Food Tips

ကိုရီးယား bbq ဘူေဖး ကို ပရုိက်က်စားတတ္ဖို႔

အစားတစ္လုိင္း ေယာင္းတို႔ မျဖစ္မေန သိထားသင့္ေသာပါေနာ္…

ေယာင္းတို႔ ကိုရီးယားကားေတြ ၾကည့္ရင္ ရုပ္ရွင္ထဲမွာ အသားျပားႀကီးေတြကို မီးဖိုေပၚမွာ တရွဲရွဲကင္ၿပီး ဆလပ္ရြက္ေလးနဲ႔ ထုပ္စားလိုက္ ဆိိုဂ်ဴးေလးေသာက္လိုက္နဲ႔ သြားရည္က်ဖူး အဲေလ ျမင္ဖူးတယ္ဟုတ္? ကိုရီးယား bbq ဆိုင္ အေတာ္မ်ားမ်ားက all-you-can-eat ဆိုတဲ့ အဝစားဘူေဖးစနစ္ေတြ မ်ားပါတယ္။ ဆိုေတာ့ ပိုက္ဆံေပးရတာနဲ႔ တန္ေအာင္ မ်ားမ်ားစားႏိုင္ဖို႔က ေယာင္းတို႔ တာဝန္ပါ။ ဒီတစ္ခါေတာ့ အဲဒီကိုရီးယားအကင္ေတြကို မ်ားမ်ားစားစားနဲ႔ ပရုိက်က် ဘယ္လိုစားရမလဲဆိုတာ ေျပာျပေပးမယ္ေနာ္။

(၁) အရံဟင္းေတြကို ေမ့ထားလိုက္ပါ။

ဘူေဖးဆိုတဲ့အတိုင္း ထမင္းေၾကာ္ ေခါက္ဆြဲေၾကာ္ ဘာေၾကာ္ညာေၾကာ္စတဲ့ အရံဟင္းေတြကလည္း အမ်ားသားေလေနာ္…ကိုရီးယား အကင္ အဝဆြဲမယ္ဆိုရင္ေတာ့ အဲဒီအရံဟင္းေတြကို ေယာင္လို႔ေတာင္ မထိပါနဲ႔ ေယာင္းေရ။ ကိုယ့္ရဲ႕ အဓိကရည္ရြယ္ခ်က္က အသားမ်ားမ်ား စားႏိုင္ဖို႔ေလေနာ္။ ထမင္းေၾကာ္ ေခါက္ဆြဲေၾကာ္ေတြကို စားမိရင္ ျမန္ျမန္ဗိုက္ျပည့္ႏိုင္တာမို႔ အကင္ကို မွန္းထားသေလာက္ စားႏိုင္ေတာ့မွာ မဟုတ္ပါဘူးေနာ္။

(၂) အဓိကစားရမွာေတြ

ကိုရီးယားbbqေတြ စားၿပီဆိုရင္ အဓိကစားရမယ့္ အသားကေတာ့ အမဲသားပါ။ အမဲလွ်ာ ႏို႔အံုသား နဲ႔ နံရုိးသားစတာေတြကို ေရြးစားသင့္ပါတယ္။ တကယ္လို႔ ေယာင္းဟာ အမဲသားေရွာင္သူဆိုရင္ေတာ့ ဝက္သားနဲ႔ ပုစြန္စတာေတြကို အစားထိုးႏိုင္ပါတယ္ေနာ္…

Related article >>> ကဏန္းခြက္ေၾကာ္ အိမ္မွာေၾကာ္စားမယ္

(၃) အသားေတြကို အၾကာႀကီး မကင္ပါနဲ႔

အသားေတြကို အၾကာႀကီးတူးတဲ့အထိ ကင္လိုက္ရင္ အနံ႔နဲ႔တင္ ဗိုက္ျပည့္သြားႏိုင္တာမို႔ အသားက်က္ေလာက္ၿပီဆိုတဲ့ ႏွစ္မိနစ္ သံုးမိနစ္ေလာက္ထိပဲ ကင္တာ အေကာင္းဆံုးပါ။ ၿပီးေတာ့ အကင္ေတြက အရမ္းႀကီးက်က္ေအာင္ ကင္လိုက္ရင္ စားမေကာင္းေတာ့ဘူးေလ.. မာသြားေရာ…

Related article >>> ျဖားေယာင္းေနေသာ အစားအေသာက္မ်ားကို ေ႐ွာင္႐ွားနည္း

(၄) ဒါေလးေတြနဲ႔ တြဲစားပါ။

အသားခ်ည္းပဲစားရတာ ၿငီးေငြ႕လာရင္ ကင္မ္ခ်ီ ဆလပ္ရြက္ စတာေတြနဲ႔ တြဲစားပါ။ ကင္မ္ခ်ီရဲ႕ ခ်ဥ္ခ်ဥ္စပ္စပ္အရသာက အအီေျပႏိုင္သလို ဆလပ္ရြက္နဲ႔ ထုပ္စားတာကလည္း ရင္ေခ်ာင္ၿပီး ခံတြင္းရွင္းေစတာမို႔ ပိုစားႏိုင္ေစပါတယ္ေနာ္။

(၅) ဂက္စ္ပါတဲ့ အခ်ိဳရည္ေတြ မေသာက္ပါနဲ႔။

ဂက္စ္ပါတဲ့ အခ်ိဳရည္ေတြက ရင္ျပည့္ရင္ကယ္ျဖစ္ေစပါတယ္။ အဲဒီအစား မေသာက္မျဖစ္ ေသာက္ရမယ္ဆို ေရပဲေသာက္ပါ ေယာင္းေရ…

Stella ကိုယ္တိုင္က ကိုရီးယားအကင္ေတြစားရင္ စားခ်င္ေပမဲ့ ထင္သေလာက္ ဘယ္ေတာ့မွ မစားႏိုင္ဘဲ မတန္သလို ခံစားရတဲ့သူပါ။ ဒါေၾကာင့္ ကိုယ္တတ္သေလာက္ မွတ္သေလာက္နဲ႔ အေပၚက နည္းေတြအတိုင္း စားၾကည့္ေတာ့ တန္တဲ့အျပင္ ဟိုဘက္ကမ္းေတာင္ လြန္သြားေသးတယ္။ ေယာင္းတို႔လည္း Stella လိုမ်ိဳး ေပးရတာနဲ႔ တန္ေအာင္ မ်ားမ်ားစားခ်င္ရင္ေတာ့ ဒီနည္းလမ္းေတြကို သံုးၾကပါလို႔… အဆင္အေျပလြန္ၿပီး ဆိုင္က လက္မခံေတာ့ရင္ေတာ့ မတတ္ႏိုင္ပါဝူးရွန္ 😛

Stella (For Her Myanmar)

<<< Unicode >>>

အစားတစ်လိုင်း ယောင်းတို့ မဖြစ်မနေ သိထားသင့်သောပါနော်…

ယောင်းတို့ ကိုရီးယားကားတွေ ကြည့်ရင် ရုပ်ရှင်ထဲမှာ အသားပြားကြီးတွေကို မီးဖိုပေါ်မှာ တရှဲရှဲကင်ပြီး ဆလပ်ရွက်လေးနဲ့ ထုပ်စားလိုက် ဆိုဂျူးလေးသောက်လိုက်နဲ့ သွားရည်ကျဖူး အဲလေ မြင်ဖူးတယ်ဟုတ်? ကိုရီးယား bbq ဆိုင် အတော်များများက all-you-can-eat ဆိုတဲ့ အဝစားဘူဖေးစနစ်တွေ များပါတယ်။ ဆိုတော့ ပိုက်ဆံပေးရတာနဲ့ တန်အောင် များများစားနိုင်ဖို့က ယောင်းတို့ တာဝန်ပါ။ ဒီတစ်ခါတော့ အဲဒီကိုရီးယားအကင်တွေကို များများစားစားနဲ့ ပရိုကျကျ ဘယ်လိုစားရမလဲဆိုတာ ပြောပြပေးမယ်နော်။

(၁) အရံဟင်းတွေကို မေ့ထားလိုက်ပါ။

ဘူဖေးဆိုတဲ့အတိုင်း ထမင်းကြော် ခေါက်ဆွဲကြော် ဘာကြော်ညာကြော်စတဲ့ အရံဟင်းတွေကလည်း အများသားလေနော်…ကိုရီးယား အကင် အဝဆွဲမယ်ဆိုရင်တော့ အဲဒီအရံဟင်းတွေကို ယောင်လို့တောင် မထိပါနဲ့ ယောင်းရေ။ ကိုယ့်ရဲ့ အဓိကရည်ရွယ်ချက်က အသားများများ စားနိုင်ဖို့လေနော်။ ထမင်းကြော် ခေါက်ဆွဲကြော်တွေကို စားမိရင် မြန်မြန်ဗိုက်ပြည့်နိုင်တာမို့ အကင်ကို မှန်းထားသလောက် စားနိုင်တော့မှာ မဟုတ်ပါဘူးနော်။

(၂) အဓိကစားရမှာတွေ

ကိုရီးယားbbqတွေ စားပြီဆိုရင် အဓိကစားရမယ့် အသားကတော့ အမဲသားပါ။ အမဲလျှာ နို့အုံသား နဲ့ နံရိုးသားစတာတွေကို ရွေးစားသင့်ပါတယ်။ တကယ်လို့ ယောင်းဟာ အမဲသားရှောင်သူဆိုရင်တော့ ဝက်သားနဲ့ ပုစွန်စတာတွေကို အစားထိုးနိုင်ပါတယ်နော်…

Related article >>> ကဏန်းခွက်ကြော် အိမ်မှာကြော်စားမယ်

(၃) အသားတွေကို အကြာကြီး မကင်ပါနဲ့

အသားတွေကို အကြာကြီးတူးတဲ့အထိ ကင်လိုက်ရင် အနံ့နဲ့တင် ဗိုက်ပြည့်သွားနိုင်တာမို့ အသားကျက်လောက်ပြီဆိုတဲ့ နှစ်မိနစ် သုံးမိနစ်လောက်ထိပဲ ကင်တာ အကောင်းဆုံးပါ။ ပြီးတော့ အကင်တွေက အရမ်းကြီးကျက်အောင် ကင်လိုက်ရင် စားမကောင်းတော့ဘူးလေ.. မာသွားရော…

Related article >>> ဖြားယောင်းနေသော အစားအသောက်များကို ရှောင်ရှားနည်း

(၄) ဒါလေးတွေနဲ့ တွဲစားပါ။

အသားချည်းပဲစားရတာ ငြီးငွေ့လာရင် ကင်မ်ချီ ဆလပ်ရွက် စတာတွေနဲ့ တွဲစားပါ။ ကင်မ်ချီရဲ့ ချဉ်ချဉ်စပ်စပ်အရသာက အအီပြေနိုင်သလို ဆလပ်ရွက်နဲ့ ထုပ်စားတာကလည်း ရင်ချောင်ပြီး ခံတွင်းရှင်းစေတာမို့ ပိုစားနိုင်စေပါတယ်နော်။

(၅) ဂက်စ်ပါတဲ့ အချိုရည်တွေ မသောက်ပါနဲ့။

ဂက်စ်ပါတဲ့ အချိုရည်တွေက ရင်ပြည့်ရင်ကယ်ဖြစ်စေပါတယ်။ အဲဒီအစား မသောက်မဖြစ် သောက်ရမယ်ဆို ရေပဲသောက်ပါ ယောင်းရေ…

Stella ကိုယ်တိုင်က ကိုရီးယားအကင်တွေစားရင် စားချင်ပေမဲ့ ထင်သလောက် ဘယ်တော့မှ မစားနိုင်ဘဲ မတန်သလို ခံစားရတဲ့သူပါ။ ဒါကြောင့် ကိုယ်တတ်သလောက် မှတ်သလောက်နဲ့ အပေါ်က နည်းတွေအတိုင်း စားကြည့်တော့ တန်တဲ့အပြင် ဟိုဘက်ကမ်းတောင် လွန်သွားသေးတယ်။ ယောင်းတို့လည်း Stella လိုမျိုး ပေးရတာနဲ့ တန်အောင် များများစားချင်ရင်တော့ ဒီနည်းလမ်းတွေကို သုံးကြပါလို့… အဆင်အပြေလွန်ပြီး ဆိုင်က လက်မခံတော့ရင်တော့ မတတ်နိုင်ပါဝူးရှန် 😛

Stella (For Her Myanmar)

Mya Thitty
Mya Thitty
နာမည္ကေတာ့ ျမသစ္တည္ ပါ။ Fashion နဲ႕ Beauty ကို ဝါသနာပါလို႔ For Her Myanmar မွာ ေယာင္းေယာင္းတို႔အတြက္ beauty hacks ေတြ, fashion နဲ႕ပက္သက္တဲ့ အေၾကာင္းအရာမ်ိဳးစံုနဲ႕ သုတရသစာေပေတြကို မွ်ေဝေပးသြားမွာပါ။

Leave a Reply

Your email address will not be published. Required fields are marked *