႔ကြက္တိက်မက် ဆန္းစစ္တတ္လာေရာ။ လတ္တေလာမွာေတာ့ ဆိုင္ကအခ်ဥ္ေပါင္းေတြထက္ ကိုယ္တိုင္လုပ္စားၾကည့္ျဖစ္တဲ့ အခ်ဥ္ေပါင္းေလးကို  ပိုသေဘာက်မိေနတယ္ကြယ္။ ဒီေတာ့  အစားတစ္လိုင္းေယာင္းတို႔အတြက္ မင္မင္လုပ္စားျဖစ္တဲ့ အခ်ဥ္ေပါင္းလုပ္နည္းေလးကုိ ေဝမွ်ေပးသြားပါဦးမယ္ေနာ္။

Related Article>>> ဆိမ့္ဆိမ့္ခ်ိဳခ်ိဳအရသာေလးေၾကာင့္ စားၿပီးရင္းစားခ်င္ေနမယ့္ အုန္းစိမ္းဂ်ယ္လီေက်ာက္ေက်ာလုပ္နည္း

အခ်ဥ္ေပါင္းျပဳလုပ္ဖို႔အတြက္ လိုအပ္တဲ့ ပါဝင္ပစၥည္းေတြကေတာ့-

  • ဆီးထုပ္(၁)ထုပ္
  • သရက္သီး(၁)လုံး
  • မရမ္းသီးမွည့္ (၅)လုံး
  • ေဂြးသီး(၃)လုံး
  • ႀကိဳက္ႏွစ္သက္ရာအသီးမ်ား
  • ငံျပာရည္ ထမင္းစားဇြန္း(၂)ဇြန္း
  • ပုဇြန္ေျခာက္မႈန္႔ ထမင္းစားဇြန္း(၁)ဇြန္း
  • ပါဝါသၾကား လက္ဖက္စားဇြန္း(၁)ဇြန္း (ကုန္စုံဆိုင္ေတြမွာ ေမးဝယ္ႏိုင္ပါတယ္)
  • သံပုရာသီး (၁)လုံး
  • ငရုတ္သီးအက်က္မႈန္႔ ထမင္းစားဇြန္း(၁)ဇြန္း
  • ဆားထန္းလ်က္(၃)ခဲ
  • မွ်င္ငါးပိ လက္ဖက္စားဇြႏ္း(၁)ဇြန္း

ျပဳလုပ္ပုံကေတာ့-

၁။ ေယာင္းတို႔စားခ်င္တဲ့ သစ္သီးေတြကို တစ္ခါစားအရြယ္ေလးေတြ လွီးျဖတ္ထားၿပီး ၊ ဆီးထုပ္ပါေဖာက္ထည့္ထားပါ။

Related Article>>> အုန္းႏို႕ေခါက္ဆြဲစားလို႕ ေသြးတိုးမွာေၾကာက္တဲ့ေယာင္းတို႔အတြက္ ႏို႕စိမ္းအစားထိုးခ်က္နည္း

၂။ ထန္းလ်က္ကို ေရတဝက္ျမဳပ္ရုံေလာက္ထည့္ၿပီး က်ိဳေပးပါ။ ထန္းလ်က္အရည္ေပ်ာ္သြားတဲ့အခါ မွ်င္ငါးပိနဲ႔ ငံျပာရည္ေရာထည့္ၿပီး ေမႊေပးပါ။

၃- ငရုတ္သီးမႈန္႔ ၊ ပါဝါသၾကားနဲ႔ သံပုရာသီးညွစ္ထည့္ၿပီး ေမႊေပးပါ။

၄- ခ်ိဳ ၊ ခ်ဥ္ ၊ ငံ ၊ စပ္ အရသာေတြ အကုန္ေရာေမႊၿပီးရင္ေတာ့ လွီးျဖတ္ထားတဲ့ သစ္သီးေတြနဲ႔ ဆီးထုပ္ ၊ ပုဇြန္ေျခာက္မႈန္႔ကို ေရာထည့္ၿပီး ေမႊေပးပါ။

အရသာျမည္းၾကည့္ၿပီး စိတ္တို္င္းက်သြားၿပီဆိုရင္ေတာ့ အခ်ဥ္ေပါင္းကို အသင့္စားသုံးလို႔ရပါၿပီ။

ကဲ…မင္မင္ေဝမွ်ေပးခဲ့တဲ့ အခ်ဥ္ေပါင္းလုပ္နည္းေလးကို ေက်နပ္ႏွစ္ၿခိဳက္ၾကလိ္မ့္မယ္ထင္ပါတယ္။ ေနာက္ထပ္ ေယာင္းတို႔လွ်ာလည္ေစမယ့္ ဘယ္လို မုန္႔လုပ္နည္းေလးေတြ ေျပာျပေပးဦးမလဲဆိုတာကိုေတာ့ ဆက္လက္ေစာင့္ေမွ်ာ္ေပးၾကပါဦးေနာ္..

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

သွားဘယ်လောက်ကျဉ်ကျဉ် အချဉ်ပေါင်းစားချင်စိတ်က ပြင်းပြနေတုန်းပဲမှတ်လား

ဘယ်လောက် ပူအိုက်နေပါစေ။ အချဉ်ပေါင်းရှူးရှူးရှဲရှဲလေးကို ချွေးသံတရွှဲရွှဲ မစားလိုက်ရဘူးဆိုရင် နေမထိထိုင်မသာ ဖြစ်နေတတ်တဲ့ ယောင်းတို့ရေ။ အာ့ဖီးလ်ကို မင်မင်လည်းကိုယ်ချင်းစာတယ်ရယ်။ နေ့တစ်နေ့ပြီးပြည့်စုံဖို့ အချဉ်ပေါင်းလေး စားလိုက်ရမှ ဆိုတာမျိုး …

ပူအိုက်တဲ့ရာသီမှာသရက်သီးတွေ ၊ မရမ်းသီးတွေကလည်း ပိုပေါများလာတာဆိုတော့ အီဖေကိုတို့လို အချဉ်ပေါင်းသရဲတွေအတွက် ရာသီဥတုက ကိုယ့်ဘက်မှာပေါ့။ အချဉ်ပေါင်းစားတဲ့ စားသက်ကြီးကရှည်လာတော့ အချဉ်ပေါင်းတိုင်းလည်း မကြိုက်တတ်တော့ဘူးရယ်။ အရသာအမျိုးမျိုးကို အာရုံခံပြီး လျှာနဲ့ကွက်တိကျမကျ ဆန်းစစ်တတ်လာရော။ လတ်တလောမှာတော့ ဆိုင်ကအချဉ်ပေါင်းတွေထက် ကိုယ်တိုင်လုပ်စားကြည့်ဖြစ်တဲ့ အချဉ်ပေါင်းလေးကို  ပိုသဘောကျမိနေတယ်ကွယ်။ ဒီတော့  အစားတစ်လိုင်းယောင်းတို့အတွက် မင်မင်လုပ်စားဖြစ်တဲ့ အချဉ်ပေါင်းလုပ်နည်းလေးကို ဝေမျှပေးသွားပါဦးမယ်နော်။

Related Article>>> ဆိမ့်ဆိမ့်ချိုချိုအရသာလေးကြောင့် စားပြီးရင်းစားချင်နေမယ့် အုန်းစိမ်းဂျယ်လီကျောက်ကျောလုပ်နည်း

အချဉ်ပေါင်းပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့-

  • ဆီးထုပ်(၁)ထုပ်
  • သရက်သီး(၁)လုံး
  • မရမ်းသီးမှည့် (၅)လုံး
  • ဂွေးသီး(၃)လုံး
  • ကြိုက်နှစ်သက်ရာအသီးများ
  • ငံပြာရည် ထမင်းစားဇွန်း(၂)ဇွန်း
  • ပုဇွန်ခြောက်မှုန့် ထမင်းစားဇွန်း(၁)ဇွန်း
  • ပါဝါသကြား လက်ဖက်စားဇွန်း(၁)ဇွန်း (ကုန်စုံဆိုင်တွေမှာ မေးဝယ်နိုင်ပါတယ်)
  • သံပုရာသီး (၁)လုံး
  • ငရုတ်သီးအကျက်မှုန့် ထမင်းစားဇွန်း(၁)ဇွန်း
  • ဆားထန်းလျက်(၃)ခဲ
  • မျှင်ငါးပိ လက်ဖက်စားဇွန်း(၁)ဇွန်း

ပြုလုပ်ပုံကတော့-

၁။ ယောင်းတို့စားချင်တဲ့ သစ်သီးတွေကို တစ်ခါစားအရွယ်လေးတွေ လှီးဖြတ်ထားပြီး ၊ ဆီးထုပ်ပါဖောက်ထည့်ထားပါ။

Related Article>>> အုန်းနို့ခေါက်ဆွဲစားလို့ သွေးတိုးမှာကြောက်တဲ့ယောင်းတို့အတွက် နို့စိမ်းအစားထိုးချက်နည်း

၂။ ထန်းလျက်ကို ရေတဝက်မြုပ်ရုံလောက်ထည့်ပြီး ကျိုပေးပါ။ ထန်းလျက်အရည်ပျော်သွားတဲ့အခါ မျှင်ငါးပိနဲ့ ငံပြာရည်ရောထည့်ပြီး မွှေပေးပါ။

၃- ငရုတ်သီးမှုန့် ၊ ပါဝါသကြားနဲ့ သံပုရာသီးညှစ်ထည့်ပြီး မွှေပေးပါ။

၄- ချို ၊ ချဉ် ၊ ငံ ၊ စပ် အရသာတွေ အကုန်ရောမွှေပြီးရင်တော့ လှီးဖြတ်ထားတဲ့ သစ်သီးတွေနဲ့ ဆီးထုပ် ၊ ပုဇွန်ခြောက်မှုန့်ကို ရောထည့်ပြီး မွှေပေးပါ။

အရသာမြည်းကြည့်ပြီး စိတ်တိုင်းကျသွားပြီဆိုရင်တော့ အချဉ်ပေါင်းကို အသင့်စားသုံးလို့ရပါပြီ။

ကဲ…မင်မင်ဝေမျှပေးခဲ့တဲ့ အချဉ်ပေါင်းလုပ်နည်းလေးကို ကျေနပ်နှစ်ခြိုက်ကြလိမ့်မယ်ထင်ပါတယ်။ နောက်ထပ် ယောင်းတို့လျှာလည်စေမယ့် ဘယ်လို မုန့်လုပ်နည်းလေးတွေ ပြောပြပေးဦးမလဲဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်..

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

No Comments Yet

Comments are closed