Food Recipes

ဒိန္ခ်ဥ္ကိုအိမ္မွာပဲ လြယ္လြယ္လုပ္စားၾကမယ္။

ပါဝင္ပစၥည္းေတြျမင္လိုက္တာနဲ႔တင္ ဝိုးကနဲျဖစ္သြားေစရမယ္ 😛

ဒိန္ခ်ဥ္ႀကိဳက္တဲ့ ေယာင္းေယာင္းေတြလက္ညွိဳးေထာင္! ႏို႔အရသာပ်စ္ႏွစ္ေနတဲ့ ဒိန္ခ်ဥ္ကို ထန္းလ်က္ ေမႊးေမႊးေလးနဲ႔ တြဲဖက္ၿပီးစားလိုက္ရရင္ေတာ့ အာဂပါးစပ္ လူျဖစ္က်ိဳးနပ္ေလငဲ့တို႔ ဘာတို႔။ ဒါေပမဲ့လည္း ဆိုင္မွာဝယ္တဲ့ဒိန္ခ်ဥ္ေတြကက် ႏို႔အရသာကို ပ်စ္ပ်စ္ႏွစ္ႏွစ္မစားရဘဲ ဘာလိုလို႔ လိုမွန္းမသိ၊ ဒိန္ခ်ဥ္ေကာင္းရင္လည္း ထန္းလ်က္က မေမႊးေတာ့ ေသာက္လို႔မေကာင္း တစ္ခုမဟုတ္ တစ္ခုကေတာ့ စိတ္တိုင္းမက်ျဖစ္ေနရတဲ့အခါ ကုိယ့္ဘာသာ အိမ္မွာ လုပ္တာအေကာင္းဆံုးလို႔ ေႂကြးေၾကာ္ၿပီး ဟိုစမ္းဒီစမ္းလုပ္ရင္းကေန အလြယ္ဆံုးနည္းနဲ႔ ေအာင္ျမင္သြားတယ္ေပါ့ေနာ္။

အာ့ေၾကာင့္ အစားေကာင္းစားရရင္ ကိုယ္ခ်စ္တဲ့လူေတြကို သတိရတယ္ဆိုသလို ဒိန္ခ်ဥ္ႀကိဳက္တဲ့ ေယာင္းေယာင္းေလးတို႔အတြက္ ႏွင္းရဲ႕ဒိန္ခ်ဥ္လုပ္နည္းနဲ႔ ထန္းလ်က္က်ိဳနည္းကို ေဝမွ်ေပးလိုက္ပါတယ္လို႔။

ဒိန္ခ်ဥ္က်ိဳဖို႔အတြက္ လိုအပ္တဲ့ပစၥည္းေတြကေတာ့

ႏြားႏို႔ (၅၀) သား

ဒိန္ခ်ဥ္ တစ္ဘူး

ဆားအနည္းငယ္ ဒါပဲလိုပါတယ္။

Related Article >>> အိမ္မွာ ေပါ့ေပါ့ပါးပါး ဖက္ထုပ္လုပ္စားၾကမယ္…

အရင္ဆံုး ႏြားႏို႔ ၅၀ သားကို အနံ႔ေမႊးလာတဲ့အထိ နာနာက်ိဳလိုက္ပါ။ က်ိဳေနတဲ့အခ်ိန္မွာ ဆားအနည္းငယ္ထည့္ထားၿပီး နာနာေမႊေပးပါ။ ႏြားႏို႔အနံ႔ ေမႊးလာတဲ့အခါ မီးဖိုေပၚက ခ်ၿပီး မလိုင္တက္လာတဲ့အထိ ခဏအေအးခံထားေပးပါ။ နည္းနည္းေအးသြားတဲ့အခါ ႏြားႏို႔ကိုခြက္တစ္ခြက္စီထဲ ခြဲထည့္ၿပီး အေပၚယံမွာ ဒိန္ခ်ဥ္တစ္ဇြန္းစီ လိုက္ထည့္ေပးပါ။ ထည့္ၿပီးတာနဲ႔ ဒိန္ခ်ဥ္ေတြကို ႏြားႏို႔ထဲ ပ်ံ႕သြားေအာင္ ခပ္နာနာေလး ေခါက္ၿပီး ေမႊေပးပါ။ ၿပီးရင္ေတာ့ အခန္းအပူခ်ိန္ထဲမွာပဲ အေအးခံထားလိုက္ပါ။

၄ နာရီေလာက္ၾကာရင္ေတာ့ ဒိန္ခ်ဥ္ေလးခဲသြားၿပီး သံုးေဆာင္လို႔ရပါၿပီ။ ႏွင္းကေတာ့ ခပ္ဆိမ့္ဆိမ့္နဲ႔ ႏြားႏို႔အရသာအရမ္း ေပ်ာက္မသြားတဲ့ ဒိန္ခ်ဥ္ေလးႀကိဳက္လို႔ ၄ နာရီေလာက္ပဲ ထားတာ။ ဒါေပမဲ့ ေယာင္းတို႔ခ်ဥ္ခ်ဥ္ေလးေသာက္ခ်င္ရင္ေတာ့ တစ္ညေလာက္ထားေပါ့ေနာ္။ ၿပီးတာနဲ႔ ေရခဲေသတၱာထဲထည့္ၿပီး ၃ ရက္ေလာက္ထားၿပီး ေသာက္လို႔ရပါတယ္။ ဒါဆိုရင္ေတာ့ ဆိမ့္ဆိမ့္ေလးနဲ႔ ပ်စ္ႏွစ္ေနတဲ့ ဒိန္ခ်ဥ္ေလး ရၿပီေပါ့ေနာ္။ အသီးႀကိဳက္တတ္ရင္လည္း အေပၚကအသီးေလးေတြတင္ၿပီး စားလို႔ရပါတယ္။ ကဲ.. ဒိန္ခ်ဥ္ၿပီးသြားၿပီဆိုရင္ ထန္းလ်က္ဘက္ လွည့္ၾကရေအာင္.. 

ထန္းလ်က္ က်ိဳဖို႔အတြက္ လိုအပ္တဲ့ပစၥည္းေတြကေတာ့ ထန္းလ်က္ နဲ႔ ေရပါပဲ။

ထန္းလ်က္ ၅ ခဲကို ေရျမဳပ္ရံုထည့္ၿပီး မီးေအးေအးနဲ႔ လံုးဝပ်စ္သြားတဲ့အထိ ခပ္နာနာေလးက်ိဳလိုက္ပါ။ က်ိဳေနတဲ့ ေတာက္ေလွ်ာက္မွာလည္း ေမႊေပးဖို႔ မေမ့နဲ႔ေနာ္။ (ဘာလို႔လဲဆိုေတာ့ ႏွင္းၾကံဳခဲ့ရတဲ့ အေတြ႔အၾကံဳအရ မီးျပင္းရင္ တူးတတ္ၿပီး မေမႊေပးရင္လည္း အိုးကပ္တတ္လို႔ပါ။) ၁၅ မိနစ္ေလာက္ေသခ်ာ က်ိဳၿပီးရင္ေတာ့ ရပါၿပီ။

Related Article >>> ဒိန္ခ်ဥ္ကိုဒီအတိုင္းမစားခ်င္ရင္

ကဲ ဘယ္လိုလဲ? လြယ္တယ္မလား။ အဲဒီနည္းက ႏွင္းတို႔တရုတ္တန္းရဲ႕ နာမည္ႀကီးဒိန္ခ်ဥ္ဆိုင္ကေန ခင္ေအာင္ေပါင္းၿပီး အစ္ေအာက္ေမးထားရတဲ့ နည္းလမ္းပါ။ (ငိငိ အိုင္ အၾကံပိုင္တယ္မလား :P) ထန္းလ်က္က်ိဳနည္းကေတာ့ ကိုယ့္ဘာသာရွာရတာေပါ့ေနာ္႔။

ဆိုေတာ့ ေနာက္တစ္ခါလုပ္ရင္ အျပင္ကေနဝယ္စရာမလိုေအာင္ ဒီလုပ္ထားတဲ့ဒိန္ခ်ဥ္ထဲကပဲ ခြက္တစ္ဝက္စာေလာက္ ႏႈတ္ၿပီး ေရခဲေသတၱာထဲမွာ သိမ္းထားလိုက္ပါ။ အကယ္၍ ဒိန္ခ်ဥ္က တအားပ်စ္ေနတယ္ဆိုရင္လည္း ေရေလးနည္းနည္းေရာၿပီး ေသာက္ေပါ့။ ၿပီးေတာ့ ဘာဓာတုပစၥည္းမွလည္း မပါတာမို႔ အိမ္မွာရွိတဲ့ ကေလးေတြနဲ႔ ေယာင္းရဲ႕ မိဘဘိုးဖြားေတြလည္း အႏၱရာယ္ကင္းကင္းနဲ႔ ေသာက္လို႔ရပါတယ္လို႔။

ေယာင္းတို႔ အိမ္မွာလုပ္စားျဖစ္ခဲ့ရင္လည္း အဆင္ေျပမေျပ ျပန္ေျပာေပးခဲ့ဦးေနာ္။

Hnin Ei Oo (For Her Myanmar)

<<< Unicode >>>

ပါဝင်ပစ္စည်းတွေမြင်လိုက်တာနဲ့တင် ဝိုးကနဲဖြစ်သွားစေရမယ် 😛

ဒိန်ချဉ်ကြိုက်တဲ့ ယောင်းယောင်းတွေလက်ညှိုးထောင်! နို့အရသာပျစ်နှစ်နေတဲ့ ဒိန်ချဉ်ကို ထန်းလျက် မွှေးမွှေးလေးနဲ့ တွဲဖက်ပြီးစားလိုက်ရရင်တော့ အာဂပါးစပ် လူဖြစ်ကျိုးနပ်လေငဲ့တို့ ဘာတို့။ ဒါပေမဲ့လည်း ဆိုင်မှာဝယ်တဲ့ဒိန်ချဉ်တွေကကျ နို့အရသာကို ပျစ်ပျစ်နှစ်နှစ်မစားရဘဲ ဘာလိုလို့ လိုမှန်းမသိ၊ ဒိန်ချဉ်ကောင်းရင်လည်း ထန်းလျက်က မမွှေးတော့ သောက်လို့မကောင်း တစ်ခုမဟုတ် တစ်ခုကတော့ စိတ်တိုင်းမကျဖြစ်နေရတဲ့အခါ ကိုယ့်ဘာသာ အိမ်မှာ လုပ်တာအကောင်းဆုံးလို့ ကြွေးကြော်ပြီး ဟိုစမ်းဒီစမ်းလုပ်ရင်းကနေ အလွယ်ဆုံးနည်းနဲ့ အောင်မြင်သွားတယ်ပေါ့နော်။

အာ့ကြောင့် အစားကောင်းစားရရင် ကိုယ်ချစ်တဲ့လူတွေကို သတိရတယ်ဆိုသလို ဒိန်ချဉ်ကြိုက်တဲ့ ယောင်းယောင်းလေးတို့အတွက် နှင်းရဲ့ဒိန်ချဉ်လုပ်နည်းနဲ့ ထန်းလျက်ကျိုနည်းကို ဝေမျှပေးလိုက်ပါတယ်လို့။

ဒိန်ချဉ်ကျိုဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့

နွားနို့ (၅၀) သား

ဒိန်ချဉ် တစ်ဘူး

ဆားအနည်းငယ် ဒါပဲလိုပါတယ်။

Related Article >>> အိမ်မှာ ပေါ့ပေါ့ပါးပါး ဖက်ထုပ်လုပ်စားကြမယ်…

အရင်ဆုံး နွားနို့ ၅၀ သားကို အနံ့မွှေးလာတဲ့အထိ နာနာကျိုလိုက်ပါ။ ကျိုနေတဲ့အချိန်မှာ ဆားအနည်းငယ်ထည့်ထားပြီး နာနာမွှေပေးပါ။ နွားနို့အနံ့ မွှေးလာတဲ့အခါ မီးဖိုပေါ်က ချပြီး မလိုင်တက်လာတဲ့အထိ ခဏအအေးခံထားပေးပါ။ နည်းနည်းအေးသွားတဲ့အခါ နွားနို့ကိုခွက်တစ်ခွက်စီထဲ ခွဲထည့်ပြီး အပေါ်ယံမှာ ဒိန်ချဉ်တစ်ဇွန်းစီ လိုက်ထည့်ပေးပါ။ ထည့်ပြီးတာနဲ့ ဒိန်ချဉ်တွေကို နွားနို့ထဲ ပျံ့သွားအောင် ခပ်နာနာလေး ခေါက်ပြီး မွှေပေးပါ။ ပြီးရင်တော့ အခန်းအပူချိန်ထဲမှာပဲ အအေးခံထားလိုက်ပါ။

၄ နာရီလောက်ကြာရင်တော့ ဒိန်ချဉ်လေးခဲသွားပြီး သုံးဆောင်လို့ရပါပြီ။ နှင်းကတော့ ခပ်ဆိမ့်ဆိမ့်နဲ့ နွားနို့အရသာအရမ်း ပျောက်မသွားတဲ့ ဒိန်ချဉ်လေးကြိုက်လို့ ၄ နာရီလောက်ပဲ ထားတာ။ ဒါပေမဲ့ ယောင်းတို့ချဉ်ချဉ်လေးသောက်ချင်ရင်တော့ တစ်ညလောက်ထားပေါ့နော်။ ပြီးတာနဲ့ ရေခဲသေတ္တာထဲထည့်ပြီး ၃ ရက်လောက်ထားပြီး သောက်လို့ရပါတယ်။ ဒါဆိုရင်တော့ ဆိမ့်ဆိမ့်လေးနဲ့ ပျစ်နှစ်နေတဲ့ ဒိန်ချဉ်လေး ရပြီပေါ့နော်။ အသီးကြိုက်တတ်ရင်လည်း အပေါ်ကအသီးလေးတွေတင်ပြီး စားလို့ရပါတယ်။

ကဲ.. ဒိန်ချဉ်ပြီးသွားပြီဆိုရင် ထန်းလျက်ဘက် လှည့်ကြရအောင်..

ထန်းလျက် ကျိုဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ထန်းလျက် နဲ့ ရေပါပဲ။

ထန်းလျက် ၅ ခဲကို ရေမြုပ်ရုံထည့်ပြီး မီးအေးအေးနဲ့ လုံးဝပျစ်သွားတဲ့အထိ ခပ်နာနာလေးကျိုလိုက်ပါ။ ကျိုနေတဲ့ တောက်လျှောက်မှာလည်း မွှေပေးဖို့ မမေ့နဲ့နော်။ (ဘာလို့လဲဆိုတော့ နှင်းကြုံခဲ့ရတဲ့ အတွေ့အကြုံအရ မီးပြင်းရင် တူးတတ်ပြီး မမွှေပေးရင်လည်း အိုးကပ်တတ်လို့ပါ။) ၁၅ မိနစ်လောက်သေချာ ကျိုပြီးရင်တော့ ရပါပြီ။

Related Article >>> ဒိန်ချဉ်ကိုဒီအတိုင်းမစားချင်ရင်

ကဲ ဘယ်လိုလဲ? လွယ်တယ်မလား။ အဲဒီနည်းက နှင်းတို့တရုတ်တန်းရဲ့ နာမည်ကြီးဒိန်ချဉ်ဆိုင်ကနေ ခင်အောင်ပေါင်းပြီး အစ်အောက်မေးထားရတဲ့ နည်းလမ်းပါ။ (ငိငိ အိုင် အကြံပိုင်တယ်မလား :P) ထန်းလျက်ကျိုနည်းကတော့ ကိုယ့်ဘာသာရှာရတာပေါ့နော့်။

ဆိုတော့ နောက်တစ်ခါလုပ်ရင် အပြင်ကနေဝယ်စရာမလိုအောင် ဒီလုပ်ထားတဲ့ဒိန်ချဉ်ထဲကပဲ ခွက်တစ်ဝက်စာလောက် နှုတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားလိုက်ပါ။ အကယ်၍ ဒိန်ချဉ်က တအားပျစ်နေတယ်ဆိုရင်လည်း ရေလေးနည်းနည်းရောပြီး သောက်ပေါ့။ ပြီးတော့ ဘာဓာတုပစ္စည်းမှလည်း မပါတာမို့ အိမ်မှာရှိတဲ့ ကလေးတွေနဲ့ ယောင်းရဲ့ မိဘဘိုးဖွားတွေလည်း အန္တရာယ်ကင်းကင်းနဲ့ သောက်လို့ရပါတယ်လို့။

ယောင်းတို့ အိမ်မှာလုပ်စားဖြစ်ခဲ့ရင်လည်း အဆင်ပြေမပြေ ပြန်ပြောပေးခဲ့ဦးနော်။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလွအပ၊ ဖက္ရွင္၊ gym နဲ႔ပတ္သက္တဲ့ ဗဟုသုတေတြ၊ အခ်စ္ေရး စတဲ့က႑ေတြကို အဓိကထားေရးတဲ့ စာေရးသူေပါက္စေလး ေတ်ာက္ပါ 😁 အခြီနဲ႔ စိတ္ဓာတ္ခြန္အားေပးစာေတြကိုလည္း ဒဲ့တိုးေတြ ေရးတတ္ပါေသးတယ္ 😛

Leave a Reply

Your email address will not be published. Required fields are marked *