ဓာတုကင္းစင္တဲ့ မုန္႔လက္ေဆာင္းဖတ္ကို အိမ္မွာကိုယ္တိုင္လုပ္ႏိုင္မယ့္နည္းလမ္း

ဝမ္းေအးေစမယ့္ မုန္႔လက္ေဆာင္းလုပ္ၿပီး သႀကၤန္မွာစတုဒီသာ ေကၽြးႏိုင္ၿပီေပါ့

မုန္႔လက္ေဆာင္းကေတာ့ ျမန္မာလူမ်ိဳးတိုင္းႀကိဳက္နွစ္သက္တဲ့ ရိုးရာအစားစာတစ္ခု ျဖစ္ပါတယ္။ အခုေခတ္မွာ နည္းပညာေတြတိုးတက္လာတာနဲ႔အတူ သဘာဝမဟုတ္တဲ့ အရာေတြထည့္သြင္းျပဳလုပ္လာၾကပါတယ္။ အလြယ္တကူဝယ္စားလို႔ရႏိုင္ေပမဲ့  သန္႔ရွင္းမႈကို အလုံးစုံစိတ္ခ်လို႔မရႏိုင္ေတာ့ ကိုယ္တိုင္အိမ္မွာ သန္႔သန္႔ရွင္းရွင္း လုပ္စားခ်င္တဲ့ ေယာင္းေလးေတြအတြက္ မုန္႔လက္ေဆာင္းဖတ္လုပ္နည္းေလးကို ေဝမွ်ေပးသြားမယ္ေနာ္။

ပထမဆံုး ျပင္ဆင္ရမွာေလးကိုေျပာျပခ်င္ပါတယ္။

Related article>>> ဆိမ့္ဆိမ့္ခ်ိဳခ်ိဳအရသာေလးေၾကာင့္ စားၿပီးရင္းစားခ်င္ေနမယ့္ အုန္းစိမ္းဂ်ယ္လီေက်ာက္ေက်ာလုပ္နည္း

ျပင္ဆင္ရမွာေလးေတြကေတာ့-

(၁) ထံုးေရၾကည္(ထံုးတစ္ဇြန္းကို ေရႀကိဳေဖ်ာ္ထားၿပီး အေပၚကတင္က်န္ေနတဲ့ ထုံးၾကည္ရည္ ထမင္းစားဇြန္း ၁ဇြန္း)

(၂)ဆန္မႈန္႔  (ဆန္ခ်ိန္ခြက္ ၁ခြက္)

(၃)ေျပာင္းဖူးမႈန္႔ (ထမင္းစားဇြန္း ၂ ဇြန္း)

(၄)ဆြမ္းေမႊးရြက္(ႀကိတ္ထားတဲ့အရည္ ဆန္ခ်ိန္ခြက္ ၁ခြက္)

(၅)ေရ(ဆန္ခ်ိန္ခြက္ ၄ ခြက္) တို႔ ျဖစ္ပါတယ္။

ျပင္ဆင္လို႔ၿပီးရင္ေတာ့ မုန္႔လက္ေဆာင္းဖတ္ေလးကို စတင္လုပ္ၾကည့္ရေအာင္။

  • ပထမဆံုးခြက္ထဲကို ဆန္မႈန္႔ ၊ေျပာင္းဖူးမႈန္ ႔၊ဆြမ္းေမႊးရြက္၊ ထံုးရည္ၾကည္ ၊ ေရ တို႔ကိုထည့္ၿပီး ပါဝင္ပစၥည္းမ်ား ေပ်ာ္ သြားေအာင္ ေဖ်ာ္ေပးပါ ။
  • ေဖ်ာ္ၿပီးသားေတြကို အိုးတစ္ခုထဲထည့္ၿပီး စတင္က်ိဳပါမယ္။

  • မီးအေနေတာ္နဲ႔ က်ိဳေပးပါ။ အိုးထဲကိုစထည့္တဲ့အခ်ိန္ကစၿပီး ပ်စ္လာတဲ့အထိ အဆက္မျပတ္ေမႊေပးေနပါ။ ေမႊနိုင္ရင္ေမႊနိုင္သေလာက္ မုန္႔ဖတ္လွလွေလးရပါတယ္။
  • က်က္ခါနီးရင္ ဆီအေရာင္ေလးလို ေျပာင္ေျပာင္ေလးျဖစ္လာပါမယ္။  ဒီလိုျဖစ္လာရင္ေတာ့ အိုးကိုမီးဖိုေပၚကခ်ပါ။

Related article>>> ေဆးဘဲဥကို ညီွနံ႔မထြက္ဘဲ အရသာရွယ္ထြက္ေအာင္ ကိုယ္တိုင္သုပ္နိုင္မယ့္ နည္းလမ္း

  • ေရထည့္မယ့္ ခြက္နဲ႔ေရစစ္မယ့္ဇကာကို ထပ္ထားၿပီး ေရခဲေရထည့္ထားေပးပါ။ ရိုးရိုးေရထည့္လို႔မရပါဘူးေနာ္။
  • ၿပီးရင္ အပူခံ ပလတ္စတစ္အိတ္ကို ထိပ္ကေသးေသးေလး ကတ္ေၾကးနဲ႔ ညွပ္ထားေပးပါ။
  • အိတ္ေလးထဲကို မုန္႔က်ိဳထားတာေတြထည့္ၿပီး ေရခြြက္ရဲ႕ အေပၚျမင့္ျမင့္ကေန ေျမွာက္ထားေပးပါ။ ညွစ္ခ်စရာမလိုပါဘူးေနာ္။ သူ႔အလိုလိုက်လာပါလိမ့္မယ္။ မုန္႔ဖတ္ညွစ္တဲ့ကိရိယာနဲ႔ ညွစ္လို႔လည္းရပါတယ္။ ညွစ္လိုက္ရင္ မုန္႕ဖက္မလွဘဲ ျဖစ္ေနမွာစိုးလို႕ပါ။

ဇကာေလးထဲက မုန္႔ဖတ္ေတြကိုဆယ္ၿပီး ထန္းလ်က္ရည္၊ သၾကားရည္ ၊ အုန္းနို႔ရည္စတဲ့ ကိုယ္ႀကိဳက္နွစ္သက္တာထည့္ၿပီး စားလို႔ရပါၿပီ။ က်န္တဲ့ မုန္႔ဖတ္ေတြကို ေရခဲေသတၱာထဲထည့္ၿပီး ေနာက္ေန႔ထပ္စားလို႔ရပါတယ္။

ေႏြရာသီရဲ့အပူေတြကို မုန္႔လက္ေဆာင္ေအးေအးေလးေသာက္ၿပီး အပူၿငိွမ္းလိုက္ရေအာင္ေနာ္။

Phyu Thant ( For Her Myanmar )

<<<Unicode>>>

ဝမ်းအေးစေမယ့် မုန့်လက်ဆောင်းလုပ်ပြီး သြင်္ကန်မှာစတုဒီသာ ကျွေးနိုင်ပြီပေါ့

မုန့်လက်ဆောင်းကတော့ မြန်မာလူမျိုးတိုင်းကြိုက်နှစ်သက်တဲ့ ရိုးရာအစားစာတစ်ခု ဖြစ်ပါတယ်။ အခုခေတ်မှာ နည်းပညာတွေတိုးတတ်လာတာနဲ့အတူ သဘာဝမဟုတ်တဲ့ အရာတွေထည့်သွင်းပြုလုပ်လာကြပါတယ်။ အလွယ်တကူဝယ်စားလို့ရနိုင်ပေမဲ့  သန့်ရှင်းမှုကို အလုံးစုံစိတ်ချလို့မရနိုင်တော့ ကိုယ်တိုင်အိမ်မှာ သန့်သန့်ရှင်းရှင်း လုပ်စားချင်တဲ့ ယောင်းလေးတွေအတွက် မုန့်လက်ဆောင်းဖတ်လုပ်နည်းလေးကို ဝေမျှပေးသွားမယ်နော်။

ပထမဆုံး ပြင်ဆင်ရမှာလေးကိုပြောပြချင်ပါတယ်။

Related article>>> ဆိမ့်ဆိမ့်ချိုချိုအရသာလေးကြောင့် စားပြီးရင်းစားချင်နေမယ့် အုန်းစိမ်းဂျယ်လီကျောက်ကျောလုပ်နည်း

ပြင်ဆင်ရမှာလေးတွေကတော့-

(၁) ထုံးရေကြည်(ထုံးတစ်ဇွန်းကို ရေကြိုဖျော်ထားပြီး အပေါ်ကတင်ကျန်နေတဲ့ ထုံးကြည်ရည် ထမင်းစားဇွန်း ၁ဇွန်း)

(၂)ဆန်မှုန့်  (ဆန်ချိန်ခွက် ၁ခွက်)

(၃)ပြောင်းဖူးမှုန့် (ထမင်းစားဇွန်း ၂ ဇွန်း)

(၄)ဆွမ်းမွှေးရွက်(ကြိတ်ထားတဲ့အရည် ဆန်ချိန်ခွက် ၁ခွက်)

(၅)ရေ(ဆန်ချိန်ခွက် ၄ ခွက်) တို့ ဖြစ်ပါတယ်။

ပြင်ဆင်လို့ပြီးရင်တော့ မုန့်လက်ဆောင်းဖတ်လေးကို စတင်လုပ်ကြည့်ရအောင်။

  • ပထမဆုံးခွက်ထဲကို ဆန်မှုန့် ၊ပြောင်းဖူးမှုန့်၊ဆွမ်းမွှေးရွက်၊ ထုံးရည်ကြည် ၊ ရေ တို့ကိုထည့်ပြီး ပါဝင်ပစ္စည်းများ ပျော် သွားအောင် ဖျော်ပေးပါ ။
  • ဖျော်ပြီးသားတွေကို အိုးတစ်ခုထဲထည့်ပြီး စတင်ကျိုပါမယ်။

  • မီးအနေတော်နဲ့ ကျိုပေးပါ။ အိုးထဲကိုစထည့်တဲ့အချိန်ကစပြီး ပျစ်လာတဲ့အထိ အဆက်မပြတ်မွှေပေးနေပါ။ မွှေနိုင်ရင်မွှေနိုင်သလောက် မုန့်ဖတ်လှလှလေးရပါတယ်။
  • ကျက်ခါနီးရင် ဆီအရောင်လေးလို ပြောင်ပြောင်လေးဖြစ်လာပါမယ်။  ဒီလိုဖြစ်လာရင်တော့ အိုးကိုမီးဖိုပေါ်ကချပါ။

Related article>>> ဆေးဘဲဥကို ညှီနံ့မထွက်ဘဲ အရသာရှယ်ထွက်အောင် ကိုယ်တိုင်သုပ်နိုင်မယ့် နည်းလမ်း

  • ရေထည့်မယ့် ခွက်နဲ့ရေစစ်မယ့်ဇကာကို ထပ်ထားပြီး ရေခဲရေထည့်ထားပေးပါ။ ရိုးရိုးရေထည့်လို့မရပါဘူးနော်။
  • ပြီးရင် အပူခံ ပလတ်စတစ်အိတ်ကို ထိပ်ကသေးသေးလေး ကတ်ကြေးနဲ့ ညှပ်ထားပေးပါ။
  • အိတ်လေးထဲကို မုန့်ကျိုထားတာတွေထည့်ပြီး ရေခွက်ရဲ့ အပေါ်မြင့်မြင့်ကနေေ မြှောက်ထားပေးပါ။ ညှစ်ချစရာမလိုပါဘူးနော်။ သူ့အလိုလိုကျလာပါလိမ့်မယ်။ မုန့်ဖတ်ညှစ်တဲ့ကိရိယာနဲ့ ညှစ်လို့လည်းရပါတယ်။ ညှစ်လိုက်ရင် မုန့်ဖက်မလှဘဲ ဖြစ်နေမှာစိုးလို့ပါ။

ဇကာလေးထဲက မုန့်ဖတ်တွေကိုဆယ်ပြီး ထန်းလျက်ရည်၊ သကြားရည် ၊ အုန်းနို့ရည်စတဲ့ ကိုယ်ကြိုက်နှစ်သက်တာထည့်ပြီး စားလို့ရပါပြီ။ ကျန်တဲ့ မုန့်ဖတ်တွေကို ရေခဲသေတ္တာထဲထည့်ပြီး နောက်နေ့ထပ်စားလို့ရပါတယ်။

နွေရာသီရဲ့အပူတွေကို မုန့်လက်ဆောင်အေးအေးလေးသောက်ပြီး အပူငြှိမ်းလိုက်ရအောင်နော်။

Phyu Thant ( For Her Myanmar )

No Comments Yet

Comments are closed