လုပ္ရတာလြယ္ကူ၊ စားလို႔လည္းေကာင္းၿပီး ဝိတ္ကိုလည္း ထိန္းၿပီးသားျဖစ္ေစမယ့္ ေထာပတ္သီးသုပ္

ဝိတ္က်မက်သိခ်င္ရင္ ပါဝင္ပစၥည္းေတြကိုသာ ဝင္ဖတ္ၾကည့္လုိက္ေတာ့ကြာ…

အဟီး ႏွင္းအိဦး ဆိုတဲ့ အက္ဒ္မင္ေလးဟာ စိတ္မပါတဲ့အခ်ိန္ေတြမွာေတာ့ မာလာရွမ္းေကာေတြ၊ ေဟာ့ေပါ့ေတြကို မထစတမ္းႀကိတ္တတ္ေပမဲ့ စိတ္ေကာင္းဝင္ၿပီး ဗိုက္ကႂကြက္သားေလးေတြကို အားနာတဲ့အခ်ိန္မွာေတာ့ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအေသာက္ေလးေတြကို ခ်က္ျပဳတ္ၿပီးစားတတ္ပါတယ္။

အဲဒီအထဲမွာ ဒီေထာပတ္သီးသုတ္ေလးကလည္း ႏွင္းရဲ႕လက္တည့္စမ္းျခင္းကို ခံခဲ့ရသူေလးေပါ့။ ဒီအသုပ္ေလးကေတာ့ သူ႔တစ္မ်ိဳးတည္းစားလည္း ေကာင္းသလို ေပါင္မုန္႔ထဲညွပ္စားလို႔လည္း ေကာင္းတဲ့ recipe ေလးမို႔ ေယာင္းတို႔လည္း ႀကိဳက္ႏွစ္သက္ၾကမွာ က်ိန္းေသပါတယ္ေနာ္.. မႀကိဳက္လည္းႀကိဳက္ကြာ.. မရဘူး ေျပာျပခ်င္ေနၿပီ 😛 

ေထာပတ္သီးသုပ္ေလး လုပ္ဖို႔ ပါဝင္ပစၥည္းေတြကေတာ့…

ၾကက္ဥတစ္လံုး

ေထာပတ္သီးတစ္ျခမ္း

ဒိန္ခ်ဥ္အနည္းငယ္

သံပုရာသီးတစ္ျခမ္း

ဆားအနည္းငယ္

ငရုတ္ေကာင္းအနည္းငယ္နဲ႔

သံလြင္ဆီအနည္းငယ္ တို႔ပါပဲ။

Related Article >>> က်န္းမာၿပီး လွပေစမယ့္ ငါးအေရခြံသုပ္

ျပဳလုပ္ပံုအဆင့္ဆင့္ကေတာ့ – 

အရင္ဆံုး ၾကက္ဥကို လံုးဝက်က္သြားတဲ့အထိ ျပဳတ္လိုက္ၿပီး အတံုးေသးေသးေလးေတြ လွီးထားပါ။

ေထာပတ္သီးကိုလည္း အတံုးေသးေသးေလးေတြလွီးၿပီး အေၾကခ်လိုက္ပါ။

ၿပီးရင္ ပန္းကန္တစ္လံုးထဲမွာ ၾကက္ဥ၊ ေထာပတ္သီး၊ သံလြင္ဆီတို႔ကိုေရာၿပီး အႏွစ္ျဖစ္သြားတဲ့အထိ ေခ်လိုက္ပါ။

အႏွစ္ျဖစ္သြားတာနဲ႔ ဒိန္ခ်ဥ္အနည္းငယ္ကိုထည့္ၿပီး သမသြားေအာင္ ေမႊလုိက္ပါ။

ဒိန္ခ်ဥ္ထည့္ၿပီးတာနဲ႔ သံပုရာသီးကို အရည္ညွစ္ၿပီး အေပၚကေနျဖန္းလိုက္ပါ။

ၿပီးတာနဲ႔ ဆား၊ ငရုတ္ေကာင္းမႈန္႔ကို အရသာျမည္းၿပီး လိုသေလာက္ထည့္လိုက္ရင္ေတာ့ လြယ္ကူၿပီး စားလို႔ေကာင္းတဲ့အျပင္ က်န္းမာေရးနဲ႔လည္း ညီညြတ္တဲ့ ေထာပတ္သီးသုတ္ေလးရၿပီေပါ့။

အကယ္၍ ေပါင္မုန္႔နဲ႔တြဲစားခ်င္တယ္၊ ဝိတ္လည္းမတက္ခ်င္ဘူးဆိုရင္ေတာ့ Whole Grain Bread လို႔ေခၚတဲ့ ေပါင္မုန္႔ညိဳ (သို႔) အၾကမ္းနဲ႔လည္း တြဲဖက္ၿပီး ေထာပတ္သီး Sandwich အေနနဲ႔ သံုးေဆာင္လို႔ရပါတယ္ရွင္။

Related Article >>> ဝိတ္က်ခ်င္လား? ဒီပလန္အတိုင္း က်န္းမာေရးနဲ႔ ညီေအာင္ စားၾကည့္ပါ။

ဘယ္လိုလဲေယာင္းတို႔? အရမ္းခက္လြန္းလို႔ လုပ္ရတာ လက္တြန္႔သြားၿပီလားလို႔?

ဒီအသုပ္ေလးက ကယ္လိုရီနည္းေပမဲ့ အာဟာရဓာတ္ေတြ အရမ္းႂကြယ္ဝတာမို႔ သားသားမီးမီးေလးေတြကိုလည္း အဆာေျပအေနနဲ႔ ထည့္ေပးလို႔ရပါတယ္။ ဒါ့အျပင္ Gym ေဆာ့လို႔ ညစာေရွာင္ေနတဲ့လူေတြလည္း ညအဆာေျပအေနနဲ႔ စိတ္ခ်လက္ခ်စားသံုးလို႔ရတာမို႔ ႏွင္းရဲ႕ေပါက္ကရေလးဆယ္ Recipe ေလးကို ႏွစ္ၿခိဳက္ၾကမယ္လို႔ထင္ပါတယ္ေနာ္…

ေနာက္က်ရင္လည္း ဒါမ်ိဳးေလးေတြ စိတ္ကူးေပါက္ရင္ေပါက္သလို ခ်က္စားဦးမွာမို႔ ေစာင့္ေမွ်ာ္ေပးၾကပါဦးလို႔။

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

ဝိတ်ကျမကျသိချင်ရင် ပါဝင်ပစ္စည်းတွေကိုသာ ဝင်ဖတ်ကြည့်လိုက်တော့ကွာ…

အဟီး နှင်းအိဦး ဆိုတဲ့ အက်ဒ်မင်လေးဟာ စိတ်မပါတဲ့အချိန်တွေမှာတော့ မာလာရှမ်းကောတွေ၊ ဟော့ပေါ့တွေကို မထစတမ်းကြိတ်တတ်ပေမဲ့ စိတ်ကောင်းဝင်ပြီး ဗိုက်ကကြွက်သားလေးတွေကို အားနာတဲ့အချိန်မှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်လေးတွေကို ချက်ပြုတ်ပြီးစားတတ်ပါတယ်။

အဲဒီအထဲမှာ ဒီထောပတ်သီးသုတ်လေးကလည်း နှင်းရဲ့လက်တည့်စမ်းခြင်းကို ခံခဲ့ရသူလေးပေါ့။ ဒီအသုပ်လေးကတော့ သူ့တစ်မျိုးတည်းစားလည်း ကောင်းသလို ပေါင်မုန့်ထဲညှပ်စားလို့လည်း ကောင်းတဲ့ recipe လေးမို့ ယောင်းတို့လည်း ကြိုက်နှစ်သက်ကြမှာ ကျိန်းသေပါတယ်နော်.. မကြိုက်လည်းကြိုက်ကွာ.. မရဘူး ပြောပြချင်နေပြီ 😛 

ထောပတ်သီးသုပ်လေး လုပ်ဖို့ ပါဝင်ပစ္စည်းတွေကတော့…

ကြက်ဥတစ်လုံး

ထောပတ်သီးတစ်ခြမ်း

ဒိန်ချဉ်အနည်းငယ်

သံပုရာသီးတစ်ခြမ်း

ဆားအနည်းငယ်

ငရုတ်ကောင်းအနည်းငယ်နဲ့

သံလွင်ဆီအနည်းငယ် တို့ပါပဲ။

Related Article >>> ကျန်းမာပြီး လှပစေမယ့် ငါးအရေခွံသုပ်

ပြုလုပ်ပုံအဆင့်ဆင့်ကတော့ – 

အရင်ဆုံး ကြက်ဥကို လုံးဝကျက်သွားတဲ့အထိ ပြုတ်လိုက်ပြီး အတုံးသေးသေးလေးတွေ လှီးထားပါ။

ထောပတ်သီးကိုလည်း အတုံးသေးသေးလေးတွေလှီးပြီး အကြေချလိုက်ပါ။

ပြီးရင် ပန်းကန်တစ်လုံးထဲမှာ ကြက်ဥ၊ ထောပတ်သီး၊ သံလွင်ဆီတို့ကိုရောပြီး အနှစ်ဖြစ်သွားတဲ့အထိ ချေလိုက်ပါ။

အနှစ်ဖြစ်သွားတာနဲ့ ဒိန်ချဉ်အနည်းငယ်ကိုထည့်ပြီး သမသွားအောင် မွှေလိုက်ပါ။

ဒိန်ချဉ်ထည့်ပြီးတာနဲ့ သံပုရာသီးကို အရည်ညှစ်ပြီး အပေါ်ကနေဖြန်းလိုက်ပါ။

ပြီးတာနဲ့ ဆား၊ ငရုတ်ကောင်းမှုန့်ကို အရသာမြည်းပြီး လိုသလောက်ထည့်လိုက်ရင်တော့ လွယ်ကူပြီး စားလို့ကောင်းတဲ့အပြင် ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ထောပတ်သီးသုတ်လေးရပြီပေါ့။

အကယ်၍ ပေါင်မုန့်နဲ့တွဲစားချင်တယ်၊ ဝိတ်လည်းမတက်ချင်ဘူးဆိုရင်တော့ Whole Grain Bread လို့ခေါ်တဲ့ ပေါင်မုန့်ညို (သို့) အကြမ်းနဲ့လည်း တွဲဖက်ပြီး ထောပတ်သီး Sandwich အနေနဲ့ သုံးဆောင်လို့ရပါတယ်ရှင်။

Related Article >>> ဝိတ်ကျချင်လား? ဒီပလန်အတိုင်း ကျန်းမာရေးနဲ့ ညီအောင် စားကြည့်ပါ။

ဘယ်လိုလဲယောင်းတို့? အရမ်းခက်လွန်းလို့ လုပ်ရတာ လက်တွန့်သွားပြီလားလို့?

ဒီအသုပ်လေးက ကယ်လိုရီနည်းပေမဲ့ အာဟာရဓာတ်တွေ အရမ်းကြွယ်ဝတာမို့ သားသားမီးမီးလေးတွေကိုလည်း အဆာပြေအနေနဲ့ ထည့်ပေးလို့ရပါတယ်။ ဒါ့အပြင် Gym ဆော့လို့ ညစာရှောင်နေတဲ့လူတွေလည်း ညအဆာပြေအနေနဲ့ စိတ်ချလက်ချစားသုံးလို့ရတာမို့ နှင်းရဲ့ပေါက်ကရလေးဆယ် Recipe လေးကို နှစ်ခြိုက်ကြမယ်လို့ထင်ပါတယ်နော်…

နောက်ကျရင်လည်း ဒါမျိုးလေးတွေ စိတ်ကူးပေါက်ရင်ပေါက်သလို ချက်စားဦးမှာမို့ စောင့်မျှော်ပေးကြပါဦးလို့။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed