နာမည္ႀကီး ကိုရီးယား ၾကက္ေျခေထာက္အစပ္ Dakbal ကို လြယ္လြယ္ျမန္ျမန္ လုပ္ၾကမယ္..

ကိုရီးယားကားေတြ ၾကည့္ၿပီး သြားရည္က်ေနစရာ မလုိေတာ့ပါဘူးေနာ္.. 😛 

ၾကက္ေျခေထာက္ဟင္းကို ထုိုင္းစတိုင္၊ လာအိုစတိုင္ စသျဖင့္ အမ်ိဳးမ်ိဳး လုပ္စားၾကပါတယ္။ ခုတစ္ေခါက္မွာေတာ့ ကုိရီးယားဆန္ဆန္ေလး လုပ္စားၾကည့္ရေအာင္ ေယာင္းတို႔ေရ…

ကိုရီးယားစတိုင္ၾကက္ေျခေထာက္ကို Dakbal လို႔ ေခၚၿပီး သူ႔ရဲ႕ ထူးျခားတဲ့ အစပ္အရသာေၾကာင့္ နာမည္ႀကီးပါတယ္။ Dakbal ကို challenge အေနနဲ႔သာမက Mukbang အေနနဲ႔လည္း စားၾကပါတယ္။

Dakbal ကို ပံုစံအမ်ိဳးမ်ိဳးခ်က္ျပဳတ္ၾကပါတယ္။ အက္ဒ္မင္ကေတာ့ ပံုစံႏွစ္မ်ိဳးကိုေျပာျပေပးပါမယ္ေနာ္။

Related Article >>> ၾကက္ေျခေထာက္ကို ထိုင္းစတိုင္ ပံုစံ သုပ္စားၾကမယ္

ပထမ ခ်က္နည္းကေတာ့ ကင္တဲ့နည္းပါ။

ပါဝင္ပစၥည္းေတြကေတာ့…

အေလးခ်ိန္၁ေပါင္ရွိတဲ့ ၾကက္ေျခေထာက္ပမာဏ

ဆိုဂ်ဴအရက္တစ္ပုလင္း

ပင္လယ္ဆား

ေရ

ႏွမ္းဆီေမႊး

ငရုတ္သီးေတာင့္ႏွစ္ေတာင့္မွ ၆ေတာင့္

ကိုရီးယားငရုတ္သီးအမႈန္႔

soy sauce

ႏွမ္း

ကိုရီးယားငရုတ္သီးအႏွစ္ (ဂိုခ်ဴဂ်န္)

ၾကက္သြန္ၿမိတ္သံုးပင္

ဆလပ္ရြက္တစ္စည္း

ၾကက္သြန္ျဖဴ အႀကီး သံုးတက္

သၾကားညိဳ

ခရုဆီတစ္ဇြန္း နဲ႔ ခ်င္း ပါပဲ။

ပထမ အဆင့္အေနနဲ႔ ၾကက္ေျခေထာက္ကို အရိုးမလြတ္တဲ့ ၾကက္ေျခေထာက္ သံုးပါမယ္။ အရင္ဆံုး ၾကက္ေျခသည္းေတြကို ညႇပ္ပစ္ၿပီးရင္ ခြက္တစ္ခြက္ထဲမွာ ၾကက္ေျခေထာက္ေတြကို ပင္လယ္ဆားတစ္ဇြန္း (ထမင္းစားဇြန္း) နဲ႔ ေရအနည္းငယ္ ထည့္ၿပီး တစ္မိနစ္ခန္႔ ေသခ်ာဆုပ္ နယ္ေပးပါ။

ၿပီးရင္ ဆယ့္ႏွစ္ မိနစ္ေက်ာ္ စိမ္ထားေပးပါ။ အခ်ိန္ျပည့္သြားတဲ့အခါ ေရေလာင္းထည့္၊ ေနာက္တစ္ႀကိမ္ျပန္ေဆးေပးၿပီး ေရေတြသြန္ပစ္ရပါမယ္။ ၿပီးသြားတဲ့အခါ ျကက္ေျခေထာက္ေတြကို ေပါင္းအိုးထဲ ၁နာရီခန္႔ ေပါင္းထားေပးပါ။

ဒုတိယအဆင့္အေနနဲ႔…. ဟင္းအႏွစ္ လုပ္ပါမယ္….

ဒီေနရာမွာ ငရုတ္သီးပမာဏ က အေရးႀကီးပါတယ္။ အရမ္းစပ္ခ်င္ရင္ ငရုတ္သီးကို ၆ေတာင့္ ထည့္ႏိုင္ၿပီး သိပ္မစပ္ခ်င္ရင္ ၄ေတာင့္ေလာင့္ ထည့္ႏိုင္ပါတယ္။ အစပ္မစားႏိုင္ရင္ေတာ့ ၂ေတာင့္ေလာက္ပဲ ထည့္ပါ။

ႀကိတ္စက္အေသးေလးထဲကို ငရုတ္သီးေတာင့္၊ ၾကက္သြန္ျဖဴ အႀကီး ၃တက္၊ ခ်င္းတစ္မလက္ခန္႔ ထည့္ၿပီး ႀကိတ္တာ (သို႔) ငရုတ္ဆံုထဲကို ညက္ေအာင္ထည့္ေထာင္းတာမ်ိဳး လုပ္ေပးပါ။

ၿပီးရင္ ဂိုခ်ဴဂ်န္ တစ္ဇြန္း၊ သၾကားတစ္ဇြန္း၊ခရုဆီ တစ္ဇြန္း၊ soy sauce တစ္ဇြန္း၊ ငရုတ္သီးမႈန္႔ တစ္ဇြန္း ထည့္ၿပီး ေရာေမႊလိုက္ေပးပါ။ ဒီေနရာမွာ တစ္ဇြန္းဆိုတာ ထမင္းစားဇြန္း တစ္ဇြန္းကို ဆိုလိုပါတယ္။ ၿပီးရင္ေတာ့ ငရုတ္ေကာင္း မႈန္႔ စားပြဲတင္ဇြန္း တစ္ဇြန္းထပ္ထည့္ၿပီး သမေအာင္ ေမႊလိုက္ရင္ ဟင္းအႏွစ္ရပါၿပီ။

တတိယအဆင့္ ကင္ပါေတာ့မယ္။ ေပါင္းထားတဲ့ ၾကက္ေျခေထာက္တြနဲ႔ ဟင္းအႏွစ္ကို သမေအာင္ နယ္ေပးၿပီးရင္ေတာ့ ကင္စက္ေပၚမွာ စကင္လို႔ရပါတယ္။
တစ္ဖက္စီကို ၄မိနစ္ခန္႔ ကင္ၿပီးရင္ေတာ့ စားသံုးလို႔ရပါၿပီ… အရမ္းလည္း မတူးပါေစနဲ႔ေနာ္ နည္းနည္းေလး တူးတာက အဆင္ေျပပါတယ္။

မစားခင္မွာ ႏွမ္းဆီေမႊးေလး ဆမ္းၿပီး ၾကက္သြန္ၿမိတ္လွီးထားတာနဲ႔ ႏွမ္းေစ့ေလးေတြ ျဖဴးေပးဖို႔ မေမ့ပါနဲ႔ေနာ္။ ပိုအရသာရွိေအာင္လို႔ပါ။

ဒါေလးကေတာ့ ကင္ ထား တဲ့ Dakbal ပါ (photo credit to google)

Related Article >>> ရွဴးရွဴးရွဲရွဲနဲ႕ ခ်ဥ္ခ်ဥ္စပ္စပ္ အရသာေတြထုံမႊမ္းေနတဲ့ ၾကက္ေျခေထာက္ခ်ဥ္စပ္လုပ္နည္း

ဒုတိယနည္းကေတာ့ ဟင္းအိုးထဲထည့္ခ်က္တဲ့ နည္းပါ။

ၾကက္ေျခေထာက္ေတြကို ဆားေရထဲ ေျပာင္ေအာင္ေဆးၿပီး ခဏစိမ္ထားပါ။ ၿပီးရင္ မိနစ္ေလးဆယ္ခန္႔ ျပဳတ္ပါမယ္။ မိနစ္ေလးဆယ္ျပည့္တဲ့အခါ ၾကက္ေျခေထာက္ေတြကို ဆယ္ၿပီး ခဏေလာက္ အေအးခံထားပါမယ္။

ပထမနည္းအတိုင္း ဟင္းအႏွစ္လုပ္ထားပါ။ ဟင္းအႏွစ္လုပ္ၿပီးရင္ ဒယ္အိုးထဲကို ဆီအနည္းငယ္(ထမင္းစားဇြန္း ၂ဇြန္းခန္႔) ထည့္ၿပီး မီးအပူကို အသင့္အတင့္ေပးပါမယ္။ ဆီမပူခင္မွာတင္ ဟင္းအႏွစ္နဲ႔ အရိုးလြတ္ၾကက္ေျခေထာက္ေတြကို ထည့္ၿပီး ခ်က္ပါမယ္။

ခ်က္ေနရင္း အႏွစ္ေတြ အိုး မကပ္သြားေအာင္ ေရကို အနည္းငယ္ ထည့္ေပးရပါမယ္ေနာ္။ ငါးမိနစ္ေက်ာ္လို႔ ဟင္းအႏွစ္ေတြ ခမ္းသေလာက္ရွိတဲ့အခါ အိုးေပၚကေန ခ်လို႔ရပါၿပီ။ အိုးေပၚက ခ်ၿပီးရင္ေတာ့ ငရုတ္သီးအစိမ္းႏွစ္ေတာင့္ကို ပါးပါးေလး လွီးၿပီး အေပၚက ေန ျဖဴးေပးတာ ဒါမွမဟုတ္ ႏွမ္းနဲ႔ ၾကက္သြန္ၿမိတ္ ျဖဴးေပးတာမ်ိဳးလုပ္ၿပီး စားႏိုင္ပါတယ္။

ဒါေလးက ခ်က္ ထား တာ ( photo credit to googleပါ)

ဘိုဆန္ခ်င္ရင္ေတာ့ ဒီေနရာမွာ cheese နဲ႔လည္း တြဲဖက္စားႏိုင္ပါတယ္။ Cheese နဲ႔ စားရတာ ႀကိဳက္ရင္ mozarrella cheese သို႔မဟုတ္ ႀကိဳက္ရာ cheese တစ္ဘူးကို သံုးႏိုင္ပါတယ္။ မကပ္တဲ့ ဒယ္အိုးထဲမွာ cheese တစ္ဘူး/ တစ္တံုး/တစ္ထုပ္ကို ထည့္ၿပီး အရည္ေပ်ာ္ေအာင္ အပူေပးပါ။

အရည္ေပ်ာ္သြားတဲ့အခါ cheese အႏွစ္ရပါၿပီ။ အဲ့ cheese အႏွစ္ကို ၾကက္ေျခေထာက္ဟင္းေပၚ ဆမ္းေပးပါ။

မကပ္တဲ့ ဒယ္ အိုး မရွိရင္ေတာ့ cheese အျပား ေလး၊ငါးျပားေလာက္ကို ၾကက္ေျခေထာက္ဟင္းခ်က္ေနတဲ့ အိုးေပၚ တခါတည္း အံုၿပီး ထည့္ခ်က္ႏိုင္ပါတယ္ေနာ္။decorationအေနနဲ႔ cheese အမႈန္ေလးေတြ ထပ္ျဖဴးေပးဖို႔လည္း မေမ့ပါနဲ႔။

ဒါဆိုရင္ေတာ့….အေနာက္တိုင္းနဲ႔ အေရွ႕တိုင္းကို ေရာေႏွာထားတဲ့ ဟင္းေကာင္းတစ္ခြက္ကို ရပါၿပီရွင္…ေၾသာ္ ဒါနဲ႔….ကိုရီးယားစတိုင္ ၾကက္ေျခေထာက္စပ္ ရဲ႕ တြဲဖက္ေတြက ဆိုဂ်ဴနဲ႔ ဆလပ္ရြက္ဆိုတာ မေမ့ပါနဲ႔ေနာ္

By

Mia (For Her Myanmar)

Reference links: Kwon’s corner , K.K’s kitchenSeonkyoung Longest

<<< Unicode >>>

ကိုရီးယားကားတွေ ကြည့်ပြီး သွားရည်ကျနေစရာ မလိုတော့ပါဘူးနော်.. 😛 

ကြက်ခြေထောက်ဟင်းကို ထိုင်းစတိုင်၊ လာအိုစတိုင် စသဖြင့် အမျိုးမျိုး လုပ်စားကြပါတယ်။ ခုတစ်ခေါက်မှာတော့ ကိုရီးယားဆန်ဆန်လေး လုပ်စားကြည့်ရအောင် ယောင်းတို့ရေ…

ကိုရီးယားစတိုင်ကြက်ခြေထောက်ကို Dakbal လို့ ခေါ်ပြီး သူ့ရဲ့ ထူးခြားတဲ့ အစပ်အရသာကြောင့် နာမည်ကြီးပါတယ်။ Dakbal ကို challenge အနေနဲ့သာမက Mukbang အနေနဲ့လည်း စားကြပါတယ်။

Dakbal ကို ပုံစံအမျိုးမျိုးချက်ပြုတ်ကြပါတယ်။ အက်ဒ်မင်ကတော့ ပုံစံနှစ်မျိုးကိုပြောပြပေးပါမယ်နော်။

Related Article >>> ကြက်ခြေထောက်ကို ထိုင်းစတိုင် ပုံစံ သုပ်စားကြမယ်

ပထမ ချက်နည်းကတော့ ကင်တဲ့နည်းပါ။

ပါဝင်ပစ္စည်းတွေကတော့…

အလေးချိန်၁ပေါင်ရှိတဲ့ ကြက်ခြေထောက်ပမာဏ

ဆိုဂျူအရက်တစ်ပုလင်း

ပင်လယ်ဆား

ရေ

နှမ်းဆီမွှေး

ငရုတ်သီးတောင့်နှစ်တောင့်မှ ၆တောင့်

ကိုရီးယားငရုတ်သီးအမှုန့်

soy sauce

နှမ်း

ကိုရီးယားငရုတ်သီးအနှစ် (ဂိုချူဂျန်)

ကြက်သွန်မြိတ်သုံးပင်

ဆလပ်ရွက်တစ်စည်း

ကြက်သွန်ဖြူ အကြီး သုံးတက်

သကြားညို

ခရုဆီတစ်ဇွန်း နဲ့ ချင်း ပါပဲ။

ပထမ အဆင့်အနေနဲ့ ကြက်ခြေထောက်ကို အရိုးမလွတ်တဲ့ ကြက်ခြေထောက် သုံးပါမယ်။ အရင်ဆုံး ကြက်ခြေသည်းတွေကို ညှပ်ပစ်ပြီးရင် ခွက်တစ်ခွက်ထဲမှာ ကြက်ခြေထောက်တွေကို ပင်လယ်ဆားတစ်ဇွန်း (ထမင်းစားဇွန်း) နဲ့ ရေအနည်းငယ် ထည့်ပြီး တစ်မိနစ်ခန့် သေချာဆုပ် နယ်ပေးပါ။

ပြီးရင် ဆယ့်နှစ် မိနစ်ကျော် စိမ်ထားပေးပါ။ အချိန်ပြည့်သွားတဲ့အခါ ရေလောင်းထည့်၊ နောက်တစ်ကြိမ်ပြန်ဆေးပေးပြီး ရေတွေသွန်ပစ်ရပါမယ်။ ပြီးသွားတဲ့အခါ ကြက်ခြေထောက်တွေကို ပေါင်းအိုးထဲ ၁နာရီခန့် ပေါင်းထားပေးပါ။

ဒုတိယအဆင့်အနေနဲ့…. ဟင်းအနှစ် လုပ်ပါမယ်….

ဒီနေရာမှာ ငရုတ်သီးပမာဏ က အရေးကြီးပါတယ်။ အရမ်းစပ်ချင်ရင် ငရုတ်သီးကို ၆တောင့် ထည့်နိုင်ပြီး သိပ်မစပ်ချင်ရင် ၄တောင့်လောင့် ထည့်နိုင်ပါတယ်။ အစပ်မစားနိုင်ရင်တော့ ၂တောင့်လောက်ပဲ ထည့်ပါ။

ကြိတ်စက်အသေးလေးထဲကို ငရုတ်သီးတောင့်၊ ကြက်သွန်ဖြူ အကြီး ၃တက်၊ ချင်းတစ်မလက်ခန့် ထည့်ပြီး ကြိတ်တာ (သို့) ငရုတ်ဆုံထဲကို ညက်အောင်ထည့်ထောင်းတာမျိုး လုပ်ပေးပါ။

ပြီးရင် ဂိုချူဂျန် တစ်ဇွန်း၊ သကြားတစ်ဇွန်း၊ခရုဆီ တစ်ဇွန်း၊ soy sauce တစ်ဇွန်း၊ ငရုတ်သီးမှုန့် တစ်ဇွန်း ထည့်ပြီး ရောမွှေလိုက်ပေးပါ။ ဒီနေရာမှာ တစ်ဇွန်းဆိုတာ ထမင်းစားဇွန်း တစ်ဇွန်းကို ဆိုလိုပါတယ်။ ပြီးရင်တော့ ငရုတ်ကောင်း မှုန့် စားပွဲတင်ဇွန်း တစ်ဇွန်းထပ်ထည့်ပြီး သမအောင် မွှေလိုက်ရင် ဟင်းအနှစ်ရပါပြီ။

တတိယအဆင့် ကင်ပါတော့မယ်။ ပေါင်းထားတဲ့ ကြက်ခြေထောက်တွနဲ့ ဟင်းအနှစ်ကို သမအောင် နယ်ပေးပြီးရင်တော့ ကင်စက်ပေါ်မှာ စကင်လို့ရပါတယ်။
တစ်ဖက်စီကို ၄မိနစ်ခန့် ကင်ပြီးရင်တော့ စားသုံးလို့ရပါပြီ… အရမ်းလည်း မတူးပါစေနဲ့နော် နည်းနည်းလေး တူးတာက အဆင်ပြေပါတယ်။

မစားခင်မှာ နှမ်းဆီမွှေးလေး ဆမ်းပြီး ကြက်သွန်မြိတ်လှီးထားတာနဲ့ နှမ်းစေ့လေးတွေ ဖြူးပေးဖို့ မမေ့ပါနဲ့နော်။ ပိုအရသာရှိအောင်လို့ပါ။

ဒါလေးကတော့ ကင် ထား တဲ့ Dakbal ပါ (photo credit to google)

Related Article >>> ရှူးရှူးရှဲရှဲနဲ့ ချဉ်ချဉ်စပ်စပ် အရသာတွေထုံမွှမ်းနေတဲ့ ကြက်ခြေထောက်ချဉ်စပ်လုပ်နည်း

ဒုတိယနည်းကတော့ ဟင်းအိုးထဲထည့်ချက်တဲ့ နည်းပါ။

ကြက်ခြေထောက်တွေကို ဆားရေထဲ ပြောင်အောင်ဆေးပြီး ခဏစိမ်ထားပါ။ ပြီးရင် မိနစ်လေးဆယ်ခန့် ပြုတ်ပါမယ်။ မိနစ်လေးဆယ်ပြည့်တဲ့အခါ ကြက်ခြေထောက်တွေကို ဆယ်ပြီး ခဏလောက် အအေးခံထားပါမယ်။

ပထမနည်းအတိုင်း ဟင်းအနှစ်လုပ်ထားပါ။ ဟင်းအနှစ်လုပ်ပြီးရင် ဒယ်အိုးထဲကို ဆီအနည်းငယ်(ထမင်းစားဇွန်း ၂ဇွန်းခန့်) ထည့်ပြီး မီးအပူကို အသင့်အတင့်ပေးပါမယ်။ ဆီမပူခင်မှာတင် ဟင်းအနှစ်နဲ့ အရိုးလွတ်ကြက်ခြေထောက်တွေကို ထည့်ပြီး ချက်ပါမယ်။

ချက်နေရင်း အနှစ်တွေ အိုး မကပ်သွားအောင် ရေကို အနည်းငယ် ထည့်ပေးရပါမယ်နော်။ ငါးမိနစ်ကျော်လို့ ဟင်းအနှစ်တွေ ခမ်းသလောက်ရှိတဲ့အခါ အိုးပေါ်ကနေ ချလို့ရပါပြီ။ အိုးပေါ်က ချပြီးရင်တော့ ငရုတ်သီးအစိမ်းနှစ်တောင့်ကို ပါးပါးလေး လှီးပြီး အပေါ်က နေ ဖြူးပေးတာ ဒါမှမဟုတ် နှမ်းနဲ့ ကြက်သွန်မြိတ် ဖြူးပေးတာမျိုးလုပ်ပြီး စားနိုင်ပါတယ်။

ဒါလေးက ချက် ထား တာ ( photo credit to googleပါ)

ဘိုဆန်ချင်ရင်တော့ ဒီနေရာမှာ cheese နဲ့လည်း တွဲဖက်စားနိုင်ပါတယ်။ Cheese နဲ့ စားရတာ ကြိုက်ရင် mozarrella cheese သို့မဟုတ် ကြိုက်ရာ cheese တစ်ဘူးကို သုံးနိုင်ပါတယ်။ မကပ်တဲ့ ဒယ်အိုးထဲမှာ cheese တစ်ဘူး/ တစ်တုံး/တစ်ထုပ်ကို ထည့်ပြီး အရည်ပျော်အောင် အပူပေးပါ။

အရည်ပျော်သွားတဲ့အခါ cheese အနှစ်ရပါပြီ။ အဲ့ cheese အနှစ်ကို ကြက်ခြေထောက်ဟင်းပေါ် ဆမ်းပေးပါ။

မကပ်တဲ့ ဒယ် အိုး မရှိရင်တော့ cheese အပြား လေး၊ငါးပြားလောက်ကို ကြက်ခြေထောက်ဟင်းချက်နေတဲ့ အိုးပေါ် တခါတည်း အုံပြီး ထည့်ချက်နိုင်ပါတယ်နော်။decorationအနေနဲ့ cheese အမှုန်လေးတွေ ထပ်ဖြူးပေးဖို့လည်း မမေ့ပါနဲ့။

ဒါဆိုရင်တော့….အနောက်တိုင်းနဲ့ အရှေ့တိုင်းကို ရောနှောထားတဲ့ ဟင်းကောင်းတစ်ခွက်ကို ရပါပြီရှင်…သြော် ဒါနဲ့….ကိုရီးယားစတိုင် ကြက်ခြေထောက်စပ် ရဲ့ တွဲဖက်တွေက ဆိုဂျူနဲ့ ဆလပ်ရွက်ဆိုတာ မမေ့ပါနဲ့နော်

By

Mia (For Her Myanmar)

Reference links: Kwon’s corner , K.K’s kitchenSeonkyoung Longest

No Comments Yet

Comments are closed