Food

ဆိမ့္ဆိမ့္ခ်ိဳခ်ိဳအရသာေလးေၾကာင့္ စားၿပီးရင္းစားခ်င္ေနမယ့္ အုန္းစိမ္းဂ်ယ္လီေက်ာက္ေက်ာလုပ္နည္း

ရံုးပိတ္တုန္းေလး လုပ္စားၾကည့္ၾကပါ 🥰 🥰

တုံတုံအိအိေလးနဲ႔ ခ်ိဳခ်ိဳဆိမ့္ဆိမ့္အရသာေလးမို႔ 🤤 ဂ်ယ္လီေက်ာက္ေက်ာဆိုရင္ ကေလးေရာ လူႀကီးပါ မျငင္းစတမ္းအႀကိဳက္ေတြ႕ၾကေတာ့ 🤩 အိမ္ရွင္မေယာင္းတို႔အေနနဲ႔ ဂ်ယ္လီေက်ာက္ေက်ာလုပ္နည္းေတာ့ 🤗 ေလ့လာထားဖို႔လိုပါတယ္။ အျပင္မွာအလြယ္တကူ ဝယ္ယူလို႔ရေပမဲ့ ဆိုးေဆးေတြနဲ႔ ေဆးသၾကားရန္ေတြ 🤧 ေၾကာက္ေနရေတာ့ ကိုယ္တိုင္အိမ္မွာ အလြယ္တကူလုပ္စားတာက က်န္းမာေရးအတြက္ 👍 စိတ္ခ်ရဆုံးပါပဲ။ ဒီေတာ့မင္မင္ကေန ဂ်ယ္လီေက်ာက္ေက်ာမလုပ္တတ္ေသးတဲ့ ေယာင္းတို႔အတြက္ 😎 အလြယ္ဆုံးနည္းလမ္းေလးကို ေဝမွ်ေပးခ်င္ပါတယ္။ ဂ်ယ္လီေက်ာက္ေက်ာကို အရသာအမ်ိဳးမ်ိဳး 🤔 ပုံစံအမ်ိဳးမ်ိဳးဖန္တီးလို႔ရေပမဲ့ မင္မင္ေဝမွ်ေပးမွာကေတာ့ 🤩 အုန္းစိမ္းဂ်ယ္လီေက်ာက္ေက်ာ လုပ္နည္းေလးပါေနာ္။

Related article>>>ေဆးဘဲဥကို ညီွနံ႔မထြက္ဘဲ အရသာရွယ္ထြက္ေအာင္ ကိုယ္တိုင္သုပ္နိုင္မယ့္ နည္းလမ္း

အုန္းစိမ္းဂ်ယ္လီေက်ာက္ေက်ာ ျပဳလုပ္ဖို႔အတြက္ လိုအပ္တဲ့ပါဝင္ပစၥည္းေတြကေတာ့ –

  • ဂ်ယ္လီေက်ာက္ေက်ာ အေသးတစ္ထုပ္
  • သၾကား(၂၅)က်ပ္သား
  • အသားအျပည့္ပါတဲ့ အုန္းသီးစိမ္း(၁)လုံး
  • ဆား လက္ဖက္ရည္ဇြန္း(၁)ဇြန္း

ျပဳလုပ္ပုံကေတာ့-

၁-သၾကားကို ေရျမဳပ္ေအာင္ထည့္ၿပီး သၾကားအရည္ေပ်ာ္တဲ့အထိ က်ိဳေပးပါ။

၂-အုန္းသီးျခမ္းတဲ့အခါ အုန္းရည္ခံထားၿပီး အုန္းသီးဖတ္ အေနေတာ္ေလးေတြရေအာင္ ျခစ္ထားပါ။ အုန္းသီးျခစ္တဲ့အခါ ေျပာင္ေအာင္မျခစ္ဘဲ အုန္းမုန္႔ခြက္ ေရမစိမ့္ႏိုင္ေအာင္ အုန္းသားတစ္လႊာ ခ်န္ထားေပးပါ။

၃-သၾကားကိုေရစစ္နဲ႔စစ္ၿပီး အုန္းရည္ထဲကိုေရာထည့္ပါ။ ၿပီးရင္ေတာ့ ႏို႔ဆီခြက္နဲ႔ခ်ိန္ၾကည့္ပါ။ ႏို႔ဆီခြက္ (၆)ခြက္မျပည့္ရင္ လိုေနတဲ့ပမာဏကို ေရအစားထိုးထည့္ပါ။

၄-ႏို႔ဆီခြက္(၆)ခြက္စာ အုန္းရည္ ၊ သၾကားရည္နဲ႔ ေရေရာထားတဲ့ အိုးထဲကို ေက်ာက္ေက်ာမႈန္႔ထည့္ေမႊေပးၿပီး မီးဖိုေပၚတင္က်ိဳေပးပါ။

Related article>>>နာမည္ၾကားရုံနဲ႕ သြားရည္က်လာေစမယ့္ ယိုးဒယားသေဘၤာသီးေထာင္းလုပ္နည္း

၅- ဆက္တိုက္ ျဖည္းျဖည္းခ်င္းေမႊေပးေနရင္းကေန အေတာ္ေလးဆူလာၿပီဆိုရင္ေတာ့ အုန္သီးဖတ္ေတြကို ေရာထည့္ၿပီး ဆက္ေမႊေပးေနပါ။

၆-ႀကိဳေနရင္း အိုးႏွႈတ္ခမ္းနားမွာ ကပ္လာၿပီဆိုရင္ေတာ့  ဇြန္းထဲကိုအနည္းငယ္ထည့္ ၊ အေအးခံၿပီး ခဲသြားတဲ့အခါမွာ အေပ်ာ့အမာကို စမ္းၾကည့္ပါ။ အေပ်ာ့အမာအေနအထား စိတ္တိုင္းက်ၿပီဆိုရင္ေတာ့ အေအးခံမယ့္ဗန္းထဲကို ေလာင္းထည့္လိုက္ပါ။

ေအးၿပီးခဲသြားၿပီဆိုရင္ေတာ့ လွလွေလးေတြလွီးၿပီး အားပါးတရသုံးေဆာင္လို႔ရပါၿပီေနာ္။ ပါဝင္ပစၥည္းနည္းနည္းနဲ႔ လြယ္လြယ္ကူကူ ျပဳလုပ္လို႔ရႏိုင္လို႔ ေယာင္းတို႔သေဘာက်လိမ့္မယ္ ထင္ပါတယ္။ ေနာက္ထပ္လည္း အလြယ္တကူျပဳလုပ္ႏိုင္မယ့္ ဟင္းခ်က္နည္းေလးေတြ ၊ သြားရည္စာမုန္႔လုပ္နည္းေတြကုိ ေဝမွ်ေပးသြားမွာမို႔ ဆက္လက္ေစာင့္ၾကည့္ၾကပါဦးေနာ္။

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

>> Unicode >>>

ရုံးပိတ်တုန်းလေး လုပ်စားကြည့်ကြပါ🥰 🥰

တုံတုံအိအိလေးနဲ့ ချိုချိုဆိမ့်ဆိမ့်အရသာလေးမို့ ဂျယ်လီကျောက်ကျောဆိုရင် ကလေးရော လူကြီးပါ မငြင်းစတမ်းအကြိုက်တွေ့ကြတော့ အိမ်ရှင်မယောင်းတို့အနေနဲ့ ဂျယ်လီကျောက်ကျောလုပ်နည်းတော့ လေ့လာထားဖို့လိုပါတယ်။ အပြင်မှာအလွယ်တကူ ဝယ်ယူလို့ရပေမဲ့ ဆိုးဆေးတွေနဲ့ ဆေးသကြားရန်တွေ ကြောက်နေရတော့ ကိုယ်တိုင်အိမ်မှာ အလွယ်တကူလုပ်စားတာက ကျန်းမာရေးအတွက် စိတ်ချရဆုံးပါပဲ။ ဒီတော့မင်မင်ကနေ ဂျယ်လီကျောက်ကျောမလုပ်တတ်သေးတဲ့ ယောင်းတို့အတွက် အလွယ်ဆုံးနည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ ဂျယ်လီကျောက်ကျောကို အရသာအမျိုးမျိုး ပုံစံအမျိုးမျိုးဖန်တီးလို့ရပေမဲ့ မင်မင်ဝေမျှပေးမှာကတော့ အုန်းစိမ်းဂျယ်လီကျောက်ကျော လုပ်နည်းလေးပါနော်။

Related article>>>ဆေးဘဲဥကို ညှီနံ့မထွက်ဘဲ အရသာရှယ်ထွက်အောင် ကိုယ်တိုင်သုပ်နိုင်မယ့် နည်းလမ်း

အုန်းစိမ်းဂျယ်လီကျောက်ကျော ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့
-ဂျယ်လီကျောက်ကျော အသေးတစ်ထုပ်
သကြား(၂၅)ကျပ်သား
အသားအပြည့်ပါတဲ့ အုန်းသီးစိမ်း(၁)လုံး
ဆား လက်ဖက်ရည်ဇွန်း(၁)ဇွန်း

ပြုလုပ်ပုံကတော့

-၁-သကြားကို ရေမြုပ်အောင်ထည့်ပြီး သကြားအရည်ပျော်တဲ့အထိ ကျိုပေးပါ။
၂-အုန်းသီးခြမ်းတဲ့အခါ အုန်းရည်ခံထားပြီး အုန်းသီးဖတ် အနေတော်လေးတွေရအောင် ခြစ်ထားပါ။ အုန်းသီးခြစ်တဲ့အခါ ပြောင်အောင်မခြစ်ဘဲ အုန်းမုန့်ခွက် ရေမစိမ့်နိုင်အောင် အုန်းသားတစ်လွှာ ချန်ထားပေးပါ။
၃-သကြားကိုရေစစ်နဲ့စစ်ပြီး အုန်းရည်ထဲကိုရောထည့်ပါ။ ပြီးရင်တော့ နို့ဆီခွက်နဲ့ချိန်ကြည့်ပါ။ နို့ဆီခွက် (၆)ခွက်မပြည့်ရင် လိုနေတဲ့ပမာဏကို ရေအစားထိုးထည့်ပါ။
၄-နို့ဆီခွက်(၆)ခွက်စာ အုန်းရည် ၊ သကြားရည်နဲ့ ရေရောထားတဲ့ အိုးထဲကို ကျောက်ကျောမှုန့်ထည့်မွှေပေးပြီး မီးဖိုပေါ်တင်ကျိုပေးပါ။

Related article >>> နာမည်ကြားရုံနဲ့ သွားရည်ကျလာစေမယ့် ယိုးဒယားသင်္ဘောသီးထောင်းလုပ်နည်း

၅- ဆက်တိုက် ဖြည်းဖြည်းချင်းမွှေပေးနေရင်းကနေ အတော်လေးဆူလာပြီဆိုရင်တော့ အုန်သီးဖတ်တွေကို ရောထည့်ပြီး ဆက်မွှေပေးနေပါ။
၆-ကြိုနေရင်း အိုးနှှုတ်ခမ်းနားမှာ ကပ်လာပြီဆိုရင်တော့  ဇွန်းထဲကိုအနည်းငယ်ထည့် ၊ အအေးခံပြီး ခဲသွားတဲ့အခါမှာ အပျော့အမာကို စမ်းကြည့်ပါ။ အပျော့အမာအနေအထား စိတ်တိုင်းကျပြီဆိုရင်တော့ အအေးခံမယ့်ဗန်းထဲကို လောင်းထည့်လိုက်ပါ။ အေးပြီးခဲသွားပြီဆိုရင်တော့ လှလှလေးတွေလှီးပြီး အားပါးတရသုံးဆောင်လို့ရပါပြီနော်။

ပါဝင်ပစ္စည်းနည်းနည်းနဲ့ လွယ်လွယ်ကူကူ ပြုလုပ်လို့ရနိုင်လို့ ယောင်းတို့သဘောကျလိမ့်မယ် ထင်ပါတယ်။ နောက်ထပ်လည်း အလွယ်တကူပြုလုပ်နိုင်မယ့် ဟင်းချက်နည်းလေးတွေ ၊ သွားရည်စာမုန့်လုပ်နည်းတွေကို ဝေမျှပေးသွားမှာမို့ ဆက်လက်စောင့်ကြည့်ကြပါဦးနော်။
ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

 

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *