Food Recipes

အုန္းႏို႕ေခါက္ဆြဲစားလို႕ ေသြးတိုးမွာေၾကာက္တဲ့ေယာင္းတို႔အတြက္ ႏို႕စိမ္းအစားထိုးခ်က္နည္း

ေသြးတိုးမွာေၾကာက္လို႔ အုန္းႏို႔ေခါက္ဆြဲေရွာင္ခဲ့သမွ် အတိုးခ်စားလို႔ရၿပီေလ 😋  🤤

ေယာင္းတို႕ေရ.. ျမန္မာရိုးရာမုန္႔ ေတာ္ေတာ္မ်ားမ်ားက အုန္းႏို႔ကို အသုံးမ်ားေတာ့ ေသြးတိုးရွိတဲ့သူေတြမွာ ျမင္သာျမင္ရ မၾကင္ရတဲ့ ဘဝမ်ိဳးေတြ.. 🙁 မင္မင္ဆို အုန္းႏို႕ေခါက္ဆြဲအရမ္းႀကိဳက္ရဲ႕နဲ႔  ေသြးတိုးမွာေၾကာက္လို႔ မစားရအေညွာ္ခံျဖစ္ခဲ့ရေပါင္းလည္း မနည္းဘူးရယ္။ စားကလည္းစားခ်င္ေသး၊  ေသြးတိုးမွာလည္း ေၾကာက္ေနရေတာ့ အုန္းႏို႔အစားထိုး ႏို႔စိမ္းေလးနဲ႔ စမ္းၿပီးခ်က္စားၾကည့္တာ အားပါးပါး ေကာင္းမွေကာင္းပဲ။ အုန္းႏို႔နဲ႔စားတုန္းကလို ေခါင္းမူးရီေဝတာေတြ လုံးဝမျဖစ္ဘဲ စိတ္ႀကိဳက္အဝဆြဲႏိုင္ေတာ့  ႏိ္ု႔စိမ္းေခါက္ဆြဲကို ေတာ္ေတာ္ေလး ဓာတ္က်မိ… ေယာင္းတို႔ကို ခ်က္ေကၽြးဖို႔အေျခအေနမေပးေသးေပမဲ့ ခ်က္နည္းေလးေတာ့ ေဝမွ်ေပးလိုက္ပါတယ္ေနာ္.. အက္ဒ္မင္ လိုင္းေပၚကေန ခ်က္ေကၽြးတယ္လို႔ သေဘာထားၿပီး ဖတ္ၾကည့္ၾကပါလို႔….

Related Article >>> ဆိမ့္ဆိမ့္ခ်ိဳခ်ိဳအရသာေလးေၾကာင့္ စားၿပီးရင္းစားခ်င္ေနမယ့္ အုန္းစိမ္းဂ်ယ္လီေက်ာက္ေက်ာလုပ္နည္း

ႏို႔စိမ္းေခါက္ဆြဲခ်က္ဖို႔အတြက္ လိုအပ္တဲ့ ပါဝင္ပစၥည္းေတြကေတာ့ –

  • ေခါက္ဆြဲ (၅၀)က်ပ္သား
  • ပဲအစိမ္းမႈန္႔ (၂၀)က်ပ္သား
  • ၾကက္သား (၂၀)က်ပ္သား
  • ႏို႔စိမ္း(၁)ဘူး
  • ၾကက္သြန္နီ (၅)လုံး
  • ၾကက္သြန္ျဖဴ (၅)မႊာ
  • ငရုတ္သီးအစိမ္းမႈန္႔ ထမင္းစားဇြန္း(၂)ဇြန္း
  • ၾကက္သားမႈန္႔ ထမင္းစားဇြန္း(၂)ဇြန္း
  • ငံျပာရည္ ထမင္းစားဇြန္း(၂)ဇြန္း

Related Article >>> ေဆးဘဲဥကို ညီွနံ႔မထြက္ဘဲ အရသာရွယ္ထြက္ေအာင္ ကိုယ္တိုင္သုပ္နိုင္မယ့္ နည္းလမ္း

ျပဳလုပ္ပုံကေတာ့-

၁-ၾကက္သားကို ခပ္ေသးေသးအတုံးေလးေတြတုံးၿပီး ၾကက္သားမႈန္႔ ၊ နႏြင္းလက္ဖက္စားဇြန္းတစ္ဇြန္း  ေရာထည့္ ၊ သမေအာင္နယ္ၿပီးႏွပ္ထားပါ။

၂-ၾကက္သြန္ျဖဴနဲ႔ ၾကက္သြန္နီကိုေထာင္းၿပီး ၊ ငရုတ္သီးအစိမ္းမႈန္႔နဲ႕ေရာ ၊ ဆီ ဟင္းခပ္ဇြန္း(၂)ဇြန္းစာ ထည့္ထားတဲ့ ဒယ္အိုးထဲမွာ ဆီေမႊးသတ္ေပးပါ။

၃-ငရုတ္သီးအေရာင္ နီညိဳေရာင္သမ္းလာၿပီဆိုရင္ေတာ့ ႏွပ္ထားတဲ့ၾကက္သားေတြကို ေရာထည့္ၿပီး ၊ ငံျပာရည္ထည့္ ၊ ေရျမွဳပ္ေအာင္ထည့္ၿပီး တစ္ေရခမ္းသြားတဲ့အထိ ခ်က္ေပးပါ။

၄-ၾကက္သားအိုးခ်က္ေနခ်ိန္မွာ ပဲအစိမ္းမႈန္႔ကို ေရႏို႔ဆီဘူး(၃)ဘူးစာေလာက္နဲ႔ ေဖ်ာ္ၿပီး အိုးတစ္အိုးထဲ ထည့္ကာ ပဲအနံ႔သင္းလာတဲ့အထိက်ိဳေပးပါ။ (အိုးမကပ္ေအာင္ အဆက္မျပတ္ျဖည္းျဖည္းခ်င္းေမႊေပးရပါမယ္)

၅-ၾကက္သားတစ္ေရခမ္းခ်ိန္မွာ ႏို႔စိမ္းတစ္ဘူးလုံးထည့္ခ်က္ၿပီး ႏို႔စိမ္းရဲ႕အစိမ္းအနံ႔ေပ်ာက္တဲ့အထိ ခ်က္ေပးပါ။

၆-ႏို႔စိမ္းနဲ႔ၾကက္သားေပါင္းစပ္ၿပီး အနံ႔ေမႊးေမႊးေလးျဖစ္လာၿပီဆိုရင္ေတာ့ ပဲစိမ္းမႈန္႔က်ိဳထားတဲ့အိုးထဲ ထည့္ခ်က္ေပးပါ။

၇-ပြက္ပြက္ဆူလာတဲ့အခါမွာေတာ့ အရသာျမည္းၾကည့္ၿပီး အေပါ့အငံစိတ္ႀကိဳက္ျပဳင္ႏိုင္ပါတယ္။

Related Article >>> ထမင္းပိုၿမိန္ေအာင္ ဆြဲေဆာင္နိုင္တဲ့ ဆိတ္သားလက္ဖက္ေထာင္းလုပ္နည္း

ဒါဆိုရင္ေတာ့ ေခါက္ဆြဲ ၊ အေၾကာ္ ၊ ပဲေသြး ၊ ငါးဖယ္တို႔နဲ႔ တြဲဖက္စားႏိုင္မယ့္ အုန္းႏို႔အစားထိုး ႏို႕စိမ္းဟင္းရည္ ရရွိပါၿပီ။ လုပ္ရတာလြယ္ကူသလို ေသြးတိုးမွာလည္းမေၾကာက္ရတဲ့ ႏို႔စိမ္းေခါက္ဆြဲမို႔ ေယာင္းတို႔သေဘာက်လိမ့္မယ္ထင္ပါတယ္။ ဆိမ့္ဆိမ့္ေလးနဲ႔ ေမႊးေမႊးေလးမို႔ ခံတြင္းေတြ႔မွာအေသအခ်ာပါပဲ။

ေနာက္ထပ္ ဘယ္လိုခ်က္နည္းေလးေတြ မွ်ေဝေပးမလဲဆိုတာကိုေတာ့ ဆက္လက္ေစာင့္ေမွ်ာ္ေပးၾကပါဦးေနာ္။

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

သွေးတိုးမှာကြောက်လို့ အုန်းနို့ခေါက်ဆွဲရှောင်ခဲ့သမျှ အတိုးချစားလို့ရပြီလေ 😋  🤤

ယောင်းတို့ရေ.. မြန်မာရိုးရာမုန့် တော်တော်များများက အုန်းနို့ကို အသုံးများတော့ သွေးတိုးရှိတဲ့သူတွေမှာ မြင်သာမြင်ရ မကြင်ရတဲ့ ဘဝမျိုးတွေ.. 🙁 မင်မင်ဆို အုန်းနို့ခေါက်ဆွဲအရမ်းကြိုက်ရဲ့နဲ့  သွေးတိုးမှာကြောက်လို့ မစားရအညှော်ခံဖြစ်ခဲ့ရပေါင်းလည်း မနည်းဘူးရယ်။ စားကလည်းစားချင်သေး၊  သွေးတိုးမှာလည်း ကြောက်နေရတော့ အုန်းနို့အစားထိုး နို့စိမ်းလေးနဲ့ စမ်းပြီးချက်စားကြည့်တာ အားပါးပါး ကောင်းမှကောင်းပဲ။ အုန်းနို့နဲ့စားတုန်းကလို ခေါင်းမူးရီဝေတာတွေ လုံးဝမဖြစ်ဘဲ စိတ်ကြိုက်အဝဆွဲနိုင်တော့  နို့စိမ်းခေါက်ဆွဲကို တော်တော်လေး ဓာတ်ကျမိ… ယောင်းတို့ကို ချက်ကျွေးဖို့အခြေအနေမပေးသေးပေမဲ့ ချက်နည်းလေးတော့ ဝေမျှပေးလိုက်ပါတယ်နော်.. အက်ဒ်မင် လိုင်းပေါ်ကနေ ချက်ကျွေးတယ်လို့ သဘောထားပြီး ဖတ်ကြည့်ကြပါလို့….

Related Article >>> ဆိမ့်ဆိမ့်ချိုချိုအရသာလေးကြောင့် စားပြီးရင်းစားချင်နေမယ့် အုန်းစိမ်းဂျယ်လီကျောက်ကျောလုပ်နည်း

နို့စိမ်းခေါက်ဆွဲချက်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ –

  • ခေါက်ဆွဲ (၅၀)ကျပ်သား
  • ပဲအစိမ်းမှုန့် (၂၀)ကျပ်သား
  • ကြက်သား (၂၀)ကျပ်သား
  • နို့စိမ်း(၁)ဘူး
  • ကြက်သွန်နီ (၅)လုံး
  • ကြက်သွန်ဖြူ (၅)မွှာ
  • ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း(၂)ဇွန်း
  • ကြက်သားမှုန့် ထမင်းစားဇွန်း(၂)ဇွန်း
  • ငံပြာရည် ထမင်းစားဇွန်း(၂)ဇွန်း

Related Article >>> ဆေးဘဲဥကို ညှီနံ့မထွက်ဘဲ အရသာရှယ်ထွက်အောင် ကိုယ်တိုင်သုပ်နိုင်မယ့် နည်းလမ်း

ပြုလုပ်ပုံကတော့-

၁-ကြက်သားကို ခပ်သေးသေးအတုံးလေးတွေတုံးပြီး ကြက်သားမှုန့် ၊ နနွင်းလက်ဖက်စားဇွန်းတစ်ဇွန်း  ရောထည့် ၊ သမအောင်နယ်ပြီးနှပ်ထားပါ။

၂-ကြက်သွန်ဖြူနဲ့ ကြက်သွန်နီကိုထောင်းပြီး ၊ ငရုတ်သီးအစိမ်းမှုန့်နဲ့ရော ၊ ဆီ ဟင်းခပ်ဇွန်း(၂)ဇွန်းစာ ထည့်ထားတဲ့ ဒယ်အိုးထဲမှာ ဆီမွှေးသတ်ပေးပါ။

၃-ငရုတ်သီးအရောင် နီညိုရောင်သမ်းလာပြီဆိုရင်တော့ နှပ်ထားတဲ့ကြက်သားတွေကို ရောထည့်ပြီး ၊ ငံပြာရည်ထည့် ၊ ရေမြှုပ်အောင်ထည့်ပြီး တစ်ရေခမ်းသွားတဲ့အထိ ချက်ပေးပါ။

၄-ကြက်သားအိုးချက်နေချိန်မှာ ပဲအစိမ်းမှုန့်ကို ရေနို့ဆီဘူး(၃)ဘူးစာလောက်နဲ့ ဖျော်ပြီး အိုးတစ်အိုးထဲ ထည့်ကာ ပဲအနံ့သင်းလာတဲ့အထိကျိုပေးပါ။ (အိုးမကပ်အောင် အဆက်မပြတ်ဖြည်းဖြည်းချင်းမွှေပေးရပါမယ်)

၅-ကြက်သားတစ်ရေခမ်းချိန်မှာ နို့စိမ်းတစ်ဘူးလုံးထည့်ချက်ပြီး နို့စိမ်းရဲ့အစိမ်းအနံ့ပျောက်တဲ့အထိ ချက်ပေးပါ။

၆-နို့စိမ်းနဲ့ကြက်သားပေါင်းစပ်ပြီး အနံ့မွှေးမွှေးလေးဖြစ်လာပြီဆိုရင်တော့ ပဲစိမ်းမှုန့်ကျိုထားတဲ့အိုးထဲ ထည့်ချက်ပေးပါ။

၇-ပွက်ပွက်ဆူလာတဲ့အခါမှာတော့ အရသာမြည်းကြည့်ပြီး အပေါ့အငံစိတ်ကြိုက်ပြုင်နိုင်ပါတယ်။

Related Article >>> ထမင်းပိုမြိန်အောင် ဆွဲဆောင်နိုင်တဲ့ ဆိတ်သားလက်ဖက်ထောင်းလုပ်နည်း

ဒါဆိုရင်တော့ ခေါက်ဆွဲ ၊ အကြော် ၊ ပဲသွေး ၊ ငါးဖယ်တို့နဲ့ တွဲဖက်စားနိုင်မယ့် အုန်းနို့အစားထိုး နို့စိမ်းဟင်းရည် ရရှိပါပြီ။ လုပ်ရတာလွယ်ကူသလို သွေးတိုးမှာလည်းမကြောက်ရတဲ့ နို့စိမ်းခေါက်ဆွဲမို့ ယောင်းတို့သဘောကျလိမ့်မယ်ထင်ပါတယ်။ ဆိမ့်ဆိမ့်လေးနဲ့ မွှေးမွှေးလေးမို့ ခံတွင်းတွေ့မှာအသေအချာပါပဲ။

နောက်ထပ် ဘယ်လိုချက်နည်းလေးတွေ မျှဝေပေးမလဲဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်။

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *