အိမ်ထောင်သည်တစ်ယောက် မိခင်တစ်ယောက် ဖြစ်သွားတာနဲ့ပဲ ယောင်းရဲ့အိပ်မက်တွေကို လက်လျှော့လိုက်စရာ မလိုပါဘူး

ယောင်းမှာသာ ကောင်းမွန်တဲ့ မိသားစု စီမံကိန်းရှိနေမယ်ဆိုရင် ယောင်းရဲ့အိပ်မက်ကို လက်တွေ့ဖန်တီးလို့ ရပါတယ်နော်။

“အိပ်မက်တွေရှိတယ်… လုပ်ချင်တာတွေ ဖြစ်ချင်တာတွေလည်း အများကြီးပဲ.. ဒါပေမဲ့ အလုပ်က တစ်ဖက်၊ မိသားစုကတစ်ဖက်နဲ့တော့… အင်း… တော်ပါပြီလေ… ဒီတိုင်းပဲ ကောင်းပါတယ်…”

“သြော်… အပျိုဘဝတုန်းက ဒါလေး လုပ်လိုက်ရမှာ… ခုတော့ နေပါစေတော့… ကိုယ့်မှာလည်း မိသားစုနဲ့ ဖြစ်နေပြီဆိုတော့…” လို့ တွေးမိပြီး ကိုယ့်အိပ်မက်ကို လက်လျှော့လိုက်ဖို့ ကြံနေမိပြီလား ?

တကယ်က ကိုယ့်မိသားစုအတွက် ရှင်သန်တာလည်း အဆင်ပြေတယ်ဆိုပေမဲ့

ယောင်းမှာသာ ကောင်းမွန်တဲ့ မိသားစု စီမံကိန်းရှိနေမယ်ဆိုရင် ယောင်းရဲ့အိပ်မက်ကို လက်တွေ့ဖန်တီးလို့ ရပါတယ်နော်။ 

ကောင်းမွန်တဲ့ မိသားစု စီမံကိန်းတစ်ခုဟာ ယောင်းတို့ဘဝအတွက်ကော အိပ်မက်တွေကို လက်တွေ့ဖြစ်လာဖို့ အတွက်ကော အများကြီး အထောက်အကူဖြစ်စေပါတယ်။ ဥပမာ.. အိမ်ထောင်ပြုပြီးလို့ ရင်သွေးလေးယူဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင် အစကတည်းက ဘယ်လိုမျိုး ကြိုတင်ပြင်ဆင်ထားရမလဲ။ လက်ရှိ ကိုယ့်ရဲ့ ရင်သွေးလေးကို သေသေချာချာပြုစုပျိုးထောင်ဖို့အတွက်ဆိုရင် မိသားစုစီမံကိန်းရှိဖို့လိုပါတယ်။ ဒါမှပဲ မိသားစုအတွက်ရော ယောင်းတို့အတွက်ပါ အိပ်မက်တွေကို အကာင်အထည်ဖောင်နိုင်ပြီး အောင်မြင်သာယာတဲ့ ဘဝမျိုးကို ပိုင်ဆိုင်နိုင်မှာပါ။ 

မိသားစု စီမံကိန်းအတွက်တော့ စိတ်ချယုံကြည်ရပြီး ကိုယ့်အတွက် သင့်တော်နိုင်မယ့် သားဆက်ခြားနည်းကို ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ရွေးချယ်တတ်ဖို့တော့ လိုတာပေါ့.. ယောင်းအတွက်  လွယ်လွယ်ကူူကူ ဝယ်ယူလို့လည်းရရမယ် စိတ်လည်းစိတ်ချရတဲ့ အပြင် ဈေးနှုန်းလည်း သင့်တော်ရမယ်ဆိုတဲ့ သားဆက်ခြားဆေး ဆိုရင်တော့ OK Pills သောက်လို့လည်း အိုကေတာပါပဲ ယောင်းရေ… 

ဒီတော့ ကောင်းမွန်တဲ့ မိသားစု စီမံကိန်းလေးလည်းရှိမယ်… ပြီးတော့ ယောင်းရဲ့ဦးစားပေးကိစ္စတွေ၊ အချိန်တွေကို ပိုင်ပိုင်နိုင်နိုင် စီမံခန့်ခွဲနိုင်မယ်သာဆိုရင် သာယာတဲ့ မိသားစုဘဝအပြင် တစ်ချိန်တည်းမှာ လုပ်ငန်းခွင်မှာလည်း အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ အခုပဲ ယောင်းရဲ့ အိပ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်လိုက်ရအောင်နော်..

<<<Zawgyi>>>







မိသားစု စီမံကိန်းအတွက်တော့ စိတ်ချယုံကြည်ရပြီး ကိုယ့်အတွက် သင့်တော်နိုင်မယ့် သားဆက်ခြားနည်းကို ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ရွေးချယ်တတ်ဖို့တော့ လိုတာပေါ့.. ယောင်းအတွက်  လွယ်လွယ်ကူကူ ဝယ်ယူလို့လည်းရရမယ် စိတ်လည်းစိတ်ချရတဲ့ အပြင် ဈေးနှုန်းလည်း သင့်တော်ရမယ်ဆိုတဲ့ သားဆက်ခြားဆေး ဆိုရင်တော့ OK Pills သောက်လို့လည်း အိုကေတာပါပဲ ယောင်းရေ… 


1 Comment

Leave a Reply

Your email address will not be published.