နွေရာသီအတွက် ရင်ကိုအေးမြစေမဲ့ အရသာဆန်းဆန်း ဖျော်ရည် (၃)မျိုး

ဖျော်ရည်တွေကတော့ မဆန်းဘူးရယ်.. ဒါပေမဲ့ ဖျော်နည်းကတော့ မတူဘူးနော်.. ဒီတော့ အရသာချင်းလည်း ကွဲပြီပေါ့.. 

ရာသီဥတုကလည်း မတရားသဖြင့် ပူအိုက်လာပြီဆိုတော့ ရေများများ သောက်ဖို့ လိုပြီဆိုတာက ပြောစရာလိုတော့မယ်တောင် မထင်ဘူးနော် … ရေသောက်ရတာ ပျင်းစရာဆိုတဲ့ ယောင်းယောင်းတွေလည်း ရေအစား အသီးဖျော်ရည်လေးတွေ ဖျော်သောက်ကြပေါ့.. ဒါပေမဲ့ ရေခဲတွေ စွတ်မထည့်နဲ့နော်.. လည်ချောင်းနာမှာစိုးလို့ 😛 ဆိုတော့ နွေရာသီမှာ ယောင်းတို့ကို အမောပြေစေမဲ့ အအေးဖျော်စပ်နည်းလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်… လွယ်လွယ်လေးတွေပါ.. လက်လည်း မဝင်ဘူး။ သောက်လို့လည်းကောင်း. .ရှယ်ပဲ ရှယ်ပဲ…

ဖရဲသီးဖျော်ရည်

ဖရဲသီးဖျော်ရည်

ဖရဲသီး                                ၂ ခွက်

အုန်းရည်                             ၁ ခွက်

သံပုရာသီး                           ၁ လုံး

ဖရဲသီး ၊ အုန်းရည် နဲ့ သံပုရာသီး တွေကို အပေါ်ကအချိုးအစားအတိုင်း ဖျော်ရည်ဖျော်စက်ထဲမှာ ထည့်ပြီး ရောမွှေပေးပါ… အဲ့ဒါဆိုရင်တော့ ယောင်းတို့ ပုံမှန်သောက်နေကျ ဖရဲသီးဖျော်ရည်လေး နဲ့ မတူတဲ့ ပုံစံကွဲတဲ့ ဖရဲသီး ဖျော်ရည်လေးကို ရပါပြီနော်… ရေခဲလေးတွေပါ ရောထည့်ပြီးတော့ သောက်ပေးရင်တော့ လုံးဝပြီးပြည့်စုံ သွားပြီပေါ့…

Related Article >>> မနက်တိုင်းသောက်သင့်တဲ့ ၀ိတ်ကျဖျော်ရည် (၄)မျိုး

သရက်သီးဖျော်ရည်

Mango Juice

သရက်သီး                           ၂ ခွက်

စတော်ဘယ်ရီ                      ခွက်တစ်ဝက်

လိမ္မော်ရည်                           ခွက်တစ်ဝက်

သံပုရာသီး                             ၁ လုံး

Sparkling Water                 ၁ ခွက် နဲ့ တစ်ဝက်

လှီးဖြတ်ပြီးသားသရက်သီးတွေ၊ စတော်ဘယ်ရီ နဲ့ လိမ္မော်ရည် ကို ဖျော်ရည်ဖျော်စက်ထဲကို ရောထည့်ထားပေးပါ… သံပုရာရည် နဲ့ sparkling water ကိုလည်းစက်ထဲ တစ်ခါတည်းထည့်ပြီး အားလုံးကို သမအောင်ရောမွှေပေးပါ… အဲ့ဒါဆိုရင်တော့ အရသာရှိတဲ့ သရက်သီးဖျော်ရည်လေး ရပြီပေါ့…

Related Article >>> သစ်သီးဖျော်ရည် သောက်ခြင်းအားဖြင့် ရရှိနိုင်မယ့် ကျန်းမာရေး လက်ဆောင်

 

Sweet Lime Soda

sweet lime soda

သံပုရာသီး                           ၃ လုံး

ချင်း                                      အနည်းငယ်

Mint                                  ၂ ရွက်

သကြား                               စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ တစ်ဝက်

ဆား                                    အနည်းငယ်

ရေခဲ                                    ၃ တုံး

ရေ                                       ခွက်တစ်ဝက်

Soda                                   အနည်းငယ်

သံပုရာရည် ၊ ဂျင်း ၊ mint ၊ သကြား ၊ ဆား ၊ ရေခဲ ၊ ရေ တို့ ကို အပေါ်မှာပြထားတဲ့အချိုးအစားအတိုင်း ဖျော်စက်ထဲ မှာထည့်မွှေပေးပါ… ရလာတဲ့ သံပုရာဖျော်ရည်ကို ဇကာကို အသုံးပြုပြီးတော့ စစ်ပေးပါ… ဖန်ခွက်သုံးပုံနှစ်ပုံ ကို သံပုရာဖျော်ရည် ထည့်ပေးပါ… အပေါ်မှာ Soda ထည့်ပေးပြီးတော့ သမအောင် ရောမွှေပေးပါ… ရေခဲကြိုက်ရင်တော့ ရေခဲထပ်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

 

နွေနေပူပူထဲမှာ ယောင်ရင်ထဲကိုအေးသွားစေမယ့် ဖျော်ရည်လေးတွေကို ဘယ်လိုဖျော်ရမလဲ သိသွားပြီပေါ့နော်… အိမ်ကမိဘတွေကို ဖျော်တိုက်ရင်တော့ ကိုယ်လည်း အမှတ်တွေ ဘာတွေရပြီး အချိန်လည်း အရမ်းပေးစရာမလိုဘူးဆိုတော့ မိုက်ပြီပေါ့…..

နွေရာသီမှာ အေးမြပြုံးပျော်နိုင်ကြပါစေ ယောင်းတို့ရေ…

Akari (For Her Myanmar)

Reference : Tasty , Damn Delicious

No Comments Yet

Comments are closed