Food

ဂ်ပန္ေတြေျပာတဲ့ ဆူရွီစားနည္း အစစ္အမွန္

အထာက်က် ဆူရွီစားနည္းတို႔ ဘာတို႔… 😛  

ဂ်ပန္လို႔ ေျပာလိုက္ရင္ ဆူရွီကိုလည္း တြဲၿပီး ျမင္ၾကမွာပါပဲ… အဲ တစ္ခုရွိတာက မင္မင္တို႔ မွားေလ့ရွိတာေပါ့… ဆူရွီဆို ကင္ဘတ္ႀကီး ေျပးျမင္တာပါပဲ :3 ဆူရွီလည္း ထမင္းလိပ္၊ ကင္ဘတ္လည္း ထမင္းလိပ္ မွန္ေပမဲ့ ဆူရွီကေတာ့ ဂ်ပန္ ထမင္းလိပ္ျဖစ္ၿပီး ကင္ဘတ္က ကိုရီးယား ထမင္းလိပ္ပါ။ အက္ဒ္မင္တို႔ အိမ္မွာ ဝါးယင္းလိပ္ကေလးေတြနဲ႔ ေရညွိေပၚမွာ ထမင္းေလးေတြတင္၊ အလယ္က ဥနီေတြ၊ သခြားသီးေတြ ၊ ဘာညာ ဘာညာေတြ ထည့္ၿပီး လိပ္တာက ကင္ဘတ္ပါ။ ဒါေတာ့ စကားစပ္မိလို႔ေပါ့ေလ…

ဆူရွီအေၾကာင္း ေျပာရမယ္ဆိုရင္ေတာ့ ဆူရွီမွာမွ အမ်ိဳးအစားေတြ အမ်ားႀကီး ရွိပါတယ္။ ထမင္းလံုးေလးအျပင္မွာ ေရညွိေတြကပ္ၿပီး အေပၚမွာ တူနာတင္ထားတဲ့ ထမင္းလိပ္တို႔ ဘာတို႔ဆိုတာလည္း ဆူရွီစာရင္းဝင္ျဖစ္ၿပီး ငါးအစိမ္းကို ထမင္းလံုးေပၚတင္ၿပီး အေပၚက ေရညွိပတ္ထားတဲ့ဟာကလည္း ဆူရွီစာရင္းဝင္ပါ။ ဒါေတြ အမ်ိဳးအစားခြဲေနရရင္ ေဆာင္းပါး တစ္ပုဒ္ေလာက္ ထပ္ေရးရဦးမွာမို႔ ေနာက္ေတာ့မွ ထပ္ေရးေပးမယ္ေနာ္… ခု အဲဒီ ငါးအစိမ္းေလးေတြ အေပၚက တင္ထားတဲ့ ဆူရွီေတြကို ဘယ္လို နည္းမွန္လမ္းမွန္နဲ႔ စားရမလဲဆိုတာကို ဂ်ပန္ႀကီးေတြ ေျပာထားတဲ့အတိုင္း မင္မင္က ေျပာျပေပးမယ္ေနာ္….

Maki (မာကီ) နဲ႔ Nigiri (နီဂီရီ) ဆူရွီစားတဲ့အခါ ပိုၿပီး အရသာရွိေအာင္ စားမယ္ဆိုရင္ တူနဲ႔ မကိုင္ဘဲ လက္နဲ႔ ကိုင္တာပါတဲ့… စားတဲ့အခါ ေႏြးေထြးတဲ့ ခံစားခ်က္ရေစဖို႔ ေစတနာေတြ လက္ထဲမွာထည့္ၿပီး စားဖိုမွဴးရဲ႕ လက္နဲ႔ ကိုယ္တိုင္ဖန္တီးထားတဲ့ ဆူရွီကို စားတဲ့အခါ ကိုယ့္လက္နဲ႔ ပံုမပ်က္ေအာင္ ယူစားတာက သူ႕ရဲ႕ ေစတနာကို တန္ဖိုးထားတဲ့ သေဘာသက္ေရာက္ပါတယ္တဲ့…ဆာရွိမိနဲ႔ ခ်င္းကိုေတာ့ တူနဲ႔ ယူစားလို႔ ရပါတယ္။

တူကို မပြတ္မိဖို႔လည္း သတိထားပါဦးေယာင္းတို႔ေရ.. ဘာလို႔လဲဆိုေတာ့ တူကိုပြတ္တာဟာ ဝါးအမႈန္၊ သစ္သားအမႈန္ေတြကို ခါခ်ဖို႔ ပြတ္တာေလ.. ဒီေတာ့ ေယာင္းတို႔က သတိမထားမိဘဲ ပြတ္လိုက္တဲ့အခါ ဆိုင္ကို “ဒီဆိုင္က သံုးတဲ့ တူေတြက အေပါစားေတြ” လုိ႔ ေျပာေနသလို ျဖစ္သြားႏိုင္လို႔ပါတဲ့…

Soy Sauce ( ပဲ ငံျပာရည္) ထည့္ဖို႔ ေပးထားတဲ့ ခြက္ထဲကို ပဲ ငံျပာရည္ နည္းနည္းထည့္ပါ။ လိုတဲ့အခ်ိန္တိုင္း ထပ္ထည့္လို႔ ရေပမဲ့ တစ္ခါတည္း အမ်ားႀကီးထည့္ၿပီး ျဖဳန္းတီးတာမ်ိဳးကိုေတာ့ ဂ်ပန္ယဥ္ေက်းမႈက မႏွစ္ၿမိဳ႕ပါဘူး ေယာင္းတို႔ေရ… ၿပီးေတာ့ ငါးအသားကို ေဆာ့စ္အမ်ားႀကီးတို႔စားရင္ ျမည္းေတာင္မၾကည့္ေသးဘဲ ငါးက မလတ္လို႔မို႔ ေဆာ့စ္ေတြအမ်ားႀကီး ထည့္ရတယ္လို႔ အဓိပၸာယ္ရတာေၾကာင့္ ရိုင္းပါတယ္တဲ့ကြယ္….

ၿပီးေတာ့ မင္မင္လုပ္ေနက် အလြယ္နည္းေလ… ဝါဆာဘိေတြကို ပဲငံျပာရည္ထဲ ေရာခ်ပစ္တာ ဟီးဟီး.. တကယ္စားရမယ့္ နည္းလမ္းကေတာ့ ခ်င္းနဲ႔ ဒါမွမဟုတ္ တူန႔ဲ ဝါဆာဘိနည္းနည္းကိုယူၿပီး ငါးေပၚတင္စားရတာပါ။ ဝါဆာဘိမ်ားသြားရင္ ငါးရဲ႕ သဘာဝ အရသာ မထြက္ေတာ့တာမို႔ပါတဲ့.. ၿပီးေတာ့ ခ်င္းနဲ႔ ဆူရွီဟာ အတူတူတြဲစားဖို႔ ေပးထားတာမဟုတ္ပါဘူး။ ဆူရွီတစ္ခုစားၿပီး ေနာက္တစ္ခု ထပ္မစားခင္ ၾကားထဲမွာ ခံတြင္းရွင္းဖို႔ ခ်င္းကိုေပးထားတာပါ။

Related Article >>> ယမကာနဲ႔ လိုက္ဖက္တဲ့ အျမည္းကို အထာက်က် ေရြးတတ္ေစဖို႔

ကဲ.. ဒါဆို ဝါဆာဘိေတြ၊ ပဲငံျပာရည္ေတြအေၾကာင္း ေျပာၿပီးၿပီဆိုေတာ့ ဆူရွီစားလို႔ ရပါၿပီ။ ဆူရွီကိုစားတဲ့အခါ မင္မင္တို႔ စားေနက်လို ထမင္းကိုေအာက္ထား၊ ငါးကအေပၚမွာ ပဲငံျပာရည္နဲ႔ ထမင္းနဲ႔ တို႔ စား … ဒါမ်ိဳးေပါ့… ဒီလိုစားတာ မွားေနပါတယ္ေနာ္… တကယ္စားရမယ့္ပံုစံကို အဆင့္ေလးေတြခြဲၿပီး ေျပာျပေပးမယ္ေနာ္..

အဆင့္ (၁) ။ ။ ဆူရွီကို ယူၿပီး အေပၚေအာက္ လွန္ခ်လိုက္ပါ။ ငါးက ေအာက္မွာေပါ့။

အဆင့္ (၂) ။ ။ ပဲငံျပာရည္တို႔ပါ။ ပဲငံျပာရည္နဲ႔ တို႔တဲ့အခါ ငါးကိုသာ တို႔ရမွာျဖစ္ၿပီး ထမင္းနဲ႔ ပဲငံျပာရည္နဲ႔ လံုးဝ မထိရဘူးေနာ္..အေပၚမွာေျပာခဲ့သလို နည္းနည္းပဲ တို႔ေနာ္..

အဆင့္ (၃) ။ ။ စားလို႔ရပါၿပီ။ စားတဲ့အခါမွာလညး္ ငါးကို ေအာက္မွာထားၿပီး ပါးစပ္ထဲ ထည့္ရပါမယ္တဲ့.. ဆိုလိုတာက ငါးနဲ႔ လွ်ာက အရင္ထိရမယ္ကြာ.. ထမင္းက အာေခါင္ဘက္ ထားလိုက္ေပါ့.. ဒါမွ ငါးရဲ႕ လတ္ဆတ္တဲ့ အရသာကို ေကာင္းေကာင္း ခံစားႏိုင္မွာမို႔ပါတဲ့..

အဆင့္(၄) ။ ။ ေကာင္းေကာင္းအရသာ ခံပါ.. 😛

ေနာက္တစ္ခုက ဆူရွီကို စားတဲ့အခါ တစ္ခုကို တစ္လုပ္ႏႈန္းသာ စားပါ။ အႀကီးႀကီးပဲ ပါးစပ္နဲ႔ မဆန္႔ဘူးလို႔ေတာ့ ႏွစ္ခါ ကိုက္ၿပီး မစားလိုက္ပါနဲ႔… ဒါဟာ ဆူရွီလုပ္တဲ့သူေတြကို ေစာ္ကားရာက်ပါတယ္တဲ့။ သူ႕ရဲ႕အခ်ိန္ေတြ အကုန္ခံၿပီး ေယာင္းစားႏိုင္မယ့္ အေနအထားကို အေသးစိတ္ ေသခ်ာလုပ္ထားေပးရတာေလေနာ္.. ဆူရွီကႀကီးလြန္းေနတယ္လို႔ ခံစားရရင္ လုပ္တဲ့သူကို ေျပာပါ။ ဒါမွ ေယာင္းအတြက္ သူက အရြယ္အစား ျပန္ခ်ိန္ေပးႏိုင္မွာပါ။

အဲ.. ဆူရွီအရသာကို ရွယ္ခံစားခ်င္တယ္ဆိုရင္ေတာ့ မင္မင္ခုေျပာျပမယ့္ အစဥ္အတုိင္း ငါးေတြကို စဥ္ စားၾကည့္ပါ။

အလြယ္မွတ္ရင္ေတာ့ ဒီလို ရမယ္ေယာင္းတို႔ေရ… ဆူရွီဆိုင္ေတြမွာ ငါးပံုေလးေတြ ျပထားတယ္မလား.. အဲ့ထဲက အျဖဴေရာင္ ငါးနဲ႔ ပတ္ထားတဲ့ဟာကို အရင္စား၊ ၿပီးေတာ့ ေငြေရာင္လိုင္းပါတဲ့ ငါးကို စားေပါ့၊ တတိယေျမာက္မွာေတာ့ လံုးဝ အနီေရာင္ရွိတဲ့ငါးကို စားပါ။ ၿပီးေတာ့ ပဥၥမေျမာက္မွာ ဆယ္လ္မြန္လို ငါးမ်ိဳးကိုေရြးခ်ယ္ပါ။ ၿပီးရင္ေတာ့ ငါးဥလို နီနီအလံုးေလးေတြပါတာကို ေရြးေပါ့။ ၿပီးေတာ့ အဆီအမ်ားဆံုးျဖစ္တဲ့ တူနာတို႔လို ငါးမ်ိဳးကို အၿပီးသတ္အျဖစ္စားပါ။ ၾကက္ဥလိပ္ေလး အေပၚမွာတင္ထားတဲ့ ဆူရွီကိုေတာ့ အခ်ိဳပြဲအျဖစ္စားေပါ့.. ၿပီးေတာ့မွ ရိုးရိုးထမင္းလိပ္ေလးကို အစာပိတ္အျဖစ္စားေပးလိုက္ပါ… ေျပာရမယ္ဆိုရင္ေတာ့ ေယာင္းရယ္.. အရသာ ေပါ့ေပါ့ေလးကေနစၿပီး တျဖည္းျဖည္းစားရတာ အရသာေလးတဲ့ဘက္ကို သြားရတာေပါ့…

ကဲ.. ဒီလိုဆို ဆူရွီကို အရသာရွိရွိ အထာက်က် စားႏိုင္ၿပီေပါ့… စာေရးရင္း ဆူရွီစားခ်င္လာလို႔ သြားစားၿပီ ေယာင္းတို႔ေရ… ေနာက္မွ ျပန္ဆံုမယ္ေနာ္…

Libra (For Her Myanmar)

References : Gaijinpot , Tripsavvy

<<< Unicode >>>

အထာကျကျ ဆူရှီစားနည်းတို့ ဘာတို့… 😛  

ဂျပန်လို့ ပြောလိုက်ရင် ဆူရှီကိုလည်း တွဲပြီး မြင်ကြမှာပါပဲ… အဲ တစ်ခုရှိတာက မင်မင်တို့ မှားလေ့ရှိတာပေါ့… ဆူရှီဆို ကင်ဘတ်ကြီး ပြေးမြင်တာပါပဲ :3 ဆူရှီလည်း ထမင်းလိပ်၊ ကင်ဘတ်လည်း ထမင်းလိပ် မှန်ပေမဲ့ ဆူရှီကတော့ ဂျပန် ထမင်းလိပ်ဖြစ်ပြီး ကင်ဘတ်က ကိုရီးယား ထမင်းလိပ်ပါ။ အက်ဒ်မင်တို့ အိမ်မှာ ဝါးယင်းလိပ်ကလေးတွေနဲ့ ရေညှိပေါ်မှာ ထမင်းလေးတွေတင်၊ အလယ်က ဥနီတွေ၊ သခွားသီးတွေ ၊ ဘာညာ ဘာညာတွေ ထည့်ပြီး လိပ်တာက ကင်ဘတ်ပါ။ ဒါတော့ စကားစပ်မိလို့ပေါ့လေ…

ဆူရှီအကြောင်း ပြောရမယ်ဆိုရင်တော့ ဆူရှီမှာမှ အမျိုးအစားတွေ အများကြီး ရှိပါတယ်။ ထမင်းလုံးလေးအပြင်မှာ ရေညှိတွေကပ်ပြီး အပေါ်မှာ တူနာတင်ထားတဲ့ ထမင်းလိပ်တို့ ဘာတို့ဆိုတာလည်း ဆူရှီစာရင်းဝင်ဖြစ်ပြီး ငါးအစိမ်းကို ထမင်းလုံးပေါ်တင်ပြီး အပေါ်က ရေညှိပတ်ထားတဲ့ဟာကလည်း ဆူရှီစာရင်းဝင်ပါ။ ဒါတွေ အမျိုးအစားခွဲနေရရင် ဆောင်းပါး တစ်ပုဒ်လောက် ထပ်ရေးရဦးမှာမို့ နောက်တော့မှ ထပ်ရေးပေးမယ်နော်… ခု အဲဒီ ငါးအစိမ်းလေးတွေ အပေါ်က တင်ထားတဲ့ ဆူရှီတွေကို ဘယ်လို နည်းမှန်လမ်းမှန်နဲ့ စားရမလဲဆိုတာကို ဂျပန်ကြီးတွေ ပြောထားတဲ့အတိုင်း မင်မင်က ပြောပြပေးမယ်နော်….

Maki (မာကီ) နဲ့ Nigiri (နီဂီရီ) ဆူရှီစားတဲ့အခါ ပိုပြီး အရသာရှိအောင် စားမယ်ဆိုရင် တူနဲ့ မကိုင်ဘဲ လက်နဲ့ ကိုင်တာပါတဲ့… စားတဲ့အခါ နွေးထွေးတဲ့ ခံစားချက်ရစေဖို့ စေတနာတွေ လက်ထဲမှာထည့်ပြီး စားဖိုမှူးရဲ့ လက်နဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ ဆူရှီကို စားတဲ့အခါ ကိုယ့်လက်နဲ့ ပုံမပျက်အောင် ယူစားတာက သူ့ရဲ့ စေတနာကို တန်ဖိုးထားတဲ့ သဘောသက်ရောက်ပါတယ်တဲ့…ဆာရှိမိနဲ့ ချင်းကိုတော့ တူနဲ့ ယူစားလို့ ရပါတယ်။

တူကို မပွတ်မိဖို့လည်း သတိထားပါဦးယောင်းတို့ရေ.. ဘာလို့လဲဆိုတော့ တူကိုပွတ်တာဟာ ဝါးအမှုန်၊ သစ်သားအမှုန်တွေကို ခါချဖို့ ပွတ်တာလေ.. ဒီတော့ ယောင်းတို့က သတိမထားမိဘဲ ပွတ်လိုက်တဲ့အခါ ဆိုင်ကို “ဒီဆိုင်က သုံးတဲ့ တူတွေက အပေါစားတွေ” လို့ ပြောနေသလို ဖြစ်သွားနိုင်လို့ပါတဲ့…

Soy Sauce ( ပဲ ငံပြာရည်) ထည့်ဖို့ ပေးထားတဲ့ ခွက်ထဲကို ပဲ ငံပြာရည် နည်းနည်းထည့်ပါ။ လိုတဲ့အချိန်တိုင်း ထပ်ထည့်လို့ ရပေမဲ့ တစ်ခါတည်း အများကြီးထည့်ပြီး ဖြုန်းတီးတာမျိုးကိုတော့ ဂျပန်ယဉ်ကျေးမှုက မနှစ်မြို့ပါဘူး ယောင်းတို့ရေ… ပြီးတော့ ငါးအသားကို ဆော့စ်အများကြီးတို့စားရင် မြည်းတောင်မကြည့်သေးဘဲ ငါးက မလတ်လို့မို့ ဆော့စ်တွေအများကြီး ထည့်ရတယ်လို့ အဓိပ္ပာယ်ရတာကြောင့် ရိုင်းပါတယ်တဲ့ကွယ်….

ပြီးတော့ မင်မင်လုပ်နေကျ အလွယ်နည်းလေ… ဝါဆာဘိတွေကို ပဲငံပြာရည်ထဲ ရောချပစ်တာ ဟီးဟီး.. တကယ်စားရမယ့် နည်းလမ်းကတော့ ချင်းနဲ့ ဒါမှမဟုတ် တူနဲ့ ဝါဆာဘိနည်းနည်းကိုယူပြီး ငါးပေါ်တင်စားရတာပါ။ ဝါဆာဘိများသွားရင် ငါးရဲ့ သဘာဝ အရသာ မထွက်တော့တာမို့ပါတဲ့.. ပြီးတော့ ချင်းနဲ့ ဆူရှီဟာ အတူတူတွဲစားဖို့ ပေးထားတာမဟုတ်ပါဘူး။ ဆူရှီတစ်ခုစားပြီး နောက်တစ်ခု ထပ်မစားခင် ကြားထဲမှာ ခံတွင်းရှင်းဖို့ ချင်းကိုပေးထားတာပါ။

Related Article >>> ယမကာနဲ့ လိုက်ဖက်တဲ့ အမြည်းကို အထာကျကျ ရွေးတတ်စေဖို့

ကဲ.. ဒါဆို ဝါဆာဘိတွေ၊ ပဲငံပြာရည်တွေအကြောင်း ပြောပြီးပြီဆိုတော့ ဆူရှီစားလို့ ရပါပြီ။ ဆူရှီကိုစားတဲ့အခါ မင်မင်တို့ စားနေကျလို ထမင်းကိုအောက်ထား၊ ငါးကအပေါ်မှာ ပဲငံပြာရည်နဲ့ ထမင်းနဲ့ တို့ စား … ဒါမျိုးပေါ့… ဒီလိုစားတာ မှားနေပါတယ်နော်… တကယ်စားရမယ့်ပုံစံကို အဆင့်လေးတွေခွဲပြီး ပြောပြပေးမယ်နော်..

အဆင့် (၁) ။ ။ ဆူရှီကို ယူပြီး အပေါ်အောက် လှန်ချလိုက်ပါ။ ငါးက အောက်မှာပေါ့။

အဆင့် (၂) ။ ။ ပဲငံပြာရည်တို့ပါ။ ပဲငံပြာရည်နဲ့ တို့တဲ့အခါ ငါးကိုသာ တို့ရမှာဖြစ်ပြီး ထမင်းနဲ့ ပဲငံပြာရည်နဲ့ လုံးဝ မထိရဘူးနော်..အပေါ်မှာပြောခဲ့သလို နည်းနည်းပဲ တို့နော်..

အဆင့် (၃) ။ ။ စားလို့ရပါပြီ။ စားတဲ့အခါမှာလည်း ငါးကို အောက်မှာထားပြီး ပါးစပ်ထဲ ထည့်ရပါမယ်တဲ့.. ဆိုလိုတာက ငါးနဲ့ လျှာက အရင်ထိရမယ်ကွာ.. ထမင်းက အာခေါင်ဘက် ထားလိုက်ပေါ့.. ဒါမှ ငါးရဲ့ လတ်ဆတ်တဲ့ အရသာကို ကောင်းကောင်း ခံစားနိုင်မှာမို့ပါတဲ့..

အဆင့်(၄) ။ ။ ကောင်းကောင်းအရသာ ခံပါ.. 😛

နောက်တစ်ခုက ဆူရှီကို စားတဲ့အခါ တစ်ခုကို တစ်လုပ်နှုန်းသာ စားပါ။ အကြီးကြီးပဲ ပါးစပ်နဲ့ မဆန့်ဘူးလို့တော့ နှစ်ခါ ကိုက်ပြီး မစားလိုက်ပါနဲ့… ဒါဟာ ဆူရှီလုပ်တဲ့သူတွေကို စော်ကားရာကျပါတယ်တဲ့။ သူ့ရဲ့အချိန်တွေ အကုန်ခံပြီး ယောင်းစားနိုင်မယ့် အနေအထားကို အသေးစိတ် သေချာလုပ်ထားပေးရတာလေနော်.. ဆူရှီကကြီးလွန်းနေတယ်လို့ ခံစားရရင် လုပ်တဲ့သူကို ပြောပါ။ ဒါမှ ယောင်းအတွက် သူက အရွယ်အစား ပြန်ချိန်ပေးနိုင်မှာပါ။

အဲ.. ဆူရှီအရသာကို ရှယ်ခံစားချင်တယ်ဆိုရင်တော့ မင်မင်ခုပြောပြမယ့် အစဉ်အတိုင်း ငါးတွေကို စဉ် စားကြည့်ပါ။

အလွယ်မှတ်ရင်တော့ ဒီလို ရမယ်ယောင်းတို့ရေ… ဆူရှီဆိုင်တွေမှာ ငါးပုံလေးတွေ ပြထားတယ်မလား.. အဲ့ထဲက အဖြူရောင် ငါးနဲ့ ပတ်ထားတဲ့ဟာကို အရင်စား၊ ပြီးတော့ ငွေရောင်လိုင်းပါတဲ့ ငါးကို စားပေါ့၊ တတိယမြောက်မှာတော့ လုံးဝ အနီရောင်ရှိတဲ့ငါးကို စားပါ။ ပြီးတော့ ပဉ္စမမြောက်မှာ ဆယ်လ်မွန်လို ငါးမျိုးကိုရွေးချယ်ပါ။ ပြီးရင်တော့ ငါးဥလို နီနီအလုံးလေးတွေပါတာကို ရွေးပေါ့။ ပြီးတော့ အဆီအများဆုံးဖြစ်တဲ့ တူနာတို့လို ငါးမျိုးကို အပြီးသတ်အဖြစ်စားပါ။ ကြက်ဥလိပ်လေး အပေါ်မှာတင်ထားတဲ့ ဆူရှီကိုတော့ အချိုပွဲအဖြစ်စားပေါ့.. ပြီးတော့မှ ရိုးရိုးထမင်းလိပ်လေးကို အစာပိတ်အဖြစ်စားပေးလိုက်ပါ… ပြောရမယ်ဆိုရင်တော့ ယောင်းရယ်.. အရသာ ပေါ့ပေါ့လေးကနေစပြီး တဖြည်းဖြည်းစားရတာ အရသာလေးတဲ့ဘက်ကို သွားရတာပေါ့…

ကဲ.. ဒီလိုဆို ဆူရှီကို အရသာရှိရှိ အထာကျကျ စားနိုင်ပြီပေါ့… စာရေးရင်း ဆူရှီစားချင်လာလို့ သွားစားပြီ ယောင်းတို့ရေ… နောက်မှ ပြန်ဆုံမယ်နော်…

Libra (For Her Myanmar)

References : Gaijinpot , Tripsavvy

Leave a Reply

Your email address will not be published. Required fields are marked *