Food Recipes

ဝက္သားလုံးအိအိေလးနဲ႔ တမူထူးျခားတဲ့အရသာေပးစြမ္းႏိုင္မယ့္ ဝက္သားလုံးရွမ္းေခါက္ဆြဲ

အသားအႏွစ္ေလာက္နဲ႔ပဲ ရွမ္းေခါက္ဆြဲစားေနတုန္းလား 🙄 

ရွမ္းေခါက္ဆြဲကို အသားနဲ႔စားရတာ အားမရႏိုင္ေသးရင္ တစ္ေန႔ထက္တစ္ေန႔ မရိုးႏိုင္တဲ့အစားအစာေတြ ခ်က္ျပဳတ္စားေသာက္ခ်င္တဲ့ အာသီသ ျပင္းျပေနၿပီလား ေယာင္းတို႔ေရ.. ဒါဆိုရင္ေတာ့ မင္မင္အခုေဝမွ်ေပးမယ့္ အသားလုံးရွမ္းေခါက္ဆြဲ လုပ္နည္းေလးအတိုင္း လိုက္ခ်က္ၾကည့္ရင္းနဲ႔ အရသာသစ္တစ္မ်ိဳးကို ျမည္းစမ္းခံစားၾကည့္ၾကရေအာင္ေနာ္…

အသားလုံးရွမ္းေခါက္ဆြဲျပဳလုပ္ဖို႔အတြက္ လိုအပ္တဲ့ပါဝင္ပစၥည္းေတြကေတာ့

  • ရွမ္းေျခာက္ဆြဲအေျခာက္ (၂၅က်ပ္သားတစ္ထုပ္)
  • ဝက္ေပါင္သား (၂၅က်ပ္သားတစ္ထုပ္)
  • ခရမ္းခ်ဥ္သီးအမွည့္ (၄)လုံး
  • ၾကာညိွဳ႕ ထမင္းစားဇြန္း (၃)ဇြန္း
  • ၾကက္သြန္ျဖဴ (၅)မႊာ
  • ခ်င္း (လက္ႏွစ္ဆစ္ခန္႔)
  • ပဲပိစပ္ ထမင္းစားဇြန္း (၂)ဇြန္း
  • ငံျပာရည္ ထမင္းစားဇြန္း (၂)ဇြန္း

ဝက္သားလုံးရွမ္းေခါက္ဆြဲ ျပဳလုပ္မယ္ဆိုရင္ေတာ့ …

(၁)  ရွမ္းေခါက္ဆြဲေျခာက္ကို ေရစိမ္ထားၿပီး ဝက္သားကို ႏုတ္ႏုတ္စင္းထားပါ။ ေျမပဲဆံေလးေတြကို မညက္တညက္ ေထာင္းထားပါ။

Related Article >>> ခြြန္အားျပည့္ေစမယ့္ ခ်င္းရိုးရာ ဆာဗူးသီးကို အိမ္မွာအလြယ္တကူ လုပ္စားႏိုင္မယ့္နည္းလမ္း

(၂)  ခ်င္းနဲ႔ ၾကက္သြန္ျဖဴ ၂ႁမႊာကိုေရာေထာင္းၿပီး ၾကက္သားမႈန္႔ ထမင္းစားဇြန္းတစ္ဝက္ခန္႔ ထပ္ထည့္ကာ ႏုတ္ႏုတ္စင္းထားတဲ့ ဝက္သားသုံးပုံ ႏွစ္ပုံခန္႔နဲ႔ေရာနယ္ေပးပါ။

(၃)  ၾကက္ဥတစ္လုံးကို ဝက္သားေရာနယ္ထားတဲ့အထဲ ေရာေမႊၿပီး အေနေတာ္အလုံးေလးေတြလုံးၿပီး ပြက္ပြက္ဆူေနတဲ့ ေရေႏြးထဲထည့္ျပဳတ္ပါ။ (၁၀)မိနစ္ေလာက္ျပဳတ္ၿပီးရင္ေတာ့ အသားလုံးေလးေတြကို ဆယ္ယူထားလို႔ရပါၿပီ။

(၄)  ဒယ္အိုးတစ္လုံးထဲမွာ ၾကက္သြန္ျဖဴနီ ၊ ငရုတ္သီးအစိမ္းမႈန္႔ေရာထည့္ၿပီး ဆီေမႊးသတ္ေပးပါ။ ၿပီးရင္ေတာ့ ခရမ္းခ်ဥ္သီး(၈)စိတ္ စိတ္ၿပီးထည့္ပါ။

(၅)  ခရမ္းခ်ဥ္သီးအရည္မေပ်ာ္တေပ်ာ္ အခ်ိန္ေလာက္မွာ ဝက္သားသုံးပုံတစ္ပုံကိုထည့္ၿပီး (၁၀)မိနစ္ေလာက္ခ်က္ေပးပါ။

(၆)  (၁၀)မိနစ္ျပည့္တဲ့အခါ ပဲပိစပ္နဲ႔ ငံျပာရည္ေရာထည့္ၿပီး ဝက္သားေကာင္းေကာင္းႏူးတဲ့အထိ ခ်က္ၿပီးရင္ေတာ့ ရွမ္းေခါက္ဆြဲအတြက္ အႏွစ္ရပါၿပီ။

(၇)  ေရစိမ္ထားတဲ့ ရွမ္းေခါက္ဆြဲဖတ္ကို တစ္ပြဲစာေရေႏြးထဲထည့္ျပဳတ္ၿပီး အေပ်ာ့အမာ စိတ္တိုင္းက်ၿပီဆိုရင္ေတာ့ ဇလုံတစ္ခုထဲကိုထည့္ပါ။

Related Article >>> မိုးေအးေအးထဲမွာ အာပူလွ်ာပူသုပ္ခ်ဥ္ငံစပ္ေလး လုပ္စားၾကမယ္

(၈) အႏွစ္ထမင္းစားဇြန္း(၁)ဇြန္း ၊ ၾကာညိွဳ႕(၁)ဇြန္း ၊ ေျမပဲဆံ(၁)ဇြန္း ၊ အခ်ိဳမႈန္႔အနည္းငယ္ထည့္ၿပီး ရွမ္းေခါက္ဆြဲအဖတ္ေတြနဲ႔ ေရာေမႊေပးပါ။ အခ်ိဳအငံမွ်တသြားၿပီဆိုရင္ေတာ့ ျပဳတ္ထားတဲ့ ဝက္သားလုံးေတြ ပလုံစီေအာင္ စိတ္တိုင္းက်တင္ၿပီး သုံးေဆာင္လို႔ရပါၿပီေနာ္…

ဝက္သားလုံးေလးေတြကို ကိုက္ဝါးလိုက္လို႔ ခ်ိဳျမတဲ့အရသာစိမ့္ထြက္လာခ်ိန္မွာ ရွမ္းေခါက္ဆြဲေလး ေရာစားလိုက္မယ္ဆိုရင္ ပိုထူးကဲတဲ့အရသာကို တေျမ႕ေျမ႕ခံစားရရွိႏိုင္မွာပါ ေယာင္းေရ… ေနာက္ထပ္လည္း ေယာင္းတို႔အႀကိဳက္နဲ႔ ထပ္တူက်ေစမယ့္ အစားအစာလုပ္နည္းေတြကို ေဝမွ်ေပးဦးမွာမို႔ ဆက္လက္ေစာင့္ေမွ်ာ္ေပးၾကပါဦးေနာ္…..

ခ်စ္ရတဲ့ မင္မင္

DiDi ( For Her Myanmar )

<<< Unicode >>>

အသားအနှစ်လောက်နဲ့ပဲ ရှမ်းခေါက်ဆွဲစားနေတုန်းလား 🙄 

ရှမ်းခေါက်ဆွဲကို အသားနဲ့စားရတာ အားမရနိုင်သေးရင် တစ်နေ့ထက်တစ်နေ့ မရိုးနိုင်တဲ့အစားအစာတွေ ချက်ပြုတ်စားသောက်ချင်တဲ့ အာသီသ ပြင်းပြနေပြီလား ယောင်းတို့ရေ.. ဒါဆိုရင်တော့ မင်မင်အခုဝေမျှပေးမယ့် အသားလုံးရှမ်းခေါက်ဆွဲ လုပ်နည်းလေးအတိုင်း လိုက်ချက်ကြည့်ရင်းနဲ့ အရသာသစ်တစ်မျိုးကို မြည်းစမ်းခံစားကြည့်ကြရအောင်နော်…

အသားလုံးရှမ်းခေါက်ဆွဲပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့

  • ရှမ်းခြောက်ဆွဲအခြောက် (၂၅ကျပ်သားတစ်ထုပ်)
  • ဝက်ပေါင်သား (၂၅ကျပ်သားတစ်ထုပ်)
  • ခရမ်းချဉ်သီးအမှည့် (၄)လုံး
  • ကြာညှို့ ထမင်းစားဇွန်း (၃)ဇွန်း
  • ကြက်သွန်ဖြူ (၅)မွှာ
  • ချင်း (လက်နှစ်ဆစ်ခန့်)
  • ပဲပိစပ် ထမင်းစားဇွန်း (၂)ဇွန်း
  • ငံပြာရည် ထမင်းစားဇွန်း (၂)ဇွန်း

ဝက်သားလုံးရှမ်းခေါက်ဆွဲ ပြုလုပ်မယ်ဆိုရင်တော့ …

(၁)  ရှမ်းခေါက်ဆွဲခြောက်ကို ရေစိမ်ထားပြီး ဝက်သားကို နုတ်နုတ်စင်းထားပါ။ မြေပဲဆံလေးတွေကို မညက်တညက် ထောင်းထားပါ။

Related Article >>> ခွန်အားပြည့်စေမယ့် ချင်းရိုးရာ ဆာဗူးသီးကို အိမ်မှာအလွယ်တကူ လုပ်စားနိုင်မယ့်နည်းလမ်း

(၂)  ချင်းနဲ့ ကြက်သွန်ဖြူ ၂မြွှာကိုရောထောင်းပြီး ကြက်သားမှုန့် ထမင်းစားဇွန်းတစ်ဝက်ခန့် ထပ်ထည့်ကာ နုတ်နုတ်စင်းထားတဲ့ ဝက်သားသုံးပုံ နှစ်ပုံခန့်နဲ့ရောနယ်ပေးပါ။

(၃)  ကြက်ဥတစ်လုံးကို ဝက်သားရောနယ်ထားတဲ့အထဲ ရောမွှေပြီး အနေတော်အလုံးလေးတွေလုံးပြီး ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲထည့်ပြုတ်ပါ။ (၁၀)မိနစ်လောက်ပြုတ်ပြီးရင်တော့ အသားလုံးလေးတွေကို ဆယ်ယူထားလို့ရပါပြီ။

(၄)  ဒယ်အိုးတစ်လုံးထဲမှာ ကြက်သွန်ဖြူနီ ၊ ငရုတ်သီးအစိမ်းမှုန့်ရောထည့်ပြီး ဆီမွှေးသတ်ပေးပါ။ ပြီးရင်တော့ ခရမ်းချဉ်သီး(၈)စိတ် စိတ်ပြီးထည့်ပါ။

(၅)  ခရမ်းချဉ်သီးအရည်မပျော်တပျော် အချိန်လောက်မှာ ဝက်သားသုံးပုံတစ်ပုံကိုထည့်ပြီး (၁၀)မိနစ်လောက်ချက်ပေးပါ။

(၆)  (၁၀)မိနစ်ပြည့်တဲ့အခါ ပဲပိစပ်နဲ့ ငံပြာရည်ရောထည့်ပြီး ဝက်သားကောင်းကောင်းနူးတဲ့အထိ ချက်ပြီးရင်တော့ ရှမ်းခေါက်ဆွဲအတွက် အနှစ်ရပါပြီ။

(၇)  ရေစိမ်ထားတဲ့ ရှမ်းခေါက်ဆွဲဖတ်ကို တစ်ပွဲစာရေနွေးထဲထည့်ပြုတ်ပြီး အပျော့အမာ စိတ်တိုင်းကျပြီဆိုရင်တော့ ဇလုံတစ်ခုထဲကိုထည့်ပါ။

Related Article >>> မိုးအေးအေးထဲမှာ အာပူလျှာပူသုပ်ချဉ်ငံစပ်လေး လုပ်စားကြမယ်

(၈) အနှစ်ထမင်းစားဇွန်း(၁)ဇွန်း ၊ ကြာညှို့(၁)ဇွန်း ၊ မြေပဲဆံ(၁)ဇွန်း ၊ အချိုမှုန့်အနည်းငယ်ထည့်ပြီး ရှမ်းခေါက်ဆွဲအဖတ်တွေနဲ့ ရောမွှေပေးပါ။ အချိုအငံမျှတသွားပြီဆိုရင်တော့ ပြုတ်ထားတဲ့ ဝက်သားလုံးတွေ ပလုံစီအောင် စိတ်တိုင်းကျတင်ပြီး သုံးဆောင်လို့ရပါပြီနော်…

ဝက်သားလုံးလေးတွေကို ကိုက်ဝါးလိုက်လို့ ချိုမြတဲ့အရသာစိမ့်ထွက်လာချိန်မှာ ရှမ်းခေါက်ဆွဲလေး ရောစားလိုက်မယ်ဆိုရင် ပိုထူးကဲတဲ့အရသာကို တမြေ့မြေ့ခံစားရရှိနိုင်မှာပါ ယောင်းရေ… နောက်ထပ်လည်း ယောင်းတို့အကြိုက်နဲ့ ထပ်တူကျစေမယ့် အစားအစာလုပ်နည်းတွေကို ဝေမျှပေးဦးမှာမို့ ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်…..

ချစ်ရတဲ့ မင်မင်

DiDi ( For Her Myanmar )

Yin Sandi Ko
Yin Sandi Ko
ညီမက‌ေတာ့ ဒီဒီပါ .စာေရးရတာကို ရူးသြပ္သူမို႔ ေယာင္းတို႔ကိုဆြဲေဆာင္နိုင္မယ့္ အေရးအသားေတြနဲ႔ ေယာင္းတို႔ေပ်ာ္ေစဖို႔ အၿမဲႀကိဳးစားေနသူပါ။

Leave a Reply

Your email address will not be published. Required fields are marked *